Friday, October 18, 2019

အသက် (၄၅ နဲ့ ၆၀) ကြား ဖြစ်တတ်သောရောဂါ

အရိုး 
●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့်
တဖြေးဖြေး နာခြင်းသက်သာလာမယ်။

 ကြွက်သား 
■ကြွက်သား အားမရှိတာ အမျိုးသားက ၃ ပုံ ၁ ပုံနဲ့
အမျိုးသမီးက တဝက်လောက်အ ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့
ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကြွက်သား
အားရှိအောင် လုပ်ပေးကြပါ။

အကြော - အဆစ်
●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုအရေးကြီးတယ် ●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။ အတွင်းကလီစာများ ▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး
အားနည်းလာတယ်။

~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း 
ညဖက် ဆီးခဏခဏ သွားတာနဲ့
ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။
 ▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။
 ▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့
အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး နှလုံးစဖြစ်ရင်... 
●အသက်ရှူဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း
အပေါ်ဖက်လည်း ညောင်းပြီး အကြော တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု
ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော
၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ
 ပြင်းထန်ရင် ဆေးရုံမှာ check သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ်
ရေများများသောက်ကြပါ။

အသည်း 
◆အသည်းပြဿနာဖြစ်ရင် ညာဘက် ဗိုက်ခေါက်
အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နုံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
 ◆ အရက်သောက်များသူများက
လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင်
မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/
နှာခေါင်းထိပ်နီလာတယ်

◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့
အချိန်ဆို သိတာနောက်ကျတာ များတယ်
( ခုပြောတာက Taiwan တရုတ်ဆေးနည်း
ပညာနဲ့ကြည့်နည်းပါ)

 ကျောက်ကပ် 
¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား
ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ
အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ -

ဆီးချိုချိန်ပါ 
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ် ¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ သရက်ရွက်
◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ် ◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီး
ဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ
ပျောက်ဆေး သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင်
ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း ကြောင်းကို
ထိပြီး သွေးယိုတတ်တယ်

◆ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင် သလို
သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး
( သို့ )ပေါက်ပြီး ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး ဖင်မကပ်ရင်
အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း
ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း
ဝေါကနဲ ပန်းတာမျိုးက အပူတွေ ထုတ်ပစ်တာ
ကြောက်စရာမလို - ကောင်းတယ် - တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ
( စကားပုံရှိပါတယ် ဝမ်းတလုံး ကောင်းရင်
 ခေါင်းမခဲဆိုတာ)

အူမကြီး 
● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံး
ရေသောက်ချင် ရေငတ်တတ်တယ်
 ● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့ နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်

 ●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်
ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး-
ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿနာ မရှိပါ။

●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ
ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ ထွက်လာရင်
ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင် မယူနိုင်တော့ဘူး။
( ဆရာဝန်နဲ့ သေချာပြပါ )

● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ
အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက
weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
 ● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ 
 ■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့
လေ့ကျင့်ခန်း လုပ်ပါ - နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင်
လေ့ကျင့်သင့်နေပါပြီ ရောဂ. တရားထိုင်.
အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင်
လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ် စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။ အသက်ကြီးသူများလိုက်နာရန် မျောက်လို လူပ်ရှား
ကြောင်လိုစား နွားလိုရေသောက် လိပ်လိုလျှောက် တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင်
လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။
●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့
မကြာခဏအစာကို စားမှ အစာကို
ကျေ ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။ ●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက်
ရေကို များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင်
အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင်
ဖြေးဖြေးနှေးနှေး သွားလာပါ။
●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် -
မိမိကိုယ်ကို လဲမကျအောင်
တုတ်ကောက် က အကူရသည်။
https://www.facebook.com/dhammaschoolchitthu/

ဘယ်တော့မှ လေမဖြတ်စေရန် ....

