Thursday, July 2, 2020

Cholestrol ကို ဘယ်လို လျှော့ချမလဲ

ကိုလက်စထရောဆိုတာကတော့
 သွေးထဲမှာရှိတဲ့ အဆီဓာတ်ပဲ ဖြစ်ပါတယ်။ 
ကိုလက်စထရောတချို့ကို အစားအစာတွေက 
ရရှိပြီး ကျန်တချို့ကိုတော့ ကိုယ်ခန္ဓာထဲမှာပဲ ထုတ်လုပ်ပါတယ်။ ကိုလက်စထရောဟာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။

ကိုယ်ခန္ဓာကနေ ဟော်မုန်းနဲ့ ဆဲလ်တွေ ပြုလုပ်ဖွဲ့စည်းရာမှာ ကိုလက်စထရောကို အသုံးပြုပါတယ်။ ဒါပေမယ့် ကိုလက်စထရောတချို့ဟာ နှလုံးကို ထိခိုက်စေပါတယ်။ ကိုယ်ခန္ဓာထဲမှာ ကိုလက်စထရောနှစ်မျိုး ရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

• Low-density lipoprotein (LDL)။ 
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ 
100 mg/dL အောက်ပဲ ရှိသင့်ပါတယ်။ 
 • High-density lipoprotein (HDL)။ 
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး မကောင်းတဲ့ 
LDL ကိုလက်စထရောကို သွေးကြောထဲက ဖယ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ သွေးထဲမှာ 60 mg/dL နဲ့
အထက် ရှိသင့်ပါတယ်။ ကိုလက်စထရောမြင့်မားခြင်းနှင့် ပြဿနာများ သွေးထဲမှာ ကိုလက်စထရောများပြားလွန်းရင် သွေးကြောတွေမှာ စုပုံလာပါတယ်။

 သွေးကြောနံရံတွေမှာ အနည်အဖတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးကြောနံရံတွေ မာခဲလာပြီး သွေးလည်ပတ်မှုကို လျော့ နည်းလာစေပါတယ်။ တခါတရံမှာ အဆိုပါ နံရံများဟာ ပျက်စီးတတ်ပြီး ထိခိုက်စေတဲ့နေရာမှာ သွေးခဲခြင်း ဖြစ်ပေါ်စေပါတယ်။ 

အဆိုပါသွေးထဲဟာ သွေးကြောထဲလှည့်လည်သွားပြီး နှလုံးသွေးကြောထဲကို ရောက်သွားချိန်မှာ 
ပိတ်ဆို့မှုဖြစ်ပေါ်စေ ပါတယ်။ 

အဲဒီအချိန်မှာ နှလုံးကိုထိခိုက် (heart attack) စေပါတယ်။ 
ဒါ့အပြင် သွေးခဲဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောထဲရောက်သွားတတ်ပြီး ဦးနှောက်သွေး 
စီးဆင်းမှုကို ထိခိုက်စေပါတယ်။ 
 အဲဒီအခါ လေဖြတ်ခြင်း ဖြစ်စေပါတယ်။ 

ကိုလက်စထရောကို ဘယ်လိုလျှော့ချမလဲ 
အဓိကအားဖြင့် စားသောက်မှုပုံစံလေ့ကျင့်ခန်း၊ 
နေထိုင်မှုပုံစံ စတာတွေပြောင်းလဲပေးရပါမယ်။

၁။ စားသောက်မှုပုံစံကိုပြောင်းပါ။ 
အရေးကြီးတာက မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ 
HDL ကိုလက်စထရောကို မြင့်တက်စေဖို့ ဖြစ်ပါတယ်။ 
LDL ကိုလက်စထရောကို မြင့်တက်စေတဲ့ ပြည့်ဝဆီ၊ ပုံပြောင်းဆီတွေကို ရှောင်ကြဉ်ရပါမယ်။ 

ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကတော့ 
အောက်ပါအတိုင်း ဖြစ်ပါတယ်။ 
 – Red meat များ (အမဲသား၊ သိုးသား၊ ဆိတ်သားများ) 
 – ဟော့ဒေါ့၊ အမဲအူကြပ်တိုက်၊ ဆလာမီ (ဝက်/အမဲ
စသည့် အဆင့်ဆင့်ပြုပြင်ထားသည့် အစားအစာများ 
 – ရေခဲမုန့်၊ ခရင်မ်ဒိန်ခဲ၊ မပြုမပြင်ရသေးသည့်နွားနို့ ပုံပြောင်းဆီများဟာ ဟိုက်ဒရိုဂျင်ကိုသုံးပြီး အဆီများကို အရည်ပုံစံကနေ အခဲအနေအထားကို ပြောင်းလဲ
ထားခြင်း ဖြစ်ပါတယ်။ 

အစားအစာထုတ်လုပ်သူများဟာ အစာကို 
တာရှည်ခံအောင် ထုတ်ပိုးနိုင်တဲ့အတွက် ပုံပြောင်း ဆီကို ကြိုက်ကြပါတယ်။ ဒါပေမယ့် ပုံပြောင်းဆီဟာ သွေးလွှတ်ကြောတွေကို ဒုက္ခပေးတတ်ပါတယ်။ 

ပုံပြောင်းဆီ၊ ပြည့်ဝဆီများဟာ LDL ကိုလက်စထရောကို တက်စေရုံသာမက HDL ကိုလက်စထရောကို ကျဆင်းစေတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လုံးဝရှောင်ကြဉ်သင့်ပါတယ်။ 

ပုံပြောင်းဆီပါဝင်တဲ့ အစား အစာတွေကတော့ – ဆီဖြင့်ကြော်ထားသော စားစရာများ 
 – အသင့်စား စားစရာများ – ကွတ်ကီး၊ ခရက်ကာ၊ 

ကိတ်မုန့် စသည့် ဖုတ်ပြီး ထုပ်ပိုးထားသော စားစရာများ 
အဲဒီအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေရရှိနိုင်တဲ့ အောက်ပါအစားအစာများကို စားသုံးသင့်ပါတယ်။ 
ဆယ်လ်မွန်၊ တူနာ၊ ထရောက်ငါး၊ ငါးကွန်းရှပ်၊ ငါးသေတ္တာသံလွင်ဆီ၊ ကနိုလာဆီ၊ ဆူးပန်းဆီ၊ နေကြာဆီ – ထောပတ်သီး 
 – သစ်ကြားသီး၊ ပီကန်စေ့ စသည့်အစေ့အဆန်များ 
ပဲပိစပ် ကြည့်ကောင်းအောင် လွန်ကဲစွာပြုပြင်ထားတဲ့ 
သကြားများနဲ့ ဂျုံများကိုလည်း သတိပြုရပါမယ်။ 

မပြုပြင်ရသေးတဲ့ ဂျုံ၊ ဆန်လုံးညို စတာတွေကို ဦးစားပေး စားသုံးသင့်ပါတယ်။ အမျှင်ဓာတ်ပြည့်ဝပြီး ကိုယ်ခန္ဓာထဲမှာ 
ပိုနေတဲ့ ကိုလက်စထရောတွေကို ဖယ်ထုတ်ပေးပါတယ်။ 

၂။ လေ့ကျင့်ခန်းပိုလုပ်ပါ။ 
ကြံ့ခိုင်တောင့်တင်းမှုဟာ တကိုယ်ရေကျန်းမာရေးအတွက် 
မရှိမဖြစ် အရေးကြီးပါတယ်။ HDL ကိုလက်စထရောကိုလည်း မြင့်မားစေပါတယ်။ နေ့စဉ် နာရီဝက်ခန့် အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ 

