Friday, July 12, 2019

( အမျိုးသမီးများ အသက်၄၀ ကျော်ရင် ဝိတ်ချဖို့ မလွယ်သည်.အကြောင်းရင်း)

အမျိုးသမီးအများစုဟာ အသက် ၄၀ ကျော်လာရင်
 ဖြစ်တတ်တာတွေကို တကယ် မသိကြပါဘူး။ 
တကယ် သိလာရင်တော့ ဒါဟာ အံသြရတဲ့ 
အခိုက်အတန့် ဖြစ်နေမှာပါ။ 
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ တချို့ကတော့ အသက်ကြောင့်ဖြစ်ပြီး 
တချို့ကတော့ သွေးဆုံးလာတာကြောင့် ဖြစ်ပါတယ်။ 
ဒီလို အကြောင်းတွေကြောင့်ပဲ ဝ ဝ လာတတ်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ ၄၀ ကျော်လာတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာလဲဆိုတာရယ်၊ ဘယ်လိုလုပ်ရင် ကျန်းကျန်းမာမာ နေနိုင်မလဲဆိုတာရယ်ကို စနစ်တကျရေးသားဖော်ပြထားပါတယ်။ 

၁။ ဟော်မုန်းဓာတ်တွေ နည်းပါး ယုတ်လျော့လာတယ်။ 
အသက် ၄၀ အကျော်မှာ ခန္ဓာကိုယ် အပြောင်းအလဲအတွက် 
အဓိက တာဝန်ရှိတာကတော့ ဟော်မုန်းတွေပါ။

 ဟော်မုန်းဆိုတာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ တော်တော်
များများကို ထိန်းချုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပါတယ်။ 
အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးကိုင်ချိန်ရောက်လာရင် ခန္ဓာကိုယ်ရဲ့
 မ ဟော်မုန်း၊ ကျားဟော်မုန်းတွေ ကမောက်ကမ ဖြစ်လာပါတယ်။ ဒီဖြစ်စဉ်တွေဟာ ခန္ဓာကိုယ်မှာ အပြောင်းအလဲ အများကြီးကို ဖြစ်စေပါတယ်။ အရိုးပါးခြင်း၊ ကြွက်သားများ ယုတ်လျော့လာခြင်း၊ 
လိင်စိတ် လျော့နည်းခြင်းနဲ့ စိတ်အပြောင်း အလဲများခြင်း 
စတာတွေကို ဖြစ်စေပါတယ်။ ဒီဟော်မုန်းအပြောင်းအလဲကို ကြိတ်မှိတ်ခံစားပြီး အရှုံးပေးဖို့ပဲ မတွေးပါနဲ့။ 
သင့် သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ စကားပြောကြည့်ပါ။ 
အွန်လိုင်းမှာ အကူအညီပေးနိုင်မဲ့ အဖွဲ့တွေကို ရှာကြည့်ပါ။ 
အားလုံးဟာ ဒါမျိုး ကြုံခဲ့ရတာပဲဆိုတာကို တွေ့ရပါလိမ့်မယ်။ 
ဒီတော့ အားမငယ်ဘဲ ကိုယ့်လို့ အဖော်တွေ အများကြီးလို့ 
စဉ်းစားပြီး စိတ်အေးအေး ထားသင့်ပါတယ်။ 

၂။ ဇီဝကမ္မဖြစ်စဉ်တွေ သဘာဝအတိုင်း အကျဘက်ကို
 ရောက်လာတယ် ဒီအတွက်ကြောင့်လည်း ဟော်မုန်းတွေကို အပြစ်တင်နိုင်ပါတယ်။ သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေ နှောင့်နှေး
ကုန်တာဟာ အသက်အရွယ်ကြောင့်ကော အီစထရိုဂျင်ဟော်မုန်း နည်းသွားတာကြောင့်ကော ပါပါတယ်။ ဒီလိုနဲ့ အဆီပိုတွေ စုမိလာမယ်။ အထူးသဖြင့်တော့ ခါးတဝိုက်မှာပေါ့။ သုတေသနပညာရှင်တွေကတော့ သွေးဆုံးကိုင်ချိန်နဲ့ သွေးဆုံးပြီးချိန်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်း အပြောင်းအလဲ တွေကြောင့် ခန္ဓာကိုယ်မှာ အဆီတွေစုလာတာနဲ့ 
ခန္ဓာကိုယ်ပုံ ပျက်လာတာတွေကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ 
ဒါကြောင့် ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်ဖြစ်နေဖို့အတွက် 
တက်တက်ကြွကြွနေပါ။ အားကစားပညာရှင် တစ်ဦးကတော့ ဒီပြဿနာအတွက် အင်အားသုံးရတဲ့ လေ့ကျင့်ခန်းနဲ့ သွေးပူလေ့ကျင့်ခန်းတွေကို တွဲလုပ်ဖို့ အကြံပေးထားပါတယ်။ 
 ဒီထက်ပိုလျော့လုပ်ချင်ရင်တော့ အကနဲ့ လက်ဝှေ့လေ့ကျင့်ခန်း
လိုဟာမျိုးကို လုပ်ကြည့်ဖို့လည်း အကြံပေးထားပါတယ်။ 
ဒါ့အပြင် အမျှင်ဓာတ်များများ စားပါ။ ရေလဲများများသောက်ပေးပါ။ 

