Friday, January 30, 2015

ဆီးချိုရောဂါဖြစ်ရခြင်းအကြောင်းရင်း


ဆီးချိုရောဂါ သည် ယခုမှ ပေါ်လာသော ရောဂါမဟုတ် ရှေးနှစ်ပေါင်း ထောင်ကျော်က အိန္ဒိယနိုင်ငံမှ လာသော အာယုဗေဒဆေး ပညာတွင် 'မဓုပမေဟ' ဟူသော ဆီးကို ပုရွက်ဆိတ်များ အုံသောရောဂါ အကြောင်းကို ဖော်ပြ ထားသည်ကို တွေ့ရသည်။ အချိုကြိုက်ပြီး အချိုဓာတ် များသော အစားအစာ များကို လွန်ကဲစွာ စားသောက် သူများတွင် ဖြစ်တတ်သော ရောဂါအဖြစ် ဖော်ပြ ထားသည်ကို တွေ့ရသည်။

ဆီးချိုရောဂါ သည် အသက်ကြီးမှ ဖြစ်သော ရောဂါမျိုးမဟုတ်၊ ဆီးချိုမျိုးရိုး ပါလာသူ များသည် ငယ်စဉ် သက်လတ်ပိုင်း ကပင် ဆီးချိုရောဂါ ခံစားလာ ရသည်ကို တွေ့ရသည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တွင် ကံကြောင့် ဖြစ်သော ဆီးချိုရောဂါ ဟု ဆိုရမည် ဖြစ်သည်။ ဆီးချိုသည် ကူးစက်ရောဂါ မဟုတ်သော်လည်း မျိုးရိုးစဉ်ဆက် ဖြစ်တတ်သော ရောဂါမျိုး ဖြစ်သည်။ မိဘဘိုးဘွားတွင် တစ်ဦးဦး ဆီးချိုရောဂါ ရှိခဲ့လျှင် မိမိ လက်ထက်တွင် ငယ်စဉ်ကပင် သတိထားပြီး အချိုကြိုက်သော အလေ့ကိုရှောင်ကြဉ်ခြင်းဖြင့်ကာကွယ်နိုင်ပေသည်။

အသက်ကြီးမှ ဖြစ်သောရောဂါ တစ်နည်းအားဖြင့် မျိုးရိုးလိုက်ခြင်း မဟုတ်ဘဲ မိမိ၏ အနေအထိုင် အစားအသောက် အမှားကြောင့် ဖြစ်သော ဆီးချိုရောဂါကို ဆီးချိုရောဂါ အမျိုးအစား (၂)အဖြစ် ဆရာဝန် ကြီးများက သတ်မှတ်သည်။ အချိုဓာတ် များသောအစာ၊ အဆိမ့်အအီ များသောအစာ၊ အဆီနှင့် တွဲနေသော အသားကို အစားများသူ များတွင် ဖြစ်နိုင်သည်။ အချိန် ကြာမြင့်စွာ ရေခဲရိုက်ပြီး သိမ်းထားသော အစာနှင့် ရေခဲသေတ္တာ မှအစာကို စားသုံးမှု များခြင်း ကြောင့်လည်း ဆီးချို ဖြစ်နိုင်သည်။ ထမင်း စားပြီးတိုင်း အချိုရည် သောက်သုံးသူ နှင့် မောပန်းသည့် အခါတိုင်းတွင် အချိုရည် သံဘူးများ သောက်သုံးလေ့ ရှိသူများတွင် ပို၍ အဖြစ်များသည်။

ဆီးချိုရောဂါ သည် သွေးအတွင်း သကြားဓာတ် များပြီး ဖြစ်ရသော ရောဂါ ဖြစ်သဖြင့် ဆီးမချိုခင် ကပင် သွေးက ချိုပြီးဖြစ်နေ သည်။ ထို့ကြောင့် သွေးချိုရောဂါ ဟု ခေါ်ဝေါ်မှသာ မှန်ကန်သည်ဟု ဆိုသည်။ ဆီးချိုရောဂါ ဟု ခေါ်ဝေါ်သည်မှာ နှုတ်ကျိုး နေသဖြင့် ဆီးချို - သွေးချို ရောဂါဟု ခေါ်လျှင် ပို၍ သင့်တော်မည် ဖြစ်သည်။

