Monday, May 22, 2017

ညဆိုင်းအလုပ်လုပ်သူများ

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေအနေ ကမောက်ကမဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။ 

ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည် လောင်ကျွမ်းမှု ကိုသာအားကိုးရသည်။ကိုယ်တွင်းအရည် လောင်ကျွမ်းမှု သည် အဆိပ်အတောက်ဖြစ်ပေါ်မှု များတတ်သည်။ ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက် သူများဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ 

ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။ နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င် သည်။ ဆောင်းရာသီပြီးလျှင်နွေရာသီ ရောက်လေသည်။ သဘာဝလော ကကြီးသည် အချိန်မှန်မှန်၊ စည်းချက် ကျကျဖြစ်ပျက်နေသည်။ 

လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊ စည်း ချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင် မည်။ ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန် ည ၉-နာရီ မှ ည ၁၁-နာရီ=ရောဂါ ခုခံကာကွယ် စနစ်အချိန် (အလယ်တန်းအောက် ကလေးသူငယ် များသည် ရောဂါခုခံ ကာကွယ်စနစ် တည်ဆောက်မှု မပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင် ကောင်း၏) ။

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်း ချဉ်ဆီမှ သွေးနီဥ တည်ဆောက် ချိန် နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန် နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက် အချိန် နံနက် ၄-နာရီ =ခန္ဓာကိုယ် ၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန် (ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။ 

လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊ ၊နှလုံး၊လေဖြတ်၊ ဦးနှောက်
သွေးကြောရောဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှ ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။) နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန် နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန် (ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်) နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ =သရက်ရွက် အလှုပ်ရှားဆုံးအချိန် နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန် (ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်း 
ရောဂါမဖြစ်တော့ပေ) နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ =အူသိမ် အလှုပ်ရှားဆုံးအချိန် (နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာ စားလျှင် ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါလေထိုး လေအောင့် ရာဂါဖြစ်တတ်သည်။) 

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ် အလှုပ်ရှားဆုံး အချိန် (ဤအချိန်တွင်ရေများများသောက်ရန် အရေးကြီးသည်။) ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ် အလှုပ်ရှားဆုံးအချိန် ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက် အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန် (ဤသည်မှာ ရှေးတရုတ် တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။) (ပါမောက္ခ ဒေါ်ခင်ဖြူ)

နှလုံးသွေးကြောကျဉ်းအတွက် ဆေးနည်း

(ဆေးဖေါ်နည်း)
(၁) သံပုယိုသီး (သို့) ရှောက်သီးအရည်လက်ဖက်ရည်ခွက်၁ ခွက်
(၂) ဂျင်း(ချင်း)အရည် ၁ ခွက်
(၃) ကြက်သွန်ဖြူ အရည် ၁ ခွက်
(၄) ပန်းသီးရှာလကာရည် (Apple Cider Vinegar) ၁ ခွက်
အထက်ဖော်ပြပါ အမယ်(၄)မျိုးကို ရောစပ်၍ မီးလျှော့ထားပြီး (၁) နာရီခန့်ကြာအောင် (သို့မဟုတ်) ၄ ခွက်တွင် ၃ခွက်ကျန်သည်အထိ ကြိုပါ။
ပြီးလျင် အအေးခံထားပါ။
ပြီးလျှင် ပျားရည်စစ်စစ် လက်ဖက်ရည်ခွက် ၃ခွက်ရော၍ နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင် ထည့်ထားကာ သုံးဆောင်နိုင်ပါသည်။
## ဆေးသောက်ရန် အညွန်း နံနက်အိပ်ယာထ အစာမစားမီ ထမင်းစားဇွန်းအပြည့် တစ်ဇွန်းသောက်ပါ။
တစ်နေ့တစ်ကြိမ်ဖြင့် နေ့စဉ် တစ်လတိတိ သုံးစွဲသွားပါက ကျဉ်းနေသော နှလုံးသွေးကြောများ၊ ပိတ်မိနေသော နှလုံးသွေးကြောများလည်း ပြန်ပွင့်သွား၍ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာစေမည်။ ဤဆေးနည်းကို မျှဝေပေးခြင်းဖြင့် တန်ဖိုးရှိလှသောလူ့အသက်ပေါင်း များစွာတို့ကို ကယ်တင်ပေးနိုင်ကြပါသည်။
Credit . ..(အဘမူးလယ်)

PARACETAMOL(ပါရာစီတမော)သတိထား

ဖော်ပြပါတံဆိပ်နှင့် ပါရာစီတီမောကို မသုံးမိကြစေရန် အလေးအနက် သတိပေးလိုက်ပါသည်။ ဤဆေးတွင် အသက်အန္တရာယ် ဖြစ်စေနိုင်သည့် Machupo အမည်ရှိ ဗိုင်းရပ်(စ်)တစ်မျိုး ပါဝင်နေပါ၍ အထူးရှောင်ရှားရန်နှင့် ဤဖော်ပြပါ သတင်းကိုလည်း အမြန်ဆုံး ရှယ်ပေးကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ Nigeria နိုင်ငံတွင် စတင်တွေ.ရှိရပြီး ယောကျာင်္ အင်္ဂါ နှင်. မိန်းခလေး ကိုယ်အင်္ဂါ ပါးစပ်များတွင် အဖြစ်များကြောင်း သိရသည်။ 
GENT WARNING! Be careful not to take the paracetamol that comes written P / 500. It is a new, very white and shiny paracetamol, doctors advice that it contains "Machupo" virus, considered one of the most dangerous viruses in the world, with a high mortality rate. Please share this message, with all people on your contact list as well as family, and save a life or lives ....I've done my part, now it's your turn ... remember that God helps those who help others & themselves! Forward as received.