Friday, August 9, 2019

Dragon Fruit နဂါးမောက်သီး၏ အာနိသင်

 1. နဂါးမောက်သီး (227 grams) တွင် 
ပါဝင်သည်.အာနိသင်များမှာ-
2): • Calories: 136 
• Protein: 3 grams 
• Fat: 0 grams 
• Carbohydrates: 29 grams 
• Fiber: 7 grams 
• Iron: 8% of the RDI 
• Magnesium: 18% of the RDI 
• Vitamin C: 9% of the RDI 
• Vitamin E: 4% of the RDI 
 (2)နာတာရှည် ကာကွယ်ပေးသည်။
(၃) အစာချေလွယ်ကူစေရန် ပံ.ပိုးသည်။
(၄) အူလမ်းကြောင်း ထောက်ကူပေးသည်။
 (၅) ကိုယ်ခံအားကောင်းစေသည်။
(၆) ဗီတာမင် စီ -သံဓါတ်ပါဝင်သည်။
(၇) မဂ္ဂနီဆီယမ်ဓါတ် ပါဝင်ခြင်းကြောင်း 
လိုအပ်သော အားအင်ဖြစ်ထွန်းစေသည်။ 
(Internet Healthy food Suorce )


မှိုအကြောင်း သိကောင်းစရာ

စားသင့်သောမှိုများမှာ မြက်ကြားမှို၊ တောင်ပို့မှို (ခြေတို၊ ခြေရှည်)ဟူ၍ နှစ်မျိုးရှိ၏။ ဖက်ဆွတ်မှို (အချို့အရပ်ဒေသ၌ မှိုဖြူဟုခေါ်သည်။) မှိုဦးနက် (မှို၏ထိပ်အလယ်၌ နက်သော အကွက်ရှိသည်။) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုကြက်တောင်၊ ဆန်ကွဲမှို၊ ကောက်ရိုးမှို၊ ဝါးမှို၊ အပ်မှိုတို့ဖြစ်ကြ၏။ 

အစာလည်းဆေး စားသင့်သောမှိုကို သိ၍ စားသုံးတတ်လျှင် လူတို့၏ ကျန်းမာရေးအတွက် များစွာအကျိုးပြုသည်ကို တွေ့ရ၏။

 (၁) မှိုကို ချက်စားလျှင် ရင်ကျပ်ပန်းနာရောဂါကို ပျောက်ကင်းစေသည်။ 
(၂) ဉာဏ်ရည်ထိုင်းသော ကလေးများအား မှိုကို မကြာခဏ ကျွေးပေးလျှင် ဉာဏ်ရည်ပိုမို ထက်မြက်လာစေပါသည်။ 

(၃) အသက်အရွယ်ကြီးသူများ သတိမေ့လျော့တတ်သော (ငယ်မူပြန်) ရောဂါအတွက်လည်း မှိုကို မိမိ ကြိုက်နှစ်သက်သလို ချက်စားလျှင် အာရုံကြောများ အားကောင်းလာပြီး 
မှတ်ဉာဏ် ထက်မြက်လာစေသည်။ 

(၄) သွေးအားနည်း၊ ကိုယ်ခံအားကျ ရောဂါသည်များ အတွက်လည်း မှိုကို အသားငါးများနှင့် ရောနှောချက်ပြုတ် စားသောက်ပေးပါက လျင်မြန်စွာ အင်အားတိုးစေပါသည်။ 

(၅) မှိုကို ဘူးသီး၊ အာလူးတို့နှင့် စွပ်ပြုတ်သဘောပြုလုပ်၍ သောက်ပေးပါက အသားအရေ ခန်းခြောက်ခြင်း၊ အသားအရေပူခြင်း၊ ပိန်လှီချည့်နဲ့ နေသူများ သက်သာပျောက်ကင်းစေသည်။ 

(၆) မြန်မာတိုင်းရင်းဆေးဆရာတို့က ပိတောက်မှိုဟုခေါ်ပြီး တရုတ်တိုင်းရင်း ဆေးဆရာတို့က လင်ဇီးမှို ဟုခေါ်သည့်မှိုကို နှလုံးရောဂါ ပျောက်ဆေး၊ အရွယ်တင်နုပျိုစေသော 
ရသာယန ဆေးတို့၌ အသုံးပြုကြပါသည်။ 
အလွန်ထက်သော မှိုမျိုးဖြစ်သည်။ 

(၇) မှိုဦးနက်သည် ဦးခေါင်းကိုက်ခဲသော
 ရောဂါကိုပျောက်စေ၏။ အားကို တိုးပွားစေ၏။ 
အားနည်းသော နာတာရှည် ရောဂါတို့နှင့် သင့်မြတ်၏။ 
(၈) မှိုကြွက်နားရွက်သည် လေကိုသက်စေတတ်၏။
 သွေး၊ သည်းခြေကြောင့် ဖြစ်သော ရောဂါတို့ကို ပျောက်ကင်းစေ၏။ 
မှိုမစားသင့်သောသူများ- (၁) မီးဖွားပြီးစ
 သွေးဟောင်းများ ဆင်းရမည့် အချိန်တွင် တက်စာဖြစ်သော မှိုကိုမစားသင့်ပေ။ ”မှိုတစ်နှစ်၊ မျှစ် ခြောက်လ၊ မစားရ”ဟု ရှေးသမားတော်ကြီးများက မိန့်ဆိုထားခဲ့သည်။ 
(၂) ခြေအေး၍ အထက်သို့ အခိုးဆောင့်တက်နေသော
 နှာပိတ်၊ နှာမွှန်၊ မျက်စိရောဂါ၊ ဦးခေါင်းကိုက်ခဲသော ရောဂါ၊ အဖောအရောင် ရောဂါရှိသူများ၊ ခေါင်းဦးရေကျိန်းရောဂါ၊ သွေးရှိလျက် သွေးမဆင်းဘဲ ထိန်နေသူများ၊ သူငယ်နာ 
ရှိသူများ၊ ဆီးချုပ်သူများ မစားသင့်ပေ။ သွေးတိုး၊ 
ဆီးချိုရောဂါ ရှိသူများ သင့်ရုံသာ စားသင့်သည်။ 

