Friday, September 20, 2019

သက်သတ်လွတ်စားသူ လေဖြတ်နိုင်ခြေ ပိုမြင့်မား,

 
Image result for vegetable and fruit images သက်သက်လွတ်သမားတွေက အသားစားသူတွေထက် လေဖြတ်နိုင်ခြေ ပိုမြင့်မားကြောင်း တွေ့ရှိ ကမ္ဘာပေါ်မှာ သက်သက်လွတ်သမားတွေ က အသားစားသူတွေ ထက် လေဖြတ်နိုင်ခြေ ပိုမြင့်မားသည် ဟု လေ့လာ တွေ့ရှိကြောင်း သိရှိရပါတယ်။ ဆယ်နှစ်တာကာလ အတွင်း မှာ လူပေါင်း 
၁,၀၀၀ အား လေ့လာကြည့်ရာတွင် သက်သက်လွတ်
သမားတွေ က အသားစားသူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါဖြစ်ပွားမှုဖြစ်စဉ် ၁၀ ခု 
ပိုနည်းကြောင်း သိရပါတယ်။ 

ဒါပေမယ့် လေဖြတ်မှု ဖြစ်စဉ်ကတော့ သုံးခုပိုများကြောင်း ဒေတာအချက်အလက်တွေအပေါ် မူတည်ပြီး သုတေသီတွေက အကဲဖြတ်ခန့်မှန်းသွားခဲ့ပါတယ်။ အသားမစားတဲ့သက်သက်လွတ် သမားများ အနေဖြင့် တကယ်တမ်း မှာ အသားစားသူတွေနဲ့ စာရင် လေဖြတ်နိုင်ခြေ ပိုမြင့်မားနိုင်ကြောင်း လေ့လာချက်တစ်ခုက ဖော်ပြလိုက်ပါတယ်။ အခု လို အံ့အားသင့်စရာ တွေ့ရှိချက်တွေကို ထုတ်ဖော် လိုက်တဲ့ လေ့လာချက်သစ်ကြောင့်လည်း သက်သက်လွတ်သမားတွေအတွက် စိုးရိမ် ပူပန်စရာ ဖြစ်လာစေနိုင်ဖွယ်လည်း ရှိနေပါတယ်။ 

သို့ပေမယ့်လည်း 
ယခု တွေ့ရှိချက်တွေကြောင့် သက်သက်လွတ် အကျင့်ကို စွန့်ပြီး အသား ပြေးဝယ်စားဖို့အတွက်ကတော့ စောလွန်းနေပါသေးတယ်။ BMJ ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ယင်း စစ်တမ်းအရဆိုရင် လေဖြတ်နိုင်ခြေနှုန်းက အနည်းငယ်သာလျင် မြင့်တက်တာဖြစ်တယ်လို့ သိရပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ သက်သက်လွတ်သမားတွေက အသားစားသူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပါး နိုင်တယ်ဆိုတဲ့ တစ်ခြား လေ့လာ တွေ့ရှိချက်တွေကိုလည်း ယခုလေ့လာချက်မှာ အတည်ပြုခဲ့ပါတယ်။ 

 “ ဒီနေရာမှာ ရလဒ်နှစ်ခုကို ကျွန်တော်တို့ ယှဉ် ကြည့်ခဲ့တယ်ဆိုတာကို အလေးထားနိုင်ဖို့ အရေးကြီးပါတယ်၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပါးမှုက လေဖြတ်နိုင်ခြေ မြင့်မားမှုထက် ပိုအလေးသာနေပုံလည်း ပေါ်ပါတယ်” လို့ ယခုလေ့လာချက်မှာ ပါဝင်ရေးသားခဲ့တဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ် ပြည်သူ့ကျန်းမာရေးဆိုင်ရာ Nuffield ဌာနက အစာ 
အာဟာရ ဆိုင်ရာ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး ပညာရှင် Tammy Tong က ပြောသွားပါတယ်။
 REF: MIZZIMA

