Tuesday, July 23, 2019

( နှာခေါင်းအမြှေးပါးရောင်ခြင်း)Allergic Rhinitis

Allergic rhinitis ဆိုတာ နှာခေါင်းအတွင်းသား
 အမြှေးပါးလေးတွေ aရာင်ရမ်းတာကို rhinitis လို့ခေါ်ပါတယ်။ မိမိနဲ့ဓာတ်မတည့်တဲ့ပစ္စည်းတခုခုကိုရှုရှိုက်မိလို့ ဖြစ်လာတဲ့ နှာခေါင်းအတွင်းသားရောင်ရမ်းမှုကို 
Allergic rhinitis လို့ခေါ်ပါတယ်။ 

allergens လို့ခေါ်တဲ့ မိမိနဲ့ဓာတ်မတည့်တဲ့ ပစ္စည်းတခုခုကိုခန္ဓာကိုယ်ကအလွန်အကျွံတုံ့ပြန်တဲ့အတွက် ဒီအခြေအနေ ဖြစ်ပေါ်လာရတာပါ။ Allergic rhinitis အမျိုးအစားနှစ်မျိုးရှိပါတယ်။ နှစ်တစ်နှစ်ရဲ့အချိန်တခုခုမှာ သတ်သတ်မှတ်မှတ် ဖြစ်လေ့ရှိတဲ့ seasonal allergic rhinitis နဲ့တစ်နှစ်လုံးတောက်လျှောက်ဖြစ်နေတဲ့ perennial allergic rhinitis တို့ပဲ ဖြစ်ကြပါတယ်။ Allergic rhinitis ဟာဘယ်လောက်ထိအဖြစ်များသလဲ။ 
ဒီရောဂါဟာ အနည်းငယ်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ 

မှတ်တမ်းတွေအရ ကမ္ဘာ့လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းကနေ သုံးဆယ်ရာခိုင်နှုန်းလောက်ဟာ ဒီဝေဒနာကို ခံစားနေရတယ်လို့ဆိုပါတယ်။ သူတို့ထဲက အများစုဟာ ပန်းဝတ်မှုန်တွေနဲ့ဓာတ်မတည့်တာပါတဲ့။ 
လက္ခဏာများ Allergic rhinitis ရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။ 

Allergic rhinitis ရဲ့အဖြစ်အများဆုံးရောဂါ
လက္ခဏာတွေကတော့ – 
• နှာချေခြင်း • နှာရည်ယိုခြင်း • နှာခေါင်း၊မျက်စိ၊လည်ချောင်း၊အရေပြား
ဒါမှမဟုတ်
ဘယ်နေရာမဆိုယားယံခြင်း • ချောင်းဆိုးခြင်း • နှာပိတ်ခြင်း 
လည်ချောင်းနာခြင်း၊ရှတတဖြစ်ခြင်း • မျက်ရည်ပူတွေထွက်ခြင်း  
မျက်ကွင်းညိုခြင်း • ခေါင်းခဏခဏကိုက်ခြင်း • အရေပြားအလွန်အမင်းခြောက်သွေ့၊ယားယံ၊အရည်ကြည်ဖုထခြင်းအစရှိတဲ့နှင်းခူပုံစံလက္ခဏာများထွက်ခြင်း။ • အင်ပြင်တွေထွက်ခြင်း • အရမ်းနုံးချိနေတာ • ခေါင်းကိုက်ခြင်း။

 အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသော
လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။
တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများ
ရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ 
• ရောဂါလက္ခဏာတွေ ပြင်းထန်လာရင်။ 
• အရင်ကသုံးနေကျဆေးတွေမတိုးတော့ရင်။ 
• ဘာဆေးသုံးသုံးမသက်သာရင် 
ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

 အကြောင်းရင်းများ ဘာတွေကAllergic rhinitis ဖြစ်ပွားစေသလဲ။ allergen လို့ခေါ်တဲ့ ဓာတ်မတည့်စေတဲ့ 
ပစ္စည်းတမျိုးမျိုးကို ရှုသွင်းလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကတုံ့ပြန်တဲ့အနေနဲ့ histamine လို့ခေါ်တဲ့ ပစ္စည်းတမျိုးကို ထုတ်ပေးလိုက်ပါတယ်(histamine ဆိုတာ အန္တရာယ်ရှိစေတဲ့ ပြင်ပအရာဝတ္တုတွေရဲ့ ရန်ကနေခန္ဓာ
ကိုယ်ကို ကာကွယ်ပေးတဲ့ပစ္စည်းတခုပါ)။

ဒီhistamineကြောင့်ပဲ လက္ခဏာတွေပေါ်ပေါက်လာကာ 
allergic rhinitis ဆိုပြီး ဖြစ်လာပါတယ်။ လူအများစုနဲ့ဓာတ်မတည့်တာ ဖြစ်လေ့ရှိတဲ့ 
allergens တွေကတော့ • ပန်းဝတ်မှုန် • မြက် • ဖုံမှုန့် 
• အစားအသောက်မှာတက်တဲ့မှို • တိရစ္ဆာန်အညစ်အကြေး 
• ဆေးလိပ်ငွေ့ • ရေမွှေးနံ့စသဖြင့် ဖြစ်ပါတယ်။

 ဖြစ်နိုင်ခြေများ ဘယ်အရာတွေက Allergic rhinitis ဖြစ်ပွားနိုင်ချေကို မြင့်စေပါသလဲ။ Allergic rhinitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်- 
• ဓာတုပစ္စည်း • ရာသီဥတုအေးခြင်း • စိုထိုင်းဆများခြင်း • လေတိုက်ခြင်း • လေထုညစ်ညမ်းခြင်း • ဆံပင်ဖြန်းဆေး • အမွှေးနံ့သာ • သစ်သားမီးရှို့တဲ့အနံ့ • အခိုးအငွေ့ ရောဂါအဖြေရှာခြင်းနှင့်ကုသခြင်း ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင်အစားထိုးရန် မသင့်တော်ပါ။

 ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။ 
Allergic rhinitis ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။
 နှစ်တစ်နှစ်ရဲ့အချိန်တစ်ခုခုမှာ သတ်သတ်မှတ်မှတ်
 ဖြစ်လေ့ရှိတဲ့ seasonal allergic rhinitis လား ဒါမှမဟုတ် တစ်နှစ်လုံးတောက်လျှောက်ဖြစ်နေတဲ့ 
perennial allergic rhinitis လားဆိုတာကို ခွဲခြားသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်အနေနဲ့ရောဂါ လက္ခဏာတွေကို မေးမြန်းပါလိမ့်မယ်။

