Wednesday, July 24, 2019

( စတော်ဘယ်ရီးသီး )

 စတော်ဘယ်ရီးသီးကို မကြိုက် တဲ့သူဆိုတာ တော်တော်ရှားမယ်ထင် ပါတယ်။ နေ့စဉ်စားသုံးတဲ့
 ပေါင်မုန့် ထဲမှာပဲဖြစ်ဖြစ်၊ ဘီစကစ်ပဲဖြစ်ဖြစ်၊ အအေးပဲဖြစ်ဖြစ် စတော်ဘယ်ရီအရ သာဆိုတာ ပါဝင်နေပါတယ်။ 

အနီရောင်ရှိပြီးမွှေးပျံ့တဲ့အနံ့ရှိတဲ့ စတော်ဘယ်ရီသီးဟာ ကျန်းမာရေးအတွက် သင့် တော်တဲ့
သစ်သီးတွေထဲမှာ ပါဝင်ပါတယ်။ 

၁။ စတော်ဘယ်ရီမှာပါတဲ့ ပေါ် လီ ဖီနော်ဟာ ရောင်ရမ်းမှုအမျိုးမျိုးကို သက်သာ စေပါတယ်။

 ၂။ စတော်ဘယ်ရီမှာ ရောင်ရမ်း မှုသက်သာစေတဲ့ 
anti inflammatory နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပူးတွဲပါဝင်မှုများတဲ့အတွက် ကင်ဆာ ကိုကာကွယ်စေပါတယ်။
 အထူးသ ဖြင့် အူမကြီးကင်ဆာ၊ အစာအိမ် ကင် ဆာတွေကို ကာကွယ်နိုင်ပါတယ်လို့ အခုသုတေသနမှာဖော်ပြထားပါတယ်။

 ၃။စတော်ဘယ်ရီသီးဟာ အသက် အရွယ်ရလာရင်ဖြစ်တဲ့ မျက်စိမှုန် ခြင်း၊ မျက်စိတိမ်စွဲခြင်းတွေကို လျော့ ပါးစေတဲ့ စူပါအစားအစာ ဖြစ်တယ် လို့ သိရပါတယ်။ 

၎။ စတော်ဘယ်ရီသီးဟာ ခုခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။ 
အိပ် ရေးပျက်ထားသူတွေ စတော်ဘယ် ရီ ဖျော်ရည် အေးအေးတစ်ခွက်သောက် သုံး ပေးသင့်ပါတယ်။ 

၅။စတော်ဘယ်ရီသီးဟာ ဗီတာ မင်စီကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် အရေပြားတင်းရင်းမှုကိုဖြစ်စေတဲ့ ကော် လဂျင်ကို ထောက်ပံ့ပေးနိုင်ခြင်း၊သွားဖုံးသွေးယိုခြင်းကို ကာကွယ်ပေး နိုင်ခြင်းတွေကို စားသုံးသူတွေ ခံစား ရစေပါတယ်။

ချယ်ရီသီး စားပေးပါရန် မမေ.ပါနဲ.

7 Impressive Health Benefits of Cherries
Packed with nutrients အရောင်ဆင်း အမျိုးမျိုးရှိပြီး
Prunus cerasus L. and Prunus avium L. 

ချယ်ရီသီး (154 grams) တခွက် တွင် 
• Calories: 97 • Protein: 2 grams 
• Carbs: 25 grams • Fiber: 3 grams 
• Vitamin C: 18% of the Daily Value (DV) 
• Potassium: 10% of the DV • Copper: 5% of the DV 
• Manganese: 5% of the DV အနိသင် ပါဝင်သည်။ 

2. Rich in antioxidants and anti-inflammatory compounds ချယ်ရီသီးတိုင်း၌ ခန္ဓာကိုယ်တွင်း ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်သော Antioxidants ဓါတ်များ ပါဝင်သည်။ 

3. May benefit heart health I84,158 လူနာအား စစ်ဆေးချက်အရ နှလုံးနာရောဂါ ကာကွယ်ခြင်း နှုင်. နှလုံးအားကောင်းစေသည်. အာနိသင် ရှိသည်။ 

4. May improve symptoms of arthritis and gout 633 ဦးအား စစ်ဆေးတွေ.ရှိချက်အရ ဂေါက်ရောဂါဝေဒနာ ရှင်များအတွက် နာကျင်မှု ကျဆင်းစေရန် အလွန်သင်.တော်သည်. အသီးဖြစ်သည်။ 