အချိန်ကောင်းကောင်းမပေးနိုင်ရင် 
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ချိန်ကို အပိုင်းခွဲနိုင်ပါသေးတယ်။ 
ဥပမာ မနက်စောစော ဆယ်မိနစ်ခန့် လမ်းလျှောက်ပါ။ နေ့လယ်စာစားချိန်မှာ ဆယ်မိနစ်ခန့်နှင့် 
အိမ်ပြန်ချိန်မှာ ဆယ်မိနစ်ခန့် စသဖြင့် 
လမ်းလျှောက်နိုင်ပါတယ်။ 

ဆွဲအားတင်းအားသုံးလေ့ကျင့်ခန်းတွေဖြစ်တဲ့ 
အလေးမခြင်း၊ သားရေပြားဆွဲခြင်း စတာတွေကို တစ်ပတ်မှာနှစ်ကြိမ်လောက် ပြုလုပ်သင့်ပါတယ်။ 

၃။ ကိုယ်အလေးချိန်လျှော့ချပါ 
အစားအသောက်ကို ဆင်ခြင်စားသောက်ပြီး 
ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုလုပ်ဆောင်ခြင်းဟာ သင့်ကို ကိုယ်အလေးချိန်လျော့စေမှာပါ။ ကိုယ်အလေးချိန် များနေရင်၊ အဝလွန်နေရင် ၅ပေါင်ကနေ၁၀ပေါင်ထိ လျှော့ချခြင်းက တောင် ကိုလက်စထရောလျော့ကျစေဖို့ အထောက်အကူပြုပါတယ်။ 

၄။ ဆေးလိပ်ဖြတ်ပါ 
ဆေးလိပ်သောက်ခြင်းဟာ 
ကျန်းမာရေးအတွက် မသင့်တော်တဲ့ 
အလေ့အထပဲ ဖြစ်ပါတယ်။ ကင်ဆာနဲ့ အဆုတ်ရောဂါများအပြင် စီးကရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းများဟာ သွေးကြောများကို ထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲပေမယ့် ဆေးလိပ်ဖြတ်ပေးတဲ့ အထူးအစီအစဉ်တွေ၊ အထောက်အကူပြုအဖွဲ့တွေရှိပါတယ်။ 

၅။ ကိုလက်စထရောကျဆေးအတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ နေထိုင်မှုပုံစံပြောင်းရုံနဲ့ ကိုလက်စထရော သိသိသာသာ
မကျဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ 
လိုအပ်ရင် ဆေးဝါးအကူအညီနဲ့ 
ကိုလက်စထရောကျဆင်းအောင် 
ကြိုးစားနိုင်ပါတယ်။ 

ဆေးဝါးအချို့ဟာ LDL ကိုလက် စထရောကို 
ကျဆင်းစေပြီး HDL ကိုလက်စထရောကို 
မြင့်တက်စေပါတယ်။ 

နိဂုံး ခြုံငုံပြောရရင် ကျန်းမာရေးအတွက် အကျိုးမပြုတဲ့ ကိုလက်စထရောအမျိုးအစားကို လျှော့ချပြီး ကောင်းမွန်တဲ့ ကိုလက်စထရောအမျိုးအစားကို မြင့်တက်စေရမှာ ဖြစ်ပါတယ်။ ဒီအတွက် နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရပါမယ်။ 
ဒီအချက်တွေနဲ့ မလုံလောက်ရင် 
ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

သရက်သီးဖျော်ရည် ကောင်းကျိုး



ရာသီဥတု ပူနေချိန်မှာ သရက်သီးဖျော်ရည် ချိုချိုအေးအေးလေး သောက်လိုက်ရတက တော်တော်လေး အရသာရှိမှာနော်။ သရက်သီးမှည့်မှည့်လေးကို ကြိတ်စက်ထဲထည့်ဖျော်ပြီး သောက်တာက သဘာဝအရသာကိုရသလို အခုလို 
ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကိုပေးတယ်။ 