 မေးခွန်းတွေမေးပြီးတဲ့အခါ ဓာတ်မတည့်တဲ့ အခြေအနေကို သိရှိနိုင်စေဖို့ သင့်အရေပြားအပေါ်ယံလွှာကို ဓာတ်မတည့်ဖြစ်စေတတ်တဲ့ ပစ္စည်းအချို့ ထိုးသွင်းပြီး အရေပြားစစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်။ 
သင့်အရေပြားမှာ အနီရောင်ဖုလေးတွေပေါ်လာမယ်ဆိုရင် သင့်ဆရာဝန်တွေအနေနဲ့ allergic rhinitis ဖြစ်စေတဲ့အကြောင်းရင်းကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

 တကယ်လို့အရေပြားကိုစစ်ဆေးဖို့အခြေအနေမပေးဖူးဆိုရင် သင့်ဆရာဝန်အနေနဲ့radioallergosorbent test (RAST) လို့ခေါ်တဲ့သွေးစစ်ဆေးမှုကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဓာတ်မတည့်စေတဲ့ပစ္စည်း allergens တွေကို တုံ့ပြန်တဲ့အနေနဲ့သွေးထဲမှာထွက်ရှိလာတဲ့ ပဋိဇီဝပစ္စည်းimmunoglobin E antibodies တွေရဲ့ ပမာဏကိုတိုင်းတာခြင်းအားဖြင့် ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေရဲ့အနေအထားကိုသိရှိနိုင်ပါတယ်။ 
Allergic rhinitis ကို ဘယ်လိုကုသလဲ။ 
allergic rhinitis ရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက် အောက်ပါ
ကုသမှုနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ 

• Antihistamines။ ဒီရောဂါအတွက် 
အသုံးအများဆုံးဆေးဖြစ်ပြီး histamines တွေထွက်ရှိ
မလာအောင် တားဆီးပေးပါတယ်။ သောက်ဆေး 
ဒါမှမဟုတ် နှာခေါင်းဖြန်းဆေးအနေနဲ့သုံးစွဲနိုင်ပါတယ်။ 

တချို့histamines အမျိုးအစားတွေက 
အိပ်ငိုက်စေတတ်တာကို သိထားရပါမယ်။ 
• Decongestants။ နှာခေါင်းပိတ်တာကို သက်သာစေတဲ့ဆေးတွေပဲ ဖြစ်ပြီးသူတို့ကို
သုံးရက်ထက်ပိုပြီး မသုံးစွဲရပါဘူး။ 
• စတီးရွိုက် နှာခေါင်းဖြန်းဆေး။ 

သူတို့ဟာလည်း allergic rhinitis ကိုထိရောက်စွာကုသနိုင်တဲ့ဆေးတွေပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့တခြားသုံးစွဲနေတဲ့ဆေးတွေရှိတယ်ဆိုရင်ဒီရောဂါ
အတွက်ဆေးအသုံးမပြုခင်ဆရာဝန်ကိုကြိုတင်အသိပေးရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားကုထုံး။ တကယ်လို့
သင့်အခြေအနေက အနည်းငယ် ဆိုးရွားတယ်ဆိုရင်သင့်ဆရာဝန်က 
ဒီကုထုံးကို အကြံပေးပါလိမ့်မယ်။ 

ဒီကုသမှုနည်းလမ်းမှာဆိုရင် ဓာတ်မတည့်စေတဲ့ပစ္စည်း (allergens) တွေကို သင့်ရောဂါလက္ခဏာတွေ သက်သာလာတဲ့အထိ ပုံမှန်နည်းနည်းစီထိုးသွင်းသွားပြီး ဓာတ်မတည့်မှုကို လျော့နည်းလာအောင် ကိုယ်ခံအားမွေးမှာ ဖြစ်ပါတယ်။ လျှာအောက်ဆေးငုံခြင်း 
(Sublingual immunotherapy (SLIT)။ 

ဒါဟာ အထက်မှာပြောခဲ့တဲ့နည်းလမ်းနဲ့
သဘောသဘာဝချင်းတူပေမယ့် လျှာအောက်ငုံရထားရမယ့်ပုံစံဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ပါးစပ်ထဲမှာ ယားယံတာ 
ဒါမှမဟုတ် နားရွက်နဲ့လည်ချောင်းယားယံတာမျိုး၊ နီရဲရောင်ရမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ 
(Dr. Thiha Phyo Myint)

လူတွေ ပြောပြောနေတဲ. Allergy ဆိုတာဘာလဲ

 Allergy ဆိုတာ ဓာတ်မတည့်မှု ပုံစံ တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (Immune System) ရဲ့ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။ ဓာတ်မတည့် မှုတွေဟာ အထူးသဖြင့် ပတ်ဝန်းကျင်က အန္တရာယ် မရှိတဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေ နဲ့ ထိတွေ့မှုကြောင့်ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ အလွန်ကိုပဲ လျင်မြန်ပြီးကြိုတင်လည်း ခန့်မှန်းလို့ရပါတယ်။ 

Allergy ဟာ Hypersensitivity လို့ခေါ်တဲ့ ဓာတ် မတည့်မှုဖြစ်စဉ်တွေထဲက နံပါတ်တစ် Type I ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ mast cells နဲ့ basophils လို့ခေါ်တဲ့ အချို့သော သွေးဖြူဥဆဲလ်တွေကို IgE လို့ခေါ်တဲ့ Antibody တစ်မျိုးကနေပြီး အလွန် အမင်း လှုံ့ဆော်ပေးမှုကြောင့် အကျိုးဆက် အနေနဲ့ လွန်စွာရောင်ရမ်းခြင်း (Inflammatory Response) ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ 