ကင်ဆာ ဖြစ်သူ အားလုံး၏ ရှေ့ပြေးလက္ခဏာ ၇ မျိူး

ကင်ဆာ ဖြစ်ပွား နေသူ တွေ့အကုန်လုံးမှာ တွေ့ရှိရသည့် ရှေ့ပြေးလက္ခဏာ ( ၇ ) မျိူး အကြောင်းကို ဗဟုသုတရ စေရန်အတွက် ရေးသား ဖော်ပြလိုက်ပါတယ်။အဲဒီကင်ဆာ ရောဂါဖြစ်ပွားနေသူတွေမှာ တွေ့ရှိရတဲ့ အရာတွေကတော့
 
 (၁) အလုံး အကျိတ်များ (သို့မဟုတ်) အနာများ ဖြစ်ပေါ်ခြင်း အရေပြား နဲ့ ရင်သားကင်ဆာများမှာ တွေ့ရပါတယ်။ 
-ရင်သားနဲ့ချိူင်းအောက်တွင် မာကျောသောအဖုများစမ်းမိခြင်း 
-အရေပြား တွင် အကွက်များဖြစ်ပေါ်ခြင်း -အလုံးအကျိတ်တစ်ခုရဲ့အလည်တည့်တည့်တွင် အနာစိမ်းတစ်ခုဖြစ်ပေါ်ခြင်း  
-မွေးရာပါ အမှတ်ရဲ့ ပုံသဏ္ဍာန် သို့ 
အရွယ်ပြောင်းလဲခြင်း

 (၂)နာတာရှည်ချောင်းဆိုးခြင်း 
-အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အောက်ပါလက္ခဏာများရှိမရှိ ဆန်းစစ်သင့်ပါတယ်။ -အစားအသောက်ပျက်ခြင်း -ကိုယ်အလေးချိန်ကျဆင်းခြင်း -အဆုတ်ကင်ဆာနောက်ဆုံးအဆင့်တွင် သွေးအန်ခြင်းနဲ့ အသက်ရှူမဝခြင်းတို့ တွေ့ရတတ်ပါသည်။ 

 (၃)အရေပြားယားယံခြင်း 
-သားအိမ်ကင်ဆာ ကြောင့် မိန်းမကိုယ်ယားခြင်းဖြစ်ပေါ်တတ်ပါသည်။ -ဦးနှောက်ကင်ဆာကြောင့် နှာခေါင်းအတွင်းပိုင်း
ယားခြင်း ဖြစ်ပေါ်တတ်ပါသည် 

(၄)အူလမ်းကြောင်းပြဿနာများ -အူလမ်းကြောင်းကင်ဆာရဲ့လက္ခဏာများအနက် 
ဝမ်းသွားရာမှာ သွေးပါခြင်းနဲ့ အချွဲဝမ်းသွားခြင်း ၊ဝမ်းမထိမ်းနိုင်ခြင်းတို့မှာ အတွေ့ရများသည်။

 (၅)ဆီးအနည်ပါခြင်း 
ကျောက်ကပ်ကင်ဆာရဲ့ လကဏာတစ်ရပ်ဖြစ်ပြီး အောက်ပါလက္ခဏာများလဲ တွေ့ရတတ်သည်။ 
-ဆီးတွင်သွေးပါခြင်း -သွေးတိုးခြင်း -ကျောနာခြင်း -နာတာရှည်အားနည်းခြင်း 

 (၆)ရုတ်တရက် ပိန်လာခြင်း -သိသိသာသာကိုယ်အလေးချိန်ကျဆင်းခြင်းကို အစာအိမ်ကင်ဆာသမားများတွင် ပိုမိုတွေ့ရသည်။ 
အစောပိုင်းတွင် သိပ်မသိသာသော်လည်း တဖြည်းဖြည်းနဲ့ အောက်ပါလက္ခဏာများကိုပါတွေ့ရတတ်ပါသည်။ -အစာတွေ့ရုံနဲ့ပျိူ့အန်ခြင်း -အစာနည်းနည်းစားရုံနဲ့ 
ဗိုက်ပြည့်ခြင်း -သွေးအားနည်းခြင်း -အစာချေနှေးခြင်း 

(၇)နာတာရှည်လည်ချောင်းနာခြင်း လည်ချောင်းကင်ဆာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။အောက်ပါလက္ခဏာများကိုလဲ
တွေ့ရတတ်ပါတယ်။ -အစာမျိူရာတွင် သို့မဟုတ် အသက်ရှူ
ရာတွင် ခက်ခဲခြင်း -လည်ချောင်းတွင် အကျိတ်များပေါ်လာခြင်း -အသံအောလာခြင်းနဲ့တဖြည်းဖြည်းအသံပါပျောက်လာခြင်း -သွေးအန်ခြင်း၊ခံတွင်းအနံ့ဆိုးခြင်း။ 