ဆီးချိုရောဂါသည် အအေးကြိုက် သူများတွင် ပို၍ ဖြစ်နိုင်သည်။ အပူပိုင်း ဒေသတွင် နေထိုင်သူများ နှင့် အအေးပိုင်း ဒေသတွင် နေထိုင်သူ များတွင် အအေးပိုင်းတွင် နေထိုင်သူများက ပို၍ ဆီးချိုရောဂါ ဖြစ်လေ့ ရှိသည်ကို လေ့လာတွေ့ရှိ ရသည်။ နေရောင်ခြည် နှင့် နေ့စဉ်ထိတွေ့ အလုပ်လုပ် ရသူများနှင့် အလုံပိတ် အဲယား ကွန်းခန်း များတွင် အလုပ် လုပ်ရသူများတွင် ဆီးချို သွေးချိုရောဂါ ဖြစ်နှုန်းမှာ အအေးခန်းတွင် လုပ်ရ သူများက ပို၍ ဖြစ်နိုင်သည်ကို တွေ့ရသည်။

လမ်းလျှောက် နည်းခြင်း သည်လည်း ဆီးချို သွေးချိုရောဂါ ဖြစ်ရခြင်း၏ အကြောင်းရင်းခံ တစ်ခုဖြစ်သည်။ လူတိုင်း တစ်နေ့လျှင် နှစ်မိုင်ခန့် အနည်းဆုံး လမ်းလျှောက် ရမည်။ ကားစီးပြီး နေ့စဉ် သွားလာကာ လမ်းလျှောက်ရန် မေ့နေကြ သူများတွင် အသက်ကြီးလျှင် သွေးတွင် အချိုဓာတ် များလာပြီး နောက်ဆက်တွဲ ရောဂါများ အဖြစ် ဆီးချိုမှ ကျောက်ကပ်၊ ဆီးချိုမှ နှလုံး၊ ဆီးချိုမှ ထုံကျဉ်နှင့် လေငန်းရောဂါ များ ဆက်၍ ဖြစ်လာလေ့ ရှိသည်။ နေ့စဉ် လမ်းလျှောက်ပေးခြင်း၊ လေ့ကျင့်ခန်း တစ်မျိုးမျိုး လုပ်ပေးခြင်းဖြင့် ကြိုတင် ကာကွယ် သင့်ကြောင်း တင်ပြ လိုက်ရ ပေသည်။