မစားသင့်သောမှိုများ – 
(၁) မှိုကိုတွေ့သောအခါ မှိုတစ်ပွင့်လုံးကို 
လက်ဖြင့်ခြေမွှကြည့်ပါ။ အနီရောင် 
အရည်များ ထွက်လာလျှင် ထိုမှိုသည် 
အဆိပ်ရှိ၍ မစားသင့်ပါ။ 
(၂) မှိုအရိုးကို ဓားဖြင့် လှီးဖြတ်ကြည့်ပါ။ ထိုသို့ဖြတ်၍ ညိုပြာလာလျှင် ထိုမှိုမျိုးကို မစားသင့်ပါ။ 
(၃) မှိုပေါ်တွင် ဆားအနည်းငယ် ဖြူးကြည့်၍ 
ညိုမည်းလာလျှင် ထိုမှိုကို မစားသင့်ပါ။ 
(၄) မှိုကို ရေတွင်စိမ်ကြည့်ပါ။ မှို၏ အရောင်အသွေးသည် ညိုလာခြင်း၊ ပြာလာခြင်း၊ နက်လာခြင်း
 ဖြစ်ခဲ့သော် ထိုမှိုကိုမစားသင့်ပေ။ 
(၅) မှိုသည် သန့်ရှင်းစွာ မဟုတ်ဘဲ မှိုအရင်း၌ ခြေချင်းကဲ့သို့ ပတ်ခွေလျက် ပေါက်ရောက်သော မှိုကို မစားသင့်ပါ။ 
(၆) မှို၏အောက်ခြေ၌ ကွန်ချာကဲ့သို့ ဖြစ်နေလျှင် 
မှိုကွန်ချာဖြစ်၍ မစားကောင်းပါ။
 ၎င်းအပြင် အရောင်အသွေး များစွာရှိသော 
မှိုတို့ကိုလည်း မစားကောင်းဟူ၍ တိုင်းရင်းဆေး
ကျမ်းများ၌ ရေးသားဖော်ပြထားပါသည်။ 

အဆိပ်ရှိသော မှိုကို မှားယွင်းစားမိလျှင် မူးခြင်း၊ 
တံတွေးများခြင်း၊ အော့အန်ခြင်း၊ ဆီးချုပ်သွားခြင်း၊ ထိုင်းမှိုင်းလေးလံခြင်း၊ တက်ခြင်း၊ ချွေးစေးများထွက်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ သေဆုံးခြင်းတို့ ဖြစ်တတ်သည်။ 

 မှိုနှင့်တွဲဖက် မစားသင့်သော အစားအစာများ – 
မှိုနှင့်ကြက်ဥ၊ မှိုနှင့်ခံသီး၊ မှိုနှင့်ငှက်ပျောသီး၊ မှိုနှင့်ယုန်သား၊ မှိုနှင့်ကြက်ဟင်းခါးသီး၊ မှိုနှင့်နို့အမျိုးမျိုး၊ မှိုနှင့်ဖောင်စီးကဏန်းတို့ ဖြစ်ကြသည်။ အစာစားပြီးခါစ မှိုတောက်သည်ဟု သိသည်နှင့် အန်ဆေးတိုက်ရပါမည်။ ကြာပြီးမှသိလျှင် ကန်စွန်းရွက်ကို ကြိတ်ညှစ်၍ သတ္တုရည် တိုက်ပေးခြင်း၊ ကန်စွန်းရွက်နှင့် ထန်းလျက်ကို သုံးခွက်တစ်ခွက် တင်ကျို၍ မကြာခဏတိုက်ခြင်း၊ မှိုကို ကန်စွန်းရွက်နှင့် ကြော်စား၊ ချက်စား ပြုလုပ်ပေးလျှင် သက်သာပျောက်ကင်း စေပါသည်။

Asparagus ၏ အကျိုး အာနိသင် ၇ မျိုး

 Asparagus is low in calories but boasts an impressive nutrient profile. In fact, just half a cup (90 grams) of cooked asparagus contains 
90 gm တွင် အောက်ပါဓါတ်များ ပါဝင်သည်
• Calories: 20 
• Protein: 2.2 grams 
• Fat: 0.2 grams 
• Fiber: 1.8 grams 
• Vitamin C: 12% of the RDI 
• Vitamin A: 18% of the RDI 
• Vitamin K: 57% of the RDI 
• Folate: 34% of the RDI 
• Potassium: 6% of the RDI 
• Phosphorous: 5% of the RDI 
• Vitamin E: 7% of the RDI 
(၁) အာဟာရကြွယ်ဝပြီး ကယ်လိုရီနည်းသည်။
(၂)ကိုယ်ခံအား တိုးပွါးစေသည်။
(၃) အစာချေမှု အားကောင်းစေသည်။
(၅)သွေးကျ စေပါသည်။
(၆)ကိုယ်အလေးချိန်လျော.စေသည်။
(၇) အစာကြေလွယ်သည်။
1. Many Nutrients But Few Calories 
2. Good Source of Antioxidants (body resistant) 
3. Can Improve Digestive Health 
4. Helps Support a Healthy Pregnancy 
5.Helps Lower Blood Pressure
 6. Can Help You Lose Weight 
7. Easy to Add to Your Diet

နားကြပ်ဖြင့်နားထောင်မှုကြောင့် အကြားအာရုံ ချို့ယွင်းနိုင်

လမ်းပေါ်မှာ လူငယ်လေးတွေ နားကြပ်ကိုယ်စီ နဲ့ ဆိုင်ကယ်စီး နေကြတာကို တွေ့ရပါတယ်။ အားကစား ခန်းမတွေ သွားတော့လဲ အားလုံး နားထောင်ဖို့ သီချင်းကို စပီကာကြီး တွေနဲ့ ဖွင့်ပေး ထားပေမယ့် ကိုယ့်နားကြပ် လေးနဲ့ကို နားထောင် ရင်း
ကစားနေကြ သူတွေ ရှိနေပါတယ်။
 အိမ်တွေ မှာလဲ ရှေ့မှာ တီဗွီ ဖွင့်ထားပြီး နားကြပ်ကြီး တပ်လို့ ဂိမ်းဆော့ နေတဲ့ ကလေးတွေ ရှိနေသလို ညအိပ်ရာ ဝင်ရင် တပ်လိုက်တဲ့ နားကြပ်ဟာ မနက်မိုးလင်း တဲ့အထိ နားမှာ တပ်လျက် ဖြစ်နေကြ သူတွေကိုလဲ တွေ့ရပါတယ်။