အထက်ပါလက္ခဏာများကိုတွေ့ရရုံဖြင့် သင့်မှာ ကင်ဆာရှိနေပြီလို့ယူဆလို့မရပါ။ သို့သော် 
သင့်တွင် အဆိုပါလက္ခဏာများရှိနေပြီဆိုပါက 
မပေါ့ဆပဲ ဆရာဝန်ထံပြသဖို့ လိုအပ်ပါတယ်။ 
Writer – Dr Jue ( XYZ News ) REF: DAILY HOT NEWS

အစားအစာအလိုက် ဆီးချို တက်တဲ့ နှုန်းထားများ

)
ဆီးချိုရောဂါ ဖြစ်သူတိုင်း မှတ်သား သင့်တဲ့ 
အစားအစာအလိုက် ဆီးချို တက်တဲ့ နှုန်းထားများ 
ဆီးချိုရောဂါ ဖြစ်သူ တိုင်း မှတ်သား သင့် သည့် အစားအစာ အလိုက် ဆီးချို တက် နိုင်တဲ့ နှုန်းထား များအကြောင်းကို လေ့လာသိရှိနိုင်စေရန် ရေးသား တင်ပြလိုက်ပါတယ်။ 

ဆီးချို သမားတိုင်း သိထားသင့်တဲ့ အစားအစာ အလိုက် ဆီးချိုတက်တဲ့ နှုန်းများ အကြောင်းကို ဆီးချိုသမား များ တတ်နိုင်သလောက် မှတ်ထားနို င်ရင် အကျိုးရှိပါတယ်။

 အစားစားကြမယ် ဆိုရာတွင် အစားအစာ အမျိုးမျိုး ပေါ် 
မူတည်ပြီး Carbohydrate (ကစီ/သကြားဓာတ်) ပါဝင်မှု မတူကြပါဘူး။ 

အချိူ့ အစားအသောက် တွေက ကစီ/ 
သကြားဓာတ် တွေဟာ အူထဲမှာ မြန်မြန် အစာကြေပီး 
ဂလူးကိုစ့် အဖြစ် မြန်မြန်ပြောင်းသွားပီး.. သွေးထဲကို မြန်မြန်ဝင်သွားတဲ့ အတွက်သွေးချိူ မြင့်တက် လာနိုင်သည်။ 

အချိူ့အစားတွေ က ဖြေးဖြေးပြောင်းလဲ ပီး.. သွေးထဲကို ဖြည်းဖြည်းသာ ဝင်သွား တဲ့အတွက် သွေးချိူ တက်နှူန်းနှေး သည်။ အစားအသောက် အမျိူးမျိူးရဲ့သွေးချို တက်နှုန်း အနှေးအမြန်ကို နှိူင်းယှဉ် တဲ့အခါ.. GI လို့ခေါ်တဲ့ အညွှန်းကိန်း ကို အသုံးပြုတယ်။။ 

(Glycemic index = GI ) ဂလူးကိုစ့် သကြား ရဲ့ GI တန်ဖိုး ကို 
100 လို့ စံ သတ်မှတ်ပြီး.. အာ့ဒီ့ ဂလူးကိုစ် နဲ့ ယှဉ်လိုက်ရင် … ဥပမာ.. ဆန်အဖြူ ထမင်းဆို GI 70 ။ ပန်းသီးဆို… 
GI 40 ကောက်ညှင်းဆို.. GI 88 ဆလတ်ရွတ်ဆို… GI 15 
 သွေးချို အတက်မြန်တဲ့ အစားအသောက် တွေကတော့ 
GI 70 နဲ့ 70 အထက် တွေဘဲ ဖြစ်ပါတယ်။ 

