Friday, February 28, 2020

Coronavirus Symptoms !

Coronavirus Symptoms 
ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာများ 
ဆေးရုံရောက်လာသော လူနာ
 ၉၉% မှာ နူမိုးနီးယား /အဆုတ်ရောင်ကြတယ်။ 
၈၂% က ဖျားတယ်။ 
၈၁% ချောင်းဆိုးတယ်။ 
၃၁% အသက်ရှူမဝ။ 
၁၁% ကြွက်သားတွေနာ။ 
၉% စိတ်မကြည်မလင်ဖြစ်။ 
၈% ခေါင်းကိုက်။ 
၅% လည်ချောင်းနာ။ 

ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကာကွယ်မလဲ 
 ၁။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး 
လိုအပ်တိုင်းမှာ ဆေးပါ။ 
အယ်လ်ကိုဟော ၆၀%ပါ 
လက်ဆေးရည် ရှိလျှင် သုံးပါ။ 

၂။ ချောင်းဆိုးတိုင်း နှာချေတိုင်း ပါးစပ်ကို 
ဖုံးအုပ်ထားပါ။ တံတောင်ဆစ်ထဲ 
ချောင်းဆိုးပါ။ 

၃။ ဖျားနေသူ အအေးမိနေသူ တုပ်ကွေးမိနေသူတွေနဲ့ အနီးကပ်ထိစပ်မှုကနေ ရှောင်နေပါ။ 

၄။ အသားနဲ့ ကြက်ဥတွေကို ကျက်နေအောင် 
 ပြုတ် ကြော် ချက်ပါ။ 

၅။ အိမ်မွေးမဟုတ်တဲ့ အကောင်တွေကို 
အကာအကွယ်မပါပဲ ထိကိုင်ခြင်း မပြုပါနဲ့။ 

 ၆။ ကူးစက်မှုရှိတဲ့ ဒေသတွေမှာ အိမ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။ လက်အိတ်သုံးပါ။ 
Crd: Dr.Tint Shwe

ယနေ. Coronavirus နှင့် USA

မြန်မာပြည်က ဂျင်း၊ နနွင်း၊ ရဲယို၊ကြက်သွန်ဖြူ၊ နီတွေစားလို့မဖြစ်တာလား ။ မဟုတ်။ မမှန်။ မှားတယ်။ ထိုင်းမှာလည်း အဲတာတွေစားတယ်။ စင်္ကာပူနဲ့ ဟောင်ကောင်မှာလည်းစားတယ်။ တောင်ကိုရီးယားမှာလည်းစားတယ်။ စဖြစ်တဲ့
တရုပ်ပြည်မှာလည်း အဲတာတွေ အကုန်စားတယ်။ 
မြန်မာက ပူလို. မဖြစ်တာလား....ဒါလဲ နမှားတယ်၊ 
အာဖရိကား နိုက်ဂျီးရီးယားမှာလဲ ဖြစ်နေတယ် 

ယနေ. Coronavirus  နှင့် အမေရိကန်
• အမေရိကန်သမတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် 
အရေးကို ကိုင်တွယ်ဆောင်ရွက်ဖို့ ဒုသမတ မိုက်ပင့်စ်ကို တာဝန်ပေးလိုက်။ 

• ကာကွယ်ဆေးကို အမြန်ဆုံးလုပ်နေပြီလို့ 
သမတကပြောလိုက်။ 

• ဒါပေမဲ့ ကာကွယ်ဆေးထုတ်လုပ်နေတဲ့ 
National Institute of Allergy and Infectious Diseases အဖွဲ့ ဒါရိုက်တာ ကတော့ ကာကွယ်ဆေးက တနှစ်၊ တနှစ်ခွဲလောက်လောက်ကြာဦးမယ်တဲ့။ 

• သမတက ကာကွယ်ဆေးကို လူတိုင်းတော့ တတ်နိုင်မယ်မထင်တဲ့။ စျေးကြီးမယ်။ 

• သမတ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာတွေနဲ့ ပညာရှင်တွေပြောဆိုတာ ကွဲလွဲမှုတွေရှိ။ 

