Wednesday, September 25, 2019

အဆိပ်အတောက်ဖြစ်စေတဲ့ အစားအစာတစ်ချို့ -

အစားအစာဆိုတာ စားတတ်ရင်ဆေး မစားတတ်ရင်ဘေး
ဆိုသလို ကိုယ်စားတဲ့အစားအစာတွေကို သတိထား ဆင်ခြင်စားတတ်ဖို့လိုပါတယ်။ တစ်ချို့အစားအစာတွေက မထင်မှတ်ထားတဲ့အရာတွေနဲ့ လူတွေကို အဆိပ်အတောက်ဖြစ်စေတာ တွေ့ရပါတယ်။
ဥပမာ-မာလာကာသီးမှာ အစေ့ဟာ အူအတက်ပေါက်စေတယ်လို့သိကြတဲ့ အတွက်မာလာကာသီးစားရင် အစေ့ကိုဖယ်ပြီးသတိထားစားကြသလို
အခြားအစားအစာတွေမှာလည်း မဖယ်ရှားမိဘဲ စားမိရင်လူကိုအဆိပ်အတောက်ဖြစ်စေတာမျိုး
ရှိကြောင်းလေ့လာဖောြ်ပထားကြတာတွေ့ရပါတယ်။

 ပန်းသီးအစေ့
ပန်းသီးမှာပါတဲ့ အစေ့ဟာစားမိရင် လူကိုဒုက္ခဖြစ်စေ
တတ်ပါတယ်။ နည်းနည်းလေး စားမိ၊ဝါးမိတာနဲ့တင်
အသက်ရှု မြန်လာပြီး သေစေတတ်တဲ့အထိ ဖြစ်စေတယ်လို့ဆိုပါတယ်။

 အစိမ်းရောင်ဖြစ်နေတဲ့အာလူး 
တစ်ချို့အာလူးတွေဆို အပင်ပေါက်လေးတွေ၊ အညှောက်လေးတွေထွက်ပြီး အာလူးအရောင်မှာ အစိမ်းရောင်သမ်းနေတာမျိုး မြင်တွေ့ဖူးကြပါလိမ့်မယ်။
အာလူးတွေမှာ အဲဒီလို အစိမ်းရောင်ဖြစ်လာပြီဆိုရင် စားမိတဲ့သူတွေ အနေနဲ့ အော့အန်တာ၊ အာရုံထွေပြားတာ၊ ခေါင်းကိုက်တာ၊ ဝမ်းလျှောတာဖြစ်ပြီး သေစေတဲ့အထိ ဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်စားပဲ 
 ဗိုလ်စားပဲကို အစိမ်းလိုက်မစားသင့်ပါ။ အစိမ်းစား
မိပါက ဝမ်းလျှောခြင်း၊ ဆိုးဆိုးရွားရွားဗိုက်နာခြင်းနဲ့ အော့အန်ခြင်းတို့ဖြစ်တတ်ပါတယ်။ သူ့ကို အစိမ်းလိုက် ၄-၅စေ့လောက်စားမိရုံနဲ့ အဆိုပါဝေဒနာတွေကို
ခံစားရနိုင်ပြီး မစားမီ အသေအချာပြုတ်
လိုက်တာကအကောင်းဆုံး ဖစ်ပါတယ်။

အယ်လမွန်သီး
အယ်လမွန်သီးမှာ အချိုသီးနဲ့ အခါးသီး နှစ်မျိုးရှိပါတယ်။ အယ်လမွန်အချိုသီးက သရေစာအနေနဲ့စားလို့ ဘာမှ
မဖြစ်ပေမယ့် အယ်လမွန်အခါးသီးကို စားမိရင်တော့ ဝမ်းပျက်တာတို့၊ ခေါင်းမူးပြီးအော်ဂလီဆန်တာတို့၊ ကြွက်တက်တာတို့ ဖြစ်တတ်ပါတယ်။

