Saturday, August 10, 2019

(ANGINA) ရင်ဘတ်အောင့်ခြင်း

 တစ်ခါတလေ ရင်ညွှန့်နေရာက အကြောင်းရင်း
မည်မည်ရရ မရှိဘဲ ဆွဲဆုတ်ထားသလို ခံစားရတတ်ပါတယ်။ 
ဘာလို့ ဒီလို ခံစားရတတ်တာလဲ?။ 
ဒါဟာ ခန္ဓာကိုယ်ရဲ့  အဓိကအင်ဂျင်တစ်ခုဖြစ်တဲ့  
နှလုံးကိုသွားတဲ့  သွေးကြောတွေ ပိတ်သွားလို့ပါ။ 
နှလုံးကြွက်သားတွေဆီ သွားတဲ့ အောက်ဆီဂျင်
 ပြတ်လပ်မှု ဖြစ်တဲ့အတွက် ရင်ဘတ်အောင့်ရတာ ဖြစ်ပါတယ်။ 

ရင်ဘတ်အောင့်တာက ရုတ်တရက် ဖြစ်ပေါ်တတ်ပြီး ဒါဟာ 
နှလုံးရောဂါရဲ့ ရှေ့ပြေး လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာ ဘာအတွက်ကြောင့် ဒီလိုရောဂါဖြစ်ရတယ်၊ ဘယ်လိုအရာတွေကို ရှောင်ကြဉ်ရမယ်ဆိုတာ ရှင်းပြပါမယ် ။ ရင်ဘတ်အောင့်ခြင်း 
အမျိုးအစားများ ရင်ဘတ်အောင့်တာဟာ ပုံစံမျိုးစုံရှိပေမယ့်
 အောက်ပါ အမျိုးအစားတွေကတော့ ဆေးကုသမှု မဖြစ်မနေ 
ခံယူသင့်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ 