GI တန်ဖိုး 56 ကနေ 69 ထိဆို GI… မနိမ့်မမြင့် 
အလယ်အလတ် GI.. တန်ဖိုး 55 နှင့် အောက်ဆို GI နိမ့်တယ်။ GI…ဆိုတာဘာလည်း ဆိုတာ သိပြီး ဖြစ်လို့ သွေးချိူအတက်နှေးတဲ့.. GI နိမ့်တဲ့ အစားအသောက်တွေကို ရွေးချယ် စားသောက်တက်ခြင်း ဟာ ဆီးချိူသမားများ အတွက် ကောင်းတဲ့ အကျိုးတွေ ရစေမှာပါ။ အောက်မှာ အစားအစာ 
အချို့ရဲ့ GI အဆင့် သတ်မှတ်ချက်တွေ ဖော်ပြပေးလိုက်ပါတယ်။ အာတာလြတ္…. GI. 85 
အာလူးကြော်… GI 75-95 
အာလူးပြုတ်.. GI 78 
အုတ္(oats).. GI 40 
အုန်းသီး.. GI 45 
အုန်းနို့… GI 40 
 သြဇာသီး.. GI 4 
အချိူရည်.. GI 70 
ဟမ္ဘာဂါ.. GI 85 
သစ္သီးယို( သၾကားမပါ) GI 45 
သစ်တော်သီး.. GI 38 
သစ်ကြားစေ့……… GI 15 
သံပုရာသီး……. GI 20 
 သီဟိုစေ့…….. GI 15 
လိမ္မော်ရည်(သကြားမပါ) GI 45 
လိမ္မော်သီး……… GI 40+3 
လိုင်ချီးသီး……. GI 50 
တင္လဲ ၊ သကာ……. GI 70 
သခြားသီး…… GI 15 
သၾကား… ဂလူးကိုစ္…. GI 100 

အစားအသောက် တမျိူးရဲ့ သွေးချို တက် အမြန်နှူန်း GI ကို 
လုံးဝ အတိအကျ သတ်မှတ်ထားလို့ တော့ မရပါဘူး။ 
အခြေအနေ ပေါ်မူတည်ပြီး အနည်းငယ် စီတော့ ကွဲပြား နိုင်ပါတယ်။ ဘယ်လို အကြောင်း တွေ ကြောင့် လဲ ဆိုတော့… ဥပမာ -ဆန် – ဆန်ကို မှ ငကျွဲ ပေါ်ဆန်းမွှေး မတူနိုင်ပါ။ 

ထို့ကြောင့် ဆီးချိုဆန် ဆို ပြီး ထုတ်လုပ်ထား တာရှိပါတယ်။ ငှက်ပျောသီး ဆို ဖီးကြမ်း ၊ သီးမွှေး ၊ ရခိုင် ကွဲပြားမှု လေး ရှိပါတယ်။ ဥပမာ…ကျနော်က ဖီးကြမ်းအမာ တလုံး စားမယ်..နောက်တယောက်က ဖီးကြမ်း အမှဲ့စားမယ်။

 စားပီးတိုင်းမယ်.. အဖြေမတူနိုင်ပါ။ သွေးချိူတက်နှူန်းမတူပါ။။ လူတယောက်ထည်း တောင် တစ်ရက်နဲ့ တစ်ရက်ထပ်တူ မဖြစ်နိုင်ပါ။ ဒါကြောင့် ထမင်းစားရင်.. အသား..ရယ် ငါးရယ် အရွက်ရယ် ရောစား ရတာ သွေးချိူတက်နူန်းနှေး သလို အရွက် အများကြီးစားတော့…. ထမင်းလည်း လျော့ပီးသားဖြစ်သွားရော။ နောက်တခု ရှိသေးတာက GL လို့ခေါ်တဲ့ Glycemic load = GL သူက အစာစားပီးသွေးထဲတက်လာ နိုင်တဲ့ စုစုပေါင်း ဂလူးကို့စ်ပမာဏ ဆိုတာ ကို ကြည့်လို့ ရသေးပါတယ်… 

ဒါပေမယ့် အရင်ဆုံး အစားစားမယ်ဆို.. GI နိမ့်တာ ရွေးချယ်စားသောက်တက် ရင် ဘဲ မဆိုးပါဘူး… ထမင်းမစား တော့ဘူး.. ဆီးချိူတက်မှာ ကြောက်လို့.. ပေါင်မုန့်လေးဘဲ စားလိုက်တယ်။ ဟုတ်ကဲ့.. ပေါင်မုန့် သုံးချပ် နဲ့ ထမင်းတစ်ပန်းကန် အတူတူ ပါဘဲ အားလူး သုံးလုံးနဲ့.. ထမင်းတစ်ပုဂံ အတူတူပါဘဲ။ ကိုယ်စားချင်သလို စားရင်… ဆီးချိူကလည်း တက်ချင်သလို တက်ပြ ပါမည်။ စားတက်ရင် ရပါသည်…. မငတ်ပါဘူး ။ စားတက်ဖို့ဘဲ လိုတာပါ…။။ မိသားစုတိုင်းကိုကျန်းမာ ပြီး စားတက်စေ ဖို့ ရာ စေတနာ ဖြင့် မျှဝေပေး ပါသည်။ 
Ref : ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး) 
  Credit – Wint War Ko/shwebadailay
 REF: MYO TAW

