Thursday, July 2, 2020

အသည်းရောဂါ ရှိသူတွေ စားဖို့သင့်တဲ့ အသီးတချို့-

 အသည်းနဲ့ ပတ်သက်တဲ့ ရောဂါ တစ်ခုခု ရှိနေတာဖြစ်ဖြစ်၊ အသည်းမကျန်းမာတဲ့သူတွေ အတွက် မကြာခဏ စားသုံးဖို့ လိုတဲ့ အသီးအနှံတွေကို အကြံပြုပေးချင်ပါတယ်။

သံပရာသီး 
အသည်း အဆီဖုံးနေတာတွေ လျော့ပါးစေဖို့က 
သံပရာသီးက အကောင်းဆုံးဓာတ်စာ ပါပဲ။ 
ရေ တစ်ဖန်ခွက်ထဲ သံပရာရည်ညှစ်ထည့်ပြီး နေ့တိုင်း သောက်ပေးတာက အသည်းမှာ စုနေတဲ့အဆီတွေ ကို အမြန်ဆုံး ကျဆင်းစေပါတယ်။ 

သံပရာသီးက အဆိပ်အတောက် ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင် စီ လည်း ကြွယ်ဝပါတယ်။ သံပရာသီး ကြောင့် အစာခြေစနစ် ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။

 မန်ကျည်းသီး 
ဟင်းချက်တဲ့အခါ ထည့်ချက်နေကျ မန်ကျည်းသီး မှာ အစွမ်းသတ္တိတွေ ရှိနေတယ် ဆိုတာ သင် သိပါသလား။ မန်ကျည်းသီး ဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေ
ပါဝင်မှု မြင့်မားလို့ အဆီကြောင့် သွေးကြောထူသွေးကြောကျဉ်းရောဂါ
(arteriosclerosis) ကို ကုသရာမှာ အထောက်အကူပေးပါတယ်။

အစာအိမ် နဲ့ အူလမ်းကြောင်းကို အညစ်အကြေး ဖယ်ရှားသန့်စင်ပေးနိုင်စွမ်း ရှိလို့ အစာခြေစနစ်ကို ကောင်းစေပြီး အဆီတွေ ကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာ သွေးကို သန့်စင်စေပြီး
ကိုလက်စထရောတွေ ကျစေတဲ့အပြင် အသည်းမှာ
ဖုံးနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်ပါတယ်။

သစ်တော်သီး 
သစ်တော်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အာဟာရဓာတ်တွေ အများကြီး 
ပါဝင်တဲ့အပြင် ချိုမြတဲ့ အရသာကြောင့် 
လူကို လန်းဆန်းစေပါတယ်။

ရေဓာတ် ပါဝင်မှု များပြီး အမျှင်ဓာတ်ပါဝင်မှု များလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် စီ အပြင် ဗီတာမင် ဘီအုပ်စု နဲ့ ဗီတာမင် အီး တို့ ပါဝင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျစေပြီး အစာခြေစနစ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒီအချက်တွေ ကြောင့်ပဲ 
သစ်တော်သီးက အသည်းကို အကျိုးပြုနေတာ ဖြစ်ပြီး ပန်ကရိယနဲ့ အသည်းကို သန့်စင်စေပါတယ်။

ဖရဲသီး 
ဖရဲသီး နဲ့ သင်္ဘောစေ့ တို့က တွဲဖက်သင့်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ ဖြစ်နေတာ သင်သိရဲ့လား။ ဒီနှစ်မျိုးကို ရောကြိတ်ဖျော်စပ်ထားတဲ့ အချိုရည်တစ်ခွက်ဟာ အသည်းကို သန့်စင်စေပြီး အသည်းမှာ စုနေတဲ့အဆီတွေကို လျော့ပါးစေနိုင်စွမ်း ရှိပါတယ်။ တစ်နေ့တစ်ခွက် သောက်ခြင်းအားဖြင့် အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါးစေပါတယ်။ ဖရဲသီးအစိတ်သေး နှစ်စိတ်၊ ရေသန့် တစ်ခွက်၊ သင်္ဘောစေ့ နှစ်စေ့ ကို ကြိတ်ပြီး ဖြည်းဖြည်းချင်း သောက်ပါ။

စတော်ဘယ်ရီ 
ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီးလေးတွေက အသည်းနဲ့ ခန္ဓာကိုယ်တွင်း ကို သန့်စင်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ 
 စတော်ဘယ်ရီမှာ အမျှင်ဓာတ်၊ ဗီတာမင် စီ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ သွေးတိုးကို ကျစေပြီး ယူရစ်အက်စစ်ကို လျော့ကျစေပါသေးတယ်။ ရေထဲမှာ စတော်ဘယ်ရီထည့်၊ သံပရာသီးလေး နည်းနည်း ထည့်ပြီး သောက်ရင် detox water အဖြစ် သောက်လို့ရပါတယ်။

No comments:

Post a Comment