ဆေးသောက်စရာမလိုပဲသွေးတိုးကျနိုင်တဲ့နည်းလမ်း၁၀မျိုး

(၁)၀ိတ်ချပါ၊
ဗိုက်မရွှဲပါစေနဲ့သွေးပေါင်တက်ခြင်းဟာ ၀ိတ်
တက်တာနဲ့ တွဲနေတတ်ပါတယ်။၁၀ပေါင်ချတာနဲ့တင်
 သွေးပေါင်က စပြီး ကျတာပါ။ လွယ်လွယ်ပြောရရင် ၀ိတ်ကျလေ သွေးပေါင်ကျလေပါပဲ။ ဆေးသောက်နေ
ရရင်လည်းဝိတ်ကျရင်ဆေးလျှော့လို့ ရနိုင်ပါတယ်။
ဝိတ်ချရုံတင်မကဘူးဗိုက်မရွှဲဖို့လည်းအရေးကြီးပါတယ်။
 မြန်မာ လူမျိုးတွေ အပါအ၀င် အာရှတိုက်သားတွေမှာ
 ယောက်က်ျားတွေက ခါး ၃၆ လက်မ၊
အမျိုးသမီးတွေက ခါး ၃၂ လက်မထက်များရင်
 သွေးပေါင်တက်နိုင်ပါတယ်။
 (၂)လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊
တစ်နေ့ကို မိနစ် ၃၀ ကနေ
၆၀ တစ်ပါတ်ကို ၄-၅ ရက်လုပ်ရင်ကို သွေးပေါင်ချိန်
၎ မီလီမီတာ ကနေ ၉ မီလီမီတာအထိကျနိုင်ပါတယ်။
သိပ်မကြာခင် ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာတင်
ထိရောက်မှုကို တွေ့နိုင်ပါတယ်။တကယ်လို့ သွေးတက်
တာကအစပဲရှိပြီး အထက်သွေးပေါင်ချိန်က ၁၂၀-၁၃၉၊
 အောက် သွေးက ၈၀-၈၉ ဆိုရင်လေ့ကျင့်ခဏ်းလုပ်ရင်
 သွေးမတက်တော့ဘူး။ သွေးတိုး ရှိုပြီးသား ဆိုရင်လည်း
အန္တရယ်ရှိအောင်သွေးမတက်တော့ ဘူးပေါ့။
တစ်ခါတစ်လေ စနေ၊တနင်္ဂနွေမှ လေ့ကျင့်ခဏ်း
လုပ်တာထက် တစ်နေ့ခြား လောက်ပုံ
မှန်လုပ်တာ ကပိုကောင်းပါတယ်။
 (၃)ကျန်းမာစေမည့်အစားသောက်တွေစားပါ။
အသီးအရွက်တွေအဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေစာသုံးပြီး ကိုလက်စတီရောတွေ လျော့ချရုံနဲ့တင် သွေးပေါင်
၁၄ မီလီမီတာအထိကျနိုင်ပါတယ်။ ပိုတက်စီယမ် ဓာတ်
ပါတဲ့ အစားအသောက်တွေစားပါ။ ပိုတက်စီယမ်ဓာတ်က
ဆိုဒီယမ်ဆားဓာတ် ကို လျော့စေပြီး သွေးပေါင်ကို
ကျစေပါတယ်။ ပိုတက်စီယမ်များတဲ့ အစာတွေ ကတာ့
 ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊၊ အာလူး၊ မက်မွန်သီး၊ ဒိန်ချဉ်၊ ဆော်လ်မွန်ပါး၊ ထောပတ်သီး၊ မှို၊ ငှက်ပျောသီးတွေ
 ဖြစ်ပါတယ်။ အချိုကဲတဲ့ အစာ တွေ ကိုလည်း လျှော့ပါ
။ဈေးဝယ်တဲ့အခါလည်းကျန်းမာတဲ့
အစားအသောက်တွေကိုပဲဝယ်ပါ။
(၄)ဆားဓာတ်ကိုလျှော့ပါ။
 ဆားနည်းနည်းလေးလျှော့တာနဲ့တင် သွေးပေါင်က
၂ မီလီမီတာကနေ၈မီလီမီတာ လောက်အထိကျနိုင်ပါတယ်။
လူတစ်ယောက်အတွက် တစ်နေ့တာ ဆားလို အပ်ချက်က
လက်ဘက်စားဇွန်းတစ်ဇွန်းပဲ ရှိပါတယ်။ ဒါတောင်
တခြားဆားကဲတဲ့ ငံပြာ ရည်၊ ငါးပိ၊ ငါးခြောက်၊
ပုစွန်ခြောက်တွေမပါပါဘူး။ အိမ်ရှင်မတွေက သုံးတဲ့ ဆား
ပမာဏနဲ့ အိမ်သားဦးရေကို တွက်ကြည့်ရင် သိနိုင်ပါတယ်။
အငံကြိုက်သူ တွေ အနေ နဲ့ တဖြည်းဖြည်းလျှော့တာ၊
စားတဲ့ပမာဏလျှော့တာတွေ လုပ်နိုင်ပါတယ်။
 (၅)အရက်ကိုများများမသောက်ပါနဲ့။ 
အမျိုးသား တွေက တစ်ပါတ်ကို ၂၁ ယူနစ်နဲ့၊
အမျိုးသမီးတွေက ၁၄ ယူနစ်ထက်ပိုပြီး မသောက်ပါနဲ့။ အရက်များများသောက်ရင် သွေးကျဆေးတွေရဲ့ 
အာနိသင်လည်း နည်းနိုင်ပါတယ်။
(၆)ကွမ်းယာနဲ့ဆေးလိပ်ဖြတ်ပါ။ 
ကွမ်းယာနဲ့ ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်က
ကိုယ်ထဲရောက်ပြီးရင် သွေးပေါင်ကို ၁၀ မီလီမီတာနဲ့
အထက် တစ်နာရီလောက်တက်စေပါတယ်။ တစ်နေ
ကုန်သာ ဆိုရင်တော့ သွေးပေါင်ချိန်က တောက်လျှောက်
တက်နေမှာပေါ့။ကိုယ်တိုက် ဆေးလိမ်မသောက်
ရင်တောင် ဆေးလိပ်ခိုးတွေရှိတဲ့
လက်ဘက် ရည်ဆိုင် တွေကိုရှောင်ပါ။
(ရ)ကော်ဖီလျှော့သောက်ဖို့လိုရင်လျှော့ပါ။
တချို့လူတွေက ကော်ဖီသောက်ပြီးရင် သွေးပေါင်တက် တတ်ပါတယ်။ကော်ဖီ သောက်ပြီးနာရီဝက်နေရင်သွေး
ပေါင်တိုင်းပြီးသွေးပေါင်ချိန်တက်မတက်သိနိုင်ပါတယ်။
 (၈)စိတ်သောကတွေကိုလျှော့ချပါ။
 သောကတွေက သွေးပေါင်ချိန်ကိုတက်စေပါတယ်။ တရားမှတ်ခြင်းက သောက တွေကိုနည်းစေပြီး
 သွေးပေါင်ချိန်တက်တာကို ထိန်းနိုင်ပါတယ်။
အပြော လွယ် သလောက်လုပ်ဖြစ်ဖို့ခက်ပါတယ်။ (၉)သွေးပေါင်ချိန်ပုံမှန်လုပ်ပြီးဆရာဝန်နဲ့မှန်မှန်ပြပါ။
 သွေးတိုးရှိရင် သွေးပေါင်ချိန်မှန်မှန်ချိန်ပြီး ဆရာဝန်နဲ့
ပုံမှန်ပြသင့်ပါတယ်။ အထူးသဖြင့် သွေးပေါင်ချိန်က
တက်တယ်ဆိုရင်တခြားဆေးစစ်မှုတွေလိုအပ်နိုင်ပါတယ်။ (၁၀)မိသားစုနဲ့မိတ်ဆွေတွေကိုတိုင်ပင်ပါ။ 
မိသားစုနဲ့ မိတ်ဆွေတွေကကိုယ့်အတွက်အကောင်းဆုံး
အကြံဥာဏ်တွေကို ပေးနိုင် ပါတယ်။ကိုယ်လက်
လှုပ်ရှားမှုတွေကို ပုံမှန်လုပ်နိုင်ဖို့ကလည်း
အဖော်ကောင်းလိုအပ်ပါတယ်။