အဖြစ်များတဲ့ ဓာတ်မတည့် မှုဖြစ်စဉ်တွေကတော့ နှင်းခူနာ၊ ဝတ်မှုံတွေ ကြောင့်ဖြစ်တဲ့ hay fever,ပန်းနာရင်ကြပ် ရောဂါ၊ အစားအစာဓာတ်မတည့်မှုများနဲ့ အချို့သော အင်းဆက်ပိုးမွှား ကိုက်ခဲခံရမှု ကြောင့် ဖြစ်ပေါ်လာတဲ့ reaction များပဲ ဖြစ်ပါတယ်။ Hay Fever လို့ခေါ်တဲ့ သိပ်မပြင်း ထန်တဲ့ ဓာတ်မတည့်မှုမျိုးကတော့ လူထု ထဲမှာ အဖြစ်များပြီး မျက်စိနာခြင်း၊ ယားယံခြင်းနဲ့ နှာရည်ယိုခြင်း စတဲ့ လက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ 

Allergy တွေဟာ ပန်းနာရင်ကျပ်ရော၈ါမှာ လည်း အဓိကအစိတ်အပိုင်းကနေ ပါဝင် ပါတယ်။ အချို့သောလူတွေမှာတော့ ပတ် ဝန်းကျင် (သို့မဟုတ်) အစားအသောက် မှာပါတဲ့ ဓာတ်မတည့်တဲ့ အရာတွေကြောင့် အလွန်ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်းမျိုး ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကို ထိ ခိုက်စေနိုင်တဲ့ Anaphylactic reaction တွေဖြစ်ပေါ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်းအခြေအနေကို သိ ရှိနိုင်ဖို့ ယခုအချိန်မှာ စမ်းသပ်နိုင်မှု (Test) တွေအများကြီးပေါ်ပေါက်နေပြီဖြစ် ပါတယ်။ 

အဲဒီအထဲမှာမှ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေတဲ့အရာတစ်ခုခုကို ထိတွေ့စေပြီး သွေးထဲမှာပါရှိတဲ့ ဓာတ် မတည့်ခြင်းနဲ့ သက်ဆိုင်တဲ့ 
(Allergen-Specific IgE) အဆင့်ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ 
Allergy ကို ကုသမှုတွေက တော့ ဓာတ်မတည့်မှုကိုဖြစ်ပေါ်စေတဲ့ အရာတွေကို ရှောင်ရှားခြင်း၊ Antihistamines ၊ Steroid နဲ့ အခြားဆေးတွေကို သုံးစွဲခြင်း၊Allergen တွေနဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်မှုဖြစ်စဉ်ကို နည်းပါးအောင် ပြုလုပ်ခြင်း (Desensitize) နဲ့ Immunotherapy ပေးခြင်း စသည်
တို့ပဲဖြစ်ပါ တယ်။ Allergy ရဲ့ လက္ခဏာတွေက ဘာ တွေလဲ။

 ဓာတ်မတည့်မှုကိုဖြစ်စေတဲ့အရာတွေ ကတော့ ဖုန်မှုန့်၊ ပန်းဝတ်မှုံစသဖြင့် အမျိုးမျိုးရှိပြီး အဲဒါတွေကိုတော့ Airborne particles တွေလို့ခေါ်ပါတယ်။ အဲဒီ လိုအခါမှာတော့ လေနဲ့ ထိတွေ့တာနဲ့တင် ဓာတ်မတည့်မှုတွေဖြစ်စေနိုင်ပါတယ်။ 
(ဥပမာ- မျက်စိ၊ နှာခေါင်းနှင့် အဆုတ် စသည်) 

ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာမွှန်ခြင်း (Allergic Rhinitis) ကို hay fever လို့အသိများပြီး နှာခေါင်းအတွင်း မအီမသာဖြစ်ခြင်း၊ နှာချေခြင်း၊ ယားယံ ခြင်းနဲ့ မျက်လုံးနီရဲခြင်းတို့ကို ဖြစ်စေနိုင် ပါတယ်။ ရှူသွင်းလိုက်တဲ့ ဓာတ်မတဲ့စေတဲ့ အရာတွေကြောင့် လြွေပန်ပေါက်တွေ ကျဉ်းမြောင်းပြီး အသက်ရှူကျပ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ 

အဲဒီ အချိန်မှာ အဆုတ်ထဲမှာ Mucus (အချွဲ ရည်)တွေ ထုတ်လုပ်မှုကို များစေပြီး မောပန်းခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်း ဆိုးခြင်းနဲ့ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။ အစားအသောက်တွေ၊ အင်းဆက်ပိုး မွှားကိုက်ခဲ ခံရမှုကြောင့်ဖြစ်တဲ့ ဓာတ် မတည့်ခြင်းမျိုးကိုတော့ Aspirin (သို့ မဟုတ်) Penicillin ကဲ့သို့ ပဋိဇီဝပိုးသတ် ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ အစား အသောက်ကြောင့် ဓာတ်မတည့်ခြင်းမျိုး မှာ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဗိုက်ဖောခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း၊ အရေပြားယားယံ ခြင်းနဲ့ အရေပြားရောင်ရမ်းခြင်းမျိုးဖြစ်စေ နိုင်ပါတယ်။ အစားအသောက်ကြောင့် ဓာတ်မတည့်ခြင်းမျိုးမှာ အသက်ရှူလမ်း ကြောင်းဆိုင်ရာ (ဥပမာ-ရင်ကျပ်ခြင်းနဲ့ နှာမွှန်ခြင်း)မျိုးဖြစ်ခြင်းဟာ ရှားပါးပါတယ်။ 

