Friday, November 7, 2014

(သိထားသင့်တဲ့ အိပ်မရခြင်းအကြောင်းရင်းများ)

သိထားသင့်တဲ့ အိပ်မရခြင်းအကြောင်းရင်းများ
 “ Insomnia” ဆိုသည်မှာ လက်တင်ဘာသာစကားဖြင့် “အိပ်မပျော်နိုင်ခြင်း၊ အိပ်မရခြင်း” ဟု အဓိပ္ပာယ်ရသည်။ အိပ်မပျော်ခြင်းသည် လူတိုင်းနီးပါး မကြာခဏကြုံရတတ်သည့် ပြသနာတစ်ခုပင်ဖြစ်သည်။ _ အိပ်မပျော်ခြင်းဖြစ်စေသည့် အဓိကအကြောင်းအရင်းမှာ စိတ်ဖိစီးမူနှင့် စိတ်ပူပန်စရာများကြောင့်ပင်ဖြစ်သည်။ _ မိမိချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရူံးရခြင်း၊ လုပ်ငန်းခွင်မှပြသနာများ နှင့် အိမ်တွင်းရေးပြသနာများကြောင့် ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ လက်ထပ်ပွဲ၊ ပိတ်ရက်ရှည်အတွက်အစီအစဉ်များကို ကြိုတင်တွေးတောခြင်းများကြောင့်လည်း ဖြစ်နိုင်သည်။ အိပ်မပျော်ခြင်းမှာ အသက်ကြီးသူများနှင့် အမျိုးသမီးများတွင် အဖြစ်များသည်။ အမျိုးသမီးများတွင် ရာသီပေါ်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်များနှင့် ဆက်စပ်ပြီး ဖြစ်ပွားနိုင်ပါသည်။ ထို့ပြင် အိပ်မပျော်ခြင်းသည် ရောဂါတစ်မျိုးမျိုး သို့မဟုတ် ဆေးတစ်မျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။ အောက်ဖော်ပြပါ ရောဂါအခြေအနေများအတွက် ဆေးဝါးများသောက်သုံးနေရခြင်းကြောင့်လည်း အိပ်မပျော်ခြင်းများ ဖြစ်နိုင်ပါသည် ။ အအေးမိခြင်း နှင့် ဓာတ်မတည့်မူများ ( ဥပမာ - တိရစ္ဆာန်အမွှေး၊ ပန်းရနံ့ ) သွေးပေါင်ချိန်တက်ခြင်း၊နှလုံးရောဂါ၊ သိုင်းရွိုက်ဂလင်းရောဂါ၊သန္ဓေတားခြင်း ပန်းနာရင်ကျပ်ရောဂါ၊အနာသက်သာရန် ဆေးဝါးသုံးစွဲရခြင်း စိတ်ဓာတ်ကျခြင်း ( ဥပမာ - SSRI အုပ်စု စိတ်ကျရောဂါ ဆန့်ကျင်ဆေးများ ) အိပ်မပျော်သည့်ရောဂါလက္ခဏာများ အိပ်မောကျရန် ခက်ခဲခြင်း ညအခါ မကြာခဏ နိုးနိုးနေခြင်း နိုးပြီး ပြန်အိပ်ပျော်ရန် ခက်ခဲခြင်း မနက် အစောကြီး နိုးနေတတ်ခြင်း နိုးလာသော်လည်း လန်းလန်းဆန်းဆန်းမရှိခြင်း နေ့ဘက်တွင် အိပ်ငိုက်နေခြင်း အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ အိပ်ခန်းများ လင်းထိန်နေခြင်း၊ စိတ်ဂယောက်ဂယက်ဖြစ်ခြင်း တို့ဖြစ်ပါသည်။ ကုသမူများ အိပ်စက်ခြင်းသည် လူသားအားလုံးအတွက် ရေနှင့် အစာအာဟာရများကဲ့သို့ပင် အရေးကြီးပါသည်။ အိပ်ရေးမ၀ခြင်းကြောင့် အားနည်းနုံးခွေခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မရခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်းတို့နှင့် စိတ်တိုစိတ်ဆတ် လွယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ကာလကြာရှည်စွာ အိပ်မပျော်ခြင်းကို မကုသပါလျှင် ယင်းနှင့်ဆက်နွယ်ပြီး ဖျားနာမှု ၊ရောဂါဖြစ်ပွားမှုများနှင့် မတော်တဆမှုများ တိုး ပွားလာနိုင်ပါသည်။ သုတေတန ပြုလုပ်ချက်များအရ အိပ်မပျော်သူများမှာ ကျန်းမာရေးအခြေအနေ ပိုပြီးအားနည်းခြင်း၊ အလုပ်လုပ်နိုင် သောစွမ်းရည် ပိုပြီးကျဆင်းခြင်းနှင့် စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေများပါသည်။ ကာလကြာရှည်စွာအိပ်မပျော်ခြင်းဖြစ်လာလျှင် ဆရာဝန်နှင့်ပြသပြီး