၃။ အသက်အရွယ်အရ ကြွက်သားတွေ ဆုံးရှုံးလာတယ် 
အသက် ၄၀ ကျော်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ အဓိက ကယ်လိုရီ
သုံးပေးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကြွက်သားတွေ ဆုံးရှုံးလာပါတယ်။ တစ်နှစ်ကို တစ်ရာခိုင်နှုန်း လောက်နဲ့ ကျလာပါတယ်။ 
ဒါတွေဟာ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်း ကျလာတာနဲ့ ဆက်စပ်နေပါတယ်။ ဒါတွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးလာတာနဲ့
 ပေါင်းပြီး သင့် ခန္ဓာကိုယ်ဟာ ငယ်ငယ်ကလို ကယ်လိုရီတွေ 
မလောင်ကျွမ်း နိုင်တော့ပါဘူး။ အင်အားသုံးရတဲ့ လေ့ကျင့်ခန်း 
ဒါမှမဟုတ် အလေးမတာကို တစ်ပတ်မှာ နှစ်ကြိမ် ကနေ
 လေးကြိမ်အထိ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းတွေဟာ
 ကြွက်သားတွေကို ပြန်တည်ဆောက်ပေးရုံသာမက အဆီပိုတွေကို လောင်ကျွမ်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို ပြန်လည် မြန်ဆန်လာစေမှာပါ။ ဒါတွေကပဲ သင့်ရဲ့အရိုးတွေနဲ့ ခန္ဓာကိုယ်ကို သန်မာလာစေမှာပါ။ ကြွက်သားဆိုတာက အရိုးနဲ့ အဆစ်တွေကို အထောက်ပံ့ပေးတဲ့ အစိတ်အပိုင်းဖြစ်ပြီး လှုပ်ရှားသွားလာရ လွယ်ကူစေပါတယ်။ 
တကယ်လို့ အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို တစ်ခါမှ 
မလုပ်ဖူးရင် နည်းပြတစ်ယောက်နဲ့ နှစ်ကြိမ် သုံးကြိမ်လောက် 
အရင် လေ့ကျင့်သင့်ပါတယ်။ 

၎။ ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်မှု မရှိတော့ဘူး အသက်ကြီးလာတဲ့အခါ၊ အထူးသဖြင့် ဝလာတဲ့အခါ န္ဓာကိုယ်က 
အင်ဆူလင် ခိုင်းသမှကို လျစ်လျူရှူပါတော့တယ်။ အင်ဆူလင်ရဲ့ အဓိကတာဝန်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာပဲ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်လာပါတယ်။ အကြောင်းအရင်းကတော့ ခန္ဓာကိုယ် ဆဲလ်တွေက သကြားဓာတ်ကို မစုပ်ယူတော့လို့ပါ။ နောက်ဆက်တွဲအနေနဲ့ ပိုဆာလောင်လာပါလိမ့်မယ်။ ဒါဟာ သင့်ကို ပိုဝစေရုံသာမက အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်စေနိုင်တဲ့အထိ ဆိုးပါတယ်။ ဒီလို သကြားဓာတ်များတာကို 
ကာကွယ်ဖို့ အစားစားတိုင်း ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်နဲ့ အဆီကို စုံအောင် သင့်တင့်မျှတအောင် စားပေးဖို့ လိုပါမယ်။ 
ကာဗိုဟိုက်ဒရိတ်ချည်း သီးသန့်မစားပါနဲ့။ အသားဓာတ်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်ဟာ သင့်ကို အချိန်အကြာကြီး မဆာအောင် ထိန်းထားပေးနိုင်တဲ့အတွက် သင့်အနေနဲ့ သကြားဓာတ်များတာတွေကို မစားမိတော့ဘဲ သကြားဓာတ်တက်တာကို ကာကွယ်နိုင်ပါတယ်။ 

နောက်တစ်ခုက စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်ဟာ ဘယ်ကရသလဲ ဆိုတာပါပဲ။ တကယ်လို့ အချိုရည်က ရတာဆိုရင် သွေးတွင်း သကြားဓာတ်က လျင်လျင်မြန်မြန်ပဲ မြင့်တက်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ ဆန်လို အစိုင်အခဲကနေ ရတာဆိုရင် သင့်အနေနဲ့ အမျှင်ဓာတ်ကိုပါ ရရှိနိုင်ပြီး သကြားဓာတ်ဟာ ဖြည်းဖြည်းပဲတက်လာမှာ ဖြစ်ပါတယ်။ အသက် ၄၀ ကျော်ချိန်မှာ စားဖို့အသင့်ဆုံးကတော့ မြေထဲပင်လယ်စတိုင် အစားအစာတွေပဲ ဖြစ်ပါတယ်။ 
ဒီ အစားအသောက်တွေဟာ ကင်ဆာနဲ့ နှလုံးရောဂါကို 
ကာကွယ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကို အများကြီး
 တက်စေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ 