အင်းဆက်ပိုးမွှားကိုက်ခဲခံရခြင်း၊ ပိုး သတ်ဆေးများနဲ့ အချို့သောဆေးများ ကြောင့် စနစ်အလိုက် ဓာတ်မတည့်ခြင်း မျိုး (Systemic allergic response) များ ဖြစ်စေနိုင်ပြီး ဒါကို Anaphylaxis လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ရှိအတွင်းအင်္ဂါများ ထိခိုက်ခံရနိုင်ပြီး အစာအိမ်နှင့် အူလမ်း ကြောင်း၊ အသက်ရှူလမ်းကြောင်း၊ သွေး လည်ပတ်မှုလမ်းကြောင်းတို့ 
ပါဝင်ပါ တယ်။ ပြင်းထန်မှုနှုန်းအပေါ် မူတည်ပြီး အရေပြားရောင်ရမ်းခြင်း၊ လြွေပန်ကျဉ်း မြောင်းခြင်း၊ ခြေလက်ရောင်ခြင်း၊ သွေး ပေါင်ချိန်ကျခြင်း၊ သတိလစ်မေ့မြောခြင်း နဲ့ နောက်ဆုံး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဓာတ်မတည့်မှု မျိုးကတော့ ရုတ်တရက် ချက်ချင်းဖြစ် ပေါ်စေနိုင်သလို အချိန်ကြာပြီးတော့မှ လည်း ဖြစ်ပေါ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ allergic response တွေဟာ epinephrine ပေးဖို့လိုအပ်ပါတယ်။ ရာဘာစေးကဲ့ သို့ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာနဲ့ အရေ ပြားကို 
ထိတွေ့မိရင်တော့ ဖြစ်ပေါ်တတ် တဲ့ ဓာတ်မတည့်ခြင်းမျိုးမှာ အရေပြား ရောင်ရမ်းခြင်းနဲ့ နှင်းခူနာတွေဖြစ်စေနိုင် ပါတယ်။ 
 အရေပြားရောင်ရမ်းခြင်းမျိုးမှာ အနီကွက်ထွက်ခြင်း၊ ရောင်ရမ်းခြင်း စသဖြင့် ဖြစ်စေနိုင်ပြီး Wheal and flare reaction လို့လည်း အသိများပါတယ်။ 

Allergy ဖြစ်စေတဲ့အကြောင်း အရင်းတွေက ဘာတွေလဲ။ ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းကို ခေါင်းစဉ်ခွဲကြည့်မယ် ဆိုရင် Host နဲ့ Environmental factors ဆိုပြီးခွဲခြားနိုင်ပါတယ်။ Host Factor ထဲမှာဆိုရင် မျိုးရိုးဗီဇ၊ လိင်အမျိုးအစား၊ လူမျိုးနဲ့အသက်အရွယ်စသဖြင့် ပါရှိပါ တယ်။
 ဒါပေမယ့်လည်း မျိုးရိုးဗီဇ (Genetic Factors) တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ ဓာတ်မတည့်ခြင်းမျိုးတွေဟာ များပြားလို့လာပါတယ်။ အဓိကပတ်ဝန် ကျင်ဆိုင်ရာ အဖြစ်များစေတဲ့အကြောင်း အရင်းလေးခုကတော့- - 

ငယ်ရွယ်စဉ်မှာ ပိုးမွှားကြောင့် ဖြစ်တဲ့ရောဂါတွေ 
(Infectious diseases)တွေ ထိတွေ့ခံရခြင်း - ပတ်ဝန်းကျင်ညစ်ညမ်းမှုများ - ဓာတ်မတည့်စေသောအရာ (Allergen Levels) - အစားအသောက်ပုံစံ ပြောင်းလဲ ခြင်း စသည်တို့ပဲဖြစ်ပါတယ်။ 

FoodAllergensများ -မြေပဲ - Pecan ဟုခေါ်သော 
ပန်းညိုရောင် အခွံရှိသော စားရသည့်သစ်စေ့ -
 Pistachio ဟုခေါ်သော အစိမ်း ရောင်စိမ့်သော 
အခွံမာသီးတစ်မျိုး - သစ်ကြားသီး - နှမ်း - ဘိန်းပန်း စသည်တို့ဖြစ်ပါတယ်။

 ကြက်ဥ၊ ဘဲဥ စသည်တို့မှ ဓာတ် မတည့်ခြင်းတွေကတော့ ကလေးငယ်များ အသက် ငါးနှစ်အရွယ်မှာ အယောက် 
ငါးဆယ်မှာ တစ်ယောက်တွေ့ရလေ့ရှိပါ တယ်။ 

အဓိက ဓာတ်မတည့်ခြင်းဖြစ်စေ တာကတော့ ကြက်ဥ၊ ဘဲဥမှ အနှစ်များ မဟုတ်ဘဲ အဖြူရောင် ပရိုတိန်းအလွှာပဲ ဖြစ်ပါတယ်။ နွားနို့၊ ဆိတ်နို့နှင့် သိုးမှရ သော နို့၊ ဒိန်ခဲ စသည်တို့ကလည်း 
Food allergens များပဲဖြစ်ပါတယ်။ 

အခြား အစားအသောက်မှ ဓာတ်မတည့်မှုဖြစ်စေ တဲ့ အရာတွေကတော့ ပဲပိစပ်၊ ၈ျုံစေ့၊ ငါး၊ shellfish ငါး 
(အခွံမာရှိ၍ စား ကောင်းသောငါး)၊ သစ်သီးသစ်ရွက်များနဲ့ အခြားသဘာဝမဟုတ်တဲ့အရောင်အနံ့ အရသာနဲ့ ပြုလုပ်ထားတဲ့ စားသောက် ဖွယ်ရာတွေပဲဖြစ်ပါတယ်။ 
Non-Food Protein allergen များ - ကြက်ပေါင်စေး၊ 
ရာဘာစေး - ကီဝီသီး - ထောပတ်သီး - သစ်အယ်သီး - ငှက်ပျောသီး စသည်တို့ဖြစ်ပါ တယ်။

အိပ်ပျော်နေစဉ် ဖြစ်တတ်သော ရောဂါ

 လူသား အားလုံးဟာ မိမိတို့ သက်တမ်းရဲ့ သုံးပုံ တစ်ပုံကို အိပ်စက်ခြင်း နဲ့ ကုန်ဆုံး နေပါတယ်။ 
ပျမ်းမျှ လူ့သက်တမ်း ၈၃ နှစ် ရှိတယ် ဆိုပါစို့။ 
၂၇ နှစ်တာ ကာလက အိပ်စက် နေကြတာပါ။ 
မျက်လုံး နှစ်ဖက်မှိတ် အိပ်ပျော်သွားတာနဲ့ လောကကြီးကို 
ခဏ မေ့သွားကြ ပါတယ်။ 

တချို့တွေ ဆိုရင် အိပ်ပျော် နေချိန်မှာ သွားကြိတ်ခြင်းအိပ်နေရင်း လမ်းထ လျှောက်ခြင်း ဟောက်ခြင်း စတဲ့ ကိစ္စရပ်တွေကို သူတို့ ကိုယ်တိုင်တောင် မသိဘဲ ဖြစ်နေ တတ်ကြ ပါတယ်။