လိုအပ်သည့်ကုသမှုခံယူပါ။ မိမိခံစားနေရသော ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ။ သင်၏အလေ့အထ၊ နေထိုင်မူကို အခြေခံ၍ ကုသမူအချို့မှာ...... အိပ်စက်ခြင်းကိုအားပေးသော အိပ်ရာနေရာကိုဖန်တီးစေခြင်း အိပ်စက်ခြင်းနှင့် ပတ်သက်၍ အကောင်းမြင်တွေးခေါ်မှုနှင့် ယုံကြည်မူများတိုးပွားလာအောင်ပြုလုပ်ပေးခြင်း အိပ်စက်ရန်နှင့် တစ်ညတာလုံးအိပ်မောကျစေရန် အိပ်ရာထဲရှိသင့်သည့်အချိန်ကို ကန့်သတ်ပြီး ထိုအချိန်အတိုင်း အိပ်စက်စေခြင်း စိတ်ပြေလျော့စေရန် နည်းလမ်းများ ဥပမာ - မနက်စောစောလေ့ကျင့်ခန်းလုပ်ခြင်း ဆုတောင်းခြင်း၊ မိမိ၏မျှော်လင့် ချက် ဖြစ်ချင်သည်များကို စိတ်ကူးစေခြင်းများက အိပ်ပျော်စေရန် ကူညီနိုင်ပါသည်။ သင်၏နေထိုင်မူပုံစံကို ပြောင်းလဲပြင်ဆင်မူသာမက ဆေးဝါးကုသမူလည်း ပူးတွဲပြုလုပ်သင့်သည့် အခြေနေများမှာ... သင်၏အိပ်မပျော်သည့် အကြောင်းရင်း ကိုဝေဖန်သုံးသပ်ပြီး လိုအပ်သောအခါ အိပ်မပျော်ခြင်းကြောင့် သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာသောအခါ သင့်လျော်သော အိပ်စက်ခြင်းကို အားပေးမည့်အလေ့အထများကို လုပ်ဆောင်ပြီးသော်လည်း အိပ်မပျော်သောအခါ သုံးစွဲသင့်ပါသည်။ သို့သော် အိပ်ဆေး၏ဘေးထွက် ဆိုးကျိုးများဖြစ်သော မနက်ခင်းတွင် အိပ်ငိုက်ခြင်း ၊ခေါင်းကိုက်ခြင်း၊မေ့လျော့တတ်ခြင်း၊ညဘက်အိပ်နေ ရင်း ယောင်ပြီးလမ်းထလျှောက်တတ်ခြင်း၊ ဆေးဖြတ်ပြီးနောက် ကောင်းစွာအိပ်မပျော်ခြင်း စသည်တို့ ဖြစ်စေနိုင်သောကြောင့် အိပ်ဆေးကို တတ်နိုင်သလောက်အားမကိုးသင့်ပါ။ ကိုယ်ဝန်ရှိသူများနှင့် နို့တိုက်မိခင်များအိပ်ဆေးမသုံးသင့်ပါ။ ထိုကာလများတွင် အိပ်မပျော်ခြင်း ပြဿနာကိုမည်သို့ရင်ဆိုင်သင့်ကြောင်း ဆရာဝန်ကို မေးမြန်းဆွေးနွေးပါ။ ကောင်းစွာအိပ်စက်နိုင်ခြင်းအတွက် ကျန်းမာရေးအလေ့အထများကို လက်တွေ့လိုက်နာကျင့်ကြံခြင်းဖြင့် သင်၏ဘ၀အရည်အသွေးကို မြှင့်တင်နိုင်ပါစေ။

(ကင်ဆာနဲ.ဒူးရင်းသြဇာသီး(ဆရာဝန်မတဦးသက်သေခံချက်)

 ကင်ဆာရောဂါကို ပျောက်စေတဲ့ နောက်ဆုံးတွေ့ရှိချက်
 သဘာဝအသီးတစ်မျိုးအကြောင်းကို
 ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကင်ဆာရောဂါသမားများအနည်းငယ်ဖြစ်ဖြစ်
 ပျောက်ကင်းပြီးကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက်
 နိုင်ငံအသီးသီးက တက်ရောက်လာတဲ့
ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့
 တော်တော်အံ့အားသင့်သွားတယ်။
 ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါကင်ဆာလို့ 
အဖြေထွက်ပီး ကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။
အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့
 စကားစမြည်ပြောရင်းနဲ့ဆေးနည်းလေးတစ်ခု
ရလာတာကို ဝေမျှခြင်လို့ပါ။ အခုတစ်လော
ကင်ဆာ ဆိုတာနဲလူတွေကလန့်နေကြပါပီ။
ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့
 ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့်
ကျွန်မတို့ရုံးက အန်တီဆိုရင်သူ့ကင်ဆာဖြစ်တာသူများကို