• အမေရိကန်ကျန်းမာရေးဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ်အရေးအတွက် ကွန်ဂရက်
ခွင့်ပြုပေးဘို့ $2.5bn ဒေါ်လာ တောင်းခံလိုက်။ 
အမတ်တွေကတော့ အဲတာနဲ့လောက်မှာ မဟုတ်တဲ့။ ကာကွယ်ဆေးအတွက်ကိုက $1bn 
ဒေါ်လာလောက်ကုန်မှာတဲ့။ 

• ကျန်းမာရေးဝန်ကြီးက ကာကွယ်ရေးနဲ့ သီးခြားခွဲထားရတာတွေအတွက် လိုအပ်ချက်တွေအတွက် 
သန်း ၃၀ သာရှိလို့ နောက်ထပ် သန်း ၃၀၀ 
တောင်းခံလိုက်ပါသတဲ့။ 

• လက်အိတ်နဲ့ နှာခေါင်းစည်းတွေ လိုအပ်သူက
များနေလို့ လိုသလောက်မရနိုင်ဘူး ဖြစ်နေတယ်။

C O V I D-19 ကူးစက်မှု ဘယ်လို ကာကွယ်မည်နည်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု
ကာကွယ်ရေးနည်းလမ်းများ 

၁။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး လိုအပ်တိုင်းမှာ ဆေးပါ။ အယ်လ်ကိုဟော ၆၀%ပါ လက်ဆေးရည် ရှိလျှင် သုံးပါ။ 

၂။ ချောင်းဆိုင်းတိုင်း နှာချေတိုင်း ပါးစပ်ကို 
ဖုံးအုပ်ထားပါ။ တံတောင်ဆစ်ထဲ ချောင်းဆိုးပါ။ 

၃။ ဖျားနေသူ အအေးမိနေသူ တုပ်ကွေးမိ
နေသူတွေနဲ့ အနီးကပ်ထိစပ်မှုကနေ ရှောင်နေပါ။ 

၄။ အသားနဲ့ ကြက်ဥတွေကို ကျက်နေအောင်
 ပြုတ် ကြော် ချက်ပါ။

 ၅။ အိမ်မွေးမဟုတ်တဲ့ အကောင်တွေကို 
အကာအကွယ်မပါပဲ ထိကိုင်ခြင်း မပြုပါနဲ့။

 ၆။ လူစုလူ‌ဝေး ရှိသည်.နေရာသို. 
မလိုအပ်ပါက မသွားပါနဲ.။ 
သွားခဲ.သော် Mask ဆောင်ထားပါ။ 

ကိုရိုနာဗိုင်းရပ်စ် အစားကြောင့်ဖြစ်တာ မဟုတ်။ 
အစားနဲ့ မကာကွယ်နိုင်။ အစားနဲ့ မပျောက်နိုင်။ 
လူလိမ်တွေ များတယ်။ အလိမ်ခံ နေရသူတွေ များတယ်။ အလိမ်ခံချင်သူလည်း များတယ်။

ပထမအရွယ်တွင် နာသောဒူး (1)

ကလေးတွေမှာ ဒူးနာပြီဆိုရင်
အဖြစ်အများဆုံးက ထိခိုက်ဒဏ်ရာ
 (Injury) ဘဲဗျ။ 

 ဒုတိယက (Growing pain)။
ကလေးအရွယ်မှာ အရပ်ရှည်လာနေတဲ့အတွက် Growing plate/ Epiphysis လို့ခေါ်တဲ့ အရိုးရှည်
(long bone) တွေရဲ့ အဆုံးနှစ်ဖက်နေရာ တွေဟာစဥ်ဆက်မပြတ်ကြီးထွားဖွံဖြိုး
နေတဲ့အတွက် အဆစ်တွေမှာ
နဲနဲပါးပါး နာတတ်သပေါ့။

တစ်ခါတစ်ရံမှာ ဆက်စပ်နေတဲ့ ကြွက်သားတွေ၊ အရွတ်တွေမှာပါ Traction effect
( ဆွဲတင်းလိုက်သလိုဖြစ်မှု) ကြောင့် လည်းနာတတ်သေးတယ်လို့ ဆိုရပေမပေါ့
(ဥပမာ ညို့သကျည်း လိုနေရာမျိုးတွေပေါ့ဗျာ)။

တတိယနဲ့ မပေါ့ဆသင့်တဲ့အချက်ကတော့
ပိုးဝင်ခြင်း (Infection) ပါ။
Septic arthritis လို့ခေါ်ပါတယ်။