ဒီလို အိပ်နေရင်း ဖြစ်တတ်တဲ့ ကိစ္စတချို့ ဖြစ်ရခြင်း အကြောင်းရင်း နဲ့ သက်သာ စေနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေ ဖော်ပြ လိုက်ပါတယ်။ သွားကြိတ်ခြင်း ဆေးပညာ အရ Bruxism လို့ ခေါ်ကာ အမေရိကန်တို့ ရဲ့ သုတေသန ပြုလုပ်ချက် အရ လူတစ်ရာမှာ ရှစ်ယောက်လောက် က ညဘက် အိပ်ရင်း သွားကြိတ် တတ်ကြတာကို တွေ့ရပါတယ်။ ဘာကြောင့် ဖြစ်ရသလဲ အိပ်နေစဉ် အသက်ရှူ မ၀ခြင်း၊ ဟောက်ခြင်း ကဲ့သို့ အိပ်စက်ခြင်း ဆိုင်ရာ ပြဿနာတွေ၊ စိတ်ဖိစီးမှု၊ ပူပန်သောက ရောက်မှု ကဲ့သို့ လူနေမှုဆိုင်ရာ အကြောင်းအရာတွေ နဲ့ ကော်ဖီ၊ အရက် အလွန်အကျွံ သောက်မှု တို့ကြောင့် ဖြစ်နိုင်ပါတယ်။ 

အရေးကြီးသလား အရေးကြီးပါတယ်။ 
အိပ်နေရင်း သွားကြိတ်ခြင်းကို မကုသဘဲ ဒီအတိုင်း ထားပါက ကြာလာတဲ့ အခါ သွား နဲ့ သွားဖုံး၊ မေးရိုးတို့ကို ပျက်စီး စေနိုင် ပါတယ်။ သွားနဲ့ခြင်း၊ သွားပဲ့ခြင်း၊ မေးရိုး ကြွက်သား နာကျင် တင်းမာခြင်း၊ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း နဲ့ ပါးအတွင်းဘက် အသားတွေ ပဲ့ခြင်းတောင် ဖြစ်လာနိုင် ပါတယ်။ 

အိမ်ထောင်ဖက် ရှိပါကလည်း သင့် သွားကြိတ်သံကြောင့် သူ့မှာ အိပ်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာလုပ်သင့်သလဲ သွားဆရာဝန်ထံ ပြသ တိုင်ပင်ပါ။ သွားကြိတ်ရခြင်း အကြောင်းရင်းကို ရှာပေး နိုင်သလို သွားကြိတ်ခြင်းကို သက်သာ ပျောက်ကင်း စေနိုင်မယ့် နည်းလမ်းတွေကိုလည်း 
အကြံဉာဏ် ပေးနိုင် ပါလိမ့်မယ်။ 

 ခြေသလုံး ကြွက်သား ကြွက်တက်ခြင်း 
ဘယ်အရွယ်မှာ မဆို ဖြစ်နိုင်ပေမယ့် ညဘက် ခြေသလုံး ကြွက်သား တင်းမာ နာကျင်ခြင်းဟာ အသက် ကြီးလာတာ နဲ့ အမျှ ပိုပြီး ဖြစ်တတ် ပါတယ်။ အားကစား လုပ်တဲ့ အခါ ဖြစ်တတ်တဲ့ ကြွက်တက်ခြင်း ထက်တောင် ပိုပြီး အတွေ့ရ များတာကြောင့် အဖြစ်များဆုံး ကြွက်တက်ခြင်း လို့ တောင် ပြောလို့ ရပါတယ်။ 

ဘာကြောင့်ဖြစ်ရသလဲ ဘယ်သူမှ သေသေချာချာ တိတိပပ မပြောနိုင်သေး ပါဘူး။ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ် တစ်ခုလို့ သာ ပြောရ မှာပါ။ ဒါပေမဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းအရာ တချို့တော့ ရှိပါတယ်။ အဲဒါတွေ ကတော့ ရေဓာတ် ခြောက်ခန်းခြင်း၊ နေ့လယ်ဘက်မှာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်း၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ခြင်း တို့ပါပဲ။ အရေးကြီးသလား အရေးတော့ သိပ်မကြီးပါဘူး။ ရောဂါ ကြီးကြီးမားမားရဲ့ လက္ခဏာရပ် မဟုတ်တာ ကြောင့်ပါ။
 ဒါပေမဲ့ ခြေသလုံး ကြွက်သား ကြွက်တက်ရင်တော့ အတော့်ကို နာကျင် တင်းရင်းတဲ့ ဒဏ် ခံစားရမှာပါ။ ဘာလုပ်သင့်သလဲ ဗီတာမင်ဘီ၊ မဂ္ဂနီစီယမ် နဲ့ ကယ်လ်စီယမ် ပါဝင်တဲ့ အားဆေးတွေက ကြွက်တက်ခြင်းကို အထိုက်အလျောက် သက်သာစေမှာပါ။ ကြွက်တက်နေစဉ် ခြေထောက်ကို အပေါ် ခဏ ထောင်ထားခြင်း ကလည်း ဝေဒနာကို သက်သာ စေနိုင်ပါတယ်။ 

အိပ်ခါနီး ပြုတ်ကျသလို ဖြစ်ခြင်း  
အိပ်ပျော်ခါနီး ခြေထောက်က ဆတ်ခနဲ တွန့်ခြင်း နဲ့ တစ်ခါတစ်ရံ ပြုတ်ကျသလို ဖြစ်ခြင်းမျိုး ကြုံဖူး ကြမှာပါ။ ဆေးပညာအရ ကတော့ Hypnagogic လို့ ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ဖြစ်နိုင်ခြေ တစ်ခု ကတော့ ကျွန်မတို့ရဲ့ ကြွက်သားတွေဟာ အိပ်မပျော်မီ ပြေလျော့ သွားတာကြောင့် ဦးနှောက်က ကြွက်သား ပြေလျော့တာကို ပြုတ်ကျလို့ ကြွက်သား ပြေလျော့တယ်လို့ အမှတ် မှားပြီး လက်နဲ့ ခြေထောက်တွေကို ဆတ်ခနဲ မတ်လိုက်ဖို့ အချက် ပေးတာ ကြောင့်ပါ။ 