အချို့ကလဲ မီးစက်သံတွေ၊ အဆောက်အအုံ ဆောက်လုပ်တဲ့ အသံတွေရဲ့ ဒဏ်ကို မခံနိုင်တော့တဲ့ အဆုံး နားကြပ်တပ်ပြီး သီချင်း ကျယ်ကျယ် ဖွင့်ထား လိုက်ကြ ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ်၊
 နားကြပ်တပ်ပြီး သီချင်း၊ အသံ အစရှိတာ တွေကို နားထောင်သက် ကြာလာရင် အကြားအာရုံကို ထိခိုက် စေနိုင်ပါတယ်။
•|အရင်က အသံကြည်ရွှင် နေတဲ့ ဂစ်တာသံဟာ
တဖြည်းဖြည်း တိုးလာသလို ခံစားရဖူး ပါသလား။
•| တီဗွီမှာ စကားပြောတဲ့ အသံကို သေသေချာချာ
မကြားရလို့ အသံ ထထချဲ့ ရပါသလား။
•| လူတွေ အများကြီးနဲ့ ဆူညံ ပွက်လောရိုက် နေတဲ့ စားသောက်ဆိုင် တွေထဲမှာ အသံကုန် အော်ဟစ်ပြီး စကားပြောတာ ကျင့်သား ရနေပြီလား။
•| ဒါဟာ သင့်အကြားအာရုံ ချို့တဲ့မှု စဖြစ်နေပြီ ဆိုတဲ့ သတိပေးချက်ပဲ ဆိုတာကို သင်သိ ပါရဲ့လား။ သီချင်းနဲ့
ရုပ်ရှင်ပေါ် အမွေ့လျော်ဆုံး ဖြစ်တဲ့ ကလေးတွေ၊ လူငယ်တွေဟာ နားကြပ် အများဆုံး အသုံးပြုကြတာ ဖြစ်ပြီး သူတို့ရဲ့ အကြား အာရုံဟာ အသက်ကြီး လာတာနဲ့ အမျှ ချို့တဲ့လာပုံများ
 နောက်ဆို သက်ကြီးရွယ်အို နားလေးတဲ့ အသက်အရွယ် ဟာ အများကြီး စောလာ လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

|| ခေတ်ကြီး တိုးတက် လာတာနဲ့အမျှ
လူတွေဟာအသံကို နားထောင်ခွင့်
အမျိုးမျိုး ပိုပြီးရလာကြ ပါတယ်။ မိုဘိုင်းဖုန်းနဲ့
တစ်ကိုယ်တည်း နားထောင်မယ်၊ စတိတ်ရှိုး တွေကို
LIVE သွားကြည့်မယ်၊ ဘားဆိုင်၊ စားသောက်ဆိုင် တွေမှာ တေးသီချင်း တွေနဲ့ ဧည့်ခံလာတယ်၊ ရုပ်ရှင်ရုံ တွေမှာလဲ
အသံစနစ် တွေကို အကျယ်ကြီး တပ်ဆင် လာကြတယ်။ ရှေးတုန်းက လူတွေမှာ ကြားရတဲ့ ဆူညံသံ နည်းနည်းလေးပဲ ရှိခဲ့ပေမယ့် အခုခေတ် လူတွေမှာတော့ ဘယ်ကိုပဲ သွားသွား ဆူညံသံတွေက ပြည့်နေပါတယ်။

||ကျယ်လောင်တဲ့ အသံကို အချိန် အကြာကြီး
နားထောင် နေရရင် အသက်အရွယ် မရွေး
အန္တရာယ်ရှိ ပါတယ်။ ဂီတသံ ဖြစ်စေ၊ ရေစီးကျသံ ဖြစ်စေ၊ ခေါင်းလောင်းသံ လေးတွေ ဖြစ်စေ လူက ခံနိုင်တာထက် ကျယ်နေမယ် ဆိုရင် ဆူညံသံပါပဲ။ ဒါကို ရေရှည် နားထောင် နေရရင်လဲ အကြားအာရုံ ချို့ယွင်းတာ ပါပဲ။ တစ်ခါတလေ
 ငယ်စဉ် ကတည်းက ကြားလာခဲ့တဲ့ ဆူညံသံကြောင့် ကြီးလာမှ နားဒုက္ခ ရောက်တာလဲ ရှိပါတယ်။ ဘယ်လို အသံမျိုးက လူကို ဒုက္ခပေး နိုင်သလဲဆိုရင် ၈၅ ဒက်ဆီဘယ် ရှိတဲ့ အသံတွေပေါ့။

|| မြို့ထဲကို ကားမောင်း သွားနေတုန်း ကားထဲကနေ ကြားရတဲ့ ယာဉ်သွား ယာဉ်လာ အသံတွေဟာ ၈၅ ဒက်ဆီဘယ် ကျော်ပါတယ်။ ဒီထက် အသံကျယ်လေ၊ လူကို ဒုက္ခပေး
 နိုင်လေ ဖြစ်ပါတယ်။ အခု ဘာမှမဖြစ်ဘူး ဆိုရင်တောင် နောက်ကို ဖြစ်လာ ပါလိမ့်မယ်။ နားကြပ်တွေ၊ ဟမ်းဖုန်းတွေ ကနေ ကြားနေရတဲ့ အသံတွေဟာ ဒက်ဆီဘယ်
၁၂ဝ လောက် ရှိပါတယ်။

|| ဒက်ဆီဘယ် ၁၁ဝေ ကျာ်ရင် အာရုံကြော ဆဲလ်တွေရဲ့
မိုင်းလင်း အလွှာကို ကွာကျစေပြီး နားကနေ ဦးနှောက်ကို လျှပ်စစ်လှိုင်းတွေ ထုတ်လွှတ်မှုကို အနှောင့်အယှက် ပေးပါတယ်။ ဒါကို မဆင်ခြင်ဘဲ အသံ အကျယ်ကြီးကို ဆက်နားထောင် နေမယ်ဆိုရင် သင်ဟာ ပြန်ကုလို့ မရတော့တဲ့ နားပျက်စီးမှု
မျိုးနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ကြီးတွေ တောင်မှ ဆူညံမှု ဒက်ဆီဘယ် ၉ဝ ပဲရှိပါတယ်။

|| လွှစက်၊ ဂျက်စကီး တို့က ဒက်ဆီဘယ် ၁ဝဝ လောက်
ရှိပါတယ်။ သိပ်ကျယ် လှပါတယ်ဆိုတဲ့ ကလပ်တွေ၊ စတိတ်ရှိုး တွေကတောင် အသံ ၁ဝ၅ ဒက်ဆီဘယ် ပဲ ထွက်ပါတယ်။
ဒါပေမဲ့ ကားကက်ဆက်ကို ခပ်ကျယ်ကျယ် ဖွင့်ထားမယ်
ဆိုရင် ဒက်ဆီဘယ် ၁၂ဝ အထိ ရှိနိုင်ပြီး သေနတ်သံ
 တောင်မှ ဒက်ဆီဘယ် ၁၄ဝ ပဲရှိတဲ့အခါ သင် နားကြပ်နဲ့ နားထောင်နေတဲ့ အသံဟာ ဒက်ဆီဘယ် ၁၂ဝ အထိကို
ရှိနိုင်တယ် ဆိုတာ အထူးဂရုပြု စေချင်ပါတယ်။