အထိုင်များသူတွေ မဖြစ်မနေလုပ်ရမဲ. လေ့ကျင့်ခန်းများ

)
အထိုင်များတဲ့ သူတွေ မဖြစ်မနေလုပ်ပေးသင့်တဲ့ အလွယ်ဆုံး နဲ့အထိရောက်ဆုံး လေ့ကျင့်ခန်းများမှာ တစ်နေကုန် ထိုင်နေရတဲ့သူလေးတွေ ဒါမှမဟုတ် အညောင်းမိတဲ့ အလုပ်လုပ်တဲ့သူလေးတွေရှိလား။ အခုနောက်ပိုင်းမှာ တစ်နေကုန်အညောင်းမိလာပေမယ့် ညဘက်အိမ်ပြန်
ရောက်ရင်လည်း လှုပ်ရှားမှုတွေသိပ်မလုပ်ဖြစ်ဘဲ ဖုန်းသုံးတာ၊ တီဗွီကြည့်တာမျိုးတွွေပဲလုပ်ဖြစ်နေတာပါ။

 အမှန်အတိုင်းပြောရရင် တစ်နေကုန်အညောင်းမိလာတော့ ဘာမှမလုပ်ချင်ဘဲ သက်တောင့်သက်သာပဲလဲနေချင်တာမျိုးပါ။ ဒီတော့ လေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့ သူတွေအတွက် အညောင်းမိတာတွေ လုံးဝသက်သာစေမယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြချင်ပါတယ်။

 (၁) လည်ပင်းနဲ့ ပခုံး 
တစ်နေကုန်ကွန်ပျူတာကိုကြည့်နေရတဲ့အလုပ်၊ မျက်လုံးကိုအားစိုက်ရတဲ့အလုပ်တွေလုပ်ပြီးတဲ့အခါ လက်တစ်ဖက်ကိုနံရံမှာ ထောက်လိုက်ပြီး နောက်ပခုံးတစ်ဖက်ကို မေးစေ့နဲ့ထိအောင်လုပ်ပေးပါ။ပြီးရင် မျက်နှာကို အရှေ့တည့်တည့်ပြန်လှည့်ပေးလိုက်ပါ။ အဲ့ဒါကို ဘယ်ညာ
(၁၀) ကြိမ်စီလုပ်ပေးပါ။ နံရံနဲ့ အနည်းငယ်အကွာမှာရပ်လိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို နံရံမှာမှီလိုက်ပါ။ လက်နှစ်ဖက်ကို ဘေးဘက်ကိုတပြိုင်တည်းလွဲတဲ့ပုံစံမျိုး (၁၀) ကြိမ်လုပ်ပေးပါ။ အဲ့လိုလုပ်နေတဲ့အချိန်မှာ လက်မောင်းတွေက နံရံနဲ့ထိနေဖို့လိုပါတယ်။

 (၂) လက်ကောက်ဝတ် 
လက်ကောက်ဝတ်တွေညောင်းညာနေတာ၊ ထုံကျင်နေတာနဲ့ လက်ချောင်းတွေ ညောင်းညာနေတာကို ပျောက်ဖို့ လက်ကောက် ဝတ်ကိုနောက်လက်တစ်ဖက်နဲ့ ခပ်ဖွဖွဆုပ်ကိုင်ပြီး နွေးလာအောင် ပွတ်တိုက်ပေးလိုက်ပါ။ ဘယ်ညာတလှည့်စီလုပ်ပေးရင် လက်ကောက်ဝတ်ညောင်းညာတာတွေပြေသွားပါလိမ့်မယ်။