တစ်နေ့ကို လက်ဖက်ရည် လေးခွက် သောက်သူ များတွင် လေဖြတ်နိုင်ခြေ လျော့နည်း လက်ဖက်ရည်ကြမ်း တစ်နေ့ကို လေးခွက်မျှ ပုံမှန် သောက်သုံးသူ များတွင် လေဖြတ် 
ဝေဒနာ ခံစားရနိုင်ချေ ၂၀% လျော့နည်း နိုင်ကြောင်း 
လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။ 
သုတေသီများသည် ဆွီဒင် နိုင်ငံရှိ လက်ဖက်ရည် 
သောက်သုံးသူ များကို အထူးပြု လေ့လာခဲ့ပြီး ယင်းတို့သည် ဦးနှောက်တွင်း သွေးခဲ ပိတ်ဆို့မှုကြောင့် ဖြစ်ပွားရသော 
 လေဖြတ် ဝေဒနာကို လျှော့ ချ ပေးနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ယခုလေ့လာမှုကို ဆွီဒင်နိုင်ငံ၊ Karolinska Instituteမှ သိပ္ပံပညာရှင် များက ဦးဆောင် လေ့လာခဲ့ပြီး 
 စတော့ ဟုမ်းမြို့ရှိ လူဦးရေ ၇၅၀ဝဝခန့်ကို 
လေ့လာခဲ့သည်။ 
အင်္ဂလန် တစ်နိုင်ငံ တည်းတွင်ပင် လေဖြတ် ဝေဒ နာကြောင့် သေဆုံးရသူ များမှာ နေ့စဉ်၂၀ဝဦးခန့် ရှိပြီး အများစုမှာ 
မသန်စွမ်း ဖြစ်မှုနှင့် ကြောက်ရွံ့စွာ နေထိုင်ရမှုများက ရှိရင်းစွဲ ဝေဒနာကို ပိုဆိုး စေသဖြင့် သေဆုံး ရသည်ဟု ယခုစာတမ်းတွင် ရေးသား ထားသည်။ လေဖြတ်သူ ဦးရေ၏ ၈၅%မှာ Ischaemic stroke ဟုခေါ်သည့် ဦးနှောက်တွင်းသို့သွားသော သွေးကြော များတွင် သွေးခဲ ပိတ်ဆို့ခြင်းနှင့် ဦးနှောက် သွေးလှည့်ပတ်မှု 
ပုံမှန် မဖြစ်ခြင်းကြောင့် ဖြစ်ပွားရ သည့် 
လေဖြတ်ခြင်းကို ခံစားရသည်။ 

ကျန် ၁၅%မှံာ Haemorrhagic stroke ဟုခေါ်သည့် ဦးနှောက်တွင်းမှ သွေးကြော ပေါက်ခြင်းကြောင့် ဖြစ်ပွားရသော လေဖြတ်ခြင်းကို ခံစားရသည်။ လေ့လာမှု များစွာ အရ လက်ဖက်စိမ်း (green-tea)ရည်က ဦးနှောက် အပေါ် 
ကာကွယ်နိုင်မှု အပေါ် အထူးပြုခြင်းများသာ ရှိနေပြီး 
လက်ဖက်ရည်ကြမ်း (black-tea) အပေါ် 
လေ့လာမှုများ နည်းပါး နေသည်ဟု 
ဆိုထား သည်။ 

ယခုလေ့လာမှု တွင်လူပေါင်းရ၅၀ဝဝ အနက်၄၀ဝဝ ခန့်သည် ပြင်းထန်သော လေဖြတ် ဝေဒနာကို ခံစားနေရသူများ ဖြစ်ပြီး ယခုလေ့လာမှုကို ၁၉၉၇ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ 
ရလဒ်များ အနက် လေဖြတ် ဝေဒနာကို မခံစား 
ရသူများသည် လက်ဖက်ရည်ကြမ်း သောက်သုံးသူ အများစု ဖြစ်နေသည်ကို တွေ့ခဲ့ရပြီး ယင်းလက်ဖက်ရည်ကြမ်း 
သောက်သုံး သူများသည် မသောက်သုံး သူများထက် 
လေဖြတ် ဝေဒနာကို၂၀% ပိုမိုလျော့ နည်းကြောင်းကို 
ဖော်ထုတ် နိုင်ခဲ့သည်။ 

ယခုလေ့လာမှုတွင် ပါဝင်သော လေဖြတ် ဝေဒနာကို 
လျော့ပါး စေနိုင်သည့် အာနိသင်သည် လက်ဖက်ရည်ကြမ်းတွင် ပါဝင်သော နှလုံးနှင့် ဦးနှောက် ကျန်းမာရေးကို ကောင်းမွန်
 စေသည့် flavonoid ဓာတ်ပေါင်း များကြောင့် 
ဖြစ်သည်ဟု ဆိုထားသည်။
 