၅။ စားချင်စိတ်ဟာ မရေမရာ ဖြစ်လာပါတယ် ဆာလောင်နေကြောင်း အချက်ပြတဲ့ ဟော်မုန်းနဲ့ ဗိုက်ပြည့်ကြောင်း အချက်ပြမယ့်
 ဟော်မုန်းတွေ အားလုံးဟာလည်း အရွယ်ရလာတာနဲ့ 
အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ အသက်ကြီးလာတဲ့အခါ ဒီဟော်မုန်းလက်ခံရာ နေရာတွေဟာ အရင်ကလို
 ကောင်းကောင်း အလုပ်မလုပ်တော့ဘဲ ဟော်မုန်း
ခိုင်းတာတွေကို လိုက်မလုပ်တော့ပါဘူး။ 
ဒီအချိန်မှာ ဆာလောင်တယ်ဆိုတာကတော့ ဟော်မုန်းတွေကြောင့်ပဲ ဖြစ်လာတာပါ။ စားသမှကို မှတ်စုလုပ်ထားမယ်ဆိုရင် 
စားသောက်မှုပုံစံမှာ ဘာအပြောင်းအလဲ ရှိတာလဲဆိုတာရယ်၊ ဆာလောင်မှုကို ဘယ်လိုထိန်းရမလဲဆိုတာရယ်ကို သိလာပါလိမ့်မယ်။ 
ဒီလို ရေးမှတ်လိုက်တဲ့အခါ တစ်နေကုန်မှာ အများကြီး စားမိသလား။ အဆာပြေပဲ စားမိသလားဆိုတာကို သိလာမှာ ဖြစ်ပါတယ်။ 
ဒီ မှတ်စုကနေ အသားဓာတ် လုံလုံလောက်လောက်စားရဲ့လား
ဆိုတာကိုပါ သိနိုင်ပါတယ်။ သင့်အနေနဲ့ ထမင်းတစ်နပ်တိုင်းမှာ အသားဓာတ် ၂၀၊ ၃၀ ဂရမ်လောက် စားပေးသင့်ပါတယ်။ 

အကြောင်းရင်းကတော့ ခန္ဓာကိုယ်ဟာ အသားဓာတ်ကို များမှ စုပ်ယူနိုင်တာဖြစ်လို့ပါ။ ၆။ အချိန်က အရင်လို မတက်ကြွအောင် ပြောင်းလဲလိုက်တယ် အလုပ်၊ မိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ လေ့ကျင့်ခန်းချိန်တွေဟာ နောက်ပို့ခံလိုက်ရပါတယ်။
 နောက်တစ်ခုကတော့ အဆစ်အမြစ်တွေအရင်လို မကောင်းတော့တာကလည်း ဒါကို ပိုအားပေးနေပါတယ်။ 
အလွန်အကျွံ လုပ်မိတာနဲ့ ဒဏ်ရာရခဲ့ဖူးတာတွေက အရင်က ကြိုက်နှစ်သက်တဲ့ အလုပ်တွေ မလုပ်ဖြစ်အောင် တားနေသလို ပိုနှေးကွေးသွားစေပါတယ်။ ဒါတွေကြောင့်ပဲ ပုံပျက်လာတယ်လို့ ခံစားရစေပါတယ်။ ဒီတော့ လုပ်စရာရှိဆက်လုပ်နေပါ။ 
Gym ဒါမှမဟုတ် ပြေးတာပဲ လုပ်နေစရာ မလိုပါဘူး။ 
သင် နှစ်သက်တာကို ရှာလုပ်ပါ။ ဒါမှသာ ရေရှည်လုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင်ဒဏ်ရာရပြီး လုပ်ချင်တာ လုပ်မရတော့ရင် တခြားလေ့ကျင့်ခန်းတစ်မျိုး ဒါမှမဟုတ် 
အိမ်တွင်းလေ့ကျင့်ခန်းလေးတွေပဲ ပြောင်းလုပ်ကြည့်ပါ။ တက်တက်ကြွကြွနေတာဟာ ဇီဝကမ္မဖြစ်စဉ်ကိုပဲ အားပေးတာတင်
မကပဲ လေ့ကျင့်ခန်း လုပ်ချိန်မှာထွက်တဲ့ ဟော်မုန်းကလည်း စိတ်အခြေအနေကို ပိုကောင်းစေပါတယ်။ 
ဒါကြောင့် နေလို့ကောင်းအောင် ကိုယ်တိုင်ပဲ ကြိုစားလုပ်ယူပါ။ 
ဒါ့အပြင် ပုံမုန်လေ့ကျင့်ခန်းလုပ်ပေးတာကြောင့် နှလုံး၊ 
ဆီးချိုရောဂါတွေလို ရောဂါဖြစ်ပွားမှုကို လျော့ချပေးပါတယ်။ 

၇။ စိတ်ဖိစီးမှု ပိုများလာတယ် အမျိုးသမီးတွေအနေနဲ့ ဒီအသက်အရွယ်မှာ အလုပ်အကိုင်၊ ငွေကြေး၊ သားသမီးနဲ့ မိဘ ကိစ္စတွေကြားမှာ 
အလုပ်ရှုပ်ရင်း စိတ်ခံစားမှု ဖိအား များတတ်ပါတယ်။ ဖိအားများလို့ ခံစားရတဲ့အခါ ကော်တီဇော ဟော်မုန်းထွက်လာပြီး
 ဟော်မုန်းက သွေးတွင်းသကြားဓာတ်ကို ကျစေကာ 
စားချင်စိတ်ကို ဖြစ်စေပါတယ်။ အထူးသဖြင့် သကြားကိုပါ။ 
ဒီလိုနဲ့ ခါးတဝိုက်မှာ အဆီတွေ စုလာပါလိမ့်မယ်။ 
ခါးတုတ်တာဟာ ဆီးချိုနဲ့ နှလုံးရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။
 နောက်ပြီး စိတ်ကို ထိန်းညှိပါ။ ယောဂ၊ တရားထိုင်၊
 ဆေးရောင်ခြယ်တာနဲ့ စာအုပ်ဖတ်တာ စတဲ့ 
စိတ်အပန်းပြေစေမယ့် အရာတွေကို လုပ်ပါ။ 