အဆစ်တို့၊ အရိုးတို့အထိရောက်တဲ့ပိုးရဲ့
soure (အရင်းအမြစ်)ကတော့
သိပ်ပြောလို့မရဘူးဗျ။

တစ်ခါတစ်လေလည်း ထိခိုက်ဒဏ်ရာရတာကနေဝင်လာတတ်သလို၊ တစ်ခါတစ်လေလည်း အရေပြားမှာဖြစ်တဲ့ အနာကလေးတွေ၊ ယားနာကလေးတွေကလည်း
ဝင်လာတတ်ပါတယ်။

ဘယ်နေရာကနေဘယ်လိုဝင်လာမှန်းမသိရတဲ့
Blood brone infection
(သွေးထဲကနေသယ်လာတဲ့ပိုး)
တွေလည်းရှိတတ်တယ်။

နာတာရှည်ပိုးတွေဖြစ်တဲ့ အရိုး/အဆစ် တီဘီလိုရောဂါပိုးတွေလည်း ရှိတတ်ပြန်ပါတယ်။

အခြားအဆစ်တွေနာတာတွေပါရှိရင်တော့ ပိုးလေးဘက်နာ ( Rheumatic arthritis) ၊ ဂေါက်အဆစ်အမြစ်နာ ကဲ့သို့သော အဆစ်များအတွင်း ခရစ်စတယ်လေးများဖြစ်ပေါ်လာသောကြောင့် ယောင်ရမ်း/နာကျင်ခြင်း (Juvenile Crystal arthropathies)၊ သွေးလေးဘက်နာ
( Rheumatoid arthritis)၊ အရေပြားလေးဘက်နာ (LE/SLE) တို့အပါအဝင် အခြား ယောင်ရမ်းနာ
( Inflammatory arthritis) တွေ လည်း
ဖြစ်နိုင်တဲ့အထဲ ပါပါတယ်။

မွေးရာပါဒူးခွင်ခြင်း (Genu Verus/ Valgus/Recurvatum/ Excavatum)
တို့ကြောင့်လည်း ဒူးနာတတ်ပါတယ်။

ဒုတိယ အရွယ်တွင် နာသောဒူး (2)

လူငယ်၊ လူလတ်တွေမှာ ဒူးနာပြီဆိုရင် 
ခံနိုင်ရည်ထက်ပိုမိုသုံးစွဲခြင်း (Overuse) က ပိုများမယ်လို့ယူဆရပါတယ်။ 

ဒုတိယ အဖြစ်အများဆုံးက အားကစားကြောင့်ရတဲ့ 
ထိခိုက်ဒါဏ်ရာ ( Sports injuries) အပါအဝင်ထိခိုက်ဒါဏ်ရာများ(Injuries) ဖြစ်ပါတယ်။ 
(Gym ကစားတဲ့သူတွေ၊ ယောဂ ကစားတဲ့သူတွေမှာ 
Exercise intensity ကို လောဘတကြီး တိုးမိကြလို့ ဒူးနာကြတာတွေ့ တွေ့ နေရပါတယ်နော် 😁

တတိယ အဖြစ်အများဆုံးက ဂေါက်အဆစ်အမြစ်နာ ကဲ့သို့သော အဆစ်များအတွင်း ခရစ်စတယ်လေးများဖြစ်ပေါ်လာသောကြောင့် ယောင်ရမ်း/နာကျင်ခြင်း (Crystal arthropathies) ဖြစ်ပါတယ်။ 
( ဒုတိယနဲ့ တတိယက အဖြစ်များတာ ပြောင်းပြန်ဖြစ်နေမလားတော့ သိပ်မသဲကွဲပါ)။ 

( အသက် ၃ ထိပ်စည်းနှောင်းပိုင်းကနေ ၅ ထိပ်စည်းနှောင်းပိုင်း၊ ခြူးပြားကလေးများသိပ်ထည့်တွက်နေစရာမလိုတော့တဲ့ ဘီယာကြိုက်တဲ့ဘူဇွာပေါက်စများမှာ အဖြစ်များနေတာတော့ သေချာပါတယ် 😁 မှတ်ချက်။ 

ဒီအရွယ်တန်းမှာအဖြစ်မများပေမယ့် မပေါ့ဆ
အပ်တာကတော့ ပိုးဝင်ခြင်း (Infection) ပါဘဲဗျာ။ 