.5. May improve sleep quality အိပ်မရ၍ အိပ်ရေးပျက်နေသူများနှုင်. ကိုယ်ခန္ဒာ၌ ရောင်ယမ်းမှု လျော.ကျစေလိုပါက ချယ်ရီသီး စားပေးပါရန် မမေ.ပါနဲ.။ 

 7. Easy to add to your diet 
အစာကြေလွယ်စေသည်

Blue Berries သီး

Blue Berries  သီးတွင်
 အောက်ပါ ဗီတာမင်များ ပါဝင်သည်
• Fiber: 4 grams • Vitamin C: 24% of the RDI 
• Vitamin K: 36% of the RDI 
• Manganese: 25% of the RDI 
• Small amounts of various other nutrients 

1/ The blueberry is a very popular berry. It is low in calories but high in fiber, vitamin C and vitamin K. လူကြိုက်များပြီး ကယ်လိုရီနည်းသော်လည်း အမျှင်ဓါတ် များသည်။ ဗီတာမင်စီ နှုင်. Vitamin K ကြွယ်ဝသည်။ 

2/ Blueberries are the King of Antioxidant Foods လူတိုင်းအတွက် သင်.တော်သော အသီးဖြစ်သည် 

3.Blueberries Reduce DNA Damage, Which May Help Protect Against Aging and Cancer ပျက်စီးသွားသည်.
 DNA အစိတ်ပိုင်းအား ပြန်လည် ဖြည်.ပေးပြီး 
ကင်ဆာရောကွယ် ကိုလည်း ကာကွယ်ပေးသည်။ 

4/Blueberries Protect Cholesterol in Your Blood From Becoming Damaged နေ.စဉ် (50-gram) စားပေးပါက DLD Cholesterol ကိုလက်စရော ကာကွယ်ပေးသည်။ 

5/Blueberries May Lower Blood Pressure
 နေစဉ်စားပေးပါက သွေးပေါင်ချိန် ကျစေသည်။ 

 6/Blueberries May Help Prevent Heart Disease သူနားပြုဆရာမ 93,600 nurses လေ.လာချက်အရ 
နှလုံးရောဂါ ကာကွယ်ရန် အာနိသင်ရှိကြောင်း သိရသည်။ 

7. Blueberries Can Help Maintain Brain Function and Improve Memory အသက်ကြီးသူ 16,000 အား လေ.လာစမ်းသပ်ချက်အရ ၂ နှစ်ခွဲခန်. ပို၍ 
နုပျိုစေသည်ဟု သိရသည်။ 

8/Anthocyanins in Blueberries May Have
 Anti-Diabetes Effects သွေးချို ဆီးချို ကျစေသည်။ 

9. May Help Fight Urinary Tract Infections 
ဆီးနှုင်.ဆိုင်သော UTIs ရောဂါများ ကာကွယ်ပေးသည်။ 

10. Blueberries May Reduce Muscle Damage After Strenuous Exercise ကြွက်သား လျော.ကျ
ပျက်စီးခြင်းအတွက် ပြန်လည်
 ဖြည်.ဆည်းပေးသည်။

ပန်းသီးစားခြင်း၏ အနိသင် ၈ မျိုး

 1. Loaded With Nutrients One cup 
(5.8 ounces or 165 grams) of pineapple 
chunks contains the following 
(2): ပန်းသီးဖျော်ရည်တခွက်၌ ပါဝင်သော ဗီတာမင်များ 
• Calories: 82.5 • Fat: 1.7 grams 
• Protein: 1 gram • Carbs: 21.6 grams 
• Fiber: 2.3 grams • Vitamin C: 131% of the RDI 
• Mang: 76% of the RDI • Vitamin B6: 9% of the RDI 
• Copper: 9% of the RDI • Thiamin: 9% of the RDI 
• Folate: 7% of the RDI • Potassium: 5% of the RDI 
• Magnesium: 5% of the RDI • Niacin: 4% of the RDI 
• Pantothenic acid: 4% of the RDI 
• Riboflavin: 3% of the RDI 
• Iron: 3% of the RDI . 

Pineapples are packed with a variety of vitamins 
and minerals. They are especially rich 
in vitamin C and manganese. 