သရက်သီးဖျော်ရည်မှာ ဘယ်လို 
အာဟာရဓာတ်တွေပါဝင်နေလဲ?  
သရက်သီးဖျော်ရည် ချိုချိုလေးမှာ ခန္ဓာကိုယ်အတွက် 
လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ 
ကယ်လ်လိုရီ ပရိုတင်း အကျိုးပြု ကိုလက်စထရော 
ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် 
 ဗီတာမင် A ဗီတာမင် B ဗီတာမင် C ဗီတာမင် E ဗီတာမင် K ပိုတက်ဆီယမ် ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် 
 phosphorus သံဓာတ် selenium 
ဆိုဒီယမ် တို့ ပါဝင်ပါတယ်။ 

သရက်သီးဖျော်ရည် ကပေးတဲ့ ကျန်းမာရေး 
ချိုချိုအေးအေး သရက်သီးဖျော်ရည်လေးကို သောက်သုံးပေးမယ်ဆိုရင် ကင်ဆာ ကာကွယ်ပေးတယ် 
သရက်သီးမှာ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ astragalin၊ methylgallat၊ isoquercitrin၊ fisetin၊ quercetin နဲ့ gallic acid တို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။ 

ဒီဒြပ်ပေါင်းတွေက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ 
သွေးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ သရက်သီးမှာပါတဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ဖြစ်တဲ့ pectin က ကင်ဆာဖြစ်နိုင်ခြေကို 
လျှော့ချပေးပြီး lupeol က ဆီးကျိတ် 
ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ 

 သွေးတွင်း ကိုလက်စထရောကျစေတယ် 
သရက်သီးဖျော်ရည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ 
ဗီတာမင် C ပမာဏကို လုံလောက် ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ပါတယ်။ 

သရက်သီးမှာပါတဲ့ အာဟာရတွေဖြစ်တဲ့ ဗီတာမင် C နဲ့
 pectin ပေါင်းစပ်လိုက်တဲ့အခါ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ် သရက်သီးဖျော်ရည်မှာ 
ကြွက်သား၊ နှလုံး နဲ့အာရုံကြောရဲ့လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် အထောက်အပံ့ပေးတဲ့ အာဟာရဓာတ်ဖြစ်တဲ့ ပိုတက်ဆီယမ် 
ကြွယ်ဝစွာ ပါဝင်နေပါတယ်။ 

ပိုတက်ဆီယမ်က ခန္ဓာကိုယ်က ရေဓာတ်ကို 
ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို အကောင်းဆုံး 
ထိန်းညှိပေးပါတယ်။ 

သွေးအားနည်းရောဂါ ကာကွယ်ပေးတယ် 
သံဓာတ်ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါ 
မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ 

နေ့စဉ် သရက်သီးဖျော်ရည်တစ်ခွက် ပုံမှန် သောက်သုံးတာက လိုအပ်တဲ့ သံဓာတ်ကို ပြည့်ဝစေပြီး 
သွေးအားနည်းရောဂါ ကင်းစေမှာပါ။ 

မျက်လုံး ကျန်းမာစေတယ် သရက်သီးမှာ 
အမြင်အာရုံကျန်းမာစေတဲ့ အာဟာရဓာတ်ဖြစ်တဲ့ 
ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေပါတယ်။ 

သရက်သီး ပုံမှန်စားပေးတာက မျက်လုံးခြောက်တာ၊ ကြက်မျက်သင့်တာ နဲ့ အမြင်အာရုံ ပြဿနာ
အမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာပါ။ 

အသားအရေ ကြည်လင်စေတယ် သရက်သီးဖျော်ရည် သောက်သုံးပေးတာက အသားအရေကို
 ကြည်လင်စေနိုင်ပါတယ်။ 

ဝက်ခြံ သက်သာစေနိုင်သလို အရေပြား ပြဿနာတော်တော်များများကို 
သက်သာစေနိုင်ပါတယ်။ 

ဆီးချို သက်သာစေနိုင်တယ် သကြားထပ်မထည့်ထားတဲ့သရက်သီးဖျော်ရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းက အကျိုးမပြု 
ကိုလက်စထရောကို ကျဆင်းစေပါတယ်။ 

အစာကြေ စေတယ် သရက်သီးက အစာခြေစနစ်ကို 
ကျန်းမာစေပြီး အစာကြေစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး 
အူနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။ 