ပထမအရွယ်မှာ ရေးပြီးသားဖြစ်လို့ ထပ်မရေးပြတော့ဘူးနော်. . . လူလတ်ပိုင်းမှာ ပိုပြီးထူးခြားတာက Syphilitic arthritis 
ဆိုတဲ့ ကာလသားရောဂါပိုး ဝင်တာကနေ
အဆစ်နာလာတတ်တာပါ။ 

ဒီလို အဆစ်နာတာမျိုးက ပထမအရွယ်နဲ့ တတိယအရွယ်ထက်ပိုတွေ့ ရလေ့ရှိတာကတော့ သဘာဝလို့ဘဲပြောရပေမပေါ့။ 

တတိယအရွယ်မှာလောက်အဖြစ်မများပေသိ၊ ဒူးကို ထိခိုက်ဒဏ်ရာရဘူးသူတွေ၊ အိုဗာဝိတ်/အဝလွန်သူတွေ၊ မတ်တပ်ကြာကြာရပ်/လမ်းများများလျောက်ရတဲ့ အလုပ်အကိုင်လုပ်သူတွေ၊ စောင့်ကြောင့်/ကျုံ့ ကျုံ့ ထိုင်တာများသူတွေမှာ ဖြစ်လေ့ရှိတာက 
ဒူးကျီးပေါင်းဖြစ်ပါတယ်။

တတိယ အရွယ်တွင် နာသောဒူး(3)

ဇရာကြောင့်ဖြစ်လာတဲ့ ယိုယွင်းပျက်စီး မှုတွေကြောင့် ဒူးကျီးပေါင်းက ဒီအသက်အရွယ်တန်းတွေမှာ အများဆုံးဖြစ်ပါတယ်။ 

အရိုးနုတွေပါးလွှာပျက်စီးလာတာ၊ ညီညာချောမွေ့နေရမယ့် အဆစ် မျက်နှာပြင်/အရွတ်တွေတွယ်တဲ့ အရိုးမျက်နှာပြင်တွေမှာ ဗြုတ်ကလေးတွေ/ အတက်ကလေးတွေ ထွက်လာတာ၊ အဆစ်ထဲမှာရှိတဲ့ Joint Fluid ချောဆီ/ခြင်ဆီအရည်တွေ နည်းလာတာကို "ကျီးပေါင်းတက်ခြင်း" လို့ အကြမ်းဖျင်းခေါ်ပါတယ်။

အဆစ်တစ်ခုတည်းနာနေရင်တော့ ဂေါက်အဆစ်အမြစ်နာရောဂါ (Gouty arthritis) ဟာ သက်ကြီးပိုင်းမှာလည်း အဖြစ်များတယ်လို့ဆိုရမှာပါ။ အမျိုးသားများကတော့ အမျိုးသမီးများထက် ပိုအဖြစ်များတာတွေ့ရပါတယ်။

Growing pain ကလွဲလို့ ပထမအရွယ်နဲ့ ဒုတိယအရွယ်တွေမှာဖြစ်တတ်တဲ့ ဒူးနာရောဂါအားလုံးဟာ တတိယအရွယ် မှာလည်းဖြစ်တတ်ပါတယ်။

အခြားသော ဒူးနာစေတတ်တဲ့ အကြောင်းရင်းတွေကတော့ အရွယ်သုံး ပါးစလုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ဒူးဆစ်နားမှာလာတွယ်တဲ့ အရွတ်တွေယောင်ခြင်း (Tendonitis/Sprains )၊ ဒူးဝန်းကျင်ရှိ အရွတ်လုံးလေးများယောင်ခြင်း (Bursitis)၊ ဒူးကိုထိန်းထားပေးသောအရွတ်များ ယောင်ရမ်းခြင်း/ စုတ်ပြဲခြင်း (Ligamentous injuries)၊ ဒူးတွင်းရှိ မြင်းခွာပုံအရိုးနုများ ဒါဏ်ဖြစ်ခြင်း (Meniscus injuries) တို့ဖြစ်ပါတယ်။

ဆင်တုပ်ကွေးစတဲ့ အချို့သောViral infections များနဲ့ အချို့သော Bacteria infection တွေဖြစ်အပြီးမှာဖြစ်တတ်တဲ့ Reactive arthritis တွေမှာလည်း အရွယ်သုံးပါးမရွေး အဆစ်တွေနာတတ်ပါတယ်/