အရေးကြီးသလား ဒါအရေးမကြီးပါဘူး။ ပုံမှန် ဖြစ်စဉ် တစ်ခု ပါပဲ။ ဘာလုပ်သင့်သလဲ ကုသဖို့ နည်းလမ်း မရှိပေမယ့် တချို့ အရာတွေက ပိုဆိုးစေ၊ ပိုဖြစ်စေ နိုင်တာကို တွေ့ရပါတယ်။ အဲဒါတွေ ရှောင်ရင်တော့ သက်သာမှာပါ။ အဲဒီ နေရာတွေ ကတော့ ကဖင်းနဲ့ တခြား လှုံ့ဆော်တဲ့ အရာတွေကို အများအပြား သုံးဆောင်ခြင်း၊ စိတ်ဖိစီးခြင်း၊ အလုပ်များခြင်း နဲ့ လေ့ကျင့်ခန်း အပြင်းအထန် ပြုလုပ်ခြင်းတို့ ပါပဲ။ 

အိပ်နေရင်း လမ်းထ လျှောက်ခြင်း 
 ဆေးပညာအရ Somnambulism လို့ ခေါ်ကာ အိပ်နေစဉ်မှာ ကိုယ် ကိုယ်တိုင်တောင် မသိလိုက်ဘဲ လမ်းထ လျှောက်မိ နေခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေက လူကြီးတွေထက် ပိုပြီး အဖြစ်များ ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ မျိုးရိုးလိုက်ပြီး အဖြစ်များ ပါတယ်။ မိဘတစ်ပါးမှာ အိပ်နေရင်း လမ်းထ လျှောက်ကျင့် ရှိပါက ကလေးမှာ ဖြစ်နိုင်ချေ နှစ်ဆ ရှိပြီး မိဘနှစ်ပါး စလုံးမှာ ရှိပါက ဖြစ်နိုင်ခြေ သုံးဆ ပိုတာ တွေ့ရပါတယ်။ အိပ်ရေး မ၀ခြင်း၊ အိပ်ခါနီးမှာ စိတ်ကို အိပ်ချင်စိတ် ပြေပြီး လှုံ့ဆော် ပေးနိုင်တဲ့ ကော်ဖီ သောက်ခြင်း၊ တီဗီ ကြည့်ခြင်း ၊ အလုပ် အကြောင်း စဉ်းစားခြင်း တို့ကလည်း အိပ်နေရင်း လမ်းထ လျှောက်ကျင့် ရှိသူကို လမ်းထ လျှောက်နိုင်ခြေ ပိုများ စေပါတယ်။ 

ညဘက် အိပ်ချိန်ရဲ့ ရှေ့ပိုင်း သုံးပုံ တစ်ပုံမှာ လမ်းထ လျှောက်လေ့ ရှိကြပါတယ်။ အရေးကြီးသလား ကိုယ့်ကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေကို မရောက်သေး သရွေ့ အရေးတော့ မကြီးပါဘူး။ ညဘက် သန်းခေါင်ကြီးမှာ အိမ်ကနေ ထွက်ပြီး အိမ် အပြင်ဘက် လမ်းမပေါ်ပါ ရောက်နေ ရင်တော့ သတိထားဖို့ လိုနေပါပြီ။ စိုးရိမ်ပါက ဆေးခန်း သွားပြပေးပါ။ ဘာလုပ်သင့်သလဲ ညဘက် အိပ်ရာက ထကာ လမ်းလျှောက် ကျင့်ရှိသူ အနေ နဲ့ အကျင့် ပျောက်အောင် သတိထား အိပ်ပေးဖို့ လိုပါတယ်။

 စိတ်ဖိစီးမှု လျှော့ချခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း၊ အိပ်ချိန် မတိုင်မီ လှုံ့ဆော်မှုများ နည်းအောင် သတိထားခြင်း (ဥပမာ -ကော်ဖီနဲ့ အရက် မသောက်ခြင်း၊TV ကွန်ပျူတာမသုံးခြင်း၊ အိပ်ခါနီး ရန်မဖြစ်ခြင်း) တို့ကို ပြုလုပ် ပေးသင့် ပါတယ်။ 
အိပ်နေရင်း လမ်းထ လျှောက်နေသူကို လမ်းထ လျှောက်နေစဉ် နှိုးလိုက်ပါက နှလုံး တိုက်ခိုက် ခံရနိုင်တယ် ဆိုတာတော့ မမှန်ပါဘူး။ တစ်ယောက်ယောက်က အိပ်နေရင်း လမ်းထ လျှောက်တာနဲ့ ကြုံပါက အိပ်ရာထဲ ပြန်ရောက်အောင် ညင်ညင်သာသာ နဲ့ ညွှန်ပြတာ အကောင်းဆုံး နည်းလမ်းပါ။ 
သူတို့ အန္တရာယ် နဲ့ ကြုံနေရင် တော့ နှိုးသာ နှိုးလိုက်ပါ။ 

အိပ်နေရင်း ဟောက်ခြင်း 
အမျိုးသားတွေမှာ အမျိုးသမီးတွေ ထက် အဖြစ်များ သလို 
အသက် ကြီးလာတာ နဲ့ အမျှ ပို ဟောက်လာတတ် ပါတယ်။ ၀လာလို့ ရှိရင်လည်း ပိုပြီး ဟောက်တတ် ကြပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ အသက်ရှူ လိုက်တဲ့ အခါ လည်ချောင်း နောက်ဘက်ရှိ တစ်သျှူးစကို ဖြတ်ကာ တုန်ခါ စေတာကြောင့် အသံ ထွက်ပေါ်လာခြင်း ပဲ ဖြစ်ပါတယ်။ အသက်ရှူ လမ်းကြောင်း အနည်းငယ် ပိတ်နေတဲ့ လက္ခဏာရပ်လည်း ဖြစ်နိုင်ပါတယ်။

 အရေးကြီးသလား အသံ အကျယ်ကြီး ဟောက်နေရင် တော့ အရေးကြီး ပါတယ်။ အသံ ကျယ်ကျယ်နဲ့ ခပ်စိတ်စိတ် ဟောက်ခြင်းက သင့်မှာ အသက်ရှူ လမ်းကြောင်း ပိတ်လို့ အိပ်နေစဉ် အသက်ရှူ မ၀တဲ့ ရောဂါ လက္ခဏာပါ။ လည်ချောင်း နောက်ဘက်ရှိ တစ်သျှူးတွေက တွဲကျပြီး အသက်ရှူ လမ်းကြောင်းကို ပိတ်နေ တာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ပြီး အသံ ကျယ်ကျယ် ဟောက်သူတွေဟာ လေဖြန်းရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ လည်ချောင်း သွေးကြောတွေ ထဲက ကိုလက်စထရောတွေ စုပုံ နေတတ် တာကြောင့်ပါ။ 