ဆံပင်ကျွတ်ခြင်း,လက်သည်းကျိုးလွယ်ခြင်းအကြောင်းအရင်း

ဆံပင်ကျွတ်ခြင်းနဲ့ လက်သည်းခြေသည်းကျိုးပဲ့လွယ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း (၅)ခု ပျိုမေတို့ရဲ့ အခြေခံအလှအပလိုအပ်ချက်တွေထဲမှာ အသားအရေ၊ 
ဆံပင်နဲ့ လက်သည်း၊ခြေသည်းလေးတွေ ကျန်းမာ
လှပခြင်းတို့က အရေးကြီးဆုံးအချက်တွေလို့တောင်
ပြောလို့ရပါတယ်။
 အသားအရေ မကြည်လင်ဘူး၊ ဆံပင်တွေ ကျွတ်နေမယ်၊ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်နေမယ်ဆိုရင် လှလှပပလေးနေဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် အဲ့လိုမျိုး အသားအရေ မကြည်လင်တာ၊ ဆံပင်ကျွတ်တာနဲ့ လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်နေတာတွေရဲ့ အကြောင်းရင်း
လေးတွေနဲ့ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်မယ့် နည်းလမ်းလေးတွေ၊ စားပေးသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ် နော် ။ 
 
 (၁) ဗီတာမင်ချို့တဲ့မှုကြောင့် ” 
ခန္ဓာကိုယ်ထဲမှာ ပရိုတင်း၊ သံဓာတ်နဲ့ အိုမီဂါ အက်ဆစ်တွေ ချို့တဲ့ တဲ့အခါ အသားအရေညစ်နွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်ခြင်းတို့ဖြစ်တတ်ပါတယ် …။

 (၂) အသည်းကအဆိပ်အတောက်ချေဖျက်မှု နှေးကွေးနေခြင်းကြောင့် ” 
 ပြင်ပကအဆိပ်အတောက်တွေ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခမပေးနိုင်အောင် အသည်းကချေဖျက်ပေးပါတယ်။ 
ဒါကြောင့် အသည်းက အဆိပ်အတောက်ချေဖျက်မှု အားနည်းလာတဲ့အခါ အစာချေဖျက်မှုနှေးကွေးလာပြီး 
ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေ စုပုံလာပြီး အသားအရေညစ်နွမ်းလာတာ၊ ဆံပင်ကျွတ်တာနဲ့ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်
လာတာတွေပဲ ဖြစ်ပါ တယ် …။ 

(၃) စိတ်ဖိစီးမှုများခြင်းကြောင့် ” 
နေ့စဉ်စိတ်ဖိစီးမှုတွေ တဖြည်းဖြည်းစုပုံလာတဲ့အခါ အိပ်ရေးပျက်တာ၊ အစားအများကြီးစားတာ၊ အစားလုံးဝ
မစားတာ စတဲ့အခြေအနေတွေဖြစ်လာပြီး ကျန်းမာရေးကို ထိခိုက်လာပါတယ်။ ရောဂါကြီးကြီးမားမား မဖြစ်ခင်မှာ အသားအရေ၊ ဆံပင်နဲ့ လက်သည်း၊ခြေသည်း
တွေမှာ ထိခိုက်လာနိုင်ပါတယ် …။ 
 
 (၄) ဟော်မုန်းမညီမျှမှုကြောင့် ” 
အီစထရိုဂျင်နဲ့ သိုင်းရွိုက်ဟော်မုန်းပမာဏ မညီမျှတဲ့
အခါမှာလည်း ဆံပင်ကျွတ်တာ၊ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်တာတွေ စဖြစ်လာပြီး နောက်ပိုင်းမှာ ဒီထက်ဆိုးတဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်လာနိုင်ပါတယ်နော် …။ 

 (၅) အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးကြောင့် ” 
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာတစ်ခုခုရှိနေရင် အစားစားချင်စိတ်လျော့နည်းနေပြီး ခန္ဓာကိုယ်အတွက် 
လိုအပ်တဲ့ အာဟာရတွေ စုပ်ယူမှုလျော့နည်းလာပါတယ်။ 
အဲ့ဒီအခါ အသားအရေညစ်နွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ လက်သည်း၊ခြေသည်းတွေကြွပ်ဆတ်ခြင်း 
တို့အပြင် သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်တော့ခြင်း၊ သွေးလှည့်ပတ်မှု ပုံမမှန်ခြင်းတွေအထိဖြစ်လာနိုင်ပါတယ်။ 
 