၁။ Stable Angina လှုပ်ရှားမှုရှိရင် ပိုအောင့်တတ်ပါတယ်။ အနားယူလိုက်ရင်တော့ သက်သာသွားတတ်တဲ့ အမျိုးအစား
 ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကြာတဲ့အထိ အောင့်တတ်ပါတယ် ။ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း-Heart Attack မဟုတ်သေးပေ
မဲ့ လည်း Heart attack ဖြစ်ဖို့  အလားအလာရှိပါတယ် ။ 
ဆရာဝန်နဲ့  စနစ်တကျ ကုသဖို့ လိုပါတယ် ။ 
၂။ Unstable Angina ပိုပြီးဆိုးတဲ့အမျိုးအစားပါ။ အနားယူ
လိုက်ရင်တောင်မှ မသက်သာပဲ အချိန်အတော်ကြာတဲ့အထိ ခံစားရတတ်ပါတယ် ။ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရတာမျိုး ဖြစ်ခါနီး အခြေအနေဖြစ်တဲ့အတွက် အရေးပေါ်ကုသမှကို အမြန်ဆုံး ခံယူသင့်ပါတယ်။ ဘာကြောင့် ဒီရောဂါဖြစ်ရတာလဲ အဓိက ကတော့ အပေါ်မှာ ပြောထားတဲ့အတိုင်း နှလုံးကိုသွားတဲ့  သွေးကြောတွေ ပိတ်သွားလို့ပါ ။ 
တခြားဖြစ်စေတဲ့ အကြောင်းအရာတွေကတော့- 
• အဆုတ်ပင်မသွေးကြောကြီး ပိတ်ခြင်း
• နှလုံးကြွက်သား အားနည်းလာခြင်း
• နှလုံး အဆို့ရှင်ဝ ကျဉ်းလာခြင်း
• နှလုံးအိမ်ယောင်ရမ်းခြင်း
• သွေးလွှတ်ကြောနံရံ ပါးလာကာ
စုတ်ပြဲထွက်ခြင်း တို့ဖြစ်ပါတယ် ။  
ရောဂါလက္ခဏာတွေက ဘယ်လိုလဲ ရင်ဘတ်အောင့်တာ အဓိက လက္ခဏာပါ ။ လူတစ်ဦးနဲ့ တစ်ဦးကတော့ မတူပါဘူး။ တချို့က ရင်ညွှန့်ကို မီးစနဲ့ထိုးသလို အောင့်မယ်၊ တချို့ကတော့ ကိုက်ခဲပြီး အောင့်တတ်ပါတယ် ။ ရင်ဘတ်ထဲ ပြည့်ကျပ်သလို ခံစားရတတ်ပြီး ဆွဲဆုပ်ထားသလို ခံစားချက်မျိုးလည်း ခံစားရတတ်ပါတယ် ။ တခါတလေ ရင်ဘတ်အောက်နားကနေ စအောင့်တတ်ပြီး လက်မောင်း၊ ပုခုံး၊ လည်ပင်း ၊ လည်ချောင်း ၊ မေးစေ့နဲ့ နောက်ကျောဘက်အထိ အောင့်တတ်ပါတယ် ။ နောက်ဆက်တွဲ အနေနဲ့  အသက်ရှူမြန်လာတာ၊ ချွေးထွက်ပြီး မူးဝေလာတာတွေပါ ဖြစ်တတ်ပါတယ် ။ 
ဒီလို လက္ခဏာတွေ ရှိလာပြီဆိုရင်တော့ ဆေးခန်း 
အမြန်ဆုံးပြသင့်ပါတယ် ။ ရောဂါရှာဖွေခြင်း ရောဂါရာဇ၀င်မေးမြန်းတာနဲ့  ကနဦး စစ်ဆေးချက်တွေအပြင် 
ECG , ဓာတ်မှန်တို့  ရိုက်ရမှာပါ ။ 
လိုအပ်ရင် အက်ခိုး Echo (နှလုံးဓာတ်မှန်) ရိုက်တာမျိုးလည်း ပြုလုပ်ပေးရပါမယ်။ ကုသခြင်း ရောဂါက နှလုံးကို 
ဘယ်လောက်ထိ ထိခိုက်မှုရှိလဲ ဆိုတဲ့ပေါ် မူတည်ပြီး 
ကုသတဲ့ ပုံစံကလည်း ကွဲပြားပါတယ် ။
 ရောဂါ အနုအရင့်အလိုက် သောက်ဆေးတွေ
မှီဝဲတာကနေ အကြီးစား ခွဲစိတ်မှုပြု
လုပ်ရတဲ့အထိ ကုသမှုပုံစံ အဆင့်ဆင့်ရှိပါတယ် ။
 သောက်ဆေးတွေ မှီဝဲတဲ့အခါ 
• သွေးကြောကျဉ်းတာကို တားဆီးမဲ့ဆေး၊ 
• နှလုံးခုန်နှုန်း မမြန်အောင် ထိန်းဆေး၊ 
• သွေးကြောချဲ့ဆေး နဲ့  
• သွေးကျဲဆေး ဆိုပြီး ဆရာဝန် ညွှန်ကြားချက်နဲ့အညီ
 သောက်ရမယ့် အမျိုးအစားတွေ ရှိပါတယ်။ 
 ဒီလို ကုသနည်းတွေနဲ့ မအောင်မြင်ဘူးဆိုရင်တော့ 
နှလုံးခွဲစိတ်မှု ပြုလုပ်ဖို့ လိုအပ်မှာပါ ။ 
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ရပါမယ်။ 
ဘယ်လို ကာကွယ်ရမလဲ ဘယ်လို 
အခြေအနေတွေက ရင်ဘတ်အောင့်တာကို ပိုဆိုးစေလဲ
ဆိုတာကို နားလည်ရင် ရှောင်ကြဉ်နိုင်မှာပါ ။ စိတ်အလွန်အမင်း 
လှုပ်ရှားတာမျိုး၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာမျိုးကို ရှောင်ကြဉ်သင့်သလို အစာ စားတဲ့အခါမှာလည်း နည်းနည်းနဲ့  အကြိမ်အရည်အတွက်များများ စားသင့်ပါတယ် ။
 အောက်ပါ နည်းလမ်းတွေကိုလည်း စနစ်တကျ လိုက်နာပါ ။ 
• ဆေးလိပ်ဖြတ်ပါ၊ 
• အဆီများတဲ့ အစာတွေကို ရှောင်ပါ၊ 
• တရားထိုင်တာ၊ ယောဂကျင့်တာတွေ ပြုလုပ်ပေးပါ၊ 
• တစ်နေ့ကို နာရီဝက်ခန့် လမ်း မှန်မှန်လျှောက်ပါ၊ 
• ဆရာဝန်နှင့် ပုံမှန်ပြပါ။