Friday, February 28, 2020

တတိယ အရွယ်တွင် နာသောဒူး(3)

ဇရာကြောင့်ဖြစ်လာတဲ့ ယိုယွင်းပျက်စီး မှုတွေကြောင့် ဒူးကျီးပေါင်းက ဒီအသက်အရွယ်တန်းတွေမှာ အများဆုံးဖြစ်ပါတယ်။ 

အရိုးနုတွေပါးလွှာပျက်စီးလာတာ၊ ညီညာချောမွေ့နေရမယ့် အဆစ် မျက်နှာပြင်/အရွတ်တွေတွယ်တဲ့ အရိုးမျက်နှာပြင်တွေမှာ ဗြုတ်ကလေးတွေ/ အတက်ကလေးတွေ ထွက်လာတာ၊ အဆစ်ထဲမှာရှိတဲ့ Joint Fluid ချောဆီ/ခြင်ဆီအရည်တွေ နည်းလာတာကို "ကျီးပေါင်းတက်ခြင်း" လို့ အကြမ်းဖျင်းခေါ်ပါတယ်။

အဆစ်တစ်ခုတည်းနာနေရင်တော့ ဂေါက်အဆစ်အမြစ်နာရောဂါ (Gouty arthritis) ဟာ သက်ကြီးပိုင်းမှာလည်း အဖြစ်များတယ်လို့ဆိုရမှာပါ။ အမျိုးသားများကတော့ အမျိုးသမီးများထက် ပိုအဖြစ်များတာတွေ့ရပါတယ်။

Growing pain ကလွဲလို့ ပထမအရွယ်နဲ့ ဒုတိယအရွယ်တွေမှာဖြစ်တတ်တဲ့ ဒူးနာရောဂါအားလုံးဟာ တတိယအရွယ် မှာလည်းဖြစ်တတ်ပါတယ်။

အခြားသော ဒူးနာစေတတ်တဲ့ အကြောင်းရင်းတွေကတော့ အရွယ်သုံး ပါးစလုံးမှာ အကြောင်းအမျိုးမျိုးကြောင့် ဒူးဆစ်နားမှာလာတွယ်တဲ့ အရွတ်တွေယောင်ခြင်း (Tendonitis/Sprains )၊ ဒူးဝန်းကျင်ရှိ အရွတ်လုံးလေးများယောင်ခြင်း (Bursitis)၊ ဒူးကိုထိန်းထားပေးသောအရွတ်များ ယောင်ရမ်းခြင်း/ စုတ်ပြဲခြင်း (Ligamentous injuries)၊ ဒူးတွင်းရှိ မြင်းခွာပုံအရိုးနုများ ဒါဏ်ဖြစ်ခြင်း (Meniscus injuries) တို့ဖြစ်ပါတယ်။

ဆင်တုပ်ကွေးစတဲ့ အချို့သောViral infections များနဲ့ အချို့သော Bacteria infection တွေဖြစ်အပြီးမှာဖြစ်တတ်တဲ့ Reactive arthritis တွေမှာလည်း အရွယ်သုံးပါးမရွေး အဆစ်တွေနာတတ်ပါတယ်/

No comments:

Post a Comment