Monday, August 5, 2019

🙏!~ စိတ်ရှည်ပါ ~ သည်းခံပါ ~!🙏.

🙏 ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့အခါ စိတ်လောပြီး ဇွတ်မလုပ်လိုက်ပါနဲ့ တချို့ကိစ္စတွေက ကိုယ်ဘယ်လိုပဲကြိုးစားကြိုးစား ဖြစ်ချိန်မတန်ရင် ဖြစ်မလာတတ်သေးပါဘူး စိတ်ရှည်ပေးပါ ... ။ 

🙏 ကိုယ်အရမ်းချစ်ရသူရဲ့ အားနည်းချက် တချို့ကို
 ပြုပြင်ပြောင်းလဲဖို့ မလောလိုက်ပါနဲ့ ပြုပြင်မှုဆိုတာ  သက်မဲ့ပစ္စည်းတွေကို ကိုယ်လိုသလို ပုံသွင်းလို့ရတတ်ပေမယ့် သက်ရှိတွေကိုတော့ သူတို့ ပြောင်းလဲချင်စိတ်ရှိလာအောင် အသိတရားနှင့် အချိန်ပေးရပါတယ် စိတ်ရှည်ပေးပါ... ။ 

🙏ကိုယ့်အပေါ် တမင်ရည်ရွယ်ပြီး ထိခိုက်အောင်
လုပ်သွားသူကို ချက်ချင်းတုန့်ပြန်ဖို့ မကြိုးစားလိုက်ပါနဲ့။
 ဘာ့ကြောင့် ထိခိုက်အောင်လုပ်သွားတာလဲဆိုတဲ့ အကြောင်းအရင်းကိုရှာပြီး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်လိုက်ပါ ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ချို့နဲ့ မတန်ဘူးဆိုပေမယ့် ကိုယ့်အတွက်တော့ အေးချမ်းမှုကိုရစေပါတယ် စိတ်ရှည်ပါ

🙏 အခက်အခဲတွေကြုံတိုင်း စိတ်မြန်စွာနဲ့ မဖြေရှင်းလိုက်ပါနဲ့ တချို့သော အခက်အခဲတွေက ခုချက်ချင်းရှင်းမှ အဆင်ပြေတတ်ပေမယ့် တချို့သော စိန်ခေါ်မှုတွေက 
ကိုယ့်ရဲ့ သည်းခံစိတ်ရှည်တဲ့ သက်လုံကို စမ်းသပ်မှုတွေ ပါနေပါတယ် စိတ်ရှည်ပေးပါ ... ။ 

🙏စိတ်ရှည်ခြင်းဆိုတာ အမှားနည်းစေသလို အလုပ်ပြီးမြောက်အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်ပါ စိတ်ရှိလက်ရှိလုပ်လိုက်မိလို့ ကိုယ့်ကြောင့်အခြားသူ 
နာကျင်ရကာ ရလာတတ်တဲ့ နောင်တတွေကို ကာကွယ်ပေးပြီး ဆုံးဖြတ်ချက်တိုင်းကို စေ့စပ်လုံခြုံ အမှားနည်းစေတယ်။ 

🙏စိတ်ရှည်ခြင်းဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတဖြစ်ပြီး တည်ငြိမ်မှုကိုရလာစေကာ အောင်မြင်မှုတွေရဖို့ ... 
အကောင်းဆုံး ဗျူဟာတစ်ခုလို့ ပြောလို့ရပါတယ်။ 

🙏သမ္မာကျမ်းကတော. ဒီလိုပြောပါတယ် 🙏
Proverbs 14:29- စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသော သူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ 
Proverbs 16:32 -စိတ်ရှည်သော သူသည်ခွန်အားကြီး သောသူထက်င်း၊ မိမိစိတ်ကို ချုပ်တည်းသောသူသည် မြို့ကို တိုက်ယူသော သူထက်င်း၊ သာ၍ကောင်း၏၊ 
🙏Ep:4:2 အရာရာ၌ စိတနှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကိုတယောက် သည်းခံခြင်းရှိကြ၍၊ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်း အားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘော မခြားမနား တလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့။ 
🙏Col-3:12 သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့။

No comments:

Post a Comment