|| နားဟာ ကျယ်လောင်တဲ့ အသံရဲ့ ဒဏ်ကို
ခံလိုက်ရရင် ခေတ္တဖြစ်စေ၊ နာရီပိုင်းဖြစ်စေ၊
ရက်ပိုင်းဖြစ်စေ အူနေတာမျိုး၊ အသံကို ခပ်အုပ်အုပ် လေးပဲ ကြားရတာမျိုး တမင်တကာ ဖြစ်သွားစေပြီး နားကို အနားပေး ထားလေ့ ရှိပါတယ်။ ပုံမှန် အသံတွေ ထွက်နေတဲ့ အချိန်မှာ ထူးထူးခြားခြား ဖောက်ထွက် လာတဲ့ အသံမျိုးတွေဟာ
နားစည်ကို အလွန် ဒုက္ခပေးလေ့ ရှိပါတယ်။

|| ဒါကြောင့် ကိုယ့်နားကို အနားပေးဖို့ လိုအပ်လာပြီ ဆိုရင်
အဲဒီလို ကာရံမဲ့၊ ထွက်ချင်သလို ထွက်နေတဲ့ ဆူညံသံ တွေနဲ့ ကင်းဝေးတဲ့ နေရာကို သွားဖို့တော့ လိုအပ် ပါလိမ့်မယ်။ ဒါကြောင့် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ တတ်နိုင် သလောက် နားကြပ်နဲ့  သီချင်း နားမထောင်ဘဲ စပီကာဖွင့်ပြီး နားထောင်သင့် သလို ဖုန်းပြောရင်လဲ အတတ်နိုင်ဆုံး စပီကာဖွင့်ပြီး ပြောပါ။
စကားကိုလဲ လေသံလျှော့ ပြောပြီး အရာရာကို ခပ်တိုးတိုး
 လေးပဲ နားထောင်တဲ့ အကျင့် လုပ်သင့်တယ် လို့ လေ့လာ ရေးသား လိုက်ရပါတယ်။

