Sunday, September 25, 2022

GOUT ဂေါက်ရောဂါကို အစားစာနဲ. ကုမယ်

 ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ 

( စားသင့် / မစားသင့်သော အစားအစာများ)


‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင် ကိုက်ခဲ ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။အရွယ်ရောက်ပြီး အမျိုးသား များ နှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲ လာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံ ကစားသုံးတဲ့ အစားအစာ တွေကြောင့်လို့ သိရပါတယ်။

May be an image of one or more people