၈။ အိပ်စက်မှုပုံစံပြောင်းလဲလာတယ် အမျိုးသမီးအများစုဟာ အသက်ကြီးလာတဲ့အခါ အိပ်မရတဲ့ပြဿနာ ကြုံလာကြရပါတယ်။ ဒါမှမဟုတ် အပြည့်အဝ အိပ်ပြီးတာတောင် အနားမရလိုက်သလို ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ ဒါမှမဟုတ် တက်တက်ကြွကြွနေဖို့ အားမရှိတော့ဘူး ဖြစ်သွားပါလိမ့်မယ်။ ဒီအသက်အရွယ်မှာ အိပ်တာကို နှောင့်ယှက်တတ်တဲ့ 
အကြီးဆုံး ရန်သူကတော့ သွေးဆုံးကိုင်တာနဲ့ ဇောချွေးပြန်တာတို့ပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဟော်မုန်းတွေရဲ့အပြောင်းအလဲကို အပြစ်တင်လို့ ရပါတယ်။ ပထမဆုံးအနေနဲ့ ကောင်းမွန်တဲ့ 
အိပ်စက်မှုအတွက် အချိန်သတ်မှတ်ထားပါ။ 
အထူးသဖြင့် မအိပ်ခင် ဖုန်း၊ ကွန်ပျူတာ၊ 
တီဗီ စတာတွေကို ပိတ်လိုက်ပါ။ 
သုတေသနအရ ဒီပစ္စည်းတွေက ထွက်တဲ့ 
အပြာရောင်အလင်းဟာ ဇီဝနာရီစည်းချက်ကို ပျက်စေပြီး 
မယ်လ်လတိုနင် ထွက်ရှိမှုကိုတားလိုက်ပါတယ်။ 
မယ်လ်လတိုနင်ဟာ ညမှာ အိပ်ပျော်စေတဲ့ဟော်မုန်း ဖြစ်ပါတယ်။ တကယ်လို့ သွေးဆုံးကိုင်တာနဲ့ ဇောချွေးပြန်တာတွေဟာ နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ အိပ်ခါနီး ရေချိုးတာမျိုး၊ ညဝတ်အင်္ကျီပါးပါးပဲ ဝတ်အိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ 

ကဖင်းနဲ့ အရက်ကိုလဲရှောင်ပါ။ အထူးသဖြင့် ဝိုင်နီတွေဟာ သွေးဆုံးကိုင်ဝေဒနာကို ပိုဆိုးစေလို့ ရှောင်သင့်ပါတယ်။ 
ဒီတော့ အသစ် ပြန်တည်ဆောက်ပါ အသက် ၄၀ ကျော်မှာ ပြန်လည် ကျန်းမာအောင်လုပ်ဖို့ အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ 
ညီညွတ်တဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ 
တကယ်လို့ ကြိုးစားနေပေမဲ့ ခန္ဓာကိုယ်က ပြောင်းလဲမှု မရှိဘူးဆိုရင် နောက်ထပ် လေ့ကျင့်ခန်းပုံစံအသစ်ကို ပြောင်းဆော့ကြည့်ပါ။
 နောက်ထပ် အစားအသောက်ပုံစံသစ်ကို ပြောင်းစားကြည့်ပါ။ တစ်ခါတလေမှာ အပြောင်းအလဲဆိုတာ တူညီတဲ့ လေ့ကျင့်ခန်း 
အစီအစဉ်ကို နှစ်ဆတိုးလုပ်တာမျိုး မဟုတ်ဘဲ မတူညီတဲ့၊ 
သင့်အတွက် အကျိုးရှိတဲ့ အစီအစဉ်ကို
 ပြောင်းလဲဆော့တာကို ဆိုလိုတာပါ။ 
Crd:(ဆရာမ WinwinKyi)

အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ

အရိုး 
●အရိုးတွေ ချောင်လာတယ် ●ဒူးနာတတ်တယ် 
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ် 
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ် 
●ချော်မလဲအောင် ဂရုစိုက်ပါ 
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် 
တဖြေးဖြေး နာခြင်းသက်သာလာမယ်။

 ကြွက်သား 
■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ 
အမျိုးသမီးက တဝက်လောက်အ ဖြစ်များတယ် ။ 
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့
 ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။ 
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သား
အားရှိအောင် လုပ်ပေးကြပါ။ 

အကြော. အဆစ်. 
●အကြော အဆစ် နာတတ်တယ် 
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ် 
( အကြောအားဆေး သောက်ပေးပါ) 
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ် 
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ
 မေ့လွယ်တတ်တယ်။ 

အတွင်းကလီစာများ ▪
~အသက်ကြီးလာတာနဲ့အမျှ ..
 ကိုယ်တွင်းကလီစာတွေက 
တဖြေးဖြေး အားနည်းလာတယ်။ 

▪~ နှလုံး.
 ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း 
ညဖက်ဆီးခဏခဏ သွားတာနဲ့ 
ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။ 
▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။ 
▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. 
အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် 
အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။
 နှလုံး နှလုံးစဖြစ်ရင်... 
●အသက်ရူမဝခြင်း ●ရင်ဘတ်အောင့်ပြီး 
တချက် တချက် နာခြင်း ●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး
 ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး 
အကြော တက်တတ်တယ်။ 
●အိပ်ရာထချိန် ဇက်ကြောတက်တတ် 
လည်ပင်းညောင်းတတ်တယ်။ 
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု 
ထင်းကနဲ ပေါ်တတ်တယ်။ 
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော 
၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။ 
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ
 ပြင်းထန်ရင် ဆေးရုံမှာ check သွားလုပ်ပါ။ 
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ်
 ရေများများသောက်ကြပါ။ 

