Tuesday, May 30, 2017

လေးဖက်နာရှိသူများ နှလုံးရောဂါ ဖြစ်ပွားမှုမှ ရှောင်ရှား နိုင်ရန်

 သင့်မှာ အရိုး အဆစ်တွေ ရောင်ရမ်း နာကျင် ကိုက်ခဲ စေတဲ့ လေးဖက်နာ ရောဂါ ရှိတယ် ဆိုရင် နှလုံးရောဂါနဲ့ နှလုံးတိုက်ခိုက် ခံရနိုင်ခြေ နှစ်ဆ မြင့်များပါတယ်။ အဆစ်ရောင်လေးဖက်နာ အတွက် သောက်ရတဲ့ စတီးရွိုက်ဆေးတွေ၊ စတီးရွိုက် မဟုတ်တဲ့ အကိုက် အခဲပျောက်ဆေးတွေက နှလုံးရောဂါဖြစ်ဖို့ ပိုမိုတွန်းအားပေးပါ တယ်။ ဒါကြောင့် လေးဖက်နာရှိသူတွေမှာ နှလုံးရောဂါဖြစ် ပွားနိုင်ခြေ ကို လျှော့ချဖို့ အောက်ပါအချက်တွေ လုပ်ဆောင်ကြည့်ပါ။