…စားပေးသင့်တဲ့အစားအစာများ… 
အသားအရေညစ်နွမ်းမှုနဲ့ ဆံပင်ကျွတ်တာတွေ 
ဖြစ်လာတဲ့အခါ skin care လုပ်ဖို့၊ Hair care လုပ်ဖို့ပဲ 
စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် အခုလိုမျိုး 
ခန္ဓာကိုယ်တွင်းကအကြောင်းရင်းတွေကြောင့်ဖြစ်နေတယ်
ဆိုရင်တော့ Skin care ၊ Hair care လုပ်ရုံနဲ့မရပါဘူး။
 
အသားအရေနဲ့ ဆံပင်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြက်ဥ၊ ကန်စွန်းဥနဲ့ ငါးတို့ကို 
စားပေးသင့်ပြီး၊ အသည်းနဲ့အစာအိမ်၊ အူလမ်းကြောင်းကျန်းမာရေးအတွက် အစိမ်းရောင်
အရွက်များ၊ ခရမ်းချဉ်သီးနဲ့ ဘယ်ရီသီးအမျိုးမျိုး၊ 
ထောပတ်သီး၊ ချောကလက်တို့ကို 
များများစားပေးပါနော်  ။ 
MAY THAZINHTOO

“ရှားစောင်းလက်ပတ် ရဲ့ အစွမ်း”

၂ လက်မ အရွယ်ဖြတ်ပြီး မီးကင်တယ် ဆိုရုံလေး ကင်ပါ ။၅ ပြားလောက် စားပါ သွေးဝမ်းသွားခြင်းကို ပျောက်ကင်းစေနိူင်ပါတယ် ရောဂါ ဆိုးရင်တော့ နေ့စဉ် တစ်ပတ်လောက်ဆက်စားပါ ။

 ၂။ မီးကင်ထားသော ရှားစောင်းလက်ပတ်ကိုနေ့စဉ်
၅ ပြားလောက် စားပေးခြင်းအားဖြင့်လည်း အတွင်းလိပ်ခေါင်း ရောဂါကို ပျောက်ကင်း စေနိူင်ပါတယ် ရှားစောင်းလက်ပတ် အနှစ်ကို စအို ထဲထည့် ပေးနိူင်လျှင်ဖောင်းကြွ ရောင်ရမ်း
နေသော စအိုကြွက်သားနံရံ မှ အပူများကိုစုတ်ယူ နိူင်စွမ်းရှိသောကြောင့် အတွင်း
လိပ်ခေါင်းရောဂါ ပျောက်ကင်းနိူင်ပါတယ် ၊ရောဂါ
ပြင်းနေရင်တော့ အချိန်ယူသုံးစွဲ ရမှာပဲ ဖြစ်ပါတယ် ။
 
၃။ မီးယပ် သွေးဆုံးကိုင်နေသူများအတွက်ရှားစောင်း
လက်ပတ် အနှစ်ကို ထန်းလျှက်ဖြင့်နေ့စဉ် စားပေးပါက သွေးဆုံးကိုင်ချိန်တွင်ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်။

၄။ နှလုံးရောဂါ ရှိသူများ ရုတ်တရက်အမောဖောက်လာပါက ရှားစောင်းလက်ပတ် အနှစ်ကိုသကြားဖြင့် ဖျော်
သောက်ပါက အမောဆို့ခြင်းကို သက်သာ
ပျောက်ကင်းစေပါတယ်။

 ၅။ ရှားစောင်းလက်ပတ်အနှစ်ကို အပူလောင်ခြင်း
အမျိုးမျိုး အတွက်လည်း အသုံးပြုနိူင်ပါတယ် ဆီပူ ၊မီးပူ ၊အိတ်ဇောအပူ လောင်ခြင်းများ အတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ် အနှစ်ကို ပတ်တီးဖြင့်စည်းထားပေးပါ ။ အရည်ကြည်အဖု လုံးဝ ဖြစ်ခြင်းမရှိပဲ မူလအတိုင်း ပျောက်ကင်းနိူင်ပါတယ်၊ အရည်ကြည်ဖု
ထွက်လာမှ စည်းပေးလျှင်လည်း အပူကို စုပ်ယူ
နိူင်သောကြောင့် အနာ မဖြစ်တော့ပါ ။