အသည်း 
◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် 
အပေါ်ဘက်ကို နာကျင်တယ် 
◆ညာခါး အနောက်ဖက် ညောင်းနာမယ် 
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ 
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ် 
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ 
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ် 
◆အစာ အစားချင် / ခံတွင်းပျက်ပြီး 
နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ် 
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့
 ခြေထောက်ညောင်းလွယ်တယ် 
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ် 
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ် 
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ 
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင်
 မွဲခြောက်ခြောက်နဲ့ မဲလာတယ် 
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ် 
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ် 
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး 
- ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် 
( ခုပြောတာက Taiwan တရုတ်ဆေးနည်း ပညာနဲ့ကြည့်နည်းပါ) 

ကျောက်ကပ် 
¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး 
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး 
¤ အသားအရေ ယားယံတတ်တယ် 
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး 
¤ ခြေ လက် အေးတတ်တယ် 
¤ ခြေထောက်တွေ ရောင်လာတတ်တယ် 
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ် 
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး 
¤ ခြေသည်းခွံတွေ ကြမ်းလာတယ် 
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် 
- ကြမ်းပြီးထူလာတယ် 
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ 
- အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ 
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်
မတက်နိုင်ရင်လည်း မူးတတ်တယ် 
¤ သွေးပေါင်ကျလည်း မူးတတ်တယ် -
 ကျောက်ကပ်ကို အထူးဂရုစိုက်ပါ 

သရက်ရွက် 
◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ် 
◆လည်ပင်း ဇက်ကြော တက်လွယ်တယ် 
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ် 
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင်
 ခေါင်းကိုက် ပျောက်လွယ်တယ် 
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့ ◆အကိုက်အခဲပျောက်ဆေးက အသောက်များရင်
 ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း ကြောင်းကို 
ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ ( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင် သလို သွေးရောင် 
မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး 
( သို့ )ပေါက်ပြီး ဖြစ်တတ်တယ်။ 
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ 
(ရှောကနဲ အဖြောင့်လိုက်သွားပြီး ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ) 
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ 
ပန်းတာမျိုးက အပူတွေ ထုတ်ပစ်တာ ကြောက်စရာမလို -
 ကောင်းတယ် - တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ) 
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ 
( စကားပုံရှိပါတယ် ဝမ်းတလုံး ကောင်းရင်
 ခေါင်းမခဲဆိုတာ) အူမကြီး 
● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး 
တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ် 
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ် 
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ် 
● လည်ပင်းရောင် ဖောင်းတတ်တယ် 
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ 
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ် ( အပူများတဲ့သဘော ) 
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ် 
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ် 
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ် 
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် 
အညစ်အကြေးတွေကို မထုတ်ပစ်လို့ နဲနဲစီ အူနံရံမှာ 
ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ် ●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ် ●အစာအိမ်နဲ့ 
အူလမ်းကြောင်းက ဆက်နေတယ် ( အစာမခံပဲ ဗိုက်ဆာရင်စားပါ) 
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့ 
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ 
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ (တခါတည်းအများကြီးမစားပါနဲ့) 
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- 
ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿနာမရှိပါ။ 
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ ထွက်လာရင် ဂေါက်ရောဂါနဲ့ 
အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင် 
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ ) 
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ 
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ 
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း 
အကြောချဉ် ကိုက်တတ် ● ချော်လဲကျလွယ်တယ် 
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး 
အရိုးအားဆေးစားပါ 
● ချော်မလဲကျပါစေနဲ့ 
(ကျန်းမာရေး Page)

( အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ )

.အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ 
နေ့တိုင်း နံနက်စာ မှန်မှန်စားပါ 
၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ 
-နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။ 
ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ 
စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ.ကျင်.ပါ
ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် 
ပရိုတင်းဓာတ်ကို ရရှိမယ် စိတ်ခံစားမူ 
အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။ 
အဖော်နဲ့ ခရီးထွက်ပေးပါ 
သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ 
ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။ 

အသက်ကြီးသူများလိုက်နာရန်
 မျောက်လို လူပ်ရှား ကြောင်လိုစား 
 နွားလိုရေသောက် လိပ်လိုလျှောက် 
တုတ်ထောက်မပျင်းနှင့် .. 

●မျောက်လိုလူပ်ရှား - 
အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ ။ 
လူပ်ရှားမူ မရှိပါကအကြောများဆိုင်း၍ 
လူမမာဖြစ်တတ်သည်။ 
●ကြောင်လိုစား - 
လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို 
စားမှ အစာကို ကျေညက်စေနိုင်သည်။ 
တကြိမ်တည်း များစွာမစားရ။ 

●နွားလိုရေသောက် -
 ဆီး ဝမ်းမှန် စေရန်အတွက်
 ရေကို များများသောက်ပေးပါ။ 

●လိပ်လိုလျှောက် - 
အသက်ကြီးလျှင် အရိုးအဆစ်များ 
မသန်မာသည့်အတွက် သွားလာ 
လူပ်ရှားလျှင် ချော်လဲ မကျအောင်
 ဖြေးဖြေးနှေးနှေး သွားလာပါ။ 

●တုတ်ထောက်မပျင်းနှင့် 
- အရိုးအဆစ်များ မသန်မာ အသက်ကြီးသူများ 
တုတ်ကောက် ဆောင်ခြင်းသည် 
အားကိုးတခုဖြစ်သည် 
- မိမိကိုယ်ကို လဲမကျအောင် 
တုတ်ကောက်က အကူရသည်။
credit - #ကျန်းမာရေး

