Thursday, November 6, 2014

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက်သနည်း?

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက်သနည်း?
အမျိုးသမီးများထက် အမျိုးသားများကအိပ်ပျော်စဉ်
ဟောက်တတ်ကြပြီး ပျမ်းမျှအားဖြင့် အရွယ်ရောက်သူ
အမျိုးသား ၄၅ ရာခိုင်နှုန်းကဟောက်လေ့ရှိကြ ပါတယ်။
အိပ်ပျော်နေစဉ်ကိုယ်ဟန်အနေအထား
ပုံစံမမှန်ခြင်းကြောင့် နှာခေါင်း၊လည်ချောင်းစတဲ့
 အသက်ရှူလမ်းကြောင်းတစ်လျှောက်
တစ်သျှူးများကျဉ်းသွားကာ ဟောက်သံထွက် လာပါတော့တယ်။ အဲဒီလို ဟောက်သံကျယ်လောင်ခြင်း ကြောင့်
အိပ်မောကျနေစဉ် မိမိအသံကြောင့်ရုတ်တရက်လန့်နိုးခြင်း၊
အသက်ရှူလမ်းကြောင်းပိတ်၍မွန်းကျပ်လန့် နိုးခြင်းဖြစ်ကာ
 ကြာလာတာနဲ့အမျှ နှလုံးကိုပြဿနာဖြစ်လာစေတတ်ပါတယ်။
ဒါ့ပြင် ဟောက်သံနဲ့အလေ့အကျင့် မရှိသူ
ဥပမာ ကြင်စဦးဇနီးမောင်နှံများမှာ ထိုဆူဆူညံညံ
 ဟောက်သံကြောင့်အိပ်စက်မှုကို
အနှောင့်အယှက်ဖြစ် စေပြန်ပါတယ်။
  ဟောက်သည်.အကြောင်းရင်း
 =============
(၁)လူလတ်ပိုင်းအရွယ်ရောက်တဲ့အခါ
လည်ချောင်းကြွက်သားများတင်းမာခြင်းမရှိဘဲ
 ပျော့တွဲကျဉ်းမြောင်းသွားလေ့ရှိလို့
အမျိုးသားများသက်လတ်ပိုင်းအရွယ်မှာ
စတင်ဟောက် တတ်ကြပါတယ်။
(၂)ကျားသဘာဝမျိုးရိုးဗီဇခန္ဓာကိုယ်
ဖွဲ့စည်းတည်ဆောက်ပုံအရအမျိုးသမီးများနဲ.
နှိုင်းယှဉ်ပါကအမျိုးသားတွေရဲ့နှာခေါင်းနဲ့
လည်ချောင်းစပ်ကြားရှိအရည်ကျိတ်က
 ကြီးမားနေတာကြောင့်လည်ချောင်းထဲရှိ
 လေလမ်းကြောင်းက ပိုကျဉ်းမြောင်းသွားရာ
 ဟောက်ခြင်းကို ဖြစ်လာစေပါတယ်။
 (၃) နှာခေါင်းပေါက်နဲ့ဆက်နေသော
ဦးခွံရိုးအတွင်းမှအခေါင်းမှာပိတ်ဆို့၍သော်လည်းကောင်း၊
ထိပ်ကပ်နာစတဲ့ နာတာရှည်နှာခေါင်းရောဂါ
အမျိုးမျိုးတို့ ကြောင့်လည်း ဟောက်စေတတ်ပါတယ်။
 (၄) အဝလွန်ခြင်း ကြောင့် ခန္ဓာကိုယ်ထဲရှိ
အဆီများတဲ့တစ်သျှူးတွေက အိပ် ပျော်နေစဉ်
အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့ထားလို့
