Sunday, July 22, 2018

|| ဆီးချိုရောဂါစွဲကပ်နေပြီဆိုတဲ့ လက္ခဏာများ..||



ရောဂါတိုင်းကတော့ကောင်းတယ်ရယ်မရှိပါဘူးလေ။ အခုတစ်ခါပြောပြမဲ့ဆီးချိုရောဂါဆိုတာကြီးကလည်း ဖြစ်တွေလူတွေများများလာပြီး ကြောက်စရာကောင်းတဲ့ရောဂါတစ်ခုတည်းမှာပါနေပါပြီ။ ကုလို့မရလောက်အောင်ပြင်းထန်တာမျိုးမဟုတ်ပင်မဲ့ ခံရခက်တဲ့ဝေဒနာတစ်မျိုးပါပဲ။ ဆိုတော့ဆီးချိုရောဂါဖြစ်တယ်ဆိုတာကို ဘယ်အချက်တွေကသိရှိနိုင်သလဲဆိုတာ…

(၁) ဆီးချိုသွေးမြင့်တတ်နေတာမျိုး
ကိုယ့်စိတ်ထဲဆီးချိုရှိမရှိသေချာချင်လို့ ဆီးချိုသွေးဖောက်စစ်တဲ့ အခါမနက်အိပ်ယာနိုးနိုးချင်းဘာမှမစားခင်ဖောက်စစ်သင့်ပါတယ်။ ဒီလိုဖောက်စစ်ချိန်မှာဆီးချိုသွေးက ၉၀ ပတ်ဝန်းကျင်ရှိတယ်ဆို ဒါဟာ သာမန်ပါပဲ။ ဒီလိုမဟုတ်ပဲ မနက်စာမစားခင်စစ်တာတောင် သွေးက ၁၀၀ကျော်ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာသင့်မှာဆီးချိုရှိနေနိုင်ပြီဆိုတာကို သွေးစစ်ခြင်းကပြလိုက်တာပါပဲ။ အစားစာပြီးချိန်မှာ ၁၀၀ ကျော်လောက်ဖြစ်တာမဆန်းပင်မဲ့ ဘာမှမစားခင်အိပ်ယာနိုးနိုးချင်းမှာ စစ်ဆေးတဲ့အခါများနေရင်တော့သင့်မှာဆီးချိုဖြစ်ခါစပြုနေတယ်ဆိုတာသိလိုက်ပါ။


(၂) ရေကိုအငမ်းမရဆာလောင်တာမျိုး
ရေကိုအငမ်းမရဆာလောင်တာမျိုး ခဏခဏဖြစ်ရင်တော့ ဒါ ဟာသဘာဝမကျပါဘူး။ တစ်ခုခုလုပ်လိုက်လို့တအားမောပြီး ရေဆာတာမျိုး မဟုတ်ပဲတစ်ချိန်လုံးကိုရေ အငမ်းမရဆာလောင်မွတ်သိပ်နေတာမျိုးဆိုရင် ဒါဟာဆီးချိုဖြစ်နေတဲ့သူ တစ်ယောက်ဆိုတာသေချာသလောက်ရှိနေပြီမို့ အမြန်ဆုံးစစ်ဆေးကုသသင့်ပါတယ်။


(၃) ဗိုက်ခဏခဏဟာနေပြီစားချင်နေတာမျိုး
ပြည့်ပြည့်၀၀အစားသောက်တွေကိုစားသောက်လို့ပြီးတာတောင် တော်ရုံလူဆိုဗိုက်ပြည့်တင်းတိမ်သွားမဲ့အခြေနေမျိုးမှာ စားပြီးတယ်လို့မခံစားရပဲ ခဏခဏ ဆာလောင်မွတ်သိပ်ခြင်းကိုခံစားရတာဟာ လည်းဆီးချိုသမားတွေရဲ့လက္ခဏာတစ်ရပ်ပါပဲ။