2. Contains Disease-Fighting Antioxidants 
3. Its Enzymes Can Ease Digestion 

4. May Help Reduce the Risk of Cancer 
5. May Boost Immunity and Suppress Inflammation 

6. May Ease Symptoms of Arthritis 
7. May Speed Recovery After Surgery or 
Strenuous Exercise.

အစာအိမ်ကင်ဆာ

(အစာအိမ်ရောဂါသတိထားပါ)
ကင်ဆာဖြစ်နိုင်သည့်အဆင့်အမှတ်(၁)အဖြစ် WHO က သတ်မှတ်ထား အစာအိမ်ရောဂါပိုးသည် လူ၏ အစာအိမ်ထဲတွင်သာ အဓိကနေထိုင်နိုင်ပြီး သိုး၊ 
ဆိတ်၊ ခွေး၊ ကြောင်နှင့် ယင်ကောင် များတွင်လည်း တွေ့ရှိနိုင်ကြောင်း သိရ သည်။ 

လက်ဖြင့်နယ်ထားသော အစား အစာများ၊ ယင်နားစာများ၊ မသန့်ရှင်းသော အစားအစာများ၊ လမ်းဘေးအစားအစာ များ၊ ချဉ်ဖတ်များတွင် အစာအိမ်ပိုးကို ပိုမို တွေ့ရှိနိုင်ကြောင်း သိရသည်။ အဆိုပါ ရောဂါပိုးသည်မသန့်ရှင်းသော ရေ၊ မသန့် ရှင်းသောအစားအစာ၊ တံတွေး၊ လူ၏မစင် တို့မှတစ်ဆင့် ကူးစက်နိုင်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အသက် အရွယ်အမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ ကျား-မ၊ ကလေး-လူကြီးမရွေး အစာအိမ်ရောဂါ ပိုးကို တွေ့ရှိနိုင်ပြီး ချမ်းသာကြယ်ဝသော နိုင်ငံများ၏ လူဦးရေ ၅၀ရာခိုင်နှုန်းကျော် နှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူဦးရေ ၇၀ရာခိုင် နှုန်းမှ ၉၀ရာခိုင်နှုန်းခန့်တွင် အစာအိမ် ရောဂါပိုးတွေ့ရှိနိုင်ကြောင်း သိရသည်။အစာအိမ်ရောဂါပိုး ကူးစက်ခံရခြင်းဖြင့် ရုတ်ခြည်းအစာအိမ်ရောင်ရမ်းနာ၊ နာတာ ရှည်အစာအိမ် ရောင်ရမ်းနာများဖြစ်ပွား ခြင်းမှ အစာအိမ်အမြှေးလွှာဆဲလ်များ ကင်ဆာအဖြစ်သို့ ကူးပြောင်းခြင်း၊ အစာအိမ် ကင်ဆာ ကနဦးအဆင့်၊ ရောဂါကျွမ်းသည့် အဆင့်စသည်ဖြင့် ရောဂါများ ဆင့်ပွားဖြစ် ပေါ်လာနိုင်ကြောင်း သိရသည်။ 

 ''အစာအိမ်ကင်ဆာက ဖြစ်တဲ့ နေရာပေါ်မူတည်ပြီး အသက်ရှင်နိုင်တဲ့ ရာခိုင်နှုန်းလဲ ကွာတယ်။ အစာအိမ်တစ်ခု လုံးကင်ဆာဖြစ်ရင် မကောင်းဘူး။ ကင်ဆာ ဆဲလ်အမျိုးအစားပေါ်လဲ မူတည်တယ်။ အစာအိမ်ကင်ဆာဖြစ်တဲ့သူက ငယ်လွန်း ရင်လဲ မကောင်းဘူး။ ကိုယ်ဝန်ရှိနေတဲ့သူ ဖြစ်ရင်လဲ မကောင်းဘူး။ အစာအိမ်ကင် ဆာဖြစ်ရင် ခွဲရင်ခွဲ၊ ကင်ဆာဆေးသွင်းရင် သွင်း၊ လိုအပ်ရင် ရောင်ခြည်ပြပြီး ကုရမယ်'' ဟုအစာအိမ် အူလမ်းကြောင်းအထူးကုဆရာ ၀န်ကြီးပါမောက္ခ-ဌာနမှူး၊ 
ပါမောက္ခ ဒေါက် တာ သိန်းမြင့်က ဆိုသည်။