၆။ ဘောက်ပျောက် ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင်အကွက်လိုက်ကျွတ် သောသူများ အတွက် ရှားစောင်းလက်ပတ် အနှစ်ကို ဦးရေပြား
ပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ဆံပင် ပြန်ပေါက်ပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ် ပေးပါတယ် ။

၇။ ရှားစောင်းလက်ပတ် အနှစ်ကို နံနက်ည
မျက်နှာ သစ်ပြီးတိုင်း လူးပေးရင်တော့ တင်းတိတ် ပျောက်ပြီး မျက်နှာ ပေါင်းတင်စရာမလိုပဲ အရေးအကြောင်း မရှိ မျက်နှာလေးတင်းနေပါလိမ့်မယ် လှချင်ရင်​တော့
တစ်သက်လုံး လိမ်းပေတော့ ….။
 Credit @ ရတနာငယ်(မြန်မာစာ) လွိုင်ကော်

“ချွေးနံံ့ မနံအောင်”

“ချွေးနံံ့ မနံအောင် ရေချိုးရင် ဆားပွတ်ချိုးပါ”
ရေချိုးတဲ့အခါ ရေလောင်းပြီး ဆားနဲ့ ခြေဖဝါးက စပြီး
တစ်ကိုယ်လုံးကို ဆားနဲ့ ရွရွလေး ပွတ်ပေးပါ။
ချိုင်းနှစ်ဖက်ကိုလည်း ပွတ်ပေးပါ။
 Related image
အဲဒီလိုပွတ်ပေး တာက မွှေးညှင်းပေါက်တွေမှာ
ပိတ်နေတဲ့ အညစ်အကြေးတွေကင်းစင်သွားတာကြောင့်
ချွေးနံ့နံတာ သက်သာပြီး ခန္ဓာကိုယ်မှာ ငုတ်နေတဲ့
အခိုးတွေလည်း ထွက်လာစေသလို
ထုံနာကျင်နာတွေလည်း သက် သာစေပါတယ်။

အသက်အရွယ် ကြီးရင့်သူတွေမှာ ဖြစ်တတ်တဲ့
“လူအိုစော် နံ”တာလည်း သက်သာစေပါတယ်။
အထူးသဖြင့် အသက်အရွယ်ကြီးသူတွေဟာ မိုးအုံံ့ ရင်
ခန္ဓာကိုယ် ကိုက်ခဲတာကိုလည်း ဆားပွတ် ရေချိုးပေးရင်
အကိုက်အခဲ ထုံနာကျင်နာ ပျောက်ကင်း
ကြတယ်လို့ဆိုပါတယ်။

 ရေမလောင်းခင် ဆားပွတ်မယ် ဆိုရင် ဆား
လက်တစ်ဆုပ်ကို ရေစွတ်ပြီးမှ ပွတ်ပေးပါ။
ရေလောင်းပြီးမှ ဆို ရင်တော့ ဆားအခြောက်နဲ့ ရပါတယ်။ ဆားပွတ်တာကို အနည်းလေး တစ်မိနစ်လောက်
ပွတ်ပေးသင့်ပါ တယ်။ “ကျန်းမာ ချမ်းသာကြပါစေ”
 Credit-Shwe La Thar Win

“နားကြပ်သုံးသူများ - သတိထားသင့်တဲ့ ဆိုးကျိုး (၇) ခု

နည်းပညာက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ်ဆိုးတွေ ရှိနေနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ Headphone နဲ့ နားကြပ်တွေဟာလည်း နောက်ကွယ်က ဆိုးကျိုးတွေကို မသိကြဘဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာ ပစ္စည်းတွေဖြစ်ပါတယ်။
Image result for earphones with student girls
 နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို 
ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာ 
တွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေ မကြားချင်လို့၊ စိတ်ဖိစီးမှု ပြေလျော့စေဖို့၊ သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။

အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာတွေ ရှိကြပါတယ်နော်.. 
 ရံဖန်ရံခါ ဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို 
ဆိုးရွားတဲ့ သက်ရောက်မှုတွေ ပေးနိုင်တယ်
ဆိုတာတော့ သတိထားသင့်ပါတယ်။ 