လက်ချောင်းတွေညောင်းညာတာကိုပြေဖို့ လက်ချောင်းလေးတွေ တစ်ချောင်းနဲ့တစ်ချောင်းချိတ်ပြီး နည်းနည်းလေး အားစိုက်ပြီးဆွဲပေးလိုက်ပါ။ လက်ညှိုးအချင်းချင်း၊ လက်ခလယ်အချင်းချင်း စသဖြင့် လက်ချောင်းလေးတွေ
တလှည့်စီ လုပ်ပေးသွားရုံပါပဲ။

 (၃) နောက်ကျောနဲ့ခါး 
ထိုင်ခုံအစွန်းလေးမှာထိုင်ပြီး ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး ခြေထောက်တစ်ဖက်ကိုတော့ ကိုးဆယ်ဒီဂရီကွေးထားလိုက်ပါ။ လက်နှစ်ဖက်ကိုတော့ ခါးမှာထောက်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်ဘက်ကိုနှိမ့်ချလိုက်ပါ။ပြီးရင် နဂိုပုံစံအတိုင်းပြန်နေလိုက်ပါ။

 နောက်ကျောမှာတင်းပြီး ညောင်းနေတာတွေ ပြေပျောက် သွားပါလိမ့်မယ်။ ညာဘက်ခြေထောက်ကိုကွေးထားပြီး 
ကြမ်းပေါ်မှာ လဲအိပ်လိုက်ပါ။ ဘယ်ဘက်ခြေထောက်ခြေကျင်း
ဝတ်ကို ညာဘက်ဒူးနားလေးမှာတင်ထားလိုက်ပြီး လက်နှစ်
ဖက်က ညာဘက်ပေါင်ကိုဆွဲထားပါ။

လက်နဲ့မမီရင် တဘက်အသေးတစ်ထည်ကိုသုံးနိုင်ပါတယ်။
ပြီးတော့ ညာဘက်ပေါင်ကိုအပေါ်ဘက်ဆွဲနိုင်သလောက်ဆွဲပြီး
စက္ကန့် ၂၀ – ၃၀ လောက်နေပေးပါ။ ပေါင်ကိုဆွဲတဲ့အခါ တင်ပါးတွေကို ကြမ်းပြင်ကနေမကြွအောင်သတိထားပါ။ ဘယ်ညာ တလှည့်စီလုပ်ပါ။ နောက်ကျောညောင်းညာတာတွေကို ချက်ချင်းပြေစေပါတယ်။

လူကြိုက်အများဆုံး WINE အမျိုးအစား (၆) မျိုး

Image result for top the best 6 wines in world images
ညစာစားပွဲတွေမှာ ဖယောင်းတိုင်မီးရောင်အောက်မှာ အတွဲတွေညစာစားရင်း ဝိုင်သောက်ဖူးကြမှာပေါ့။
တကယ်တော့ ဝိုင်သောက်ခြင်းဟာ ဦးနှောက်ထဲက အချစ်စိတ်ကိုဖြစ်စေတဲ့ oxytocin ဟော်မုန်းတွေ ထွက်လာအောင်လှုံ့ဆော်ပေးနိုင်သလို အစားအစာကိုပိုမိုအရသာရှိစေဖို့၊ ကျန်းမာရေးကောင်းမွန်စေဖို့အစရှိတဲ့ အကျိုးကျေးဇူး
တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ 

အမျိုးသမီးတစ်ယောက် တစ်နေ့ ဝိုင် (၁) ခွက်သောက်ပေးရင် ကျန်းမာရေးပိုမိုကောင်းမွန်စေသလို အမျိုးသားတစ်ယောက် 
တစ်နေ့ ဝိုင် (၂) ခွက်သောက်ပေးရင်လည်း ကျန်းမာရေးအတွက်အကောင်းဆုံးပါပဲ။ ဝိုင်ဆိုတာ ဘားမှာတစ်ယောက်တည်းထိုင်သောက်လို့ရတဲ့ ဘီယာလို
မဟုတ်ဘဲ အိမ်မှာ၊ ညစာစားပွဲမှာ၊ အထိန်းအမှတ်ပွဲတစ်ခုခုမှာ ချစ်သူခင်သူတွေနဲ့အတူသောက်ရတဲ့ အဖျော် ယမကာတစ်မျိုးဖြစ်ပါတယ်။ အဲဒီဝိုင်တွေထဲကမှ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး ဝိုင်အမျိုးအစား
တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