ဗက်တီးရီးယား သန်း ၈ဝ ကူးစက်နိုင်

(Amsterdam) Microbiome ဂျာနယ်တွင် ရေးသား ဖော်ပြထားသော လေ့လာတွေ့ရှိချက် အ သစ်အရ လူတစ်ဦးနှင့် ၁ဝ စက္ကန့်ကြာ နမ်း ရှုပ်ခြင်းက ဗက်တီးရီးယားပိုးမွှား သန်း ၈ဝ ကို ကူးပြောင်းလက်ခံနိုင်သည်ဟု သိရသည်။ အစာချေဖျက်မှုနှင့် ဗက်တီးရီးယား ပိုးမွှားများ၏ ဂေဟစနစ်အရ လူတစ်ဦး၏ ပါးစပ်တွင် အမျိုးစုံသော ဗက်တီးရီးယားပိုး မွှားပေါင်း ၇ဝဝ ခန့် ရှိနေသည်ဟု ဆိုသည်။ နယ်သာလန် ဇီဝသိပ္ပံ သုတေသနအ ဖွဲ့ခေါင်းဆောင် ရမ်ကိုကော့က ချစ်သူစုံ တွဲ တစ်တွဲသည် တစ်နေ့လျှင် အနည်းဆုံး ကိုးကြိမ်နမ်းကြခြင်းဖြင့် ခံတွင်းရည်မှ ဗက် တီးရီးယားပိုးမွှားများ တစ်ဦးကိုတစ်ဦး အ ပြန်အလှန် ကူးစက်နိုင်သည်ဟု ဆိုသည်။ သုတေသီများသည် ၄င်းတို့၏ လေ့လာ စမ်းသပ်မှုကို ချစ်သူစုံတွဲ ၂၁ တွဲဖြင့် စမ်း သပ်လေ့လာခဲ့ကြသည်။ နယ်သာလန် သု တေသီများသည် ချစ်သူစုံတွဲ နှစ်ဦးမှ တစ်ဦး ကို သီးခြားဖန်တီးထားသော နို့ထွက်ဖျော် ရည်တစ်ခွက်ကို သောက် စေပြီး ယင်းဖျော် ရည်တွင်ပါဝင်သော ဗက်တီးရီးယား အမျိုး အစားနှင့် အရေအတွက်ကို မှတ်တမ်းပြုစု ထားသည်။ ထို့နောက် ချစ်သူနှစ်ဦးကို ၁ဝ စက္ကန့် နမ်းစေပြီးနောက် အထူးစီမံထားသော ဖျော်ရည်မသောက်ထားသူ၏ ခံတွင်းမှ ဗက် တီးရီးယားကို ခွဲခြားရေတွက်မှု ပြုလုပ်ကြ သည်။ ထို့အပြင် ချစ်သူစုံတွဲ များကို အချင်း ချင်းနမ်းကြသော အလေ့အထ အကြိမ်အ ရေ အတွက် ပေါ်တွင်လည်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ လေ့လာစမ်းသပ်မှုများ ပြု လုပ်ခြင်းဖြင့် အဖော်နှစ်ဦးကို နမ်းရာတွင် ဗက်တီးရီးယားပိုးများ ကူးစက်ရောက်ရှိမှု အတိုင်းအဆ ပမာဏကို လေ့လာသိရှိခဲ့ကြ သည်။ သုတေသီများက ယင်းသို့ ဗက်တီးရီး ယားပိုးမွှားများ တိုးပွားလာခြင်းသည် ကောင်း သောအရာဖြစ်ပြီး ကောင်းသော ဗက်တီးရီး ယားပိုးမွှားများ များပြားလာခြင်းက ရောဂါ ပိုးများကို ခုခံကာကွယ်နိုင်မှုအား ပိုမိုမြင့် မားလာစေသည်ဟုဆိုသည်။ Ref: MNT ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ(၁၀) အမှတ်(၄၆)