(၄) သိသိသာသာဝိတ်ကျသွားတာ
ဆီးချိုဝေဒနာတစ်ကယ်ရှိသွားတဲ့သူတွေဟာ သိသိသာသာကို ဘာဖြစ်လို့မှန်းမသိပဲနဲ့
ဝိတ်တွေထိုးကျသွားတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာတဲ့အခါ ဟယ်သိသိသာသာ ဘာမှမလုပ်ပဲ ၀ိတ်ကျသွားပါလားဆိုပြီးကျေနပ်မနေပါနဲ့။ ဆီချိုးဝေဒနာခံစားနေရတာဖြစ်နိုင်တာမလို့အမြန်ဆုံးစစ်ဆေးကုသဖို့လိုပါတယ်။


(၅) လိုတာထက်ပိုပြီးမောပန်းနွမ်းနယ်နေတာမျိုး လိုတာထက်ပိုပြီးပင်နွမ်းနယ်ကာ ဘာကိုင်ကိုင်လေးတယ်လို့ခံစားနေရပြီး ထုံမှိုင်းတာတွေများနေပြီဆိုရင်လည်း ဆီးချိုးရောဂါရဲ့လက္ခာတစ်ရပ်ဖြစ်နိုင်တာမို့မပေါ့စေချင်ပါဘူး။

(၆) ရောင်ရမ်းနာကျင်တာမျိုး ဒါကတော့ သိပ်ကိုသိသာစေတဲ့အချက်ပါပဲ။ လက်တွေ ခြေသလုံးတွေခြေဖ၀ါးတွေက ဘာကြောင့်မှန်း မသိ ရောင်းရမ်းနေတာမျိုးမို့မောက် တင်းရင်းနေတာမျိုး၊ အညိုကွက်တွေဖြစ်ပြီး အတွင်းနာလိုဖြစ်ချင်နေတာမျိုးဆိုရင်တော့
ဒါဟာ ဆီးချိုကြောင့်ဖြစ်တဲ့ရောင်ရမ်းခြင်းမျိုး ဖြစ်နိုင်တာကြောင့် သေချာစစ်ဆေးကုသသင့်ပါတယ်။ အချိန်နှောင်းမှကုသမိရင်ရောင်းရမ်းတဲ့ ခြေထောက်တွေ တင်းရင်းနေတဲ့အနာကွက်တွေက နေနောက်ဆုံး ဆီးချိုကြောင့်ပုပ်သွာပြီး ဖြတ်ထုတ်လိုက်ရတာမျိုးထိ ရှိတာကြောင့် ဒီလို ရောင်ရမ်းနေတာမျိုး၊အညိုကွက်ဖြစ်နေတာမျိုးဆို မဖြစ်မနေအမြန်ဆုံး စစ်ဆေးကုသသင့်ပါတယ်။
အပေါ်ကအချက်တွေထဲကတော်တော်များများကိုမကြာခဏဆိုသလိုခံစားနေရပြီဆိုရင်တော့ နီးစပ်ရာကျွမ်းကျင်ဆရာဝန်များနဲ့သွားရောက်စစ်ဆေးပြီးအမြန်ဆုံးကုသနိုင်ဖို့
တိုက်တွန်းရင်း…Trend Myanmar

|| မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ကြောင်း သိနိုင်သောလက္ခဏာရပ်( ၇ )ချက် ||