 Headphones နဲ့ နားကြပ်တွေ 
အသုံးများခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
 headphones သို့မဟုတ် နားကြပ်ကိုသုံးတဲ့အခါ 
သင့်ရဲ့နားထဲကို အသံကတိုက်ရိုက် အနီးကပ် 
ဝင်ရောက်လာတာ ဖြစ်ပါတယ်။ 

90 decibels ထက်ကျော်တဲ့ အသံ အတိုင်းအတာက 
အကြားအာရုံမှာ နောက်ဆက်တွဲ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။ 
 headphones နဲ့နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတွေဟာ အကြားအာရုံ ဆုံးရှုံးဖို့ ရာခိုင်နှုန်းမာျးပါတယ်။ 
100 decibels ထက်ကျော်တဲ အသံနှုန်းနဲ့၁၅ မိနစ် လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။ 

ဒါ့ကြောင့် ကိုယ်က ဒီလိုအလေ့အကျင့်မျိုး ရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက် အနားပေးပြီး အသံအကျယ်ကြီးဖွင့်နားမထောင်ဖို့ သတိပြုပါ။ 

နားပိုးဝင်ခြင်း 
 သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။
ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သလား။
 သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေ ပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖို့လွယ်ပါတယ်။
ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်တာမျိုး၊ ဒါမှမဟုတ်
လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး
သတိထားသင့်ပါတယ်။

လေလမ်းကြောင်းပိတ်စေခြင်း 
ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အသံစနစ်ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေး ရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကို 
မူတည်ပြီး ထိခိုက်မှု အနည်းနဲ့အများ ရှိလာစေနိုင်ပါတယ်။ 
နားထဲကို နားကြပ်ထိုးထည့် ထားရင်ပဲ 
လေလမ်းကြောင်း ပိတ်ဆို့စေနိုင်ပါတယ်။ 

လေအဝင်အထွက်မရှိရင် သိချင်းသံ ပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ခြေများပါတယ်။ အများဆုံးဖြစ်လေ့ရှိတာက 
နားကြပ်နဲ့ headphones တွေကို အမြဲပုံမှန်သုံးလေ့ရှိတဲ့ 
သူတွေဟာ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ 
နားလေးခြင်းတို့ ဖြစ်လာတတ်ပါတယ်။ 

အကြားအာရုံခေတ္တပျောက်ဆုံးခြင်း 
 တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံ ခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီး ရင် ခဏနေတာနဲ့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ 

နားကိုက်ခြင်း 
နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့
ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့ အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက 
စူးကနဲနာကျင် ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။

 ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေခြင်း 
နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့အန္တရာယ်တွေဖြစ်လာစေနိုင်ပါတယ်။

ဒါပေမယ့် ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ ဆေးပညာအထောက်အထားတော့ မရှိသေးပါဘူး။
ဒါပေမယ့် Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့
ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။

နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့ တိုက်ရိုက်ချိတ်ဆက်
နေတာဖြစ်ပြီး နည်းနည်းလောက် ပိုးဝင်ရင်တောင်
ဦးနှောက်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

အသက်အန္တရာယ်နီးတဲ့ မတေ်ာတဆမှုတွေ 
အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်မှုတွေ များလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မာကားနိုင်တဲ့သူတွေဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ 
တခါတရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက် အန္တရာယ်ဖြစ်ရတာ
တွေတောင် ရှိပါတယ်။ နားကိုမထိခိုက်စေဘဲ နားကြပ် 
ဆက်သုံးနိုင်ဖို့ ဘယ်လိုဆင်ခြင်မလဲ နားကြပ်အသုံးပြုခြင်းရဲ့ကျန်းမာရေး အန္တရာယ်တွေကို သိထားပြီးပြီဆိုရင်တော့ စိုးရိမ်နေမှာပါပဲ။ 

ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျျော့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲ headphone နဲ့ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေရှိပါသေးတယ်။ နားထဲကို 
ထည့်သွင်းရတဲ့ နားကြပ်သေးသေးလေးတွေကို မသုံးပါနဲ့။ နားအပြင်မှာ တပ်ဆင်ရတဲ့ ဆိုဒ်ပိုကြီးတဲ့ headphone 
တွေကိုသုံးပါ။ ကိုယ့်နားကြပ် သို့မဟုတ် headphone ကို တခြားသူတွေနဲ့ မျှဝေမသုံးပါနဲ့။ မငှားပါနဲ့။ 

