Monday, August 5, 2019

Top foods for muscle gain & fat loss

 Top foods for muscle gain and fat loss
ခန္ဒာကြွတ်သား တိုးပွါးစေသည်. အကောင်းဆုံးအစာ
Almonds Coconut 
oil Peanut 
Butter 
Avocado 
Banana 
Olive oil 
Top 6 Fat loss Foods 
အဆီကျ စေသည်. အကောင်းဆုံးအစားစာ
• Raspberry 
•  Strawberry  
Broccoli 
•  Watermelon 
Popcorn 
Greek Yogurt

!!- ငှက်ပျောသီး ၀ိတ်ချနည်း- !!

  ငှက်ပျောသီးဖြင့် ၀ိတ်ချနည်းဟာ ကမ္ဘာမှာ 
လူကြိုက်များလာသည့် ၀ိတ်ချနည်းတစ်နည်း ဖြစ်လာပါပြီ။
  ဒီနည်းကို စတင်တွေ့ရှိခဲ့သူကတော့ ဂျပန်နိုင်ငံမှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။

 သူ့ရဲ့ ငှက်ပျောသီးဖြင့် ၀ိတ်ချနည်းစာအုပ်ဟာ ဂျပန်နိုင်ငံမှာသာမက ကမ္ဘာအရပ်ရပ်မှာလည်း ဘာသာပြန်ပြီး ရောင်းအားကောင်းနေသည့်အပြင် ရုပ်သံများမှလည်း တွေ့ဆုံမေးမြန်းခန်းတွေ ပြုလုပ်ပြီး တင်ဆက်ပေးနေပါပြီ။

 ဒီဝိတ်ချနည်းကို အရှေ့တိုင်း၊ အနောက်တိုင်းမှ လူအများအပြားက လက်တွေ့စမ်းသပ်ပြီး တကယ်ထိရောက်မှု ရှိလာသည့်အတွက် ကိုရီးယားမင်းသမီးများဟာလည်း ဒီနည်းကို အသုံးပြုနေကြပြီလို့ ဆိုပါတယ်။ ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း 

၁။ နံနက်စာကို ငှက်ပျောသီး 
(၂) လုံးသာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။ 

၂။ နေ့လည်စာကို ပုံမှန်အတိုင်း ထမင်း၊ ဟင်းတို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့်များတဲ့ အစာများကိုတော့ ရှောင်ပါ။ 

၃။ ညစာကိုတော့ ထမင်းဟင်းမစားပဲ သစ်သီးများနဲ့ ဟင်းသီးဟင်းရွတ်အချို့ကိုသာ စားပါ။ 

ည ၈ နောက်ပိုင်းကိုတော့ ဘာမှမစားပါနဲ့။ ဒီဝိတ်ချနည်းဟာ ရိုးရှင်းလွယ်ကူပြီး ပင်ပင်ပန်းပန်း အားကစားလည်း မလုပ်ရပဲ ငှက်ပျောသီးမှာပါဝင်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုးဟာ 
အဆီများကို စုပ်ယူပြီး 
အစာချေဖျက်မှုကို ပိုမိုကောင်းစေကာ အာဟာရပြည့်ဝသည့်အတွက် ထမင်းဆာသည့် 
အဆာကိုလည်း ထိန်းပေးတယ်လို့ ဆိုပါတယ်။ 
 ကိုးကား - Banana for weight loss

🙏!~ စိတ်ရှည်ပါ ~ သည်းခံပါ ~!🙏.

🙏 ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့အခါ စိတ်လောပြီး ဇွတ်မလုပ်လိုက်ပါနဲ့ တချို့ကိစ္စတွေက ကိုယ်ဘယ်လိုပဲကြိုးစားကြိုးစား ဖြစ်ချိန်မတန်ရင် ဖြစ်မလာတတ်သေးပါဘူး စိတ်ရှည်ပေးပါ ... ။ 

🙏 ကိုယ်အရမ်းချစ်ရသူရဲ့ အားနည်းချက် တချို့ကို
 ပြုပြင်ပြောင်းလဲဖို့ မလောလိုက်ပါနဲ့ ပြုပြင်မှုဆိုတာ  သက်မဲ့ပစ္စည်းတွေကို ကိုယ်လိုသလို ပုံသွင်းလို့ရတတ်ပေမယ့် သက်ရှိတွေကိုတော့ သူတို့ ပြောင်းလဲချင်စိတ်ရှိလာအောင် အသိတရားနှင့် အချိန်ပေးရပါတယ် စိတ်ရှည်ပေးပါ... ။ 