( အစာရေမြို ကင်ဆာ Oesophagus Cancer)

• အစာရေမြို ကင်ဆာသည် အစာရေမြို လမ်းကြောင်း တွင် 
( လည်မြို မှ အစာအိမ်ထိ) ဖြစ်ပွားသည်။ အများအားဖြင့် 
အစာရေမြို ကင်ဆာ သည် အစာရေမြို ၏ အတွင်းဘက် 
နံရံတွင် အဖြစ်များသည်။ 

အစာရေမြို ကင်ဆာသည် ၆ ခုမြောက် အဖြစ်များသော ကင်ဆာ အမျိုးအစားဖြစ်သည်။ အမျိုးသားများတွင် အမျိုးသမီးများထက် အဖြစ်များသည်။ ဆေးရွက်ကြီး သုံးစွဲမှု နှင့် 
အရက်သေစာ သောက်သုံးခြင်း ၊ 
အဝလွန်ကဲခြင်းတို့ကြောင်းလည်း ဖြစ်တတ်ပါသည်။ 

 ဖြစ်ပွားနိုင်သော အကြောင်းများမှာ
 • ဖြစ်ပွားသော အကြောင်းအရာ မှာ အတိအကျ မရှိချေ။ 
• GERD ဟုခေါ်သော အစာအိမ်မှ အစာများ အစာရေမြို 
သို့ ပြန်တက်သော ရောဂါရှိခြင်း 
• အစာရေမြိုတွင် ကင်ဆာရှေ့ပြေး 
လက္ခဏာ များ ဖြစ်ပွားခြင်း 
• အဝလွန်ကဲခြင်း 
• အရက်သောက်ခြင်း 
• သည်းခြေရည်များ အထက်သို့ ပြန်တက်ခြင်း 
• ပူပူစပ်စပ်များ စားသောက်သော အလေ့အထ ရှိခြင်း 
• အသီးအနှံ နှင့် ဟင်းသီး ဟင်းရွက် စားသုံးမှု နည်းခြင်း 
 • ရင်ခေါင်း နှင့် ဝမ်းဗိုက် အပေါ်ပိုင်း ကို ဓါတ်ရောင်ခြည် 
ကုသမှု ရှိခဲ့ဘူးခြင်း ရောဂါ လက္ခဏာများ 
• အစာနင်ခြင်း ( မြိုချရ ခက်ခဲခြင်း) 
• ကိုယ်အလေးချိန် ကျဆင်းခြင်း 
• ရင်ဘတ်အောင့်ခြင်း ၊ ရင်ပူခြင်း 
• အစာမကြေ ရင်ပူခြင်း 
• အစာစားနေစဉ် ခဏခဏ သီးခြင်း 
• ချောင်းဆိုးခြင်း ၊ အသံပြောင်းလဲသွားခြင်း 
• အစာရေမြို ကင်ဆာ သည် ကနဦး အစောပိုင်းတွင်
 ရောဂါ လက္ခဏာ မပြတတ်ပါ။ စမ်းသပ်စစ်ဆေးခြင်း 
• Endoscopy အစာအိမ် မှန်ပြောင်းကြည့်ခြင်း 
• Barium Swallow • Biopsy အသားစ စစ်ဆေးခြင်း 
• CT / MRI/ PET scans ကုသခြင်း နည်းလမ်းများ 
• Surgery ခွဲစိတ်ကုသခြင်း 
• Chemotherapy ကီမိုဆေးသွင်းခြင်း 
• Radiation ဓါတ်ကင်ခြင်း 
• Targeted Therapy ကြိုတင် ကာကွယ်ခြင်း 
• အရက်နဲ့ ဆေးလိပ် ကိုရှောင်ရှဉ်ခြင်း 
• အသီးအနှံ နှင့် ဟင်းရွက်များ အလုံအလောက် စားခြင်း 
• ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း 
Credit ..Dr. Hpoo (Internet)

ကင်ဆာ ဆေးသွင်းတာနောက်ကျရင်/ ပျက်ကွက်ရင်ဘာဖြစ်မလဲ ??

 အားလုံးကောင်းမွန်နေတဲ့အခြေအနေတစ်ခုဆိုရင်တော့ ဆေးကိုပုံမှန်သွင်းတာအကောင်းဆုံးပါပဲ။ 

ဘာလို့လဲဆိုတော့ ဆေးကုသတာရဲ့ရည်ရွယ်ချက်က 
ကင်ဆာဆဲလ်တွေကို အပြုတ်တိုက်ချင်တာလေ၊ လုံးဝကိုနလန်မထူစေချင်တာ၊ အကြိမ်ရေနဲ့ခြားပြီးပေးနေရတာက လူရဲ့ခန္ဓာကိုယ်ထဲက ပုံမှန်ဆဲလ်တွေပြန်ကောင်းလာဖို့အချိန်ပေးတာ၊ ကင်ဆာဆဲလ်တွေ ပြန်ပွားလာဖို့အချိန်မပေးချင်ဘူး။ 

အဲ့တော့ ဖြစ်နိုင်ရင်ပုံမှန်ဆေးသွင်းတာအကောင်းဆုံးပါပဲ၊ 
ဥပမာ တချို့ဆေး တွေဆိုရင် ပထမအကြိမ်မှာ မူလကင်ဆာအကျိတ်ကိုတိုက်ခိုက်တယ်၊ 

