Monday, July 13, 2020

နဂါးမောက်သီး

နဂါးမောက်သီးဟာ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင် တစ်ခါမှမမြင်ဖူး၊ မကြားဖူးတဲ့ သစ်သီးတစ်ခုဖြစ်ပါတယ်.. သူ့ရဲ့မူရင်းဇာတိ (Native)
ကတော့ အမေရိကတိုက်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံ (Mexico) ဖြစ်ပါတယ်.. အဲ့ဒီကနေတစ်ဆင့် အမေရိကတိုက် အလယ်ပိုင်းဒေသနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိပါတယ်.. ပြီးတော့မှ တရုတ်ပြည်ကနေတစ်ဆင့် မူဆယ်ဘက်ကနေ စတင်ဝင်ရောက်ပြီး ရှမ်းပြည်နယ်
မြောက်ပိုင်းမှာ စတင်စိုက်ပျိုးခဲ့တာ အနှစ် (၂၀) ကျော်လောက်ရှိပါပြီ..
 Common English Name အနေနဲ့ Dragon Fruit လို့ လူသိများပါတယ်.. မြန်မာလို နဂါးမောက်သီးဆိုတဲ့
အမည်ကတော့ အဲဒီစာလုံးကို တိုက်ရိုက်ဘာသာပြန်
ထားတာဖြစ်ပြီး အမည်နဲ့လိုက်ဖက်အောင်
နဂါးမောက်တွေနဲ့တူတဲ့ အသီးဖြစ်ပါတယ်..

အနောက်နိုင်ငံတွေမှာတော့ Pitaya (or) Pitahaya လို့လည်း လူသိများပါတယ်.. နဂါးမောက်သီးဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ သဘာဝသစ်သီးတစ်မျိုး ဖြစ်ပါတယ်..
ပါဝင်တဲ့အာဟာရဓာတ်တွေကြည့်ရင်

 (၁) ရေဓာတ်(Water) - အရည်ရွှမ်းတဲ့သစ်သီး
တစ်မျိုးဖြစ်လို့ ရေငတ်တုန်းစားရင် ရေငတ်ပြေပါတယ်..

 (၂) ကာဘိုဟိုက်ဒြိတ် (Carbohydrate) – အဓိကအများဆုံး
ပါဝင်ပြီး စုစုပေါင်းအလေးချိန်ရဲ့၁၁% ပါဝင်ပါတယ်.. မောပန်းမှုကိုပြေပျောက်စေခြင်း၊ စွမ်းအင်တွေရစေခြင်းနဲ့ အမောခံနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်..

 (၃) ပရိုတင်းဓာတ် (Protein) - ပါဝင်မှုကတော့ နည်းပါတယ်..
အဓိက အစေ့မှာသာပါဝင်ပြီး ၁.၁% လောက်သာ ပါရှိပါတယ်..

 (၄) အဆီဓာတ် (Fat) – Fruit pulp လို့ခေါ်တဲ့ အသားထဲမှာတော့ အဆီလုံးဝမပါပါဘူး.. အသားထဲမှာ မြုပ်နေတဲ့ အစေ့တွေထဲမှာတော့ အဆီဓာတ်တွေ ကြွယ်ဝစွ ာပါရှိပါတယ်.. အဲ့ဒီအဆီအားလုံးဟာလည်း လူတွေရဲ့ကျန်းမာရေးကို အထောက်အကူပြုတဲ့ မရှိမဖြစ်
လိုအပ်တဲ့ မပြည့်ဝဆီ (Essential unsaturated fatty acid) တွေဖြစ်ပါတယ်.. ဥပမာ - Linoleic acid တို့၊
Palmitic acid တို့ဖြစ်ပါတယ်..

(၅) အမျှင်ဓာတ် (Fiber) - အမျှင်ဓာတ်အလွန်ကြွယ်ဝတဲ့
သစ်သီးလို့ ပြောနိုင်ပါတယ်.. ၃% လောက် ပါဝင်ပါတယ်.. ဒါ့ကြောင့် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာဖြစ်ခြင်းကနေ
ကာကွယ်ပေးပါတယ်..

 (၆) ဗီတာမင်ဓာတ်များ (Vitamins) - အနေနဲ့ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး ၁၀၀ ဂရမ်ရှိတဲ့ အသီးတစ်လုံးမှာ ၂၀ မီလီဂရမ်ပါဝင်ပါတယ်.. ကျန်ဗီတာမင်တွေအနေနဲ့
ဗီတာမင်ဘီ အုပ်စုဝင်တွေလည်း
အနည်းငယ်စီ ပါဝင်ပါတယ်..

 (၇) သတ္တုဓာတ် (Minerals) - အနေနဲ့ ကယ်လ်စီယမ်ဓာတ်၊
သံဓာတ်၊ မီးစုန်းဓာတ်တို့ ပါဝင်ပါတယ်.. ဒါတွေအပြင်
Phytochemicals လို့ခေါ်တဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်.. အထူးသဖြင့် Glycoside နဲ့
Phenolic compounds တွေ ပါဝင်နေတာ တွေ့ရပါတယ်.. အဲ့ဒီပစ္စည်းတွေကြောင့် နဂါးမောက်သီးဟာ
ဆေးဖက်ဝင်နေရခြင်း ဖြစ်ပါတယ်..
Crd : Fb