 ဟောက်ခြင်းကိုဖြစ်စေပါတယ်။
 (၅)အရက်နဲ့ဆေးလိပ်အလွန်အကျွံသောက်သုံးသူများက
အတော်အသင့်သောက် သုံးသူတွေထက်
ညအိပ်တဲ့အခါ ပိုမိုဟောက်တတ်ကြပါ တယ်။
သဘာဝနည်းဖြင့် ဒီလိုကုသနည်း
================
(၁) ကိုယ်အလေးချိန်လျှော့ချပါ။
ပိန် တဲ့သူတွေလည်းညအိပ်တဲ့အခါ
 ဟောက်တတ်ကြပါတယ်။
ဒါပေမဲ့ကိုယ်အလေးချိန်များပြီး ဝလာတဲ့အခါ
လည်ပင်းတစ် ဝိုက် ဝိတ်တက်လာလို့
 နေ့ဘက်မှာမသိသာပေမယ့်ညအိပ်တဲ့အခါ
လည်တိုင် ကြွက်သားများကိုညှစ်၍
အသက်ရှူရ ခြင်းကြောင့်ဟောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
(၂) အရက်နဲ့စိတ်ငြိမ်ဆေးဝါးများမမှီဝဲရ။
 ဟောက်တတ်သူများညအိပ်ရာဝင်ချိန်ထက်၎(သို့မဟုတ်)
 ၅-နာရီကြို၍အရက်မသောက်သင့်ပါဘူး။
အရက်သောက်ခြင်းကြောင့် လည်တိုင်အတွင်း
ပိုင်းကြွက်သားများကို လှုပ်ရှားစေကာ
သိသိသာသာ ပို ဟောက်စေပါတယ်။
ထိုနည်းတူ စိတ်ငြိမ်ဆေးဝါးများကလည်း
လည်တိုင်အတွင်းပိုင်းကြွက်သားကို
လှုံ့ဆော်ပေး လို့ မမှီဝဲသင့်ပေ။
(၃) အိပ်စက်ပုံ မှန်ကန်ပါစေ။
ပက်လက်လှန်အိပ်ခြင်းက လျှာတိုဝင်သွားပြီး
လည်ပင်းရဲ့အတွင်းနံရံကိုသွားထောက်မိကာ
အိပ်ပျော်သွားတဲ့အခါဟောက်သံထွက်ပေါ်လာပါတော့တယ်။
ဒါ့ကြောင့် ပက်လက်မအိပ်ဘဲဘေးသို့စောင်းအိပ်ပေးပါ။
 (၄) ပလုတ်(အာလုတ်)ကျင်းပါ။
ညအိပ်ခါနီး ရေအေး ၁- ဖန်ခွက်ထဲမှာ
ပူစီနံရွက်အဆီတစ်စက်ချ၍ပလုတ်(အာ လုတ်)ကျင်းခြင်းက
 မဟောက်နိုင်အောင်အထောက်အပံ့ ဖြစ်စေပါတယ်။
(၅)အိပ်ခန်းသန့်ရှင်းရေးလုပ်ပါ။
 ခေါင်းအုံးစွပ်၊ အိပ်ယာ ခင်း၊ စောင်များ
 လျှော်ဖွပ် သန့်စင်ခြင်းနဲ့ အိပ်ခန်းအတွင်း
အနံ့အသက်ကောင်းမွန် အောင်ထားခြင်းဖြင့်
 ဟောက်ခြင်းကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ အိပ်ခန်းထဲမှာ ခွေး၊ ကြောင်တို့ဝင်ရောက်နေထိုင်ခွင့်မပြုပါနဲ့။
 (၆)ဆေးလိပ်ဖြတ်ပါ။
 ဆေးလိပ်သောက်ခြင်းကလည်း
လည် မျိုတစ်ဝိုက်အမြှေးပါးများကို
 ရောင်ရမ်းပိတ်ဆို့စေပါတယ်။
 ညအိပ်စဉ် ဟောက်လေ့ရှိသူ