 အစာအိမ်ရောဂါပိုးပြန့်ပွားခြင်း ကို (Greentea)၀ိုင်အနီ(Red Wine)၊ လတ်ဆတ်သော ဒိန်ချဉ်တို့သည် တားဆီး နိုင်သည်ဟု သိရသည်။ အစာအိမ်ရောဂါပိုး ကြောင့် အူသိမ်အူပိုင်းအနာ၊ အစာအိမ် အမြှေးပါးရောင်ခြင်း ၊အစာအိမ်အနာ၊ အစာ မကြေရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအား နည်းရောဂါ၊ အစာအိမ် ကင်ဆာ၊ အစာ အိမ်သားနံရည်ကျိတ်ကင်ဆာ၊ သွေးမွှားဥ အားနည်းသည့် ရောဂါ(သွေးမတိတ်ရောဂါ) များ ဖြစ်ပွားတတ်ကြောင်း သိရသည်။ 

 ယင်းပြင် အစာအိမ်ရောဂါပိုး ကြောင့် သွေးအားနည်းရောဂါ၊ အင်ပျဉ် ထခြင်း၊ အရေပြားယားယံခြင်း၊ အရေပြား အကြေးခွံထခြင်း၊ သွေးကြောမာခြင်း၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ ၀က်ခြံ၊ အသည်း ရောဂါ၊ သည်းခြေအိတ်ရောဂါအမျိုးမျိုး၊ ခြေထိပ်၊ လက်ထိပ်သွေးမရောက်ရောဂါ နှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ အစာအိမ်ကင်ဆာဖြစ်ပွားခြင်း မှကာကွယ်နိုင်ရန်အတွက် မိမိ၏အစာအိမ် တွင် အစာ အိမ်ရောဂါပိုးရှိ၊မရှိ ကြိုတင်စစ် ဆေးမှုများပြုလုပ်သင့်ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် ကင်ဆာကြောင့် အသက်ဆုံးရှုံးရာ၌ အစာအိမ်ကင်ဆာ ကြောင့် အသက်ဆုံးရှုံးခြင်းသည်...
 နံပါတ်(၂) ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကင်ဆာကြောင့် အသက်ဆုံးရှုံးရာ၌ အစာအိမ်ကင်ဆာကြောင့် အသက်ဆုံးရှုံးခြင်းသည် နံပါတ်(၅)အဆင့် တွင်ရှိကြောင်း သိရသည်။ ''မိမိမှာ အစာအိမ်ရောဂါပိုးရှိ၊ မရှိ သိဖို့လိုတယ်။ အဲဒီအတွက် ပိုးရှိ၊ မရှိကို စစ်မှပဲရမယ်။ ဒါပေမဲ့ ဆေးခန်းကိုလာတဲ့ သူတွေက ပိုးသိချင်လို့လာတာရှားတယ်။
ဗိုက်နာလို့ လာစစ်တာများတယ်။ 

လူတွေ က ကျန်းမာရေးဗဟုသုတအတော်နည်းသေးတယ်။ အစာအိမ်ကင်ဆာစိတ်ပူလို့ လာ စစ်တဲ့သူတွေ၊ ဗိုက်နာပြီး ဆေးသောက်တာ မသက်သာလို့ လာစစ်တဲ့သူတွေများတယ်'' ဟု အစာအိမ်အူလမ်းကြောင်း အထူးကု ဆရာဝန်ကြီး၊ ပါမောက္ခ-ဌာနမှူး၊ ပါမောက္ခ ဒေါက်တာသိန်းမြင့်က ဆိုသည်။ 
ထို့ပြင် အစာအိမ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးသင့်သူများမှာ အစာမကြေ ရောဂါရှိသူများ၊ အစာအိမ်နှင့်အူသိမ်အနာ ရှိသူများ၊ အစာအိမ်ကင်ဆာဟု သံသယရှိသူ များ၊ အစာအိမ်ကင်ဆာ
လူနာ၏ မိသားစု နှင့်ဆွေမျိုးများ၊ သွေးအားနည်းရောဂါ
ရှိသူများ၊ သွေးမွှားဥနည်းသည့် လူနာများ 
(သွေး မတိတ်ရောဂါ)ရှိသည့်လူများဖြစ်သည်။