ကိုယ်ခံအား ကောင်းစေတယ် ဗီတာမင် C၊ ဗီတာမင် A နဲ့ carotenoids တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သရက်သီးဖျော်ရည်လေးက ကိုယ်ခံအား 
ကောင်းစေဖို့လည်း အကောင်းဆုံး 
အားဖြည့်ပေးနိုင် ပါသေးတယ်။

အဆုတ်ကို ဘယ်လိုအစားအစာ တွေနဲ့ အားဖြည့်ပေးနိုင်မလဲ

အဆုတ် မကောင်းရင် မောပန်းလွယ်တယ်၊ သက်လုံ
မကောင်းနိုင်ဘူး။ အရေးကြုံရင်တောင် မပြေးနိုင်လောက်ဘူး။ အသက်ရှင်ဖို့ အရေးကြီးတဲ့ အသက်ရှူတာအတွက် 
အဆုတ်ရဲ့ လုပ်ဆောင်ချက်က အဓိက အရေးပါနေတာပါ။
ဒီလို အရေးပါတဲ့ အဆုတ် ကို ဘယ်လို အစားအစာ တွေနဲ့ အားဖြည့်ပေးနိုင်မလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်ပါဦး ။

(၁) ချင်း 
ချင်း (ဂျင်း) ကလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ် ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ
အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။

(၂) နနွင်း 
 ချင်းနဲ့ ကြက်သွန်ဖြူ လိုပဲ ဟင်းချက်ရာမှာ ထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။

(၃) ကြက်သွန်ဖြူ
 ကြက်သွန်ဖြူက allicin ပါဝင်မှု မြင့်မားလို့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိမျိုးစုံ ပါဝင်ပါတယ်။
ဒီဒြပ်ပေါင်းက ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးပြီး
ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကို သက်သာစေပြီး အဆုတ်ကင်ဆာ
 ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တယ် လို့ လက်ခံယူဆထားကြပါတယ်။

(၄) ဂေါ်ဖီထုပ် 
 ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း
တို့လို မျိုးနွယ်တူအုပ်စုက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ အပြည့်အဝ ပါဝင်တာကြောင့် အဆုတ်အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေ ကင်းအောင် သန့်စင်ပေးနိုင်ပါတယ်။

(၅) ပန်းသီး 
ပန်းသီးမှာ ဗီတာမင်ဓာတ်တွေအစုံအလင်
ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့ flavonoidsတွေ ပါဝင်ပါတယ်။ သူတို့ကြောင့် အမျိုးမျိုးသော အဆုတ်ရောဂါတွေကို ဖြစ်မလာအောင်
ကာကွယ်နိုင်ပါတယ်။

(၆) ဘယ်ရီသီး 
ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ရက်စဘယ်ရီအသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့်
အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနဲ့
ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

(၇) ကမ္ဗလာသီး
ကမ္ဗလာသီးဟာ အဆုတ်ကို ပံ့ပိုးတဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်ပါတယ်။
အဆုတ်ကို ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေ ထိတွေ့လာတဲ့အခါ ကမ္ဗလာသီးက အဆုတ်ကို သန့်စင်ပေးပါလိမ့်မယ်။

(၈) သလဲသီး
သလဲသီး မှာ သဘာဝအစွမ်းအာနိသင်တွေ
အများကြီးပါဝင်ပါတယ်။ သလဲသီးက အဆုတ်နဲ့ပတ်သက်တဲ့ပြဿနာတွေ
ဖြစ်ပွားမှုကိုနှေးစေပြီးမြန်မြန်သက်သာစေနိုင်ပါတယ်။

(၉) အခွံမာသီး၊ 
အစေ့အဆန်တွေ နဲ့ ပဲအမျိုးမျိုး သူတို့တွေမှာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်တွေ အများကြီးပါဝင်ပါတယ်။ သူတို့က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းစေပြီး အသက်ရှူရပိုကောင်းစေပါတယ်။ ဥပမာ Pistachios ဆိုရင် အဆုတ်ကင်ဆာ ကာကွယ်နိုင်တယ်၊ ကိုလက်စထရောကျစေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။