နားကြပ်ရဲ့ရော်ဘာအစွပ်လေးတွေကို တစ်လတစ်ကြိမ်လောက် လဲပေးပါ။ နားကြပ်မှာ အစွပ်မပါဘူးဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်ပေးပါ။ ကား၊ရထား၊ အမြန်ရထားနဲ့သွားရင် 
ဒါမှမဟုတ် လမ်းလျှောက်သွားရင်း နားကြပ်မတပ်ထားပါနဲ့။ နားကြပ်/headphone တပ်ထားရင် အသံအကျယ်ကြီး 
မထားပါနဲ့။ လူ့အသုံးအဆောင် ပစ္စည်းတွေကြောင့် နေထိုင်သုံးစွဲရလွယ်ကူစေတယ်ဆိုပေမယ့် အကန့်အသတ်
နဲ့ပဲ သုံးပါ။ ခရက်ဒစ် ဟယ်လိုဆရာဝန်

ရောဂါများစွာကို ကုသပေးနိုင်တဲ့ ရဲယိုသီး အသုံးပြုပုံများ

ရဲယိုသီးကတော့ အသက်ကြီးတဲ့ အဘိုးအဘွားတွေ 
အမြဲစားသုံးလေ့ရှိတာကို မြင်တွေ့ရမှာပါ။ ရဲယိုပင်က ရှားပါးတဲ့ 
အပင်မျိုး မဟုတ်ပဲ နေရာဒေသတိုင်းမှာ ပေါက်ရောက်နိုင်လို့ အပင်မျိုးဖြစ်တာကြောင့် အိမ်တိုင်းစိုက်ပျိုးထားသင့်တဲ့ 
နတ်ဆေးပင်ပမာ အစွမ်းထက်တဲ့ အပင်တစ်ပင်ပဲ ဖြစ်ပါတယ်။ 
 
ရဲယိုသီးက ဒီတိုင်းစားရင်တောင် အစွမ်းထက်တဲ့ အသီးတစ်မျိုး
ဖြစ်တဲ့ အပြင် ရောဂါပေါင်း (၁၀၁) မျိုးကိုပျောက်ကင်းစေနိုင်တဲ့
အစွမ်းသတ္တိ ရှိပါတယ်။ ရဲယိုသီးကို စားသုံးမယ်ဆိုရင် ဗိုက်ထဲမှာ
အစာမရှိတဲ့ အချိန်မျိုးမှာ ပိုပြီး စားပေးသင့်ပါတယ်။
ရဲယိုသီးရဲ့ အနံက ထူခြားတာကြောင့် ဒီတိုင်း စားရမှာ
တစ်မျိုးဖြစ်နေရင် ပျားရည်၊ ထန်းလျက်တို့နဲ့ ရောပြီး
စားသုံးလို့ရပါတယ်။

ရောဂါ ဝေဒနာ ခံစားနေရတဲ့ သူတွေဆိုရင် တစ်နေ့ကို
သုံးကြိမ်လောက် စားပေးရင် ပိုပြီး သင့်တော်ပါတယ်။
ဒါပေမယ့် ရဲယိုသီးက ရောဂါဖြစ်မှစားရတဲ့ အသီးမျိုးမဟုတ်ပါဘူး။ အာဟာရတစ်ခုလို နေ့စဉ်မှီဝှဲမယ်ဆိုရင် ရောဂါဆိုးတွေကို
ကင်းဝေးစေပြီး ကျန်းမာအသက်ရှည်စွာနဲ့ နေထိုင်နိုင်မှာပါ။

ရဲယိုသီးကိုစားမယ်ဆို သိထားသင့်တဲ့ နောက်တစ်ချက်ကတော့ ဓာတုဓာတ်တွေပါတဲ့ အစားအစာတွေနဲ့ အချိန်နီးကပ်စွာ
မစားသုံးသင့်ပါဘူး။ ဥပါဒ်မဖြစ်ပေမယ့် အသီးရဲ့ အာနိသင်ကို လျှော့နည်းစေနိုင်တာကြောင့် အချိန်ခွာပြီးစားသင့်ပါတယ်။