စောင်းလျားသီး 
 ကျောက်ကပ်ရောဂါရှိသူများအနေနဲ့ ဒီအသီးကို မစားသင့်ပါ။ ပုံမှန်ကျောက်ကပ်တွေက ဒီလိုအချိုသီးတွေဆီမှ မကောင်းတဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်နိုင်စွမ်းရှိပေမယ့် ပုံမှန်မဟုတ်တဲ့ကျောက်ကပ်တွေကတော့ ဒီလို စစ်ထုတ်နိုင်စွမ်းမရှိကြပါဘူး။ကိုယ့်ရဲကျောက်ကပ် အခြေအနေကိုမသိဘဲ စားမိသူတွေအတွက်
စိတ်ရှုပ်ထွေးမှု တို့ခံစားရပြီး သေစေတဲ့
အထိ ဖြစ်စေတယ်လို့ သိရပါတယ်။

 သီဟိုဠ်စေ့ 
သီဟိုဠ်စေ့ကိုလည်း အစိမ်းမစားသင့်ပါ။
အစိမ်းစားမိပါက ဓာတ်မတည့်တာ တွေဖြစ်ပြီးသေစေတတ်ပါတယ်။
 ဒါကြောင့် သီဟိုဋ္ဌ်စေ့ကိုစားမယ်ဆိုရင်
အသေအချာပြုတ်ပြီးမှ စားသင့်ပါတယ်။

သကြားစားခြင်းဆိုးကျိုး ၅ မျိုး

သကြားဆိုတာမျိုးက ပိုမိုစားသုံးလေ လူကိုဆိုးကျိုးပြုလေပါပဲ။ သကြားဟာ သာမန်ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး သူ့မှာ ဘာအာဟာရအင်အားမှ မပါဝင်ပါဘူး။ ဒါပေမဲ့လည်း
လူတွေဟာ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ အချိုဓာတ်ကဲစေဖို့အတွက် သူ့ကိုဖြည့်စွက်စားသုံး
လေ့ရှိကြပါတယ်။ ပုံမှန်အားဖြင့်တော့ အစားအစာတွေ
ထဲမှာရော အသီးအနှံတွေထဲမှာပါ သကြားဓာတ်ဟာ ပါဝင်ပြီးသားဖြစ်ပေမယ့် လူတွေကတော့ 
လျှာအရသာခံဖို့ရာအတွက် သကြားကို ဖြည့်တင်းစားသုံးကြပါတယ်။
သကြားကို အခုလိုမျိုး ပိုမိုစားသုံးလာတဲ့အခါ 
သင့်ခန္ဓာကိုယ်အတွက် ဘယ်လိုဆိုးရွားမှုတွေ
 ဖြစ်လာစေမလဲဆိုတာ ကြည့်လိုက်ရအောင်။

 ၁။ အာဟာရတန်ဖိုး ချို့တဲ့ခြင်း
 နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ အသီးအနှံတွေထဲမှာ ပါဝင်ပြီးဖြစ်တဲ့ သကြားဓာတ်နဲ့ လူတွေစားသုံးနေတဲ့ သကြားက မတူပါဘူး။ သကြားဟာ ကယ်လိုရီသက်သက် ပစ္စည်းတစ်မျိုးဖြစ်တာနဲ့အညီ သူ့ကိုများများစားသုံးတာနဲ့အမျှ ခန္ဒာကိုယ်မှာ ကယ်လိုရီတွေ တိုးပွားလာတာကလွဲလို့ အခြားအကျိုးမရှိပါဘူး။ သကြားစားလိုက်တဲ့အခါ ခန္ဓာကိုယ်ဟာ အလျှင်အမြန် အစာချေဖျက်ပါတယ်။ သကြားဓာတ်ပါဝင်ပြီးဖြစ်တဲ့
အသီးအနှံတွေ၊ နို့တွေမှာ ပုံမှန်အားဖြင့် ဗီတာမင်၊ ဒါမှမဟုတ် ဖိုင်ဘာလို့ခေါ်တဲ့ အမျှင်ဓာတ် ၊ မဟုတ်လည်း သတ္တုဓာတ်
စသည်ဖြင့် တစ်မျိုးမျိုး ပါဝင်နေပါတယ်။ အဲဒါတွေကိုစားသုံးတဲ့အခါမှာတော့ အစာချေဖျက်မှုက နှေးကွေးပါတယ်။ ဒါကြောင့် သကြားမှာ ဘယ်လို
အာဟာရဓာတ်မှ မပါဝင်ဘူးဆိုတာကို
ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

