Saturday, July 14, 2018

အမှား နှင်. အမှန် နည်းလမ်း ( ၃၀)


တပတ်အတွင်း WEIGTH ဘယ်လို လျော.မလဲ...


                                         10 Best Food to Eat to Lose Weight
                              Lose 5 kgs in one week

                    



ရင်သားကင်ဆာကိုကာကွယ်ဖို့ အစားအစာ (၈) မျိုး



ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေအတွက် အရမ်းကိုကြောက် စရာကောင်းလွန်းတဲ့ ရောဂါတစ်ခုပါ။ ဒီလိုကြောက် စရာကောင်းတဲ့ရောဂါကို အစားအသောက်နဲ့လည်း တစ်ဖက် တစ်လိမ်းကနေ ကာကွယ်လို့ရတယ် ဆိုတော့ အစားအသောက်တွေကို သေချာလေးစားသုံးပေးဖို့ လိုပါတယ်။ ဒါကြောင့် ရင်သားကင်ဆာကို ကာကွယ်ဖို့ ပျိုမေတို့အနေနဲ့ စားသုံးသင့်တဲ့အစားအစာတွေကို မျှဝေပေးလိုက်ပါတယ်။ (၁) ပဲပင်ပေါက် ပဲပင်ပေါက်မှာ ရင်သားကင်ဆာကို တိုက်ဖျက်နိုင်တဲ့အစွမ်း သတ္တိတွေ များစွာပါဝင်ပါတယ်။ ပဲပင်ပေါက်ကို ကြော်စားရုံတင်မကပဲ ဟင်းချိုချက်သောက်လို့လည်း ရပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်ကို အစိမ်းစားပေးမယ် ဆိုရင်တော့ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ရုံတင်မကပဲ အသားအရေကိုလည်း လှပလာစေပါတယ်။ 
(၂) ပန်းသီး ပန်းသီးမှာလည်း ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေရှိလို့ များများ စားသုံးပေးပါ။ 
(၃) အဆီဓာတ်ပါတဲ့ငါး- အဆီဓာတ်ပါတဲ့ငါး (Fatty Fish) တွေမှာက Omega 3 Fatty DHA နဲ့ EPA တွေပါဝင်ပါတယ်။ ရင်သားကင်ဆာရောဂါကိုကာကွယ်ဖို့ စားသုံးပေးသင့် တဲ့အစားအစာတစ်မျိုးပါ။ 
(၄) တလည်းသီး- ရင်သားကင်ဆာကိုကာကွယ်ဖို့ တလည်းသီး ကိုလည်း များများစားပေးဖို့ မမေ့ပါနဲ့။ 
(၅  Blueberryထူးဆန်းဆန်း ပါပဲ Blueberry သီးကလည်း ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အသီးပါ။ 
(၆) သစ်ကြားသီး- သစ်ကြားသီးကို များများ စားမယ်ဆိုရင်တော့ ရင်သား ကင်ဆာဖြစ်ပွါးမှုနှုန်းကို လျော့ကျစေပါတယ်။ 
(၇) ငရုပ်ပွသီး- ငရုပ်ပွသီးကလည်း ရင်သားကင်ဆာမဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် စားပေးဖို့ မမေ့ပါနဲ့။ 
(၈) ပဲပုပ် - ပဲပုပ်ကလည်း ရင်သားကင်ဆာမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တဲ့ အစားအစာ တစ်မျိုးပါ။