 မြန်မာနိုင်ငံတွင် အစာအိမ်ရောဂါပိုး ရှိ၊မရှိ ကို အစာအိမ်မှန်ပြောင်းကြည့်၍ ပိုးမွေးခြင်း၊ အသားစစစ်ဆေးခြင်းတို့ဖြင့် ပြုလုပ်နိုင် ကြောင်း၊ 
Urea Breath Test ? Fecal Antigen Test? Urine Antigen Test? Saliva Antigen Test စသည့်နည်းလမ်း များဖြင့်လည်း အစာအိမ်ရောဂါပိုးရှိ၊မရှိ စစ်ဆေးနိုင်ပြီး အဆိုပါနည်းလမ်းများ မြန်မာ နိုင်ငံတွင် မရှိသေးကြောင်း သိရသည်။ 

အစာမစားမီ သို့မဟုတ် စားပြီး ဗိုက်အောက်ခြင်း၊ အစာမကြေရင်ပြည့်၊ ရင် ကယ်ခြင်း၊ ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း၊ အစာနင်ခြင်း၊ အစာမျိုချရာ တွင် နာခြင်း၊ အစားအသောက်ပျက်ခြင်း နှင့် ကိုယ်အလေးချိန်ကျခြင်း၊ ၀မ်းပျက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းအရောင်ကတ္တရာစေးကဲ့ သို့ မည်းနက်သွားခြင်း၊ နီညိုရောင် သို့မ ဟုတ် ရွှံ့စေးရောင် ပြောင်းသွားခြင်း၊ သွေး ၀မ်းသွားခြင်း၊ ချွဲများပါခြင်း၊ 
ဝမ်းသွားရာ တွင် နာကျင်ခြင်း၊ ၀မ်းသွားပြီးနောက် ၀မ်း ကျန်သကဲ့သို့ခံစားရခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ချမ်းတုန်ဖျားခြင်း အစရှိ သော လက္ခဏာများ ရုတ်ခြည်း 
သို့မဟုတ် ရေရှည်ခံစားရခြင်းတို့ဖြစ်ပါက သက်ဆိုင် ရာ ဆရာဝန်များနှင့် ပြသတိုင်ပင်၍ သေချာ စွာစစ်ဆေးကုသမှု
ခံယူရန် လိုအပ်ကြောင်း သိရသည်။

သွေးတိုး နဲ့ ရေချိုးခြင်း

Blood Pressure and Bathing သွေးတိုး နဲ့ ရေချိုးခြင်း 
 ရေနွေးနဲ့ ရေချိုးရင်လည်း BP တက်နိုင်တော့ ရှောင်ခိုင်းတာကို နားလည်ပေမယ့် သွေးဖိအား ကျစေမှာကိုလည်းရှောင် 
ဆိုတာကို နည်းနည်း ရောသွားလို့ပါ။ နောက်ပြီး တော့ Viagra လိုဆေးတွေက ကုသတဲ့အထဲမှာပါတော့ ကျွန်တော် 
အရင်က ထင်တာက Sex စိတ်က နှလုံးကို 
ပိုပင်ပန်းစေနိုင်တယ်လို့ ထင်ခဲ့တာ။ 

ဒါဆိုရင် Sex က နှလုံးအတွက် ကောင်းတဲ့နေရာ ရှိနိုင်တာပေါ့နော်။ သိချင်တာ နှစ်ခုက (၁) ရေကူးရင် Hypertension အတွက် ဘယ်လို ရှောင်ကျဉ်သင့်ပါသလဲ။ 
(၂) Masturbation နဲ့ Hypertension ကို ဆက်စပ်မှုရှိမှာ စိုးရိမ်တဲ့အတွက် ဖြစ်သင့်တဲ့ အကြိမ် အရေအတွက်။ 
ကျွန်တော့် BP က 110/70 ပါ။ Wt = 62 Kg ပါ။ အသက်က ၂၆ ပါ။ ရေချိုးတာနဲ့ BP သွေးဖိအား ဆက်စပ်တာကို လေ့လာမှုတွေ လုပ်ထားတယ်။ Hypertension သွေးတိုးရောဂါသည်တွေနဲ့ သွေးတိုး မရှိသူတွေကို နှိုင်းယှဉ် လေ့လာတယ်။ 

