ခံတွင်းနံ့ဆိုးတာဟာ လူတစ်ယောက်အတွက် သေနိုင်လောက်တဲ့ရောဂါဝေဒနာမဟုတ်ပေမယ့်လည်း ကိုယ့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုအပေါ် ထိခိုက်နေတာကြောင့် ဖြစ်ချင်ရာဖြစ်ပစ်ထားလို့မရပြန်ပါဘူး။
လူအများနဲ့စကားပြောတဲ့အချိန်မှာဖြစ်စေ ချစ်သူနဲ့ချစ်စကားတီးတိုးပြောဆိုရာမှာဖြစ်စေ
ခံတွင်းနံ့ဆိုးခြင်းက အကြီးကြီးဒုက္ခပေးပါတော့တယ်။
ဒီလိုခံတွင်းနံ့ဆိုးတဲ့ ပြဿနာကိုခံစားနေကြရသူတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃၀ % ထိရှိတာမို့ အားငယ်စရာတော့မလိုပါဘူး။
ဘာတွေကြောင့် ခံတွင်းနံ့ဆိုးရသလဲ ဘယ်လိုပျောက်ကင်းအောင် လုပ်နိုင်မလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ဘာတွေကြောင့် ခံတွင်းနံ့ဆိုးရသလဲ သွားအခေါင်းပေါက်ဖြစ်တာ ၊ သွားဖုံးရောဂါ ၊ ခံတွင်းသန့်ရှင်းမှုမရှိတာ ၊ လျှာမှာ အဖြူ(သို့) အဝါ အဖတ်တွေကပ်နေတာတွေကြောင့် ခံတွင်းနံ့မကောင်းတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပါးစပ်ထဲမှာ ရှိတဲ့ ရာနဲ့ချီတဲ့ ဘက်တီးရီးယားတွေက ခံတွင်းအနံ့ဆိုးကို ဖြစ်ပေါ်စေပါတယ်။
အာဟာရချို့တဲ့တာ ၊ ဆီချိုရောဂါ ၊ ခံတွင်းခြောက်သွေ့တာ (တံတွေးမှာ ရောဂါပိုးမွှားတွေသေစေနိုင်တဲ့ အာနိသင်ရှိပါတယ်) တို့ကြောင့်လည်း အနံ့ဆိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
လည်ချောင်းနာတာ၊ နှာမွှန်တာ၊ အူလမ်းကြောင်းဆိုင်ရာ ပြသနာတွေကလည်း ခံတွင်းအနံ့ဆိုးရတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဆေးလိပ် ၊ ကော်ဖီနဲ့ အရက်တွေကြောင့်လည်း ယာယီခံတွင်းနံ့ဆိုးတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် ခံတွင်းနံ့ဆိုးတာကို ပျောက်ကင်းစေဖို့နည်းလမ်းလေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
ဘယ်လိုပျောက်ကင်းစေမလဲ
(၁) အံကပ်တပ်တယ်ဆိုရင် ညအိပ်တဲ့အခါ
အံကပ်ကို ဖြုတ်ပြီး ဘက်တီးရီးယားတွေမပေါက်ပွားစေဖို့ သေသေချာချာဆေးကြောပေးပါ။
(၂) ရေများများသောက်ပါ။ ရေအေးနဲ့ ပလုတ်ကျင်းပါ။ အစာစားပြီးတိုင်း သွားတိုက်ပါ။
(၃) နှစ်လ သို့မဟုတ် သုံးလတစ်ကြိမ် သွားပွတ်တံကို လဲပေးပါ။ သွားကို ပုံမှန်စစ်ဆေးပြီး ပုံမှန် သန့်ရှင်းရေးလုပ်ပေးပါ။
(၄) ဘက်တီးရီးယားတွေ ၊ မှိုတွေ ၊ ဆဲလ်သေတွေနဲ့
အနံ့ဆိုးတွေကို လျှှော့ချဖို့မနက်တိုင်း လျှာပွတ်တံနဲ့လျှာကို ပွတ်ပေးပါ။
(၅) လေးညှင်းပွင့်၊ စမုံနက်အစေ့တို့ကို ဝါးပေးပါ။ အဲဒါတွေရဲ့ ဘက်တီးရီးယားသေစေတဲ့ အာနိသင်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့
ခံတွင်းနံ့ဆိုးထွက်တာကို
သက်သာစေနိုင်ပါတယ်။
(၆) သံပရာခွံ ဒါမှမဟုတ် လိမ္မော်ခွံကို ပါးစပ်ထဲမှာ ဝါးပေးပါ (မဝါးခင် သေသေချာချာ ရေဆေးပါ)။ သံပရာခွံ၊ လိမ္မော်ခွံတွေထဲမှာရှိတဲ့ စစ်ထရစ်အက်စစ်(Citric Acid)က တံတွေးဂလင်းတွေကို လှုံ့ဆော်ပေးတာကြောင့်
ခံတွင်းနံ့ဆိုးတာကို တားဆီးပေးနိုင်ပါတယ်။
(၇) နံနံပင် ၊ ပင်စိမ်း ၊ ပူစီနံတို့ကို ဝါးပေးပါ။ သူတို့ထဲမှာပါတဲ့ ကလိုရိုဖီး (Chlorophyll) ကလည်း အနံ့တွေကို ပျောက်စေနိုင်ပါတယ်။
(၈) သုံးဆယ်စက္ကန့် ပလုတ်ကျင်းနည်းကို သုံးကြည့်ပါ။ ရေတစ်ခွက်ထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပူဒီနာ အဆီရည် အနည်းငယ်ထည့်မွှေပြီး ပလုတ်ကျင်းပါ။ အရည်ကို မမျိုချပါနဲ့။
ကျန်းမာရေး ဗဟုသုတ
ကဲ…ဒီလောက်ဆိုရင်တော့ ခံတွင်းနံ့ဆိုးတာတွေအတွက် အတော်အသင့်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။