Tuesday, July 30, 2019

အမျိုးသမီးများ နေထိုင်ဖို့အကောင်းဆုံး Top (၁၀)နိုင်ငံ

 ၁။ Sweden
 Related image
ဆွီဒင်နိုင်ငံဟာ အမျိုးသမီးအခွင့်အရေးမှာ ချန်ပီယံလို့တောင်သတ်မှတ်နိုင်ပါတယ်။ မိသားစုအရေးအရာများနှင့်ပတ်သက်လို့ လုပ်ခရှိခွင့်များကို 
ကျားမ မရွေးခံစားခွင့်ရနိုင်ပါတယ်။ အမျိုးသမီးများအတွက် မီးမဖွားခင်အချိန်ကတည်းက စောင့်ရှောက်မှုများကိုအခမဲ့ ရရှိနိုင်ပြီး စောင့်ရှောက်ရေးဂေဟာများမှာလည်း ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ ဒါ့အပြင်ဆွီဒင်နိုင်ငံရဲ့ နိုင်ငံရေးဝန်ကြီး တ၀က်ဟာ အမျိုးသမီးများဖြစ်ကြပါတယ်။
၂။ Denmark
 Image result for Denmark famous tennis woman
ဒိန်းမတ်နိုင်ငံဟာ တခြားနိုင်ငံများနှင့်ယှဉ်လျှင် ပညာရေး၊ 
စီးပွားရေး ၊ ကျန်းမာရေး နှင့် နိုင်ငံရေးနယ်ပယ်တွေမှာ 
ကျားမ ခွဲခြားမှု အလွန်နည်းပါးပါတယ်။ လူမှုစောင့်ရှောက်ရေးစနစ်နှင့်ဆက်စပ်တဲ့ စီးပွားရေးများလည်းရှိပါတယ်။ အနောက်နိုင်ငံတွေထဲမှာ 
Parental leave ကို ညှိနှိုင်းရနိုင်တဲ့ နိုင်ငံများထဲမှာ တစ်ခုအပါအ၀င်လည်းဖြစ်ပါတယ်။
၃။ Norway 
 Related image
 နော်ဝေးနိုင်ငံမှာ အမျိုးသမီးလစာနှင့် မီးဖွားခွင့် ၃၅ ပတ်အထိယူနိုင်ပြီး လစာမဲ့အနေနဲ့ ၄၅ ပတ်မှ 
ရက်သတ္တပတ်ပေါင်း ၈၀ အထိခွင့်ယူနိုင်ပါတယ်။ 
Norway ဟာ ကမ္ဘာပေါ်မှာ ကျားမ တန်းတူ
အခွင့်အရေးအရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
၎။ Netherlands 
 Related image

 မီးဖွားပြီးကာစ မိခင်တွေကို စောင့်ရှောက်ဖို့အတွက် အကူသူနာပြုတွေကို အာမခံမှ အပြည့်အ၀ဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကုန်ကျစရိတ်ခံပေးပါတယ်။ 
အမျိုးသား အမျိုးသမီး ကွာဟချက်တွေကိုလည်း အကောင်းဆုံးလျှော့ချပေးထားတဲ့နိုင်ငံဖြစ်ပါတယ်။
၅။ Canada 
 Related image
 ကနေဒါနိုင်ငံဟာ ပြည်တွင်းသာမက ပြည်ပမှာပါ အမျိုးသမီး
များရဲ့ အခွင့်အရေးကို ကာကွယ်ဆောင် ရွက်နေပါတယ်။ ကနေဒါနိုင်ငံမှ အမျိုးသမီးများမှာ တခြားနိုင်ငံမှအမျိုးသမီး
များထက် အခွင့်အရေးပိုမို ခံစားခွင့်ရှိတယ်လို့တောင် ဝေဖန်ခံရတဲ့အထိပါပဲ။
၆။ Finland 
Related image
အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိခဲ့တဲ့ ပထမဆုံး
နိုင်ငံဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာ့တန်းတူအခွင့်အရေးဆုကို ရွေးချယ်ချီးမြှင့်လေ့ရှိပြီး ယခုနှစ်မှာတော့ 9th grade ကျောင်းသားကျောင်းသူများကို We Should All Be Feminists ဆိုတဲ့ ဘာသာပြန်စာတမ်းတစ်စောင်ကို ပေးအပ်ခဲ့ပါတယ်။
၇။ Switzerland
 Image result for miss switzerland 2019
2017 ခုနစ်မှာ ကမ္ဘာပေါ်မှာနေလို့အကောင်းဆုံး မြို့အဖြစ် စာရင်းဝင်ခဲ့တဲ့ ဆွစ်ဇာလန်ဟာ အမျိုးသမီးအခွင့်အရေးကို ဦးစားပေးဆောင်ရွက်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးများမဲပေးခွင့်ကိုတော့ 1971 ခုနှစ်မှ ရရှိခဲ့ပြီး ဒီလိုအခွင့်အရေးကို တခြားနိုင်ငံများရဲ့ နောက်ဆုံးမှာမှသာ ရရှိခဲ့တာဖြစ်ပါတယ်။
၈။ Australia
 Image result for miss australia 2019
အမျိုးသား အမျိုးသမီးများအားလုံးဟာ အားကစားမှာ တတ်ကြွစွာပါဝင်လှုပ်ရှုားကြပြီး ယောက်ျား မိန်းမ အားလုံးရဲ့ တွေးခေါ်ရှင်သန်မှုတွေ မြင့်မားတဲ့နိုင်ငံဖြစ်ပါတယ်။
၉။ Austria Austria 
 Related image
နိုင်ငံဟာ စွန့်ဦးတီထွင်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း ၊ ယဉ်ကျေးမှု စတဲ့နယ်ပယ်အသီးသီးမှာ အဆင့်မြင့်မားစွာ နေရာယူထားပြီး ၀င်ငွေကောင်းသော ဒီမိုကရေစီ ယဉ်ကျေးမှုကြောင့် ကမ္ဘာ့ပေါ်မှာ နေထိုင်မှုအဆင့်အတန်းအမြင့်ဆုံး နိုင်ငံတစ်ခု ဖြစ်နေရခြင်းဖြစ်ပါတယ် ။
၁၀။ New Zealand
Related image
 ငြိမ်းချမ်းမှုကိုထိန်းသိမ်းနိုင်သော ကမ္ဘာလုံးဆိုင်ရာ လုံခြုံသောနိုင်ငံဖြစ်သည်နှင့်အညီ အမျိုးသား အမျိုးသမီး တိုင်းအတွက် New Zealand ဟာ လုံခြုံစိတ်ချရပြီး
 အေးချမ်းသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ 
New Zealand နိုင်ငံဟာ 1980 ခုနစ်ကတည်းက 
နျူကလီးယား ကင်းစင်သောဇုံ ဖြစ်ပါတယ်။