 (၁၀) carotenoids ကြွယ်ဝတဲ့ အစားအစာ
 carotenoids ဆိုတာ အဆုတ်ကင်ဆာ ကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတတ်တယ်။ သူက ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ပန်းနာရင်ကျပ် အတွက် အကျိုးထိရောက်တဲ့
ဗီတာမင် အေ အဖြစ် ပြောင်းလဲသွားပါတယ်။

carotenoids ပါဝင်တဲ့ အစားအစာ တွေက မုန်လာဥနီ၊
ခရမ်းချဉ်သီး၊ ဖရုံသီးတို့ ပါဝင်ပါတယ်။ လေကောင်းလေသန့်ရှူမယ်၊ ဆေးလိပ်ရှောင်မယ်၊ အာဟာရဓာတ်တွေ စုံလင်အောင် စားမယ်၊ ကိုယ်ခံအားကောင်းအောင် နေမယ် ဆို အဆုတ် တင်မကဘဲ
ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးအတွက် ကောင်းကျိုး
ဖြစ်စေမှာ သေချာပါတယ်။

အသည်းရောဂါ ရှိသူတွေ စားဖို့သင့်တဲ့ အသီးတချို့-

 အသည်းနဲ့ ပတ်သက်တဲ့ ရောဂါ တစ်ခုခု ရှိနေတာဖြစ်ဖြစ်၊ အသည်းမကျန်းမာတဲ့သူတွေ အတွက် မကြာခဏ စားသုံးဖို့ လိုတဲ့ အသီးအနှံတွေကို အကြံပြုပေးချင်ပါတယ်။

သံပရာသီး 
အသည်း အဆီဖုံးနေတာတွေ လျော့ပါးစေဖို့က 
သံပရာသီးက အကောင်းဆုံးဓာတ်စာ ပါပဲ။ 
ရေ တစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီး နေ့တိုင်း သောက်ပေးတာက အသည်းမှာ စုနေတဲ့အဆီတွေ ကို အမြန်ဆုံး ကျဆင်းစေပါတယ်။ 

သံပရာသီးက အဆိပ်အတောက် ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင် စီ လည်း ကြွယ်ဝပါတယ်။ သံပရာသီး ကြောင့် အစာခြေစနစ် ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။

 မန်ကျည်းသီး 
ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီး မှာ အစွမ်းသတ္တိတွေ ရှိနေတယ် ဆိုတာ သင် သိပါသလား။ မန်ကျည်းသီး ဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေ
ပါဝင်မှု မြင့်မားလို့ အဆီကြောင့် သွေးကြောထူသွေးကြောကျဉ်းရောဂါ
(arteriosclerosis) ကို ကုသရာမှာ အထောက်အကူပေးပါတယ်။

အစာအိမ် နဲ့ အူလမ်းကြောင်းကို အညစ်အကြေး ဖယ်ရှားသန့်စင်ပေးနိုင်စွမ်း ရှိလို့ အစာခြေစနစ်ကို ကောင်းစေပြီး အဆီတွေ ကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာ သွေးကို သန့်စင်စေပြီး
ကိုလက်စထရောတွေ ကျစေတဲ့အပြင် အသည်းမှာ
ဖုံးနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်ပါတယ်။

သစ်တော်သီး 
သစ်တော်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အာဟာရဓာတ်တွေ အများကြီး 
ပါဝင်တဲ့အပြင် ချိုမြတဲ့ အရသာကြောင့် 
လူကို လန်းဆန်းစေပါတယ်။

ရေဓာတ် ပါဝင်မှု များပြီး အမျှင်ဓာတ်ပါဝင်မှု များလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် စီ အပြင် ဗီတာမင် ဘီအုပ်စု နဲ့ ဗီတာမင် အီး တို့ ပါဝင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျစေပြီး အစာခြေစနစ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒီအချက်တွေ ကြောင့်ပဲ 
သစ်တော်သီးက အသည်းကို အကျိုးပြုနေတာ ဖြစ်ပြီး ပန်ကရိယနဲ့ အသည်းကို သန့်စင်စေပါတယ်။