ကျောက်ကပ်အတွက် အကောင်းဆုံး အစားအစာများ

 ခန္ဓာကိုယ် ကြီးကောင်းစွာ အသက်ဆက်နိုင် ဖို့အတွက် ကျောက်ကပ်ရဲ့ အခန်းကဏ္ဍဟာ လွန်စွာ အရေးပါလှပါတယ်။ ဒါကြောင့်လည်း အခြားကလီစာများ နဲ့မတူ 
လူတစ်ဦးမှာ ကျောက်ကပ်နှစ်ခု (တစ်စုံ)ကို မွေးလာ 
ကတည်းက အတူပါလာရခြင်း ဖြစ်ပါတယ်။
 ကျောက်ကပ် မကောင်းရင် သက်တမ်းစေ့ နေနိုင်မည် မဟုတ်ပေ။
 ကျောက်ကပ်အစားထိုး ကုသခြင်း၊ ကျောက်ကပ်ဆေးခြင်း နည်းများဖြင့် အသက်ဆက် ကြရပါတယ်။ ကျောက်ကပ်ရောဂါ နာတာရှည် ဖြစ်နေ သူများဟာ အစားအသောက်ပိုင်း တွင်
သာမက အခြားအရာများ ကိုပါ ဂရုစိုက်နေထိုင် သင့်ပါတယ်။
ဆရာဝန် ညွှန်ကြားချက်များ ကိုသေချာစွာ လိုက်နာပြီး
 ရှောင်ရမည့် အချက်များကို ရှောင်ကြဉ် ရပါမယ်။ “ ကြိုတင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုကောင်းမွန် ထိရောက်မှု ရှိတယ် ”ဟု ဆိုရိုးစကား ရှိပါတယ်။ ကြိုတင် ကာကွယ်တယ် ဆိုရာမှာ နိစ္စဓူဝ စားသောက်နေထိုင်မှု ဖြစ်စဉ်ကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် မိမိကိုယ်ကို စီမံကွပ်ကဲ တတ်ရမှာပါ။
သို့ပါ၍ အောက်ဖော်ပြပါ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို လေ့လာပြီး သင့်ကျောက်ကပ် လေးတွေ ကျန်းမာကြ
ပါစေကြောင်း အကြံပြု လိုက်ပါရစေ။
 •1) ရေကိုလုံလောက်စွာ သောက်ပေးပါ။ ရေဓာတ်ခန်းခြောက် နေတဲ့ ခန္ဓာကိုယ်ဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းရှိပြီး ရေဓာတ် လုံလောက်နေလျှင် ထိုရောဂါမှ ၆၀ ရာခိုင်နှုန်း ကာကွယ်ပေး နိုင်ပါတယ်။ ရေဘူးကို မိမိနှင့်လက် တစ်ကမ်းမှာ အမြဲထားပြီး ရေဆာတိုင်း သောက်ပေးပါ။ တစ်နေ့ကို သောက်ရေ ၁၀ ဖန်ခွက်ထက် မနည်းသောက်ပါ။ (သို့သော်ခြွင်းချက် အနေနဲ့ ကျောက်ကပ် အားနည်းသူ၊ ကျောက်ကပ် ပြဿနာရှိသူ၊ ဆီးချိုပျောက်ဆေး၏ ဘေးထွက် ဆိုးကျိုးကြောင့် ကျောက်ကပ် မကောင်းသူများဟာ ရေကိုချင့်ချိန်ပြီး သောက်သင့် ပါတယ်။ သို့မဟုတ်ပါက ကျောက်ကပ်မှာ ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်) 
 •2) ဆီးသွားချင်စိတ်ကို လျစ်လျူမရှုသင့် ပါဘူး။ အကယ်၍ ဆီးတွေကိုအောင့်ထား မိတဲ့အခါ၊ ဆီးအိမ်ထဲမှ ဆီးဟောင်းတွေကို ဆီးပြွန်မှတစ်ဆင့် ကျောက်ကပ်ထံသို့ ပြောင်းပြန်ပြန်လည် စီးဆင်း လာပါတယ်။ ထိုဆီးဟောင်း တွေကို ကျောက်ကပ်က ထပ်မံ၍ ဇီဝဖြစ်စဉ် အဖြစ် အစာချက်လုပ် တဲ့အခါ ကျောက်ကပ် ညစ်ညမ်းသွား ပါတယ်။ ဒါတင်မကသေး ပါဘူး။ အကယ်၍ ဆီးအိမ်ထဲမှာ ဆီးတွေဖောင်းတင်း နေချိန် မတော်တဆ ယာဉ်ထိခိုက်မှု အန္တရာယ်တစ်ခုခု ကြုံရပါက 
ဆီးအိမ် ကွဲသွားစေနိုင်ပါတယ်။ 
3) ဆီးလမ်းကြောင်း ပိုးဝင်ပါက အချိန်မဆိုင်းဘဲ
 ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ သို့မဟုတ်ပါက
 ကျောက်ကပ်ကို ဘေးဖြစ်စေ ပါတယ်။
 4) ပြည့်စုံလုံလောက်တဲ့ အနားယူမှုရှိပါစေ။ တစ်နေ့လျှင် ၄ နာရီခွဲခန့်သာ အိပ်စက်သော သူဟာ ရက်သတ္တတစ်ပတ်မျှ အကြာမှာ သိသိသာသာ စိတ်ဖိစီးမှု များလာပြီး အိပ်ချိန် ကစဥ့်ကလျား ဖြစ်မှုဟာ ကျောက်ကပ်ရောဂါကို 
ပိုမိုဆိုးရွား စေနိုင်ပါတယ်။ 
5) ညနေ ၃ နာရီမှ ၅ နာရီအတွင်း ဆီးအိမ်မှ ခန္ဓာကိုယ်ထဲရှိ  အဆိပ်အတောက် များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့် 
အနည်းဆုံး ၁ လီတာမှစပြီး ရေများများသောက်ရန် လိုအပ်ပါတယ်။ ညနေ ၅ နာရီမှ ၇ နာရီဟာ ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်တာကြောင့် ၎င်းအချိန်မှာ ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။ သို့မဟုတ်ပါက ကျောက်ကပ်
 ပျက်စီးလွယ် ပါတယ်။ 
6) ဗီတာမင်စီ ဆေးပြားတွေကို လိုအပ်တဲ့ ပမာဏထက်ပို၍ စားသုံးမိတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်စေနိုင် ပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း လွန်ကဲစွာစားမိ ပါကကျောက်ကပ်ပျက်စီး စေနိုင်ပါတယ်။ 
7) အကိုက်အခဲ ပျောက်ဆေးများကိုလည်း 
မိမိသဘောဖြင့် သောက်သုံးခြင်းများ မပြုသင့်ပေ။ 
 ကျောက်ကပ်ကို ကောင်းကျိုးပြုသောအစား အစာများ 
 • (1) ကြက်ဥ၊ဘဲဥတို့ ၏ အကာ (အဖြူရောင် အကာ) ထဲမှာပါရှိတဲ့ အမိုင်နိုအက်စစ် တွေက ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ 
• (2) ဂေါ်ဖီထုပ်ထဲမှာ ပိုတက်စီယမ် ပါဝင်မှု လွန်စွာနည်းပါးတဲ့ အပြင် ၎င်းင်းထဲရှိ သဘာဝ ဗီတာမင်များနဲ့ အမျှင်ဓာတ်တို့က ကျောက်ကပ်အတွက် အားဆေး ဖြစ်ပါတယ်။ 
• (3) မဂ္ဂနီစီယမ် ဓာတ်ချို့တဲ့ခြင်း ကလည်း သွေးတိုးရောဂါကို ဖြစ်စေပြီး ကျောက်ကပ်ကို သွယ်ဝိုက်သော နည်းဖြင့် ဘေးဖြစ်စေ ပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝသော အစားအစာများ ဖြစ်ကြတဲ့ အစေ့အဆန်များ၊ မြေထောက်ပဲများ နှင့် ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ) တို့လို ဟင်းရွက်စိမ်း များကို လုံလောက်စွာ စားပေးပါ။ 
• (4) အစိမ်းရောင် ငရုတ်ချိုပွထဲမှာ ပိုတက်စီယမ်ဓာတ် ပါဝင်မှု နည်းပါးတဲ့အပြင် ၎င်းင်းထဲရှိ သဘာဝ ဗီတာမင်နဲ့ သတ္တုဓာတ်တို့က ကျောက်ကပ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းများ ဖြစ်ကြပါတယ်။ 
• (5) စပျစ်သီးက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ယူရစ်အက်စစ် များကို ဆီးအဖြစ် ထွက်ရှိလာအောင် တွန်းအားပေး တာကြောင့် ဆီးရွှင်စေကာ ကျောက်ကပ် ကျန်းမာစေတဲ့ အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို အရှိန်အဟုန်မြင့် သုတ်သင်ရှင်းလင်း နိုင်သည့် ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်၍ ကျောက်ကပ်နှင့် သည်းခြေကို သန့်စင်စေပါတယ်။ 
• (6) ဘယ်ရီသီး မျိုးနွယ်ဝင်များ ဖြစ်ကြတဲ့ စတော်ဘယ်ရီနှင့် Cranberries (ခေါ်) အချဉ် အရသာရှိတဲ့ ဘယ်ရီသီး အနီရောင် တွေထဲမှာ ပါရှိတဲ့ hippuric အက်စစ်ဟာ ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက် ကို ဖယ်ရှားပေးနိုင် ပါတယ်။ 
• (7) ကြိတ်မှန်ရွက် ပဉ္စငါးပါး (အမြစ်ပါမကျန် တစ်ပင်လုံး) ကိုရေစင်စင်ဆေး အခြောက်လှန်း သွပ်ပြားပေါ်တင်ပြာချ ၎င်းပြာကို သံဒယ်အိုးမှာထည့် ရေနဲ့ဖျော်ပြီး ခန်းခြောက် သွားအောင် အပူပေးချက်ခြင်းဖြင့် ရလာတဲ့ ဆေးကို “ ကြိတ်မှန်ရွက် 
ရုက္ခမူဆား ” လို့ခေါ်ပါတယ်။ ၎င်းဆေးကို ထမင်းမစားခင် ဆီးကင်းခန့်နေ့စဉ် အချိန်မှန်မှန် စားပါ။ 
• (8) မည်သည့် ငှက်ပျောပင်မဆို အူတိုင်ကို ကျောက်ဖရုံသီး ဖြင့်ဖျော်ရည် လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသားများ ဆီးကျိတ်ဝေဒနာနှင့် ဆီးကျောက် 
တည်ခြင်းမှ ကာကွယ်ပေးပါတယ်။ 
• (9) ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့ထဲရှိ အဆီတို့ဟာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို တိုးတက်မြင့်မား လာစေပြီး ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အညစ်အကြေးတို့ကို ဆီးအဖြစ် စွန့်ထုတ်ပေးနိုင်လို့ ဆီးကျောက်တည်ခြင်း မဖြစ်စေပါဘူး။ အထူးသဖြင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ကြီး
ထွား လာခြင်းကို သက်သာစေရုံမျှ မက ဆီးကျိတ်ကင်ဆာ ရောဂါကိုလည်း ထိထိရောက်ရောက် 
တားဆီးကာကွယ်ပေး နိုင်ပါတယ်။ 
• (10) နာနတ်သီးကို ပန်းသီး သို့မဟုတ် ဖရဲသီး တို့ဖြင့်တွဲစားပါက ခန္ဓာကိုယ်ထဲရှိ မလိုအပ်သော အငန်ဓာတ်များကို ဖယ်ရှားပေးပြီး ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်ေ စတဲ့အပြင် အဆိပ်အတောက် တွေကိုဖယ်ရှားပေး နိုင်တာကြောင့် ကျောက်ကပ်သန့်စင် စေပါတယ်။ 
• (11) အာလူးထဲမှာ မဂ္ဂနီစီယမ်ဓာတ် မြင့်မားစွာပါရှိပြီး 
ထိုဓာတ်က ကျောက်ကပ်နှင့် တစ်သျှူးများထဲတွင် ကျောက်ကပ် ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ 
• (12) ကြံရည်က ကျောက်ကပ်ကို အားပေးပြီး ဆီးချုပ်၊ ဆီးအောင့်ခြင်းမှ ကာကွယ်ပေး ပါတယ်။ 
• (13) ခရမ်းချဉ်သီးကို အစေ့ဖယ်၍ စားခြင်းက ကျောက်ကပ်နှင့် ဆီးအိမ် ကျောက်တည်ခြင်း အလားအလာကို လျှော့ချပေး နိုင်ပါတယ်။ 
• (14) မြင်းခွာရွက်ကို နေ့စဉ်မှန်မှန် စားပေးခြင်းဖြင့် ကျောက်ကပ်နဲ့  ပတ်သက်သော ဆီးဝေဒနာ အမျိုးမျိုးမှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