အာရုံကြောနဲ့ ကြွက်သားလုပ်ငန်း တွေ လုပ်ဆောင်ရာမှာ သကြားဓာတ် အရိုးကျန်းမာရေးနဲ့ ဇီဝရုပ်ဖြစ်စဉ်တွေ လုပ်ဆောင်ရာမှာ မဂ္ဂနီဆီယမ်ဓာတ်တွေဟာ အဓိက လိုအပ်ပါတယ်။ အမျိုးသမီးတစ်ယောက် တစ်နေ့ကို မဂ္ဂနီဆီယမ် ၃၁၀ မီလီဂရမ်က နေ ၃၂၀ မီလီဂရမ်အထိ ရရှိဖို့ လိုအပ် ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ဒိန်ချဉ်နဲ့ အညိုရောင်ချော ကလက်တွေကနေ မဂ္ဂနီဆီယမ်ကို များ စွာ ရရှိနိုင်ပါတယ်။
အရက်သောက်သုံးတာ၊ အစာအာ ဟာရချို့တဲ့တာ၊ အစာအိမ်နဲ့အူလမ်း ကြောင်းမှာ ရောဂါတွေရှိတာ၊ ဗီတာမင် ဒီ ချို့တဲ့တာ စတာတွေက မဂ္ဂနီဆီယမ်ချို့ တဲ့ နိုင်ခြေများတဲ့ အကြောင်းတွေပဲဖြစ်ပါ တယ်။ ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်ချို့တဲ့ပါ က ရောဂါလက္ခဏာတွေ ချက်ချင်းပြလာ တာမဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းမှ စုဖြစ်လာတာမျိုးဖြစ်တာကြောင့် အောက်ပါ လက္ခဏာရပ်တွေ သင့်မှာရှိနေပြီဆိုရင် မဂ္ဂနီဆီယမ်ချို့တဲ့တာဖြစ်နိုင်ပြီး ဆရာဝန် နဲ့ ပြသတိုင်ပင်သင့်ပါတယ်။


(၁) လက်ချောင်း၊ ခြေချောင်းများ ထုံခြင်း
ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်က အာရုံ ကြောလှုံ့ဆော်မှုအတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ မဂ္ဂနီဆီယမ်သာ ချို့တဲ့ပါက အာရုံကြောလှုံ့ဆော်မှု အား နည်းသွားလို့ လက်ချောင်း၊ ခြေချောင်း တွေ ထုံလာပါတယ်။ ဒီလိုထုံနေတဲ့အခါ ခံစားချက်တွေ မသိတာကြောင့် ခလုတ် တိုက်တာ၊ ချော်လဲတာတွေ ဖြစ်နိုင်ခြေ များပါတယ်။

(၂) တုပ်ကွေးဖြစ်နေသလို ခံစားရခြင်း
အစာစားချင်စိတ် မရှိခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အားအင် ကုန်ခန်းခြင်း စတဲ့ ခံစားချက်မျိုးတွေ ခံစားနေရတာက ခန္ဓာကိုယ်မှာ မဂ္ဂနီဆီ ယမ်ချို့တဲ့တာကြောင့်ပါ။

(၃) တက်ခြင်း
မဂ္ဂနီဆီယမ်ချို့တဲ့ပါက တက်တာ လည်း ဖြစ်နိုင်ပါတယ်။ တက်တယ်ဆိုတာ က ဦးနှောက်ကို ပုံမှန်မဟုတ်တဲ့ လျှပ်စစ် ဓာတ်တွေ စီးစေတာကြောင့် ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်နည်းနေတဲ့အ ခါ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်ဓာတ်တွေကို ဦးနှောက်ဆီပို့တာကြောင့် တက်တာ ဖြစ် ရတာပါ။

(၄) အချိန်ပြည့် ကြွက်တက်နေခြင်း
ကြွက်သားတွေ တင်းတောင့်နေတဲ့ အခါ ခြေထောက်နဲ့လက်တွေ လှုပ်ရှားလို့ မကောင်းတာ၊ လေးလံနေတာ၊ ခိုင်နေတာ မျိုးဖြစ်တတ်ပါတယ်။ လေ့လာသူတွေက ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်တွေ များပြီး မဂ္ဂနီဆီယမ် နည်းနေတဲ့အခါ ကြွက်သား အာရုံကြောတွေကို လွန်ကဲစွာ လှုံ့ဆော်ပါ တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ မှာ ကြွက်တက်တာ ပိုတွေ့ရတတ်ပါ တယ်။ မဂ္ဂနီဆီယမ်တိုက်ကျွေးပြီး စမ်း သပ်ခဲ့ရာမှာ ကြွက်တက်တာ နည်းသွား တာကို တွေ့ရပါတယ်။

(၅) စိတ်ကျရောဂါဖြစ်ခြင်း
မဂ္ဂနီဆီယမ်ချို့တဲ့ပါက စိတ်ပိုင်း ဆိုင်ရာသာမက ကိုယ်ရည်ကိုယ်သွေး လည်း ကျစေလို့ စိတ်ကျရောဂါဖြစ်နိုင်ခြေ များစေပါတယ်။ ထုံထုံထိုင်းထိုင်းဖြစ်တာ၊ စိတ်ခံစားမှု မရှိတာ၊ စိုးရိမ်သောကဖြစ်တာ စတာတွေလည်း ခံစားရနိုင်ပါတယ်။