 ၁။ Riesling ဝိုင် 
ဒီဝိုင်ကိုတော့ အကောင်းဆုံးဝိုင်ဖြူအဖြစ်သတ်မှတ်ထားကြပါတယ်။ 
Riesling ဝိုင်ဟာ ဂျာမနီနိုင်ငံ Rhine ဒေသမှာပေါက်တဲ့ Riesling စပျစ်သီးအမျိုးအစားက ထုတ်လုပ်ထားတဲ့ဝိုင်တစ်မျိုးဖြစ်ပါတယ်။ ဒီဝိုင်ဖြူရဲ့အထူးကောင်းမွန်တဲ့အချက်ကတော့ ဝိုင်ဖောက်တဲ့ ဖြစ်စဉ်မှာ သကြားဓာတ်လုံးဝကုန်အောင်ဖောက်ထားပြီး သဘာဝသစ်သီးရဲ့ချိုမြမြအရသာပဲကျန်အောင် ပြုလုပ်
ထားပါတယ်။ သူ့ရဲ့ သဘာဝသစ်သီးအရသာက ဒီဝိုင်ဖြူကို ပြိုင်ဘက်ကင်းစေတဲ့အချက်ပါပဲ။ Riesling ဝိုင်ဖြူကို အိမ်မှာလုပ်ထားတဲ့ဝိုင်လို ခံစားရစေတဲ့ ထူးခြားတဲ့ဝိုင်တစ်မျိုးလို့လည်း ဆိုစမှတ်ပြုကြပါတယ်။ 
နောက်ပြီး သူ့မှာပါဝင်တဲ့ အက်ဆစ်ဓာတ်မြင့်မားမှုကြောင့် 
Riesling ဝိုင်ဟာ သဘာဝသစ်သီးပန်းမာန်ရနံ့ကောင်းကောင်း
ရတယ်လို့လည်း လူသိများကြပါတယ်။ 

 ၂။ Chardonnay ဝိုင်
 Chardonnay ဝိုင်ကလည်း လူသိများထင်ရှားတဲ့ဝိုင်ဖြူတစ်မျိုးဖြစ်ပါတယ်။ ဒီဝိုင်ဖြူဟာ ပြင်သစ်နိုင်ငံက Burgundy ဒေသမှာ စတင်ပေါက်ဖွားခဲ့ပါတယ်။ ဒါကြောင့် Chardonnay ဝိုင်ကို White Burgundy လို့ လူသိများကြပါတယ်။ Chardonnay ဝိုင်ဖြူ ထုတ်လုပ်ရာ Chardonnay စပျစ်သီးကတော့ အစိမ်းရောင် စပျစ်သီးတစ်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ ပေါက်ရောက်နိုင်ပါတယ်။ 

၃။ Pinot Noir ဝိုင် 
Pinot Noir ဝိုင်ကတော့ ဝိုင်နီတစ်မျိုးဖြစ်ပြီး Pinot Noir စပျစ်သီးကနေ ထုတ်လုပ်ပါတယ်။ Pinot Noir စပျစ်သီးရဲ့ မျိုးစိတ်ကတော့ Vitis Vinifera ဖြစ်ပါတယ်။ ဒီနာမည်ဟာ Pine Black လို့အဓိပ္ပာယ်ရတဲ့ ပြင်သစ်စကားလုံးတွေကနေ ဆင်းသက် လာပြီး အသီးရဲ့ ထင်းရှူးသီးနဲ့ခပ်ဆင်ဆင်တူမှုကြောင့် ဒီလိုခေါ်ဝေါ် ကြတာဖြစ်ပါတယ်။ Pinot Noir ဝိုင်ရဲ့အရသာကတော့ အချိုဓာတ်မပါဝင်ဘဲ သဘာဝသစ်သီးအရသာသာ ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာဒီဝိုင်ကိုမှ နှစ်သက်ကြသူအများကြီးရှိပါတယ်။ 
Pinot Noir စပျစ်သီးဟာ ပြင်သစ်နိုင်ငံ burgundy ဒေသမှာပေါက်ရောက်တာကြောင့် ဝိုင်ထုတ်လုပ်သူတွေဟာ 
ဒီဝိုင်ကို "Red Burgudny" လို့တင်စားခေါ်ဝေါ်ကြပါတယ်။ 
Pinot Noir ဝိုင်မှာ အနီရောင်ဘယ်ရီသီးနဲ့ အနက်ရောင် ဘယ်ရီသီးအရသာတွေလည်း ပါဝင်ပါတယ်။ 