ကျောက်ကပ်ကိုဘေးဖြစ်စေသော အစားအစာများ

  • (က) နို့၊ ဒိန်ချဉ်၊ နို့ခဲ စတဲ့ တိရစ္ဆာန်မှရရှိသော အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်း များကို လွန်ကဲစွာ စားသောက်တဲ့ အခါမှာ ကျောက်ကပ်ထဲကို ကယ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်း ကိုဖြစ်စေပါတယ်။

• (ခ) ဆိုဒီယမ် (အငန်)ဓာတ် က ခန္ဓာကိုယ်ထဲရှိ အရည်တွေကို မျှတအောင်ထိန်း ပေးနိုင်တာကြောင့် ဆား ဟာမရှိမဖြစ် အရာပါ။ သို့သော် ဆားနဲ့အငန်ဓာတ် တွေကို လိုအပ်တာထက်ပိုမိုစားသုံးမိ တဲ့အခါ ကိုယ်ထဲမှာ ကယ်စီယမ်ဓာတ် ကို စွန့်ထုတ်မှု ပိုများစေပြီး အရိုးသန်မာမှုကို ယုတ်လျော့စေတဲ့ အပြင် ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြင်းအလားအလာ ကိုလည်း ပိုများလာစေ ပါတယ်။ ဒါကြောင့် ဆားကိုလျှော့နိုင်သမျှ လျှော့စားပါ။

• (ဂ) အသားစားမကြူးသင့် ပါဘူး။ အထူးသဖြင့် အမဲ-သိုး-ဆိတ်-ကြက်ဆင် စတဲ့အနီရောင် အသားများနဲ့ ပင်လယ်ငါး၊
ပုစွန်တွေ ထဲမှာပါရှိတဲ့ Phosphorus (ခေါ်) မီးစုန်းဓာတ် က ကျောက်ကပ်ကို လုံးဝကောင်းကျိုး မပြုပါဘူး။
• (ဃ) အရက်အလွန်အကျွံ မသောက်ပါနဲ့။ အရက်ထဲမှာ
ပါတဲ့ အယ်ကိုဟော က အသည်းရောဂါကြောင့် ကျောက်ကပ်ပျက်စီး စေပါတယ်။
• (င) လျှားစောင်းလက်ပပ်ပင် အနှစ်က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုး ပြုသော်လည်း ၎င်းဂျယ်လီကို
တစ်ရက်လျှင် ၂၀ စီစီပမာဏထက် ပို၍စားပါက ကျောက်ကပ်ပျက်စီး စေနိုင်ပါတယ်။
• (စ) ဟင်းနုနယ် ထဲတွင် Oxalates ဓာတ်ပါရှိသဖြင့်
 ကျောက်ကပ် ဝေဒနာသည်များ
အလွန်အကျွံ မစားသင့်ပေ။
• (ဆ) Oxalates ဓာတ်ကြွယ်ဝတဲ့ ဗိုလ်စားပဲသီး၊
ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက် တို့က ဆီးကျောက်တည် စေနိုင်တာကြောင့် သင့်တင့်ရုံသာ စားပေးပါ။
 • (ဇ) ဥပမာ-အစားအစာ တွေကို တာရှည်ခံအောင် ပြုပြင်
ထားတဲ့ သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ၊ စည်သွတ်ဘူးများ၊ ကြက်၊ ၀က်အူချောင်းများ၊ ထုံချိုင်း အသားလုံးများ၊ အသင့်စားခေါက်ဆွဲ၊ ကြာဆံခြောက်
အထုပ်များ စသည်တို့က အသည်း နှင့်ကျောက်ကပ်
တို့ကို အဆိပ်အတောက် ဖြစ်စေနိုင်တာကြောင့်
ရံဖန်ရံခါသာ စားသုံးသင့် ပါတယ်။
•(ဈ) သဘာဝ သစ်သီးဖျော်ရည် မဟုတ်တဲ့ အချိုရည်အမျိုးမျိုး နှင့်ဆိုဒါတို့မှာ တာရှည်ခံအောင်၊ အနံ့ကောင်းအောင်နဲ့ အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ပြုပြင်
ထားတာကြောင့် အာဟာရ(လုံးဝ) မဖြစ်စေတဲ့အပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေ ပါတယ်။

ထိုနည်းတူ ကာဗွန်ဒိုင်အောက်ဆိုက် Gas ထည့်ထားတဲ့ အဖျော်ယမကာများ ကလည်း ကျောက်ကပ်ထဲရှိ
 သွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း
စတဲ့ဆိုးကျိုး တွေဖြစ်စေနိုင် ပါတယ်။ ဒါ့ပြင် ကဖိန်းဓာတ် များတဲ့ကော်ဖီနဲ့ လက်ဖက်ရည် များကိုအလွန်အကျွံ သောက်ခြင်းက ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်
စီးဆင်းမှုကို လှုံ့ဆော်ပေးတာကြောင့် သွေးဖိအား
များလာပြီး ကျောက်ကပ်ကို တွန်းအား ဖြစ်စေပါတယ်။ (ပေါက်ပေါက်)