(၆) နှလုံးခုန်မြန်ခြင်း
မဂ္ဂနီဆီယမ်ချို့တဲ့တာကြောင့် ပို တက်စီယမ်လည်း လျော့နည်းသွားတဲ့အ ခါ နှလုံးကြွက်သားတွေအပေါ် သက် ရောက်မှုရှိလို့ နှလုံးခုန်နှုန်းတွေ ပုံမှန်မဖြစ် နိုင်တော့ပါ။ ပုံမှန်အောက်နှေးတာ၊ မြန် တာတွေ ဖြစ်လာနိုင်ပါတယ်။

(၇) ၀မ်းချုပ်ခြင်း
ဝမ်းပျော့စေတဲ့အာနိသင်ရှိတဲ့ မဂ္ဂနီ ဆီယမ် ခန္ဓာကိုယ်မှာ ချို့တဲ့နေပြီဆိုရင် ၀မ်းချုပ်စေပါတယ်။ တစ်ပတ်မှာ သုံး ကြိမ်လောက် ၀မ်းသွားတာက ပုံမှန်လို့ ပြောနိုင်ပါတယ်။ ဒီထက်အကြိမ်ရေ ပို နည်းသွားပြီဆိုရင်တော့ အူရဲ့လှုပ်ရှားမှု တွေ နည်းသွားတာကြောင့် ၀မ်းချုပ်တာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့် ပါတယ်။
credit >>ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) Win2 Kyi

|| ကျောက်ကပ် ထိခိုက်သွားစေနိုင်သည့် အမူအကျင့်များ ||


ကျောက်ကပ်က လူ့ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တယ်လို့ အများစုက သတိမပြုမိကြပါဘူး။ ကျောက်ကပ်ဟာ သွေးစစ်ထုတ်တာ၊ ဟော်မုန်းစစ်ထုတ်တာ၊ ဆီးသွားတဲ့နည်းနဲ့ ရေအပိုတွေ ဖယ်ရှားတာ၊ အက်ဆစ်ချေဖျက်တာ၊ သတ္တုဓာတ် စုပ်ယူတာနဲ့ အဆိပ်အတောက်ရှိတဲ့ ဓာတ်တွေ စွန့်ထုတ်တာ စတာတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ ဒါကြောင့် ကျောက်ကပ်ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့ အောက်ပါ အမူအကျင့်တွေကို ရှောင်သင့်ပါတယ်။

(၁)ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် ကျောက်ကပ်အပါအ၀င် ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတိုင်းကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာနဲ့ ကျောက်ကပ်ရောဂါအကြား ဆက်စပ်မှုကို အကြိမ်ကြိမ် လေ့လာခဲ့တဲ့အခါ လေ့လာမှုရလဒ်အရ သွေးတိုးရောဂါရှိလို့ ဆေးသောက်နေသူတွေမှာ ဆေးလိပ်သောက်တာကြောင့် ဆေးအာနိသင် လျော့ကျပြီး ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေး ကြီးအင်္ဂါအစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှု နှေးစေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်စေနိုင်ပါတယ်။

(၂)အရက်အလွန်အမင်း သောက်ခြင်း
အရက်ကို အလွန်အမင်းသောက်တာကြောင့် ကျန်းမာနေသူတွေမှာတောင် အသည်း၊ ကျောက်ကပ်နဲ့ နှလုံးသွေးကြောတွေကို ရောဂါဝေဒနာ ဖြစ်စေနိုင်ပါတယ်။

(၃) ပရိုတင်းပါဝင်မှု များသော အစာစားခြင်း
ပရိုတင်းဓာတ် ပါဝင်မှုများတဲ့ အစာကို များများစားတာကြောင့် ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပြီး ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