၂။ ဝိတ်တက်ခြင်း 
သကြားကို ပိုမိုဖြည့်စွက်စားသုံးခြင်းကြောင့် ဖြစ်လာတဲ့
ထင်ရှားတဲ့ ဥပဒေသကိုပြပါဆိုရင်တော့ ဝိတ်တက်တာပဲ
 ဖြစ်ပါတယ်။ သကြားဓာတ်ပါဝင်ပြီးဖြစ်တဲ့ အချိုရည်နဲ့ အစားအစာတွေမှာ ကယ်လိုရီဓာတ်မြင့်မားနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သကြားကိုပိုမိုစားသုံးမယ်ဆိုရင် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုပင်ပြုလုပ်နေပါစေ
သင့်ခန္ဓာကိုယ်ဟာ ကိုယ်အလေးချိန် တိုးပွားမြဲ တိုးပွားလာမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့
သကြားဟာ အစာချေဖျက်ရလွယ်ကူတဲ့အပြင်
ခန္ဓာကိုယ်ကိုလည်း ဆာလောင်မှုဖြစ်အောင် လှုံ့ဆော်
ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

၃။ ဆီးချိုဖြစ်ခြင်း 
 ဒါကတော့ သိပ်ကိုရိုးရှင်းတဲ့အရာပါပဲ။ သကြား
စားသုံးခြင်းနဲ့ ဆီးချိုရောဂါ ပုံစံ (၂) ဖြစ်ပွားခြင်းတို့ဟာ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါဆိုတာ သကြားကြောင့်ဖြစ်တာမဟုတ်ပါဘူး။ ကယ်လိုရီဓာတ် မြင့်မားလွန်းစွာပါဝင်တဲ့ ဘယ်အစားအစာမဆိုက ဆီးချိုရောဂါကို ဖြစ်စေတာကြောင့်ပါ။ ဒါကြောင့် သကြားဓာတ်မြင့်မားလွန်းတဲ့ အချိုရည်တွေက ဆီးချိုရောဂါကို ဖိတ်ခေါ်စေနိုင်ပြီး ဒီအချိုရည်တွေကို ရှောင်ကြည်ပြီး ဆီးချိုရောဂါ ပုံစံ (၂) ဖြစ်ပွားခြင်းမှ ရှောင်ရှားဖို့ အမေရိကရဲ့ ကျန်းမာရေးအဖွဲ့အစည်းကြီးက
တိုက်တွန်းထားပါတယ်။

၄။ သွားဆွေးမြေ့ခြင်း 
သကြားပိုမိုစားသုံးခြင်းကြောင့် ထင်ရှားတဲ့ သာဓကနောက်တစ်ခုကတော့ သင့်ရဲ့သွားတွေကို ဆွေးမြေ့ပျက်စီးစေတာပဲ ဖြစ်ပါတယ်။
သကြားကိုစားသုံးပြီးတဲ့အခါ သွားရဲ့အောက်ခြေက သွားချေးရဲ့အပေါ်ယံလွှာမှာ ဘက်တီးရီးယားတွေက စားသုံးလိုက်တဲ့အစားအစာတွေထဲက သကြားဓာတ်ကို စားသုံးလေ့ရှိကြပါတယ်။ အဲဒီကနေ အက်ဆစ်ထုတ်လုပ်မှုကို မြင့်မားလာစေကာ သွားပိုးစားတာ၊ သွားဆွေးတာ၊
သွားပဲ့တာ၊ သွားအခေါင်းပေါက်ဖြစ်တာ စသဖြင့် ပျက်စီးခြင်းခြောက်ပါး ဆိုက်တော့တာပါပဲ

၅။ နှလုံးရောဂါဖြစ်ခြင်း 
သကြားဓာတ်မြင့်မားတဲ့ အစားအစာတွေကြောင့်လည်း
နှလုံးရောဂါ ဖြစ်ပွားနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်တွေ
အရ အစားအစာတွေထဲမှာ သကြားပိုမိုဖြည့်စွက်စားသုံးခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ နှလုံးရောဂါဖြစ်ပွားနိုင်တာကို ထင်ရှားစွာတွေ့မြင်ခဲ့ကြပါတယ်။ ဒါကြောင့် သကြားကို အစားအစာတွေထဲမှာ ထပ်မံဖြည့်စွက်စားသုံးခြင်းမှ ရှောင်ရှားကြရမှာဖြစ်ပါတယ်။
https://www.medicalnewstoday