Monday, March 16, 2020

COVID-19 ဘယ်လိုကူးစက်သလဲ?

 ၁။ Person-to-person spread
လူကနေ လူကို ကူးစက်တယ် ကူးစက်ခံထားရသူနဲ့ 
နီးကပ် ထိစပ်သူတွေဆီ ကူးစက်နိုင်တယ်။ 
၆ ပေပတ်လည်မှာ ရှိနေသူတွေ။ 
Respiratory droplets ခေါ် 
အသက်ရှူလမ်းကြောင်းကနေ 
ထွက်တဲ့ ထုတ်တဲ့ အမှုန်လေးတွေကို 
ရှူမိသူတွေ ကူးစက်နိုင်တယ်။ 
ချောင်းဆိုးခြင်း၊ နှာချေခြင်း။ 

အဲဒီ အမှုန်လေးတွေဟာ ပါးစပ်နဲ့ 
နှာခေါင်းနေရာဝန်းကျင်ပေါ် ကျရောက်လာနိုင်တယ်။ ရှူသွင်းမိမယ်။ အဆုတ်ထဲ ရောက်လာမယ်။ 
ကူးစက်ခံထားရသူဟာ ရောဂါလက္ခဏာတွေ 
ခံစားနေရချိန်မှာ သူများကို အများဆုံး 
ကူးစက်စေနိုင်တယ်။ ရောဂါလက္ခဏာတွေ မခံစားရသေးမီမှာလည်း 
ကူးကောင်း ကူးနိုင်တယ်။ 

၂။ Contaminated surfaces or objects အမှုန်တွေကျရောက်နေတဲ့ မျက်နှာပြင်တွေကို ထိကိုင်မိရာကနေလည်း ကူးစက်နိုင်တယ်။ 
စားပွဲ၊ ခုံ၊ ကုလားတိုင်၊ ကြမ်းပြင်၊ လက်ကိုင်
စရာနေရာတွေ။ အဲတာကို ထိကိုင်မိတဲ့လက်က 
ပါးစပ်နဲ့ နှာခေါင်းနေရာတွေကို ရောက်လာမယ်။ 
မျက်စိလည်း ပါတယ်။ 

၃။ Community spread ကွန်မြူနတီနည်း 
လူစုလူဝေးကနေ ကူးစက်မှုများတာ တွေ့ရတယ်။ 
 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရေးနည်းလမ်းများ 
၁။ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး 
စက္ကန့် ၂၀ ကြာဆေးပါ။ အယ်လ်ကိုဟော ၆၀%ပါ 
Sanitizer လက်ဆေးရည် ရှိလျှင်သုံးပါ။ 

၂။ ချောင်းဆိုင်းတိုင်း နှာချေတိုင်း 
ပါးစပ်ကို ဖုံးအုပ်ထားပါ။ 
တံတောင်ဆစ်ထဲ ချောင်းဆိုးပါ။ 
အဲဒီ ကျန်းမာရေး ယဉ်ကျေးမှုကို 
တသက်လုံးသုံးပါ။ 

၃။ မျက်စိ နှာခေါင်းပါးစပ်ကို 
လက်မဆေးပဲ မထိ မကိုင်ပါနဲ့။ 

၄။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့။

 ၅။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ။ ကူးစက်မှုရှိတဲ့အရပ်ဒေသတွေမှာ 
အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ 

၆။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ 
မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို 
Lyzol လိုက်ဇောဆေးရည်နဲ့ သန့်ရှင်းပေးနေပါ 
ဆားစ်ဗိုင်းရစ်နဲ့ မားစ်ဗိုင်းရပ်စ်တွေက 
မျက်နှာပြင်တွေပေါ်မှာ ၉ ရက်အထိ 
အသက်ရှင် နေနိုင်ကြတယ်။ 
ပိုးသေဆေးတွေနဲ့ ထိတွေ့လိုက်ရင် 
သက်တမ်း တိုသွားကြတယ်။ 

ကြေးနီနဲ့ သံမဏိ မျက်နှာပြင်တွေပေါ်မှာ 
၂ နာရီအထိနဲ့ ပလပ်စတစ်နဲ့ သစ်သား 
မျက်နှာပြင်တွေပေါ်မှာ ပိုကြာတယ်။ 
အပူချိန်နည်းရာနဲ့ စိုထိုင်းဆနည်းရာမှာ 
ပိုရှင်နေနိုင်ကြတယ်။ COVID-19 ကကော 
အဲလိုပဲလားတော့ မပြောနိုင်သေးပါ။ 
 ကိုယ့်ကျန်းမာရေး ခါတိုင်းထက်
ပိုကောင်းအောင်ပြုပြင်ပါ။ 

အသက် ၆၀ ကျော်တွေ၊ နဂိုအခံ 
ကျန်းမာရေးမကောင်းသူတွေ၊ ဝလွန်းသူတွေ၊ 
နှလုံးရောဂါရှိသူတွေ၊ အဆုတ်မကောင်းသူတွေ။ 

တက်ကြွလှုပ်ရှားမှု ရှိနေပါ။ 
သွေးတိုးနဲ့ ဆီးချို စစ်ဆေးပါ။ 
မနက်နေ့ည ထိန်းနေပါ။ 

ပန်းနာရှိသူတွေ ရှူဆေး သွားလေရာဆောင်ပါ။ 
ဟိုသွားသည်သွား သွားခိုင်းတာ မဟုတ်ပါ။ 
ဆေးလိပ် အရက် လျော့ပါ။ ဖြတ်ပါ။ 
လိုအပ်သူတွေ ကိုယ်အလေးချိန် တလ ဆယ်ပေါင် ကျအောင်လုပ်ပါ။ တုပ်ကွေး ကာကွယ်ဆေးထိုးပါ။ ဆေးရက်စွဲမှန်တာသာ ထိုးပါ။ 

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်သာ 
ရွေးစားသောက်ပါ။ ပြင်ဆင်မှုလုပ်ပါ။ 
မဟုတ်မမှန်တာတွေ ပြောသူ ရေးသူ တင်သူ 
ရှယ်သူတွေကို ဘလော့ပါ။ 
အလိမ်ခံရသူ မဖြစ်ပါစေနဲ့။ 
အလိမ်ပွဲစား မဖြစ်ပါစေနဲ့။ 
ဖေ့စ်ဘွတ်အကောင့်ရှိသူတိုင်းဟာ 
ပညာရှင်အစစ်တွေ မဟုတ်ပါ။ 
 ဒေါက်တာတင့်ဆွေ