🙏ကိုယ့်အပေါ် တမင်ရည်ရွယ်ပြီး ထိခိုက်အောင်
လုပ်သွားသူကို ချက်ချင်းတုန့်ပြန်ဖို့ မကြိုးစားလိုက်ပါနဲ့။
 ဘာ့ကြောင့် ထိခိုက်အောင်လုပ်သွားတာလဲဆိုတဲ့ အကြောင်းအရင်းကိုရှာပြီး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်လိုက်ပါ ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ချို့နဲ့ မတန်ဘူးဆိုပေမယ့် ကိုယ့်အတွက်တော့ အေးချမ်းမှုကိုရစေပါတယ် စိတ်ရှည်ပါ

🙏 အခက်အခဲတွေကြုံတိုင်း စိတ်မြန်စွာနဲ့ မဖြေရှင်းလိုက်ပါနဲ့ တချို့သော အခက်အခဲတွေက ခုချက်ချင်းရှင်းမှ အဆင်ပြေတတ်ပေမယ့် တချို့သော စိန်ခေါ်မှုတွေက 
ကိုယ့်ရဲ့ သည်းခံစိတ်ရှည်တဲ့ သက်လုံကို စမ်းသပ်မှုတွေ ပါနေပါတယ် စိတ်ရှည်ပေးပါ ... ။ 

🙏စိတ်ရှည်ခြင်းဆိုတာ အမှားနည်းစေသလို အလုပ်ပြီးမြောက်အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်ပါ စိတ်ရှိလက်ရှိလုပ်လိုက်မိလို့ ကိုယ့်ကြောင့်အခြားသူ 
နာကျင်ရကာ ရလာတတ်တဲ့ နောင်တတွေကို ကာကွယ်ပေးပြီး ဆုံးဖြတ်ချက်တိုင်းကို စေ့စပ်လုံခြုံ အမှားနည်းစေတယ်။ 

🙏စိတ်ရှည်ခြင်းဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး တည်ငြိမ်မှုကိုရလာစေကာ အောင်မြင်မှုတွေရဖို့ ... 
အကောင်းဆုံး ဗျူဟာတစ်ခုလို့ ပြောလို့ရပါတယ်။ 

🙏သမ္မာကျမ်းကတော. ဒီလိုပြောပါတယ် 🙏
Proverbs 14:29- စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသော သူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ 
Proverbs 16:32 -စိတ်ရှည်သော သူသည်ခွန်အားကြီး သောသူထက်င်း၊ မိမိစိတ်ကို ချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသော သူထက်င်း၊ သာ၍ကောင်း၏၊ 
🙏Ep:4:2 အရာရာ၌ စိတနှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကိုတယောက် သည်းခံခြင်းရှိကြ၍၊ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်း အားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘော မခြားမနား တလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့။ 
🙏Col-3:12 သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့။

!!> သည်းခံခြင်းက အောင်မြင်ခြင်းပါ

တကယ်တော. သည်းခံခြင်းက အောင်မြင်ခြင်းပါ 
မာန မရှိတာ မဟုတ်ပါဘူး……!!
🍁 ကိုယ့်မာနကြောင့် အခြားသူကို အနေကျပ်မှာဆိုးလို့ပါ။
 ရန်မဖြစ်တတ်တာ မဟုတ်ဘူး…!!
🍁 ရန်ဖြစ်ခြင်းက နှစ်ဦးစလုံးကို ထိခိုက်စေလို့ပါ။ 

လောဘ မရှိတာမဟုတ်ဘူး…!!
🍁 သူများမျက်ရည်ပါနေတဲ့ ထမင်းကို မစားချင်လို့ပါ။ 
အောင်မြင်မှုအကြီးကြီး မလိုချင်တာမဟုတ်ဘူး…!!
🍁 သူများတကာကို နင်းပြီး မတက်ချင်လို့ပါ။ 

♥ စိုးရိမ်စိတ်တွေ မရှိတာ မဟုတ်ပါဘူး…!!
🍁 စိုးရိမ်နေလို့ရော အရာအားလုံးကပြီးသွားမှာ မဟုတ်လို့ပါ။ 
♥ မလိမ်ညာတတ်တာ မဟုတ်ဘူး…!!
🍁 ရိုးသားခြင်းက ပိုပြီးငြိမ်းချမ်းစေတယ် ထင်လို့ပါ။ 

♥ မချစ်တတ်တာ မဟုတ်ပါဘူး……!!
🍁 သံယောဇဉ်ရဲ့ ပူလောင်ခြင်းကို ကြောက်သွားလို့ပါ။ 
♥ ဒေါသ မရှိတာမဟုတ်ပါဘူး……!!
🍁 စိတ်တိုမိရင် ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းလွန်းလို့ပါ။