ဒုတိယအကြိမ်ပေးတဲ့ဆေးတွေက ရိုးတွင်းချဉ်ဆီထဲ က ကင်ဆာဆဲလ်တွေကိုတိုက်မယ်စသဖြင့်ပေးရတာပါ။ 

ကင်ဆာဆေးနဲ့ ကင်ဆာဆဲလ်တွေကို အတိုင်းအတာ
တစ်ခုအထိ ထိန်းချုပ်ပြီးပြီဆိုတော့မှ တခြားနည်းလမ်း
 (ခွဲစိတ်တာလိုမျိုး) တွေနဲ့ဆက်ကုလို့ရမှာပါ။

 ဆေးသွင်းတာ ၃-၄ ရက်ကနေ တစ်ပတ်လောက်နောက်ကျတာကို ကင်ဆာအထူးကုအတော်များများက ခွင့်ပြုထားပါတယ်။ 
လူနာက ဆေးသွင်းဖို့ (ကျန်းမာရေးအရ) အဆင်သင့်မဖြစ်သေးတဲ့ အနေအထားဆိုရင် ခေတ္တစောင့်ပေးတတ်ပါတယ်။ 

ဒါပေမယ့် ၃ ပတ်ခြားသွင်းရမယ့်ဆေးကို ၅ ပတ်အထိမှ
မသွင်းနိုင်ဘူးဆိုရင် ဆေးရဲ့ထိရောက်မှုကိုထိခိုက်စေနိုင်လို့ ဆေးကို ပြင်းအားလျှော့တာ၊ ဒါမှမဟုတ် ၃ မျိုးအစား၂ မျိုးပဲအရင်ပေးတာ စသဖြင့်အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာ အထူးကုကဆုံးဖြတ်ပေးပါလိမ့်မယ်။ 

ဒီလိုမှမဟုတ်ဘဲ လုံးဝပျက်ကွက်သွားမယ်ဆိုရင် 
အရင်အကြိမ်တွေက ပင်ပန်းထားသမျှ သဲထဲရေသွန်ဖြစ်
တတ်တဲ့အတွက် ဆေးကိုအစကနေပြန်သွင်းရမယ်ဆိုပြီး ပြောကြတာဖြစ်ပါတယ်။ ကင်ဆာအမျိုးအစားတူတိုင်းလည်း လူတစ်ယောက်နဲ့တစ်ယောက်ကုထုံး (လုံးဝ) လုံးဝမတူတတ်ပါဘူး။ 

ဆေးအပေါ်တုံ့ပြန်ပုံချင်းလည်းမတူတတ်ပါဘူး။ 
ဒါကတော့ ကင်ဆာဝေဒနာရှင်တိုင်းအထူးသတိပြုရမယ့် 
အချက်ဖြစ်တာမို့လို့ မိမိသက်ဆိုင်ရာကင်ဆာအထူးကုဆရာဝန်နဲ့ သေသေချာချာဆွေးနွေးတိုင်ပင်ပါ၊ မေးမြန်းပါ။ 
(Credit..ကင်ဆာ page မှ)

သားသားတွေကို Sex Education သင်ပေးပါ

သက်ငယ်မုဒိန်းမှုဟာ သမီးမိန်းကလေး မွေးထားသူများသာ
စိတ်ပူရမယ့် ကိစ္စမဟုတ်ပါဘူး။ သားယောက်ျား လေးမွေးတဲ့
သူများလည်း စိတ်ပူရမယ့် ကိစ္စ တစ်ခုပဲ ဖြစ်ပါတယ်။
သားယောက်ျားလေး အတွက် လုပ်ပေးရမယ့် မလုပ်ရမယ့်
အရာတွေကို မိဘများသိထားသင့်ပါတယ်။
-သားလေးတွေကိုလည်း သမိးမိန်းကလေးကို သင်သလိုပဲ သင်ပေးရပါမယ်။ ဘယ်သူ့ကိုမှ မထိမကိုငခိုင်းရမယ့် သူတို့ရဲ့ 
လျို့ဝှက်အင်္ဂါ အစိတ်ပိုင်း တွေကို တစ်ယောက်ယောက်က 
လာထိ၊လာကိုင် ရင် မကြိုက်ကြောင်း ပြောဖို့၊
 အော်ဖို့ သင်ပေးရပါမယ်။ 
-လူကြီးတွေကိုယ်တိုင်ကလည်း ချစ်လို့ ဂျိုးဂျိုးလေး ဆိုပြီး 
ကလေးကို ဆွဲ ကိုင်တာမျိုး၊ ကလေးကို ဘောင်းဘီ လိုက်ချွတ်တာမျိုးမလုပ်ရပါဘူး။ -ကလေးရှေ့မှာ အကျီချွတ်လဲ၊
 ဘောင်းဘီ ချွတ်လဲ တာမျိုးမလုပ်ရပါဘူး။ 
-လေးနှစ်ကျော်ငါးနှစ်အရွယ် လောက်မှာကတည်းက 
အိမ်သာတက်ပြိး၊ ရူးပေါက်ပြီးရင် သူတို့ဖာသာ 
သူတို့ ဆေးကြောသန့်စင် တတ်ဖို့ သင်ကြားပေး ရပါမယ်။ 

