Friday, July 13, 2018

HOW to cook KOREA KIMCHI

                                         KOREA KIMCHI

ကြက်သား ဒံပေါက်


လေ့ကျင့်ခန်းလုပ်ခြင်းဖြင်. ကျန်းမာအောင် နေထိုင်နည်း


(၁) လေ့ကျင့်ခန်း လုပ်ရတာ မကြိုက်ဘူး
တချို့တွေမှာ ခံယူချက် ရှိပါတယ်။ ငါက လေ့ကျင့်ခန်း လုပ်ရတာ စိတ်မပါဘူး။ Gym လည်း မသွားချင်ဘူး စသဖြင့်ပေါ့။ ဒါပေမဲ့ လေ့ကျင့်ခန်းဆိုတာ Gym သွားမှ ဖြစ်တာ မဟုတ်ပါဘူး။ အလုပ်တစ်ခုကို ပုံမှန်လုပ်နေခြင်းဟာ လေ့ကျင့်ခန်းပါပဲ။ လမ်းလျှောက်မယ်၊ စက်ဘီး စီးမယ်ဆိုတာလည်း လေ့ကျင့်ခန်းပါပဲ။
သိထားသင့်တာတစ်ခုက လေ့ကျင့်ခန်းဆိုတာ ခန္ဓာ ကိုယ်တောင့်တင်း ဖို့်ထက် စိတ်ရော လူရော ကျန်းမာစေတယ် ဆိုတာပါပဲ။ စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါတွေကို ရှောင်ရှားဖို့အတွက် လေ့ကျင့်ခန်းက အကောင်း ဆုံးပါပဲ။ ဒါ့အပြင် သွေးတိုး၊ ဆီးချို အစရှိတဲ့ရောဂါတွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ အလေးမမှ လေ့ကျင့်ခန်းလုပ်တာ မဟုတ်ပါဘူး။ ကတာ၊ ဘိုးလင်း ပစ်တာတွေဟာလည်း လေ့ကျင့်ခန်းပါပဲ။ သင့်အနေနဲ့ ပုံမှန်ပြုလုပ်ဖို့သာ လိုအပ်ပါတယ်။
(၂) လေ့ကျင့်ခန်းလုပ်ဖို့ အရမ်းပင်ပန်းနေပြီ
အဓိက က စိတ်ပါပဲ။ ကိုယ် ဝါသနာမပါတဲ့ လေ့ကျင့်ခန်းတွေကို ဘယ်သူမှ မလုပ်ချင်ပါဘူး။ ပင်ပန်းတယ်ဆိုတဲ့ အကြောင်းပြချက် ထွက်လာမှာပါပဲ။ တစ်ခါတလေ တကယ်ကို ပင်ပန်းနေတဲ့ အချိန်တွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မညာဖို့က အရေး အကြီးဆုံးပါပဲ။ ဒီလေ့ကျင့်ခန်းကို စိတ်မဝင်စားဘူးဆိုရင် နောက်ထပ် လေ့ကျင့်ခန်းတစ်မျိုးကို မြန်မြန်ပြောင်းပါ။ အကြိမ်ကြိမ် ပြောခဲ့သလိုပါပဲ။ Gym သွားမှ လေ့ကျင့်ခန်း မဟုတ်ပါဘူး။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်မှလည်း အထင်ကြီးခံရမှာ မဟုတ်ပါဘူး။ စိတ်ကြောင့်ဖြစ်တဲ့ ပင်ပန်းခြင်းအတွက် ဖြေရှင်းစရာနည်းလမ်းတွေ ရှိပြီးသားပါ။
နောက်တစ်ချက် အနေနဲ့ အမှန်တကယ် ပင်ပန်းနေတာလားဆိုတဲ့ အချက်ပါ။ သင့် ခန္ဓာကိုယ်မှာ သင် ကိုယ်တိုင် မသိနိုင်တဲ့ ရောဂါတွေ ရှိနေနိုင်ပါတယ်။ နှလုံးရောဂါ၊ သွေးအားနည်းရောဂါနဲ့ လည်ပင်းကြီးရောဂါရှင်တွေဟာ သာမန်ထက်ပိုပြီး နွမ်းနယ်လွယ်ပါတယ်။ ဒါ့ကြောင့် သင်စိတ်ကို မပြုပြင်ခင် သင့်ခန္ဓာကိုယ်ကရော လုံလောက်အောင် ကျန်းမာပြီလားဆိုတာ အရင်ဆန်းစစ်ပါ။
(၃) Gym သွားတော့မှပဲ ခန္ဓာကိုယ်လှအောင် လုပ်တော့မယ်
Gym သွားတဲ့သူတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ မသွားခင် ရလဒ်အတိုင်းပဲ ပြီးဆုံး သွားတတ်ပါတယ်။ တကယ်ကို စိတ်နှစ်ပြီး ကြိုးစားအောင် လုပ်နိုင်သူတွေသာ လိုချင်တဲ့ ခန္ဓာကိုယ်ကို ရရှိသွားကြပါတယ်။ သင့်စိတ်မှာ Gym သွားမှ ဒီလိုဖြစ်မယ်လို့ ထင်နေရင် သင်ဟာ မဖြစ်နိုင်တဲ့ ၅၀ ရာခိုင်နှုန်းမှာ ပါနေပါပြီ။ Personal Trainer ပေးနိုင်တဲ့ Gym တချို့မှအပ တော်တော်များများဟာ ကိုယ့်ကိုယ်ကို လေ့ကျင့်ယူကြရတာပါ။ အကယ်၍ သင်မျှော်လင့်တဲ့ အတိုင်းဖြစ်မလာ ခဲ့ရင် သင့်ကိုယ်သင်ထင် Gym ကို အပြစ် အရင်မြင်ပါလိမ့်မယ်။ သင့်တော်တဲ့ လေ့ကျင့်ခန်းဆိုတာ Gym သွားတာထက် အများကြီး ပိုပါတယ်။
(၄) ဝမှမဝတာ..လေ့ကျင့်ခန်း မလိုပါဘူး
အများဆုံးပေးတတ်ကြတဲ့ အကြောင်းပြချက်ပါ။ ဝမှ လေ့ကျင့်ခန်း လိုအပ်သလို အများစုက ထင်တတ်ကြပါတယ်။ လေ့ကျင့်ခန်းဆိုတာ လူတိုင်းအတွက် လိုအပ်ပါတယ်။ သင်ဟာ အခုအချိန်​ မဝရင်တောင် အသက်ကြီးလာရင် ဝလာနိုင်ပါတယ်။ မိမိနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်း ကို ရွေးချယ်ပြုလုပ်ပြီး ကာကွယ်နိုင်တဲ့ ရောဂါတွေကို ကြိုတင် ကာကွယ်လို့ရပါတယ်။
ဒီအချက်တွေဟာ ကျွန်တော်တို့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အများဆုံးတားဆီးနေတဲ့ အကြောင်းပြချက်တွေပါ။ ဒါတွေကို ကျော်လွှားပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ကြရအောင်။