ဖရဲသီး 
ဖရဲသီး နဲ့ သင်္ဘောစေ့ တို့က တွဲဖက်သင့်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ ဖြစ်နေတာ သင်သိရဲ့လား။ ဒီနှစ်မျိုးကို ရောကြိတ်ဖျော်စပ်ထားတဲ့ အချိုရည်တစ်ခွက်ဟာ အသည်းကို သန့်စင်စေပြီး အသည်းမှာ စုနေတဲ့အဆီတွေကို လျော့ပါးစေနိုင်စွမ်း ရှိပါတယ်။ တစ်နေ့တစ်ခွက် သောက်ခြင်းအားဖြင့် အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါးစေပါတယ်။ ဖရဲသီးအစိတ်သေး နှစ်စိတ်၊ ရေသန့် တစ်ခွက်၊ သင်္ဘောစေ့ နှစ်စေ့ ကို ကြိတ်ပြီး ဖြည်းဖြည်းချင်း သောက်ပါ။

စတော်ဘယ်ရီ 
ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီးလေးတွေက အသည်းနဲ့ ခန္ဓာကိုယ်တွင်း ကို သန့်စင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ 
 စတော်ဘယ်ရီမှာ အမျှင်ဓာတ်၊ ဗီတာမင် စီ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ သွေးတိုးကို ကျစေပြီး ယူရစ်အက်စစ်ကို လျော့ကျစေပါသေးတယ်။ ရေထဲမှာ စတော်ဘယ်ရီထည့်၊ သံပရာသီးလေး နည်းနည်း ထည့်ပြီး သောက်ရင် detox water အဖြစ် သောက်လို့ရပါတယ်။

အိပ်နေတုန်း အကြောဆွဲခြင်း

တစ်ခါတစ်လေ အိပ်နေတုန်း အကောင်းကြီးကနေ 
ဘာဖြစ်မှန်းမသိ ဆတ်ခနဲ တုန်ပြီး အကြောဆွဲဖူးပါလား။ 
တချို့ဆို လက်တွေ မြှောက်တာ၊ ခြေထောက်တွေ ကန်မိတာတွေ အထိပါ ဖြစ်တယ်လေ။ အဲ့တာကို ဆေးပညာအရ Sleep myoclonusလို့ ခေါ်ပါတယ်။ ကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ လူကြီးတွေမျာလည်း 
ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ 

ဒါမျိုး ဖြစ်လာရင်
တက်လာများလား၊ ထမင်းလုံးတစ္ဆေခြောက်တာလား
ဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ သူ့နောက်ကွယ်က
အဖြစ်မှန်က ဘာလဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။

(ဘာကြောင့် ဖြစ်တာလဲ) 
ဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ မပြောနိုင်
သေးပေမယ့် ဦးနှောက်ထဲက neurotransmitter
ဒိုပါမင်းကြောင့်လို့ ယူဆကြပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အတက်ရောဂါနဲ့ ခွဲလို့ ရနေပါပြီ။ အတက်ရောဂါကတော့ ဦးနှောက်ထဲက လျှပ်စီးဓာတ်တွေ ကမောက်ကမ
 ဖြစ်တာကြောင့်ပါ။

ဒါကြောင့် ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် ဦးနှောက်မှာ ဒိုပါမင်း မညီမျှတာကို ဖြစ်စေတဲ့ ဆေးတွေ၊ တချို့သော စိတ်ကျရောဂါကုဆေးတွေ၊ bismuthတွေပါ။ ကံကောင်းတာက ဆေးတွေရပ်လိုက်ရင် ပြန်သက်သာသွားပါတယ်။

restless legs syndrome လို့ ခေါ်တဲ့ အိပ်နေစဉ် ခြေထောက် ဂနာမငြိမ်ဖြစ်တာ periodic limb movements of sleep လို့
ခေါ်တဲ့ အိပ်နေတုန်း မသိလိုက်ဘဲ ခြေတွေ လက်တွေ
လှုပ်နေမိတာ မှေးခနဲ အိပ်ပျော်တုန်း ကြွက်သားတွေ
အကြောဆွဲတာ ညအိပ်တုန်း ခြေထောက်ကြွက်တက်တာ
စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