လေဖြတ်နိုင်ခြေ (၆) ချက်

လေဖြတ်ခြင်းသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှု 
အများဆုံးရောဂါ ဖြစ်သည်။ လေဖြတ်မည့် ရှေ့ပြေးနိမိတ်များ သိထားလျှင် ကြိုတင်ကာကွယ် ခြင်းဖြင့် လေဖြတ်ခြင်း ရန်မှ 
ကင်းဝေးနိုင်မည် ဖြစ်သည်။ လေဖြတ်ခြင်း ပုံစံနှစ်မျိုးရှိသည်။ 
ပထမတစ်မျိုးမှာ သွေးကြောထဲ သွေးခဲများ စုပိတ်ကာ ဦးနှောက်သို့ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်း ကြောင့် ဦးနှောက်လုပ်ငန်း အချို့ ရပ်ဆိုင်းကာ လေဖြတ်ရခြင်း ဖြစ်သည်။
  နောက်ပုံစံ တစ်မျိုးမှာ ဦးနှောက်သွေးကြော ပေါက်ကာ 
ဦးနှောက် အခြား အစိတ်အပိုင်း များကို သွေးမရောက် တော့ဘဲ ခန္ဓာကိုယ် လုပ်ငန်းများ ရပ်ဆိုင်း သွားခြင်း ဖြစ်သည်။ 
ယင်း နောက်ဆုံးအဆင့် မရောက်မီ ရုတ်တရက် ဖြစ်တတ်သော ရှေ့ပြေး လက္ခဏာများ သိထားလျှင် လေမဖြတ်အောင် ကာကွယ်နိုင်မည် ဖြစ်သည်။ 
  
( မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း)
 မျက်လုံးတစ်ဖက်က ကောင်းပြီး အခြားတစ်ဖက်က မြင်ကွင်းများ နှစ်ထပ်ဖြစ်နေခြင်း ၊ေ၀၀ါးနေခြင်းများ ဖြစ်လျှင် လေဖြတ်မည့် ရှေ့ပြေးနိမိတ် ဖြစ်ကြောင်း သတိပြုသင့် ပါသည်။ အလုပ် ပင်ပန်းရုံ ၊ စာဖတ်ရုံ လောက်ဖြင့် မျက်လုံးက မြင်ကွင်းနှစ်ထပ် ဖြစ်တာမျိုး တော်တော်ပင် ရှားပါမည်။ နေရင်းထိုင်ရင်း မြင်ကွင်းများ နှစ်ထပ်ဖြစ်လာလျှင် လေဖြတ်နိုင်ခြေ လက္ခဏာပင် ဖြစ်သည်။ ဦးနှောက် သွေးကြောထဲမှာ သွေးခဲစုပိတ်ကာ သွေးစီးဆင်းမှု နည်းနေပြီဆိုလျှင် မျက်လုံး သွေးကြော များကို အောက်ဆီဂျင် အရောက်နည်း၍ အမြင်နှစ်ထပ် ဖြစ်ကာေ၀၀ါးခြင်းပင် ဖြစ်သည်။

 လက်တွေပုံမှန်ထက် ကြာကြာထုံနေခြင်း 
အိပ်နေတုန်း ဖိထားမိလို့ လက်တွေ ခြေတွေ ထုံနေပြီး လှုပ်မရတာမျိုး ထိတွေ့အာရုံ မသိတာမျိုး ကြုံရတတ် သည်။ ခဏနေရင် ပြန်ကောင်းသွား တတ်သည်။ ပုံမှန်ပြန်မဖြစ်ဘဲ တော်တော်ကြာအောင် ထုံနေပြီဆိုလျှင် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာပင် ဖြစ်ကြောင်း သတိထားသင့်သည်။ ဦးနှောက် အနောက်ဖက်ခြမ်း ကနေ စီးဝင်သည့် သွေးတွေထဲမှ သွေးကြောတွေ စုပိတ်ခြင်းမျိုး သွေးယိုခြင်းမျိုး ဖြစ်ပွားလျှင် လက်နှင့် ခြေများကို ထိန်းချုပ်သည့် ဦးနှောက်အပိုင်းတွေကို သွေးအရောက် နည်းကာ ထိတွေ့မှုအာရုံ ခံနိုင်စွမ်း
ကျဆင်းကာ လူလည်း ထုံနေတတ်သည်။

 ပြောမယ့်စကား ပါစပ်ဖျားရောက်မှ မေ့သွားခြင်း
 ပြောမယ့်စကား ပါစပ်ဖျားရောက်မှ မေ့သွားတာမျိုး မကြာမကြာ ကြုံရပြီဆိုလျှင် ဦးနှောက်အတွင်း သွေး အရောက်နည်း နေပြီဖြစ်ကြောင်း သတိပြုသင့်သည်။ သွေးကြောပိတ်ကာ သွေးစီးဆင်းမှု လျော့နည်း လာခြင်းကြောင့် မှန်ဥာဏ်ကို အထောက်အကူ ပေးတဲ့ ဦးနှောက်အပိုင်းများကို သွေး အရောက်နည်းကာ ပြောမယ် ကြံစည်လိုက် မေ့သွားလိုက် ဆိုတာမျိုး ပိုဖြစ်ပွားရသည်။ ယင်း ပြဿနာ ကြုံပြီဆိုလျှင် ကျွမ်းကျင်ဆရာဝန် နှင့်ပြသကာ လေမဖြတ်အောင်
 နေထိုင်မှုပုံစံ ပြုပြင်ရမည် ဖြစ်သည်။

ယိုင်တိယိုင်တိုင် ခဏခဏဖြစ်ခြင်း 
လမ်းလျှောက်ရင်း မူးခနဲ ဆိုသလို ဖြစ်သွားကာ လူက ယိုင်တိယိုင်တိုင် ဖြစ်သွားသလိုမျိုး ကြုံရပြီဆိုလျှင် လေဖြတ်အန္တရာယ် သတိပြုသင့် ပါသည်။ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းထားတဲ့ ဦးနှောက် အပိုင်းများကို သွေးအရောက်နည်း တာကြောင့် ဦးနှောက် အလုပ်လုပ်နိုင်စွမ်း နည်းကာ ယိုင်တိယိုင်တိုင် ဖြစ်လာခြင်းပင် ဖြစ်သည်။ သွေးအရောက်နည်း ရခြင်းသည် သွေးကြောထဲတွင် သွေးခဲများ စုပိတ် လာခြင်းကြောင့် ဖြစ်နိုင်၍ နောက်ဆုံးအဆင့်ထိ ပိတ်သွားကာ ဦးနှောက်သွေး
ရရှိမှု ရပ်ဆိုင်းသွား တာမျိုး မဖြစ်ခင် ကျွမ်းကျင်ဆရာဝန် နှင့် ပြသကာ ကုသမှုခံယူရမည် ဖြစ်သည်။