၁။ မှန်မှန်ကန်ကန် စားသောက်ပါ
နှလုံးကျန်းမာစေတဲ့ အစားအ သောက်တွေ စားပါ။ အစားအစာကို ပမာဏမှန်မှန် ကန်ကန်စားပြီး သင့်ခန္ဓာ ကိုယ် အလေးချိန်မတက်အောင် ဂရုစိုက် ပါ။ လေးဖက်နာရောဂါ အတွက် သီးသန့် စားသောက်နိုင်တဲ့ အစားအစာရယ်လို့ မရှိ ပေမယ့် ၂၀ဝ၃ခုနှစ်မှာ ဆွီဒင်ပညာရှင် တွေက မြေထဲပင်လယ်ဒေသ အစားအ စာတွေ စားသောက်တာ၊ သစ်သီး၊ ဟင်း သီးဟင်းရွက်နဲ့ သံလွင်ဆီလို ကျန်းမာရေး နဲ့ညီညွတ်စေတဲ့ အဆီတွေကို စား သောက်တာက ရောင်ရမ်းမှုကို လျော့နည်းစေပြီး လေးဖက်နာရောဂါကို သက်သာစေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။
၂။ အိုမီဂါ-၃အဆီ စားပါ
အိုမီဂါ-၃ အဆီပမာဏ တစ်ဂရမ်ကို တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်စားပေးပါလိုီ့Dr. Mattesonu က ပြောပါတယ်။ ငါး အဆီက ရောင်ရမ်းမှုကို အနည်းငယ်သာ လျော့နည်းစေ တယ်ဆိုပေမယ့် သွေးတွင်း အဆီဓာတ်ကို ကောင်းမွန်စေပါတယ်။ ဆယ်လ်မွန်ငါးကို စားသုံးပါက ကောင်း တဲ့ အဆီဓာတ်ဖြစ်တဲ့ အိုမီဂါ-၃ အဆီကို ရရှိနိုင်ပြီး အစေ့အဆန်တွေ ကလည်း ရရှိ နိုင်ပါတယ်။ အသားတွေ၊ အဆီထုတ်မ ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆီကြော်စာတွေက ရောင်ရမ်းမှုကို အား ပေးတာကြောင့် မစားသင့်ပါ။ သွေးကျဲ ဆေးတွေ သောက်နေရပါက အိုမီဂါ-၃ အဆီ ဖြည့်စွက်မသောက်သုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
၃။ သွေးပေါင်တိုင်းတာပါ၊ သွေးတွင် ကို လက်စထရော စစ်ဆေးပါ
သင့်မှာ လေးဖက်နာရောဂါရှိပါက နှလုံးရောဂါဖြစ်ပွားမှုမရှိအောင် ထိန်းချုပ် နိုင်ဖို့ လိုပါတယ်။ ကိုလက်စထရောကို ပုံမှန်အတွင်းမှာရှိနေအောင် ထိန်းထားပါ။ အစားအသောက်နဲ့ ထိန်းသိမ်းမှုမလုံ လောက်ပါက သွေးတွင်းအဆီကျဆေး တွေ သောက်ပေးပါ။ မကြာသေးမီက ပြု လုပ်ထားတဲ့လေ့လာ မှုအရ လေးဖက်နာရှိ သူတွေနဲ့ တခြားလူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် သုံးစွဲရ တဲ့ သွေးတွင်းအဆီ ကျဆေး (စတေတင်) သုံးစွဲမှု မတူညီတာကို တွေ့ရပါတယ်။ သွေးပေါင်ကိုလည်း အပေါ်သွေး ၁၃၀နဲ့ အောက်သွေး ၈၅အောက်မှာသာ အမြဲရှိ နေအောင် ထိန်းထားပါ။
၎။ ကိုယ်အလေးချိန်ထိန်းသိမ်းပါ
ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်နေ အောင် ထိန်းထားတာက နှလုံးနဲ့ အရိုး တွေကို ရောဂါဖြစ်ပွားမှုကနေ ကာကွယ် ရာရောက်ပါတယ်။ လေးဖက်နာရှိသူတွေ အနေနဲ့ ကိုယ်အလေးချိန်ကို အစားအ စာ၊ လေ့ကျင့်ခန်းတွေနဲ့ ထိန်းသိမ်းဖို့ အ ရေးကြီးပါတယ်။ လေးဖက် နာရောဂါထ တာကြောင့် ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှု ပြောင်းလဲပြီး ကိုယ်အလေးချိန် ကျတာမျိုး လည်း ကြုံတွေ့နိုင်ပါတယ်။ လေးဖက်နာ ရောဂါရှိပြီး ကိုယ်အလေးချိန် ပုံမှန် အောက် ကျဆင်းတာ ကလည်း နှလုံး ရောဂါဖြစ်နိုင်ခြေကို တိုးပွားစေပါတယ်။
၅။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ကောင်းကျိုးရရှိ စေတယ်ဆိုတာ မရှိပါဘူး။ လေးဖက်နာ ရောဂါရှိသူတွေမှာ ဆေးလိပ်သောက် တာက ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ ဆေးလိပ်သောက် တာက ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို တိုက်ခိုက်ပြီး ရေရှည် သောက်ပါက လေးဖက်နာရောဂါ မရှိသူ တွေကို ရောဂါဖြစ် ပွားနိုင်စေပြီး ရောဂါရှိ ပြီးသားသူများကို ရောဂါပိုမို ဆိုးရွားစေပါ တယ်။ မကြာသေးမီက လေ့လာခဲ့တဲ့ သု တေသန တစ်ခုအရ ဆေးလိပ်သောက်တဲ့ လေးဖက်နာရောဂါရှိသူ တစ်ယောက်က ဆေးလိပ် မသောက်တဲ့ ရောဂါရှိသူတစ် ယောက်ထက် ရောဂါဝေဒနာကို ပိုမိုခံစား ရတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အထူး သဖြင့် ဆေးလိပ် အလွန်အကျွံသောက် သုံးသူတွေဟာ လေးဖက် နာရောဂါဖြစ် ပွားနိုင်ခြေကို မြင့်တက်စေတယ်ဆိုတာ ကိုပါ တွေ့ရှိခဲ့ ပါတယ်။
၆။ တတ်ကျွမ်းနားလည်သော ဆရာဝန် နှင့် ပြသပါ
လေးဖက်နာရောဂါရှိသူတွေအနေ နဲ့ တခြားသူတွေထက် ဆရာဝန်ထံ ပြသ ဖို့ အကြိမ်ရေ ပိုမိုသွားရ တတ်ပါတယ်။ သင့်မှာ လေးဖက် နာရောဂါ ရှိပြီး မိသားစု မျိုးရိုးမှာ နှလုံးရောဂါရှိပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားတာကြောင့် တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်နဲ့ ပြသ ပြီး စစ်ဆေးမှုခံယူဖို့ လိုပါတယ်။
၇။ သတိပေးလက္ခဏာများကို သိရှိ အောင် လေ့လာပါ
သင့်မှာ လေးဖက်နာရောဂါ ရှိနေရင် ရုတ်တရက် နှလုံးတိုက်ခိုက် ခံရနိုင်ခြေ လည်း များတာကြောင့် နှလုံးတိုက်ခိုက်ခံ ရနိုင်တဲ့ သတိပေး လက္ခဏာတွေကို သိရှိ အောင် လေ့လာထားဖို့ လိုပါတယ်။ ရင် ဘတ်အောင့်တာ၊ ရင်ဘတ်ကို ဖိထားသ လို တင်းတင်း ကျပ်ကျပ်ဖြစ်နေတာ၊ အ သက်ရှူမြန်တာ၊ ပျို့အန်ချင်တာ စတာ တွေက ရုတ်တရက်နှလုံးတိုက်ခိုက်ခံရနိုင် တဲ့ သတိပေး လက္ခဏာတွေပါ။ ထူးထူး ခြားခြား မောပန်းပြီး နုံးချိနေသလို ခံစား ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန် နဲ့ အမြန်ဆုံးပြသ တိုင်ပင်ပါ။
၈။ ဆေးဝါးသုံးစွဲမှုကို ဂရုပြုပါ
လေးဖက်နာအတွက် သောက်သုံးရ တဲ့ဆေးတွေက နှလုံးရောဂါဖြစ်ပွားနိုင် ခြေကို များစေတာမျိုးလည်း ဖြစ်တတ်ပါ တယ်။ ဥပမာအနေနဲ့ပြောရရင် လေးဖက် နာမှာ ရောင်ရမ်းမှုတွေ ကျစေဖို့ အသုံးပြု ရတဲ့ စတီးရွိုက်ဆေးတွေက သွေးကြော တွေကို မာစေပါတယ်။ ပုံမှန်အားဖြင့် တော့ စတီးရွိုက်ဆေးတွေကို ရေရှည် သောက် သုံးဖို့ ခွင့်ပြုမထားပါဘူး။ လေး ဖက်နာအတွက် သောက် သုံးရတဲ့ Methotrexate ဆေးကတော့ နှလုံးရောဂါ ဖြစ် ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။
၉။ ရောင်ရမ်းမှုကို လျှော့ချပါ
လေးဖက်နာရောဂါကို ကောင်းစွာ ထိန်းထားနိုင်တာက နှလုံးရော ဂါဖြစ်ပွား မှုကို အကောင်း ဆုံးလျှော့ချ ပေးနိုင် ပါတယ်။ ရောင် ရမ်းမှုတွေကို လျှော့ချပေး တာက လေးဖက်နာရှိ သူတွေမှာ နှလုံး ရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။
၁၀။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက နှလုံးရော ဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ရုံသာ မကဘဲ နာကျင်မှုတွေကို သက်သာစေ တယ်၊ အရိုးတွေကို သန်မာစေတယ်၊ြွကက်သားတွေကို တောင့်တင်းစေပါ တယ်။ သင်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်နိုင်ပါတယ်၊

(နိုင်လင်း-ဆေးပညာ)