မယုံကြည်တတ်တာ မဟုတ်ဘူး……!!
🍁 ယုံကြည်မိရင် အလိမ်ခံရလွန်းလို့ပါ။ 
♥ စကားမပြောတတ်တာ မဟုတ်ဘူး……!!
🍁 မုသားစကားတွေကို သုံးနေရတာ စိတ်ပျက်လွန်းလို့ပါ။ 

ကွက်ကျော်ရိုက်သွားတာ "အ"လို့ခံလိုက်တာမဟုတ်ဘူး။ 
🍁 တစ်ခါတလေ မသိချင်ယောင်ဆောင်လိုက်ခြင်းက!! ကိုယ့်အတွက် အေးချမ်းတယ် ထင်လို့ပါ။ 
🍁 လူသားတိုင်းမှာ လောဘ ၊ ဒေါသ ၊ မာန ၊ ကိလေသာ  စသည်တို့ ရှိနေပေမယ့်လည်း သည်းခံသင့်သည်ကို
 🍁သည်းခံခြင်းက မိမိအတွက် စစ်မှန်တဲ့ ငြိမ်းအေးခြင်း ဖြစ်ပါတယ် "သည်းခံခြင်းဆိုတာက…… 
🍁 အညံ့ခံခြင်း မဟုတ်သလို……
 🍁 အရူံးပေးခြင်းလည်း မဟုတ်ပါ။ မိမိကိုယ်နှင့် အခြားသူကို အောင်နိုင်ရန် တုန့်ပြန်တတ်တဲ့စိတ်ကို ဘရိတ်အုပ် ထိမ်းသိမ်းခြင်းပင် ဖြစ်ပါတယ်။" 


အိမ်သားတွေ နေမကောင်းဖြစ်ရင် ဒါတွေမကျွေးပါနဲ.။

 နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။ အိမ်ရှင်မတွေသာမက အိမ်သားအားလုံးသိထားမှ တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်နိုင်မှာပါလူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူပေမယ့် ဘာပဲပြောပြော သတိထားရှောင်လိုက်တာ အကောင်းဆုံးပါ။
1- နှာစေး 
- ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊
 ဆေးလိပ် နှင့် အရက်
2- ချောင်းဆိုး - 
 ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ 
အရက် နှင့် ချိုသောအစားအစာများ 
3- အစာအိမ်ရောင်ခြင်း 
-အကြော်အလှော်၊အရက်၊ငရုပ်သီး
 နှင့်ကောက် ညှင်း
4-နာတာရှည်အစာအိမ်ရောင်-
 ကောက်ညှင်း၊အသုတ်၊အချဉ်ဖေါက် ထားသောအစာ 
5- အူရောင် - 
ငှက်ပျောသီး၊ မာလာကာသီး 
6-အသည်းရောဂါ- 
ငန်း(ကြက်၊ဘဲ)အရေခွံ၊ ဝက်သားဆီ၊ ဆေးလိပ် နှင့် 
အရက် ဖြစ်ပြီး အရေးကြီးဆုံးက အိပ်ရေးပျက်ခံလို့မရပါ။
 7- နှလုံးရောဂါ-  
ကယ်လိုရီများသောအစာ နှင့် ငံသောအစားအစာများ
8- ကျောက်ကပ်ရောဂါ- 
ဘီယာ၊အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက် 
9- ဆီးချိုရောဂါ - 
 အချိုစာ၊ အရက်၊ အဆီများသောအစာ၊ 
ဆီကြော်စာ နှင့် အကင်
10- သွေးအားနည်း:
တရုတ်နံနံ  
11- သွေးတိုးရောဂါ
အငံဓာတ်များသောအစာ၊ဥအနှစ်၊တိရိစ္ဆာန်ကလီစာ 
12-အစာအိမ်နာ - 
ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သောဟင်း၊ ကောက်ညှင်း၊ အရက်၊နာနတ်သီး၊ငရုတ်သီး နှင့်မာလာကာသီး 
13-အရိုးကာအမြှေးရောင်နာ 
  ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး 
14-လိပ်ခေါင်းရောဂါ  
 အရက်၊ ဆေးလိပ်၊ ဆီကြော်စာတွေ  
15-လေးဖက်နာရောဂါ 
  ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ
16- အရေပြားAllergic
 ပင်လယ်စာ၊ပိန်းဥ၊သရက်သီး၊ ရေခဲ၊လိုင်ချီးစ်သီး
17-အာရုံကြောအားနည်း 
 ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ BeeTalk စာမျက်နှာမှ