၄။ Syrah ဝိုင် 
Shiraz လို့ လူသိများတဲ့ Syrah စပျစ်သီးဟာ ဝိုင်နီထုတ်လုပ်ရာမှာအသုံးပြုတဲ့ စပျစ်သီးတစ်မျိုးဖြစ်ပါတယ်။ လူတွေက ဒီစပျစ်ဝိုင် နာမည်ကြားရင် စိတ်ရှုပ်ထွေးကြပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ Syrah နဲ့ Shiraz ဆိုပြီး နာမည် (၂) မျိုးရှိလို့ပါပဲ။ ဒါပေမယ့် သြစတြေးလျလူမျိုး ဝိုင်ထုတ်လုပ်သူတွေကတော့ ဒီဝိုင်ကို Shiraz ဝိုင်လို့ပဲခေါ်ကြပါတယ်။ ဝိုင်နီဆိုပေမယ့် အရောင်အဆင်းက အနက်ရောင်ဘက်လည်း သမ်းပြီး အသားကင်တို့၊ beef steak တို့လိုမျိုးအစားအစာတွေနဲ့လည်း အလွန်လိုက်ဖက်ပါတယ်။ 

၅။ Merlot ဝိုင် 
Merlot ဝိုင်ကို အမေရိကန်ပြည်ထောင်စုမှာတော့ ဒုတိယလူကြိုက်အများဆုံးနဲ့ အရသာအရှိဆုံးဝိုင်နီတစ်မျိုးအဖြစ် လူသိများ ကြပါတယ်။ ၁၇၀၀ ပြည့်နှစ်နောက်ပိုင်းတုံးက Bordeaux ဒေသမှာ ပြင်သစ်လူမျိုး ဝိုင်ထုတ်လုပ်သူတစ်ဦးက merlot စပျစ်သီးကို သုံးပြီး ဝိုင်နီတစ်မျိုးပထမဦးဆုံးထုတ်လုပ်ခဲ့ပါတယ်။ အဲဒီနေ့ကစပြီး Merlot ဝိုင်နီဟာ ကမ္ဘာတဝှမ်းလုံးမှာ လူကြိုက်များထင်ရှားလာပြီး ခုမှဝိုင်စသောက်မယ့် လူတိုင်းကို သောက်သုံးကြည့်ဖို့ ညွှန်းဆိုကြပါတယ်။ စပျစ်သီးရဲ့နူးညံ့မှုက
 Merlot ဝိုင်နီကို အရသာအထူး ကောင်းမွန်စေတဲ့ 
လျှို့ဝှက်ချက်ပါပဲ။

 ၆။ Cabernet Sauvignon ဝိုင် 
Cabernet Sauvignon ဝိုင်ကို Merlot ဝိုင်နဲ့ရံဖန်ရံခါမှာ နှိုင်းယှဉ်ကြပါတယ်။ ဒါပေမယ့် လူအများယုံကြည်ထားတာကတော့ သူ့ရဲ့အရသာက နှိုင်းယှဉ်မရအောင်ပိုမိုကောင်းမွန်ပြီး ဒါကြောင့်လည်း Cabernet Sauvignon စပျစ်သီးကို စပျစ်သီးအနီတွေရဲ့ ဘုရင်လို့ တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ အမေရိကန်လူမျိုးဝိုင်သောက်သုံးသူတွေကြားထဲမှာတော့ 
Cabernet Sauvignon ဝိုင်ဟာအထူးထင်ရှားပါတယ်။ 
နက်မှောင်တဲ့ ဘက်ကိုရောက်တဲ့အဆင်းသဏ္ဍာန်ရှိပြီး အရသာကတော့ သဘာဝသစ်သီးအရသာအတိုင်း ဖြစ်ပါတယ်။ (သကြားဓာတ်ပျောက်အောင် အချဉ်ဖောက်ထားပါတယ်။) 
နောက်ပြီး tannin ပမာဏလည်း မြင့်မားစွာပါဝင်ပါတယ်။
Source: youngisthan