(၄) အကိုက်အခဲပျောက်ဆေးကို ရေရှည် မှီဝဲခြင်း
အကိုက်အခဲပျောက်ဆေးတွေကို များများ မှီဝဲတာကြောင့် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ၊ အထူးသဖြင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက ကျောက်ကပ်ဆီကို သွေးစီးဆင်းမှု လျော့ကျစေပြီး လုပ်ငန်းဆောင်တာ ထိခိုက်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါရှိသူတွေမှာ အကိုက်အခဲပျောက်ဆေးကို ရေရှည် မှီဝဲတာကြောင့် ကျောက်ကပ် 
ပျက်စီးမှု ဖြစ်တတ်ပါတယ်။
(၅)ကော်ဖီများများ သောက်ခြင်း
ကဖင်းဓာတ်မှီဝဲမှုများတာက ကျောက်ကပ် ကျောက်တည်တာနဲ့ ဆက်စပ်နေပါတယ်။ ကျောက်ကပ်ကျောက်တည်တာမှာ အဖြစ်များဆုံးက ကယ်လ်ဆီယမ်အောက် ဇဲလ်လိတ်ကျောက်ဖြစ်ပြီး ကယ်လ်ဆီယမ်နဲ့ အောက်ဇဲလ်လိတ်ကျောက်မှုန်တွေ စုပုံရာက ဖြစ်တတ်ပါတယ်။ လတ်တလော လေ့လာမှုအရ ကဖင်းဓာတ်များများ မှီဝဲတာက လူတစ်ယောက်ရဲ့ ဆီးထဲမှာ ကယ်လ်ဆီယမ်စုပုံမှု 
များစေပြီး ကျောက်ကပ်ကျောက်တည်နိုင်ခြေ မြင့်တက်စေတယ်လို့ သိရပါတယ်။

(၆)ဆားများသော အစာများများ စားခြင်း
 ဆားများတဲ့ အစာစားတာကြောင့် ဆီးထဲက ပရိုတင်းဓာတ်ကို မြင့်တက်စေတဲ့အတွက် ဆားများတဲ့ အစာစားတာက ကျောက်ကပ်ရောဂါနဲ့ ဆက်စပ်နေတတ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ လူ့ ခန္ဓာကိုယ်က ပုံမှန်အတိုင်းကောင်းစွာ အလုပ်လုပ် နိင်ဖို့ ဆားလိုအပ်ပေမယ့် ဆားများများ မှီဝဲတာက သွေးတိုးစေပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ဆား ၅ ဂရမ်ပဲ
ကန့်သတ် မှီဝဲသင့်ပါတယ်။

(၇)ဆီးသွားချင်စိတ်ကို အောင့်ထားခြင်း
ဆီးအိတ်ထဲမှာ ဆီးမရှိတာက ကျောက်ကပ် အန္တရာယ်ကင်းစေပါတယ်။ ဆီးသွားချင်စိတ်ကို အောင့်ထားရင် ဆီးထဲမှာ ဘက်တီးရီးယားပိုးတွေကို ပေါက်ပွားစေနိုင်ပါတယ်။ အဲဒီဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်း ပိုးဝင်တဲ့ အန္တရာယ် ဖြစ်စေပြီး ကျောက်ကပ်တွင်း ပိုးဝင်တတ်ပါတယ်။ ဆီးအိတ်ထဲမှာ အချိန်ကြာကြာ ဆီးတွေ ကျန်နေတာက ကျောက်ကပ်မှာ ဖိအားတိုးစေပြီး ကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။

(၈) ရေသောက်နည်းလွန်းခြင်း
ကျောက်ကပ်ရဲ့ အဓိက လုပ်ငန်းဆောင်တာက စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ နဲ့ သွေးတွေကို စစ်ထုတ်ဖို့ ဖြစ်ပါတယ်။ အဲဒီအဆိပ် အတောက်တွေက ရေအလုံအလောက် မသောက်ရင် ခန္ဓာကိုယ်ကနေ မဖယ်ထုတ်နိုင်ဘဲ ကျောက်ကပ် နဲ့ တစ်ကိုယ်လုံးကို ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ creditမီမိုး ( ဆေးဝါးတက္ကသိုလ် )