မသိစေချင်ဘူး၊ သူများတွေ သူ့ကိုသေလူ
လို့ကြည့်နေတဲ့အကြည့်တွေ
မခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။
ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို
အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ
တစ်ယောက်လဲကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။
အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့
မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ
ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။
အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ကျွန်မတောင်စမ်းသောက်ကြည့်ပီး
တွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။
ခီမိုသွင်းထားတဲ့လူနာတွေဆို
ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။
အရမ်းလဲသနားဖို့ကောင်းပါတယ်။
ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။
အရသာလဲမဆိုးတဲ့ဘဘာဝအသီးပင်ရဲ့
အရွက်ကိုပြုတ်သောက်ရုံတင်နဲ့
ကင်ဆာရောဂါကိုပျောက်ကင်းသက်သာစေတာ
ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့
 ရဲရဲကြီးမျှဝေလိုက်ပါတယ်။ ဆေးပညာအကြောင်း
အစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ
ကင်ဆာ cellအကောင်းရောအဆိုးပါသတ်ပစ်တာဖြစ်ပီး
ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့
အာနိသင်ကတော့ကင်ဆာဆဲလ်ချည်း
သတ်သတ်ကိုသာသတ်ပစ်တယ်လို့ ရှင်းပြပါတယ်။
ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့
လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊တစ်ယောက်နဲ့
တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို
ခန္တာကိုယ်ကတုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်ကျွန်မအကြံပေးခြင် တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေသက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့စမ်းသောက်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။
ကိုယ်နဲ့သိတဲ့မိတ်ဆွေသူငယ်ချင်း
 ဆွေမျိုးသားခြင်းများမှာလဲကင်ဆာရောဂါရှိတဲ့သူများရှိရင်
 ထပ်ဆင့် ဝေဌပေးကြပါ နော်။
ကင်ဆာဆဲလ် တွေစစ်တဲ့အခါတိုးတက်မှုရှိမရှိကို
သိလာပါလိမ့်မယ်နော်။ ဒူးရင်းသြဇာလို့
 မြန်မာပြည်မှာခေါ်တဲ့အသီးကို
သိကြမယ်ထင်ပါတယ်နော်။
အဲဒီအသီးပင်ရဲ့အရွက်ကိုပြုပ်သောက်ရမှာဖြစ်ပါတယ်။
 ဆေးနည်းကတော့ အရွက် (၂၀) ရွက်ကို
 ရေ ၆-၈ ခွက်ထည့်ပီး မီးအေးအေးနဲ့
(၂)နာရီကြာအောင်တည်ရပါမယ်။
 တစ်ရက်ကို (၃) ခါ နှစ်ခွက်စီ သောက်ပါ
(၅)ရက်သောက်ရမှာဖြစ်ပါတယ်။
လိုအပ်ရင် ဆက်သောက်သွားလို့ရပါတယ်။
အသီးလဲကြိုက်တတ်ရင်ရန်ဖန်ရံခါစားပေးပါ။
ကင်ဆာရောဂါရှိသူများ၊ အသိမိတ်ဆွေအမျိုးထဲမှ
 ရောဂါရှိသူများကို သဘာဝဆေးဖြစ်တာကြောင့်
 ဘေးဥပဒ်မသင့်မှာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းကြပါနော်။
သက်သာပျောက်ကင်းသွားတယ်ဆိုရင်
ကိုယ့်အတွက်အမြတ်ပါဘဲ။
မှတ်ချက်.. Google Group တခုမှ ကူးယူထားပါသည်။