Friday, September 20, 2019

အထိုင်များသူတွေ မဖြစ်မနေလုပ်ရမဲ. လေ့ကျင့်ခန်းများ

)
အထိုင်များတဲ့ သူတွေ မဖြစ်မနေလုပ်ပေးသင့်တဲ့ အလွယ်ဆုံး နဲ့အထိရောက်ဆုံး လေ့ကျင့်ခန်းများမှာ တစ်နေကုန် ထိုင်နေရတဲ့သူလေးတွေ ဒါမှမဟုတ် အညောင်းမိတဲ့ အလုပ်လုပ်တဲ့သူလေးတွေရှိလား။ အခုနောက်ပိုင်းမှာ တစ်နေကုန်အညောင်းမိလာပေမယ့် ညဘက်အိမ်ပြန်
ရောက်ရင်လည်း လှုပ်ရှားမှုတွေသိပ်မလုပ်ဖြစ်ဘဲ ဖုန်းသုံးတာ၊ တီဗွီကြည့်တာမျိုးတွွေပဲလုပ်ဖြစ်နေတာပါ။

 အမှန်အတိုင်းပြောရရင် တစ်နေကုန်အညောင်းမိလာတော့ ဘာမှမလုပ်ချင်ဘဲ သက်တောင့်သက်သာပဲလဲနေချင်တာမျိုးပါ။ ဒီတော့ လေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့ သူတွေအတွက် အညောင်းမိတာတွေ လုံးဝသက်သာစေမယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြချင်ပါတယ်။

 (၁) လည်ပင်းနဲ့ ပခုံး 
တစ်နေကုန်ကွန်ပျူတာကိုကြည့်နေရတဲ့အလုပ်၊ မျက်လုံးကိုအားစိုက်ရတဲ့အလုပ်တွေလုပ်ပြီးတဲ့အခါ လက်တစ်ဖက်ကိုနံရံမှာ ထောက်လိုက်ပြီး နောက်ပခုံးတစ်ဖက်ကို မေးစေ့နဲ့ထိအောင်လုပ်ပေးပါ။ပြီးရင် မျက်နှာကို အရှေ့တည့်တည့်ပြန်လှည့်ပေးလိုက်ပါ။ အဲ့ဒါကို ဘယ်ညာ
(၁၀) ကြိမ်စီလုပ်ပေးပါ။ နံရံနဲ့ အနည်းငယ်အကွာမှာရပ်လိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို နံရံမှာမှီလိုက်ပါ။ လက်နှစ်ဖက်ကို ဘေးဘက်ကိုတပြိုင်တည်းလွဲတဲ့ပုံစံမျိုး (၁၀) ကြိမ်လုပ်ပေးပါ။ အဲ့လိုလုပ်နေတဲ့အချိန်မှာ လက်မောင်းတွေက နံရံနဲ့ထိနေဖို့လိုပါတယ်။

 (၂) လက်ကောက်ဝတ် 
လက်ကောက်ဝတ်တွေညောင်းညာနေတာ၊ ထုံကျင်နေတာနဲ့ လက်ချောင်းတွေ ညောင်းညာနေတာကို ပျောက်ဖို့ လက်ကောက် ဝတ်ကိုနောက်လက်တစ်ဖက်နဲ့ ခပ်ဖွဖွဆုပ်ကိုင်ပြီး နွေးလာအောင် ပွတ်တိုက်ပေးလိုက်ပါ။ ဘယ်ညာတလှည့်စီလုပ်ပေးရင် လက်ကောက်ဝတ်ညောင်းညာတာတွေပြေသွားပါလိမ့်မယ်။

လက်ချောင်းတွေညောင်းညာတာကိုပြေဖို့ လက်ချောင်းလေးတွေ တစ်ချောင်းနဲ့တစ်ချောင်းချိတ်ပြီး နည်းနည်းလေး အားစိုက်ပြီးဆွဲပေးလိုက်ပါ။ လက်ညှိုးအချင်းချင်း၊ လက်ခလယ်အချင်းချင်း စသဖြင့် လက်ချောင်းလေးတွေ
တလှည့်စီ လုပ်ပေးသွားရုံပါပဲ။

 (၃) နောက်ကျောနဲ့ခါး 
ထိုင်ခုံအစွန်းလေးမှာထိုင်ပြီး ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး ခြေထောက်တစ်ဖက်ကိုတော့ ကိုးဆယ်ဒီဂရီကွေးထားလိုက်ပါ။ လက်နှစ်ဖက်ကိုတော့ ခါးမှာထောက်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်ဘက်ကိုနှိမ့်ချလိုက်ပါ။ပြီးရင် နဂိုပုံစံအတိုင်းပြန်နေလိုက်ပါ။

 နောက်ကျောမှာတင်းပြီး ညောင်းနေတာတွေ ပြေပျောက် သွားပါလိမ့်မယ်။ ညာဘက်ခြေထောက်ကိုကွေးထားပြီး 
ကြမ်းပေါ်မှာ လဲအိပ်လိုက်ပါ။ ဘယ်ဘက်ခြေထောက်ခြေကျင်း
ဝတ်ကို ညာဘက်ဒူးနားလေးမှာတင်ထားလိုက်ပြီး လက်နှစ်
ဖက်က ညာဘက်ပေါင်ကိုဆွဲထားပါ။

လက်နဲ့မမီရင် တဘက်အသေးတစ်ထည်ကိုသုံးနိုင်ပါတယ်။
ပြီးတော့ ညာဘက်ပေါင်ကိုအပေါ်ဘက်ဆွဲနိုင်သလောက်ဆွဲပြီး
စက္ကန့် ၂၀ – ၃၀ လောက်နေပေးပါ။ ပေါင်ကိုဆွဲတဲ့အခါ တင်ပါးတွေကို ကြမ်းပြင်ကနေမကြွအောင်သတိထားပါ။ ဘယ်ညာ တလှည့်စီလုပ်ပါ။ နောက်ကျောညောင်းညာတာတွေကို ချက်ချင်းပြေစေပါတယ်။

No comments:

Post a Comment