တည်သီးကို ကြိုက်တဲ့သူလည်းကြိုက်ကြမှာပါ။ စာရေးသူစစားဖူးတုန်းကဆို နာမည်တောင်မသိဘူး။ ခရမ်းချဉ်သီးနဲ့တူတဲ့အသီးလို့ခေါ်ခဲ့ဖူးတာ။
ဒါပေမယ့် နောက်ပိုင်းမှ တယ်သီးလို့ ခေါ်ဝေါ်ကြောင်းသိလာခဲ့ရတယ်။
အခုနောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ်စား
သုံးလာကြတဲ့ တယ်သီးမှာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေမနည်းပါဘူးနော်။
၁။ကိုယ်အလေးချိန်ကျစေခြင်း။
တယ်သီးထဲမှာ အဆီပါဝင်မှုအင်မတန်နည်းပါတယ်။
တယ်သီးအနေတော်အရွယ်တစ်လုံးမှာတောင် Carbohydrate ၃၁ဂရမ်ပဲပါဝင်ပါတယ်။ ဒါကြောင့်မို့ ဝိတ်ချလိုတဲ့သူတွေ စားဖို့အတွက် အရမ်းသင့်တော်တဲ့ သစ်သီးလို့လည်းပြောလို့ရပါတယ်။
၂။သဘာဝအနာပျောက်ဆေးဖြစ်ခြင်း။
ဂျပန်တွေက တယ်သီးကို သဘာဝအနာပျောက်ဆေးလို့သတ်မှတ်ကြပါတယ်။ ရှေးခေတ်အခါတုန်းက အနာသွေးထွက်လွန်တာကိုတိတ်စေဖို့ တယ်သီးကိုအသုံးပြုကြတယ်လို့လည်းသိရပါတယ်။
၃။အစာချေစနစ်ကိုကောင်းမွန်စေခြင်း။ အမျှင်ဓာတ်ကြွယ်ဝစာတွေက အူမကြီးရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေတယ်လို့ သိထားကြပြီးသားပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့တယ်သီးကို ပုံမှန်စားသုံးပေးတဲ့အခါ အူမကြီးနဲ့သက်ဆိုင်တဲ့ ပြသနာတွေကိုသက်သာစေတာကြောင့် အစာချေစနစ်ကို အင်မတန်အထောက်အကူပြုပါတယ်။ ဝမ်းလျှောခြင်းကိုလည်းသက်သာစေပါတယ်။
၄။ဆီးချိုးသမားများအတွက် သင့်တော်ခြင်း။ ဆီးချိုရောဂါသမားတွေ အစာအစာနဲ့ပတ်သတ်လာရင် အာသာပြင်းပြစိတ်ဖြစ်တတ်ကြပါတယ်။ ဗိုက်ဆာလာတဲ့အခါမှာပဲဖြစ်ဖြစ် တယ်သီးကိုစားပေးလိုက်တဲ့အခါ ဆီးချိုရောဂါသမားတွေအတွက်ခံတွင်းတွေ့စေမှာပါ။ ဒီ့အပြင် တယ်သီးက သွေးချိုနှုန်းကိုလည်းထိန်းညှိပေးပါတယ်။
၅။သွေးပေါင်ချိန်ကျစေခြင်း။ ဆိုဒီယမ်များတဲ့အစားအသောက်တွေက သွေးပေါင်ချိန်ကိုတိုးစေပါတယ်။ ဒါပေမယ့် တယ်သီးမှာတော့ ဆိုဒီယမ်ဓာတ်အင်မတန်နည်းတဲ့အတွက် ဆီးချိုသမားတွေ အစာထိန်းစားရာမှာ ပါဝင်သင့်တဲ့ သစ်သီးတစ်မျိုးပါ။
၆။ကိုယ်ခံအားကောင်းစေခြင်း။ နေ့စဉ်ပုံမှန် ဗီတာမင် C ကိုမှီဝဲပေးတဲ့အခါ ကိုယ်ခံအားကောင်းစေပါတယ်။ ဗီတာမင်C ကြွယ်ဝတဲ့တယ်သီးကိုပုံမှန်စားသုံးပေးတဲ့အခါ သာမန်အအေးမိခြင်း၊ ဖျားနာခြင်းမှကာကွယ်ပေးတဲ့အပြင် ရင်ကြပ်ပန်းနာလိုမျိုး အဆုပ်နဲ့သက်ဆိုင်တဲ့
ရောဂါပိုးများမှလည်း ကင်းဝေးစေပါတယ်။
၇။ကင်ဆာရောဂါကို တိုက်ဖျက်ပေးခြင်း။ တယ်သီးမှာ Antioxidants တွေကြွယ်ဝတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ ဒီ့အပြင်တယ်သီးမှာ ဗီတာမင် A ပါဝင်ခြင်းကလည်း ကင်ဆာခုခံနှုန်းကို
ပိုမြှင့်တင်ပေးပါတယ်။
၈။အမြင်အာရုံကောင်းစေခြင်း။ တယ်သီးမှာ ဗီတာမင်
A ပါဝင်ပြီး ဗီတာမင် A ကအမြင်အာရုံကိုအားတိုးစေပါတယ်။
၉။သွေးနီဆဲလ်ထုတ်လုပ်မှု တိုးတက်စေခြင်း။
တယ်သီးမှာပါဝင်တဲ့ Copper ဓာတ်က သံဓာတ်စုပ်ယူမှုကိုအားကောင်းစေလို့ သွေးနီဆဲ
ထုတ်လုပ်မှုကို ကူညီမြှင့်တင်ပေးပါတယ်။
၁၀။အသည်းကိုကျန်းမာစေခြင်း။ တယ်သီးက
အဆိပ်သင့်စေတဲ့ ဓာတ်ပစ္စည်းတွေဆီမှ ကာကွယ်ပေးပြီး ဆဲလ်ပျက်ဆီးခြင်းကိုလည်းတားဆီးပေးပါတယ်။
တစ်နည်းအားဖြင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ချေဖျက်ပေးပြီး အသည်းကိုကျန်းမာစေပါတယ်။
Credit to My Food

No comments:
Post a Comment