ဘာလုပ်သင့်သလဲ အ၀လွန်သူတွေ ဟာ ဟောက်နိုင်ခြေ ပို များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၀လာတဲ့ အခါ လည်ချောင်း နောက်ဘက်မှာ အဆီတွေ ပိုများ လာတာ ကြောင့်ပါ။ ဒါကြောင့် ဟောက်သံ ပျောက်ချင်ရင် ၀ိတ်ချပါ။ အရက် သောက်ခြင်းကလည်း ဟောက်စေနိုင် ပါတယ်။ အရက်ဖြတ်ပါ။ ဟောက်လွန်းလို့ အိပ်ရေး မ၀ဘူးလို့ ထင်ရင် ဒါမှမဟုတ် နေ့လယ် နေ့ခင်း ပင်ပန်း နုံးချည့် နေရင် ဆေးခန်း ပြသင့် နေပါပြီ။ အိပ်နေစဉ် အသက်ရှူ မ၀တဲ့ ရောဂါကြောင့် ဖြစ်နိုင်လို့ပါ။

အမျိုးသမီးများအတွက် ဆီးနှင့် ကျန်းမာရေး

အမျိုးသမီးတွေ၏ ဆီးအိမ် သည် အမျိုးသားများထက် ပိုသေး သည့်အတွက် အမျိုးသမီးတွေက အမျိုးသားများထက် ဆီးသွား သည့် အကြိမ်အရေအတွက် ပိုများ သည်။ 

ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းကလည်း ဆီးယိုမကျ အောင်ထိန်း ပေးသည့်ြွကက်သား ကိုလည်း အားပျော့စေနိုင်သည်။ ဆီးက အမျိုးသမီးအတွက် ကျန်း မာရေးပြတင်းပေါက်မဟုတ်သော် လည်း ကျောက်ကပ်များ၊ ဆီး အိမ်နှင့် ဆီးလမ်းကြောင်းနှင့် ပတ် သက်သည့် ပြဿနာကို စောစော သတိပေး သိရှိစေနိုင်ပါသည်။ 

ဘယ်လိုဘယ်နည်း၊ဘာကြောင့်။။ 
ဆီးသွားခြင်းသည် ခန္ဓာ ကိုယ်၏ အရေးကြီးသည့် လုပ် ဆောင်ချက် တစ်ခုပဲဖြစ်သည်။ ဆီး သွားခြင်းဖြင့် ခန္ဓာကိုယ်မှာ ပိုလျှံ နေသည့် ရေနှင့် အညစ်အကြေး များကို စွန့်လွှတ်ပစ်သည်။ အညစ် အကြေးများထဲတွင် ယူရီးယား၊ ခရီတီနင်း (Creatinine) နဲ့ ယူရစ် အက်ဆစ်တို့ပါသည်။ ယင်းပစ္စည်း တွေက ပမာဏများလာလျှင် ခန္ဓာ ကိုယ်ကို အဆိပ်အတောက်ဖြစ်စေ သည်။ 

ခန္ဓာကိုယ်ထဲ၌ သွေးလည် ပတ်စီးဆင်းသည့်အခါ ကျောက် ကပ်များက သွေးထဲမှ ရေနှင့် အညစ်အကြေးကို စစ်ထုတ်ပြီး ဆီးအိမ်သို့ ပို့ပေးသည်။ ဆီးအိမ် က ဆီးနှင့် ပြည့်လာသည့်အခါ ကတော့ပုံအိတ်က တဖြည်းဖြည်း ဖောင်းလာသည်။ ၈စင်တီမီတာ အရှည်မှ ၁၂စင်တီမီတာ၊ သို့ မဟုတ် ထိုထက်ပိုပြီး ရှည်ထွက် လာသည်။ ကျန်းမာသည့်ဆီးအိမ် က ဆီးနှစ်ခွက်၊ (၂၅၀ ml) ကို နှစ်နာရီအထိ အသာလေးထိန်းထား နိုင်သည်။ 

သို့ပေမယ့် ဆီးအိမ်ထဲ တွင် ၄၀ဝ မှ ၅၀၀ ml ရှိသွားပြီ ဆိုလျှင်တော့ ဆီးအိမ်က ဦး နှောက်ဆီ အကြောင်းကြားတော့ သည်။ ယင်းအခါ ဆီးသွားချင်စိတ် ဖြစ်လာရသည်။ ဆီးသွားသည့်အခါ ဦးနှောက် က ဆီးအိမ်ြွကက်သားများကို ဆွဲ တင်ဖို့ အချက်ပြသည်။ ယင်းနည်း ဖြင့် ဆီးကိုညှစ် ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာ ရှုံြွ့ကက်သား (spincter) ကဖြေလျော့ လိုက်သည့် အတွက် ဆီးကဆီးလမ်းကြောင်းထဲ မှ ထွက်ကျလာရသည်။

 အကြိမ်အရေအတွက် တစ်နေ့ ဆီး (၇)ကြိမ် လောက်သွားခြင်းက ပုံမှန်ပဲဖြစ် သည်။ “၃ နာရီမှ ၄နာရီတစ် ကြိမ် ဆီးသွားတာက ကောင်းတဲ့ အကျင့်ဟု” စင်ကာပူနိုင်ငံ ချန်ဂီ အထွေထွေရောဂါကု ဆေးရုံကြီး ဆီးရောဂါဌာနမှ ဒေါက်တာ ဝင် ဖိုးချောင်က ပြောပါသည်။ ၂နာရီ အတွင်း တစ်ကြိမ်ထက်မက ဆီး သွားခဲ့လျှင် ဆီးလမ်း ကြောင်းကူး စက်ရောဂါ၊ ဆီးအိမ်တုံ့ပြန်မှုလွန် ကဲခြင်း၊ သို့မဟုတ် ဆီးချိုရောဂါ အတွက်အချက်ပြဖြစ်နိုင်ခြင်း ဖြစ် သည်။ 