အများစုဟာဆေးလိပ်သောက် ကြသူများဖြစ်လို့ကျန်းမာရေးကို ဘက်စုံကောင်းမွန်စေ အောင် ဆေးလိပ်ဖြတ်ပါ။
 (၇) ရေနွေးငွေ့ရှူပါ။
အသက် ရှူလမ်းကြောင်းပွင့်နေအောင်
ညအိပ်ရာမဝင်ခင် ရေနွေးငွေ့ ရှူပါ
(သို့မဟုတ်)ရေနွေးပူပူထဲမှာဆားခတ်၍ အငွေ့ရှူ ရှိုက်ပါ။
(၈) ခေါင်းအုံးကိုဂရုစိုက်ပါ။
မမြင့်လွန်း မနိမ့်လွန်းဘဲဦးခေါင်း-လည်ပင်း-ဇက်တို့နဲ့ အဆင်ပြေတဲ့ ခေါင်းအုံးမျိုးကိုရွေးချယ်တတ်ဖို့လိုပါတယ်။
 ကြာလာတဲ့အခါ ခေါင်းအုံးပျော့ပြီး
အိပ်စက်ပုံအနေအ ထားမမှန်တော့ဘဲ
 ဟောက်ခြင်းကိုဖြစ်စေတဲ့အပြင်ဇက်ကြောတက်-
အုံးလွဲ-လည်ပင်းနာစသည့်နောက်ဆက်တွဲ
 ဝေဒနာများမဖြစ်ရအောင် ခြောက်လတစ်ကြိမ်ခေါင်းအုံး
 အသစ်လဲသင့်ပါတယ်။အထူးသဖြင့်
ပန်းဂျုံ(ခေါ်)အမည်း ရောင်နှံစားအစေ့တို့ဖြင့်
ပြုလုပ်ထားတဲ့ခေါင်းအုံးက ဟောက် ခြင်းကို
အထိုက်အလျောက် သက်သာစေပါတယ်။
(၉) အားကစားလေ့ကျင့်ခန်းလုပ်ပါ။
လမ်းလျှောက်/စက် ဘီးစီး စတဲ့ပေါ့ပေါ့ပါးပါး
လေ့ကျင့်ခန်းကစားခြင်းကလည်း
ညဘက်ဟောက်ခြင်းကို လျော့ပါးသက်သာစေပါတယ်။
(၁ဝ) ညအိပ်ရာမဝင်ခင် အစားများများမစားရ။
 ညစာ လျှော့စားပါ။အိပ်ရာဝင်ခါနီး ဗိုက်ပြည့်တဲ့
အစာများစား ခြင်းက ကျယ်လောင်စွာဟောက်တတ်လို့
ဆင်ဆင်ခြင်ခြင် စားသောက်ပါ။
(၁၁) ရေသောက်ရုံဖြင့် နှာခေါင်းထဲကိုရေဖြင့်မှုတ်ပါ။
ည အိပ်ရာမဝင်ခင် (သို့မဟုတ်)တစ်ရေးနိုးထလာတဲ့အခါများ မှာ ရေသောက်ရင်း နှာခေါင်းအတွင်းပေါက်ရှိရာ
အာခေါင် အပေါ်ပိုင်းကို ရေဖြင့်မှုတ်ထုတ်ပေးပါ။
(၁၂) ဆရာဝန်ဖြင့်တိုင်ပင်ပါ။
အကယ်၍ အထက်ပါနည်း လမ်းများဖြင့်
ထိန်းမထားနိုင်သေးဘဲ မိမိကိုယ်တိုင်ရော ဘေးလူကိုပါ
အအိပ်ပျက် လောက်အောင် ဆူညံ၍
 ဟောက် မြဲတမ်းဟောက်နေသေးပါက
 ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ပါ။
လိုအပ်ပါက CPAP စက်(ခေါ်)ညအိပ်စဉ်
အဆက်မ ပြတ်လေလမ်းကြောင်းပွင့်စေသောစက်ဖြင့်
တပ်ဆင်ရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
Health Tips on 17th August 2014)