ရဲယိုသီးစားရင်း ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကတော့
အဆိုးဆုံးဖြစ်တဲ့ ကင်ဆာ၊ ဆီးချို၊ သွေးချို၊ လေးဖြတ်ခြင်း၊
လေးဘက်နာ ရောဂါများ၊ ဂေါက်ရောဂါများ၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်စွမ်းရည် မကောင်းခြင်း၊ အဝလွန်ခြင်း၊ ရင်ကျပ်ခြင်း၊ သူငယ်ပြန်ခြင်း၊ အယ်ဇိုင်းမား စတဲ့ ရောဂါ (၁၀၁)မျိုးကို ပျောက်ကင်းစေနိုင်တဲ့ အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါဆိုးတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်တဲ့
ဆေးစွမ်းထက် အသီးတစ်မျိုးဖြစ်တာကြောင့်
စားကြည့်ဖို့ တိုက်တွန်း အကြံပြုချင်ပါတယ်။

နောက်တစ်ချက်ကတော့ ကင်ဆာရောဂါကို
ပျောက်ကင်းစေနိုင်တဲ့ နေရာမှာ တစ်ကမ္ဘာလုံးဆိုင်ရာ top 10 ဝင်တဲ့အသီးဖြစ်တာကြောင့် ကင်ဆာဝေဒနာရှင်တွေ အတွက်လည်း
အထူး သင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုက်ရပါတယ်။ Credit: မူရင်း ရေးသားသူ

အသည်းကို ပြန်လည်နုပျိုစေမယ့် အစားအစာ (၇)မျိုး

အသည်းအဆီဖုံးတာနဲ့ပတ်သတ်လို့ အမျိုးအစား ၂ မျိုးတွေ့ရပါတယ်။ အရက်သောက်တာများလို့ အသည်းအဆီဖုံးတာနဲ့ အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးတာပါ။

အများအားဖြင့် အနောက်တိုင်းတွေမှာ အဖြစ်များပါတယ်။ အဝလွန်တဲ့သူတွေမှာအဖြစ်များကြပါတယ်။
အသည်းမှာအဆီတွေ စုလာတာကြောင့်ဖြစ်လာရတာပါ။ အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါရပ်
တစ်ခုမှာပါဝင်လို့ အသည်းကို ပြန်လည်သန့်စင်ပေးနိုင်တဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

( ငှက်ပျောသီး  )  ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို
သဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္တာကိုယ်အတွင်းကအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

 (ဂျင်း) ဂျင်းမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့
အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္တာကိုယ်အတွင်းက
အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။
Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုသန့်စင်ပေးနိုင်ပါတယ်။
ဂျင်းကို ရေနွေးနဲ့စိမ်ပြီးပုံမှန်သောက်ပေးခြင်းဖြင့်
အသည်းကို ကျန်းမာစေပါတယ်။

 (ကန်ဇွန်းဥ) ကန်ဇွန်းဥဟာဆိုရင်လည်း ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သံဓါတ် ဗီတာမင် B6၊C နဲ့ ဗီတာမင် D ဓါတ်တွေလည်းပါဝင်ပါတယ်။ နနွင်း နနွင်းဟာဆိုရင်လည်း ဆေးစွမ်းထက်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပါတယ်။
Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီးတော့
အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ အသည်းရဲ့လုပ်ဆောင်မှုကို တိုးတက်စေပါတယ်။

အသီးအရွက် အစိမ်းတွေ ချက်ပြီးသားမဟုတ်တဲ့ အသီးအရွက်အစိမ်းတွေဟာ အသည်းကို သန့်စင်
ပေးနိုင်ပါတယ်။ မုန်လာထုပ်၊ နိုကိုဥ၊ နံနံပင်၊ ပန်းမုန်လာစိမ်း စတာတွေဟာ အသည်းကိုသန့်စင်ပေးနိုင်ပါတယ်။

( ဗီတာမင် E ) ဗီတာမင် E ပါဝင်တဲ့အစားအစာတွေဟာ အသည်းထိခိုက်ထားတဲ့သူတွေအတွက် အထူး
ကောင်းမွန်ပါတယ်။ အသည်းကိုသန့်စင်ပေးပြီး
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
အသည်းတွွေ အသည်းမှာ ဗီတာမင် A,V, Folic Acid,
သံဓါတ် စတာတွေပါဝင်ပြီး အသည်းကိုကျန်းမာစေတဲ့အစားအစာဖြစ်ပါတယ်။
 Myfood Myanmar