ဆီးအရောင် ရောဂါကင်းသည့်ဆီးအရောင် မှာ အရောင်မဲ့ဖြစ်သည်။ သို့မဟုတ် အဝါရောင် ဖျော့ဖျော့ဖြစ်သည်။ ဆီးရောင်သိပ်ဝါလွန်းက သိပ်စိတ် ပူစရာ မလိုသော်လည်း အရောင် ကြည်လင်ပြီး ဆီးအနံ့ အသက် ပျော့ဖို့ ရေများများသောက်ဖို့ လို ပါသည်။ အဝါရင့်ရင့် မည်းညစ် ညစ်ဆီးက ရေဓာတ်လျော့နည်း ကြောင်း ပြသည်။ လက်ဖက်ရည် အရောင်ဆီးက အသားဝါကြောင့် ဆီးထဲသည်း ခြေရည် ဝင်ရောက်နေ ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် သွေးပါတာလည်း ဖြစ်နိုင်သည်။ 

သို့သော် အစားအစာ၊ ဗီတာမင် များနဲ့ ဆေးများကလည်း ဆီး အရောင်ကို ပြောင်းလဲစေနိုင်သည် ဆိုခြင်းကို သိထား သင့်သည်။ အနံ့ အရောင်နည်းတူ သင်စား လိုက်သည့် အစားအစာနှင့်အတူ ဆေးဝါးများကလည်း ဆီးရဲ့အနံ့ ပေါ် လွှမ်းမိုးမှုရှိသည်။ ကညွှတ်က ဆီးအနံ့ကို သိသာထင်ရှားစေသည့် အနံ့ဆောင်စေတာ လူသိများပါ သည်။ ပုံမှန်ကျန်းမာသည့် ဆီး အနံ့က အနံ့မရှိပါ။ အနည်းငယ် ပြင်းသည့် ဆီးအနံ့က ရေဓာတ် နည်းပါးမှုကိုပြပြီး အနံ့ဆိုးကတော့ ဆီးလမ်းကြောင်း ကူးစက်ရောဂါ ကျရောက်ခြင်းကြောင့် ဖြစ်နိုင် သည်။ သွေး ဆီးထဲသွေးပါလျှင် ဆီးလမ်း ကြောင်း ကူးစက်ရောဂါ၊ ဆီး ကျောက်တည်ရောဂါ၊ ကင်ဆာ သို့ မဟုတ် ကျောက်ပြဿနာများထဲမှ တစ်ခုခုကို ညွှန်ပြသည်။ ဆရာဝန် ထံပြသပါ။ 

ဆီးကျဉ်ခြင်း ဆီးအိတ်ထွက်ပေါက်မှာ ပိတ် ဆို့မှုရှိပါက ဆီးသွားသည့်အခါ ဆီးကျဉ်တာမျိုး ဖြစ်တတ်သည်။ ထို့အတူ ဆီးအားနည်းသည့်အတွက် ဆီးသွားသည့်အခါ ခက်ခဲ စေသည်။ ဆီးသွားသည့်အခါ ကျဉ်လျှင် ဆရာ ဝန်ထံပြဖို့လိုမည်။
 ဆေးစား ဆေး သောက်ဖို့ လိုကောင်းလိုမည်။ သို့ မဟုတ် ဆီးအိမ်ထဲချြွူပန်ထည့်ရ ခြင်းမျိုး သို့မဟုတ် ခွဲစိတ်ကုသ ရခြင်းမျိုးလိုတတ်သည်။ ဆီချိုရောဂါ ဆီချို(သွေးချို)ရောဂါ
ဆိုသည် က သွေးထဲမှာရှိသည့် သကြား ဓာတ် (ဂလူးကို့စ်)ကို ပုံမှန်ချေ ဖျက်နိုင်ခြင်း မပြုနိုင်တော့သည့် အခြေအနေကို ဆိုခြင်းဖြစ်သည်။ ရေအိမ်သို့သွားရသည့် အကြိမ်များ လျှင် အထူးသဖြင့် ညအခါမျိုးမှာဆို လျှင် ဆီးချိုအတွက် လက္ခဏာ တစ်ခုဖြစ်နိုင် သည်။ အခြား ရောဂါ လက္ခဏာများမှာ ရေအလွန်အမင်း ငတ်ခြင်း၊ မောပန်ခြင်းနှင့် ကိုယ် အလေး ချိန်ကျခြင်းတို့ပဲဖြစ်သည်။ 

ဆီးကိုကြည့်ရုံနှင့်တော့ ဆီးချိုရှိ မရှိ မသိနိုင်ပါ။ သွေးစစ်မှ သိနိုင် မည်ဖြစ်သည်။ ဆီးလမ်းကြောင်း ကူးစက် ရောဂါများ ယင်းရောဂါတွေသည် သိပ် ကို အဖြစ်များတတ်ကြသည်။ ဆီး အိမ်တွင် ရောဂါဖြစ်ခြင်းနှင့် ကျောက်ကပ်များမှာ ရောဂါဖြစ် ခြင်းဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။ ကျောက်ကပ် ကူးစက်ရောဂါ၏ လက္ခဏာများမှာ ကျောဘက်ခါး အောက်ပိုင်းကိုက်ခြင်း၊ ခါးတစ် ခြမ်းကိုက်ခြင်းနှင့် အဖျားရှိခြင်းပဲ ဖြစ်သည်။ 

ဆီးအိတ်ရောင်ခြင်း (cystitis)မျိုးလို ဆီးအိမ် ကူးစက် ရောဂါမှာ အများအားဖြင့် ဝမ်း ဗိုက်အောက်ပိုင်းအောင့်ခြင်း၊ နာ ခြင်း၊ မကြာခဏဆီးသွားခြင်း နှင့် ဆီးသွားသည့်အခါ ဆီးပူခြင်း ပူးတွဲပါလာတတ်သည်။ ဆေးဆိုင်မှ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ဆေးများနှင့် ကုသနိုင်ပါသည်။ အတော်ကြာကြာ ဆေးစားလို့မှ မပျောက်ခဲ့လျှင် 
ဆရာဝန်ထံပြသ ပါ။ သို့မဟုတ်ပါက ရောဂါက
 ကျောက်ကပ်အထိ ရောက်သွားနိုင် ပါသည်။