စကားပြောနေလျှင် လျှာလိပ်ပြီး ဗလုံးဗထွေးထွက်လာခြင်း အကိုက်အခဲ ပျောက်ဆေးများ သောက်ပြီးလျှင် ဘေးထွက်ဆိုးကျိုး က လျှာလိပ်ပြီ စကားဗလုံးဗထွေး ဖြစ်တတ်သည်။ ဘာဆေးမှ မသောက်ဘဲ ဗလုံးဗထွေး ဖြစ်လာပြီဆိုလျှင် လေဖြတ်မယ့် အန္တရာယ် ရှိပါသည်။ သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးယိုစိမ့်ခြင်း ကြောင့် ဦးနှောက် အတွင်း သွေးစီးဆင်းမှု နည်းကာ စကားပြောဆိုမှု ထိန်းချုပ်တဲ့ ဦးနှောက်အပိုင်း စွမ်းရည်ကျလာခြင်း ဖြစ်နိုင်သည်။ ခန္ဓာကိုယ်မှ အာရုံကြောနာ့ဗ် (၁၂)ချောင်း ထောက်ပံ့ထားရှိပြီး လေဖြတ်ခါနီးတွင် စကားပြောသည့် အသံအိုး ၊ လျှာအထုတ်အသွင်း ၊ ပါးစပ်အဖွင့်အပိတ် ဖြစ်စေတဲ့ ဗေးဂတ်နာ့ဗ် ထောက်ပံ့မှု
ပျက်ယွင်း သွားလျှင် လျှာလိပ်ပြီး စကားပြောနေစဉ်
ဗလုံးဗထွေး ထွက်လာခြင်းပင် ဖြစ်သည်။ သတိထားမိလျှင် လေမဖြတ်အောင် ဆင်ခြင်နိုင်မှာ ဖြစ်သည်။
မိသားစု ဆရာဝန်နှင့် ပြသသင့်ပါသည်။ အချို့
 လေဖြန်း သွားလျှင် အသံအိုးမှ အသံမထွက်ဘဲ ရှိတတ်သည်။

 ခေါင်းတွေ မကြာမကြာ ကိုက်နေခြင်း 
ဦးနှောက်ထဲတွင် မာဂျရင်းတွေ များနေလျှင် ခေါင်းကိုက်တာ ထုံးစံပင်ဖြစ်သည်။ မာဂျရင်း မများဘဲ ကိုက်နေပြီဆိုလျှင် လေဖြတ်နိုင်ခြင်းကို သတိထားသင့်သည်။ မာဂျရင်း များ၍ ခေါင်းကိုက်ခြင်းသည် ဦးနှောက်ထဲ သွေးမရောက်လို့ ခေါင်းကိုက်ခြင်းဟာ ပုံစံချင်း ဆင်တူတတ်သည်။
သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်နှင့် ပြသစစ်ဆေး
ခံမှသာ အဖြေကို တွေ့ရတတ်သည်။

 လေဖြတ်ခြင်းကို ကာကွယ်ရန်
ဦးနှောက် သွေးကြောတွေထဲ သွေးခဲများ ၊ အနည်အနှစ်များ စုပုံလာခြင်းကြောင့် သွေးကြောပိတ်ကာ ဦးနှောက်ဟာ သွေးလည်မတ်မှု နှေးသွားခြင်း ၊ ယာယီရပ်ဆိုင်းခြင်း
မျိုးဖြစ်စဉ်ကို လေဖြတ်ခြင်း ဟု ခေါ်သည်။ ဦးနှောက်သွေးကြော ပေါက်လျှင်လည်း ဦးနှောက်သည် သွေးမရတော့ဘဲ
 လေဖြတ်နိုင် ပါသည်။ အဓိက သွေးကြောကို
ပိတ်ဆို့နေသည့် သွေးခဲနှင့် အနည်အနှစ်များ သွေးထဲ
နည်းနိုင်သမျှ နည်းအောင် နေထိုင်ရန် လိုအပ်သည်။

ကိုလက်စထရော များစေတဲ့ အစားအစာများ ဖြစ်တဲ့ အသင့် အမြန်စား အစားအစာတွေ ဖြစ်တဲ့ ဟမ်ဘာဂါ ၊ ဆင်းဒဝှစ် ၊ ပီဇာ ၊ အာလူးချောင်းကြော် တို့သည် ဝက်ဆီ ၊ ဆီအုန်းဆီ ၊ နှစ်ခါပြန်ကြော်ဆီ တို့နှင့် စီမံထားရှိသည့် အတွက် သွေးအတွင်း ကိုလက်စထရော များစေသည်။ ဒါ့ကြောင့် ရှောင်ရှားသင့်သည်။ အိုင်တီ (IT- Information Technology) ခေတ်တွင် “အထိုင်” အလုပ်များလာတာ နဲ့အမျှ လူတွေ ကာယအားကစား နည်းပါးလာသည်။ လူတိုင်း နေ့စဉ် နာရီဝက် မှ တစ်နာရီ အပြေး ၊ လမ်းလျှောက် ၊ စက်ဘီး ၊ ရေကူး တစ်ခုခု လုပ်ပေးသင့်သည်။

ပိုလျှံနေသည့် ကယ်လိုရီ များ ချွေးအဖြစ် ထွက်သွားလို့ အဆီ
အဖြစ် မစုဆောင်းနိုင်တော့လို့ အ၀လွန်ခြင်း ၊ ဆီးချို ၊ နှလုံး ၊ သွေးတိုး နဲ့ လေဖြတ်ခြင်း တို့မှ ကင်းဝေးစေလို့ လူတိုင်းနေ့စဉ် တစ်နာရီလောက် အားကစား လုပ်ပေးသင့်သည်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းအောင် တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်း ၊ နေ့စဉ် အားကစား လုပ်ပေးခြင်း ကနေ သွေးအတွင်းမှ အမှိုက်ကင်းကာ သွေးအားကောင်းပြီး လေဖြတ်ခြင်း မှ
ကင်းဝေး နိုင်မှာ ဖြစ်သည်။ ဆေးလိပ် ၊ အရက် ၊ ကွမ်း ဖြတ်ရမည်။ သွေးတိုးမျိုးရိုးရှိသူများ မိသားစုဆရာဝန် ၊ နားလည် တတ်ကျွမ်းသည် ဆရာဝန်နှင့် ပြသပြီး အမြဲစွဲသောက်
သင့်သော သွေးထိန်းဆေး စသည်ဖြင့် သောက်သင့်သည်။ ။ ဒေါက်တာ လွင်သန်.