( ငါးနှစ်ခြောက်နှစ် အရွယ် သားယောက်ျားလေးကို 
အိမ် အလုပ်သမား ကလေးမလေးတွေကို သန့်ရှင်းရေးအတွက် ဆေးကြော သုတ်သင်ခိုင်းတာမျိုးကို ပေးမလုပ် သင့်ပါဘူး) 
-ကလေး အချင်းချင်း ပေမယ့် ၊ ယောက်ျလေးအချင်းချင်းပဲဆိုပြိး အကျိဘောင်းဘီ ချွတ်လဲ ချ တာမျိုးလုံးဝ မလုပ်ရပါဘူး။ ဆယ့်ရှစ်နှစ်အောက်အ၇ွယ် သားယောက်ျားလေးများကို 
သက်န်းစီး၊ကိုရင် ၀တ်ပေး မယ် ဆိုရင် တစ်ယောက်တည်း ဘုန်းကြီးကျောင်းမှာထားခဲ့တာမျိုးကိုတော့ဖြင့် 
ဒီခေတ် မှာ မလုပ်သင့် တော့ပါဘူး။ 
-ခုနှစ်နှစ်အထက် ကလေးများကို အိမ်သာတက်ရင်၊ ရေချိုးရင် 
တံခါးပိတ်၊ ဂျက်ထိုး ချိုးတတ်ဖို့ သင်ကြားပေးရပါမယ်။ 
-ကလေးကြီး ယောက်ျားလေး၊ ကလေးငယ် ယောက်ျားလေး 
များနဲ့ေ၇ာပြိး အတူတူ တခြင်ထောင်ထဲ သိပ်တဲ့ ကိစ္စကိုလည်း ဆင်ခြင်ရပါမယ်။ -အင်တာနက် နဲ့ဖုံးကို ပေးသုံးတဲ့အချိန်မှာ 
Parentel Control ခံထားပြီးမှ ပေးသုံးပါ။

အင်တာနက်ကို ဖုံးနဲ့ပေးသုံးထားတာမျိုးမလုပ်ဘဲနဲ့ 
တစ်အိမ်လုံး မြင်ရတဲ့ကွန်ပြူတာ နဲ့ ပဲ ပေး သုံးတာ မျိုးကို လုပ်ပေးသင့်ပါတယ် -သားယောက်ျလေးပဲ ဆိုပြီး တော့ 
အိမ်နီးနားချင်း အပါဝင် တွေ့တဲ့ လူနဲ့ မထည့်ပေးရပါဘူး 
-ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့ အတွက် ကလေးကို သင်ကြားပေးရပါမယ်။ 

ကျွန်မကတော့ ကျောင်းကနေ ဆရာက သားတို့
သူငယ်ချင်း သုံးယောက် လောက် ခဏလိုက်ခဲ့ ဆိုပြိးခေါ်ရင်
ဘယ်တော့မှ မလိုက်ဖို့ တစ်တန်း လုံးမဟုတ်ဘဲ
 ရွေးခေါ်တဲ့နေရာမျိုးကို ဘယ်နေရာမှ မသွားဖို့ သင်ပေးပါတယ်။ ဆယ့်နှစ်နှစ် ဆယ်သုံးနှစ် လူပျိုပေါက် အရွယ် ဖြစ်လာပြီဆိုရင်
သူသိသင့် သိထိုက်တဲ့ လိင်ပိုင်းဆိုင်ရာ ကူးစပ် ရောဂါ များအပါဝင် ကျန်းမာရေးကိစ္စ တွေကို ကလေးကို သင်ပေးရပါမယ်။

သားယောက်ျားလေး လူပျိုပေါက် အရွယ်မှာ သတိ ထားရမယ့် အရာကတော့ ကလေးတို့ ထက် အတွေ့အကြုံ များစွာ စုံလင်သော အမျိုးသမီးကြီးငယ်များ ပါပဲ။ လက်တည့် စမ်း သော အရွယ် 
ကလေး များ နဲ့ နှလုံးသားနုနယ်ကာ စ စိတ်ကူးယဉ် 
သူ အရွယ်ကာလ မှာ အမေမဟုတ်သော ဘယ်လို 
အမျိုးသမီးကြီးများနဲ့မှ လိုအပ်တာထက်ပိုပြီး လုံးထွေး 
ရင်းနှီးတာမျိုးကို ပါးနပ်လိမ်မာစွာ နဲ့ တာမြစ် နိုင်ရပါမယ်။ 

-သူ့အရွယ်နဲ့သင့်တော်သော ယောက်ျားလေးသဘာဝ ၊ 
မိန်းကလေး သဘာဝ ကိစ္စကို နားလည် အောင် ရှင်းပြရပါမယ်။ -မိန်းကလေးများကို လေးစားတတ်အောင်၊ တန်ဖိုးထားတတ်အောင် သင်ကြားပေး ရပါမယ်။ မိန်းကလေး တွေရဲ့ မထိရမယ့် 
အပိုင်းကို ကစားရင်းတောင် မထိ မိစေဖို့၊ နောက်ပြောင်တဲ့ 
အချိန်မှာလည်း မိန်းကလေး ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် နောက်နည်းပြောင်နည်းေ တွကို မလုပ်ဖို့ ၊လေးစားတတ်ဖို့ ၊ ချစ်သူရည်းစား ထားချိန်မှာလည်း ကိုယ့်ချစ်သူကို 
တန်ဖိုးထားတတ်စေဖို့ (အိုင်တွေ့ ခြေဆေး တာမျိုးမလုပ်ဖို့ ) 
အတွက် ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာ အပါဝင် အရွယ်လိုက် 
နားလည် မယ့် စကားနဲ့ ရှင်းပြ သင်ကြားပေးရပါမယ်။ 
ဒါကတော့ သားယောက်ျားလေး မေမေ များအတွက် 
Sex education တွေပါပဲ။ Credit ခေတ်ဘုန်းသစ်