(ဘယ်နေရာတွေ ဖြစ်တတ်လဲ)
နှုတ်ခမ်း၊ မျက်လုံး၊ ခြေချောင်း လက်ချောင်းတွေက စပြီး ခြေတွေ လက်တွေ အထိ အကုန်ဖြစ်နိုင်ပါတယ်။ တစ်ညကို တစ်ခါတည်း ဖြစ်နိုင်သလို၊ တစ်ခါမကလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင်
ဆတ်ခနဲ တုန်ပြီး ပြီးသွားနိုင်သလို မိနစ်အနည်းငယ်လည်း
ကြာနိုင်ပါတယ်။

(ဘယ်သူတွေမှာ ဖြစ်နိုင်လဲ) 
ကလေးရော လူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ လသားအရွယ်ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။
တစ်ခါတစ်လေ ကလေးတွေ အိပ်နေရင်း တုန်တက်သွားတာ တွေ့ဖူးမှာပါ။ မေမေတွေက ကလေး တစ်ခုခုကြောင့် လန့်သွားတယ်ထင်လို့ ဖင်လေးပုတ်ပြီး စောင်လေးခြုံပေးလိုက်ပါတယ်။ တကယ်တော့
အဲ့တာ Sleep myoclonus ဖြစ်တာပါ။ လူကြီးတွေမှာလည်း တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။

 (စိုးရိမ်ရလား) 
ကလေးတွေက များသောအားဖြင့် နည်းနည်းကြီးလာရင်
သူ့အလိုလို ပျောက်သွားပါတယ်။ အရေးကြီးတာက
အိပ်နေတုန်းမှာပဲ တုန်ရပါမယ်။ တုန်နေတုန်း နိုးလာရင် အတုန်ရပ်သွားရပါမယ်။ နိုးနေတဲ့အချိန်မှာ မတုန်ရပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ အတက်ရောဂါလား ဆိုတာ သေချာအောင် ဆရာဝန်နဲ့ ပြသစစ်ဆေးရပါမယ်။ လူကြီးတွေကတော့ သာမန်ပဲ တစ်ခါတစ်လေမှ ဆိုရင် ပြဿနာ မရှိပါဘူး။

Sleep myoclonusကို ရောဂါလို့ မသတ်မှတ်လို့ပါ။
ဒါပေမယ့် ခဏခဏ ဖြစ်နေတယ်။ အိပ်လိုက်တာနဲ့ ဖြစ်နေလို့ အိပ်ရေးပျက်ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ အကြောင်းက multiple sclerosisတို့၊ မှတ်ဉာဏ်ချို့ယွင်းတာတို့ ပါကင်ဆန်တို့ဟာလည်း
ဒီလို လက္ခဏာမျိုးနဲ့ လာနိုင်လို့ပါ။

 Sleep myoclonusဆိုတာ ကြို့ထိုးတာ၊ တစ်ယောက်ယောက်က စလိုက်လို့ လန့်သွားပြီး တုန်တက်သွားတာတို့နဲ့ သဘောတရားချင်း တူတူပါပဲ။ ဒါကြောင့်လည်း ရောဂါလို့ မသတ်မှတ်တာပါ။ ဒါပေမယ့် ပြောခဲ့သလိုမျိုး အပေါ်က အချက်တွေ ရှိနေမယ်ဆိုရင်တော့ နောက်ခံရောဂါ တစ်ခုခု ရှိနေနိုင်တာမို့လို့ ဆရာဝန်နဲ့ပြသဖို့ အကြံပေးလိုပါတယ်။