သွေးတိုးရှိနေသူတွေမှာ ရေချိုးပြီးပြီးချင်း သွေးဖိအား တက်လာပြီး နောက် ချက်ချင်း ပြန်ကျတာ တွေ့ရတယ်။ ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက် စေမှာ ခက်ခဲတာလဲ တွေ့ရသေးတယ်။ရေချိုး 
လိုက် တာနဲ့ သွေးဖိအား ရုတ်တရက်တက်တာကနေ 
- Collapse during the bath သတိလက်လွတ်ဖြစ်ခြင်း 
- Brain anemia ဦးနှောက်သွေးမဝခြင်း 
- Heart attack နှလုံးဖေါက်ပြန်မှု နဲ့ 
- Blood vessel bursting သွေးကြောပေါက်တဲ့ အန္ကရာယ်တွေ ဖြစ်စေနိုင်တယ်။ ကံမကောင်း အကြောင်းမလှရင် Stroke (စထုပ်ခ်) ရပြီး အသက်ကို ရန်ရှာနိုင်တယ်။ 

ဒီလေ့လာမှုက အနုတ်သဘောဖြစ်တယ်။ ရေချိုးလို့ သွေးဖိအားတက်မှာကို ဘယ်လို ကာကွယ်မလဲ - - အရက်သောက်ပြီး ရေမချိုးပါနဲ့။ အရက်ကြောင့်
 သွေးဖိအား မြန်မြန်ကျစေတယ်။ 
- ဆောင်းရာသီမှာ ရေချိုးခန်းကို အရင်နွေးလာအောင်
လုပ်ပြီးမှသာ ရေချိုးပါ။ 
- ရေသိပ်ပူတာ မချိုးပါနဲ့။ ရေနွေးနဲ့ ကြာကြာမချိုးပါနဲ့။ 
- လက်တွေကို ရေချိုးကန်ရဲ့ ဘောင်တွေပေါ်မှာ တင်ထားရင်း ရေစိမ်ပါ။ ဒါမှ သတိလက်လွတ်ဖြစ်ရင် ရေနစ်တာ မဖြစ်မယ်။

 နောက်လေ့လာမှုတခု - Warm-water bath ရေနွေးချိုးခြင်း နဲ့ Sauna bath ရေနွေးငွေ့ချိုးနည်းတွေဟာ Congestive heart failure (CHF) နှလုံး အလုပ်မလုပ်တဲ့ရောဂါ ရှိနေသူတွေနဲ့ မသင့်လျှော်ပါလို့ နားလည်လက်ခံထားခဲ့ကြတယ်။ ဒါပေမဲ့ Thermal vasodilation အပူချိန်နဲ့ သွေးကြောကျယ်ခြင်းကို စနစ်တကျ လေ့လာကြည့်တယ်။ စမ်းသပ်မှုကို 
Dilated cardiomyopathy နှလုံးရောဂါ ရှိနေသူ 
လူနာ ၃၄ ယောက်ကို စမ်းသပ်ခဲ့တယ်။ 

အပူချိန် ၄၁ ဒီဂရီ-စီ မှာ ၁ဝ မိနစ်ကြာ၊ တဝက်ထိုင် အနေအထားနဲ့ ရေပူချိုးခိုင်းတယ်။ နောက်တမျိုးက Sauna အပူငွေ့သုံး ရေချိုးနည်းနဲ့ ၆ဝ ဒီဂရီ-စီ မှာ ၁၅ မိနစ်ကြာ ပက်လက် အနေအထား နေခိုင်းတယ်။ သွေးဖိအား၊ Electrocardiogram (အီးစီဂျီ)၊
 Two-dimensional and Doppler echocardiograms (ဒရော့ပလာ-အက်ကိုဂရမ်)၊ Expiration gas ထုတ်လေ နဲ့ Intracardiac pressure tracings နှလုံးထဲရှိ ဖိအားတိုင်းစက်တွေ ရေပူချိုးနည်းတွေအပြီး နာရီဝက်ကြာအထိ တပ်ဆင်ထားတယ်။ 
 - Systolic blood pressure သွေးဖိအား အပေါ်ဂဏန်း သိသိသာသာပြောင်းလဲမှု မရှိဘူး။ 
- Diastolic blood pressure ရေပူချိုးသူတွေမှာ
 သွေးဖိအား အောက်ဂဏန်း (p < 0.01) ကျပြီး၊ ရေနွေးငွေ့ချိုးသူတွေမှာ (p < 0.01) ကျတယ်။ 
- Heart rate နှလုံးခုန်မှုန်းက ၂ဝ-၂၅ တက်လာတယ်။ 
- CHF နှလုံးရောဂါမျိုး ရှိသူတွေအတွက် အကျိုးရှိစေတယ်လို့ ကောက်ချက်ချတယ်။ 

- ရေနွေးနဲ့ ရေချိုးရင် BP သွေးဖိအား ကျစေနိုင်တာကို Acute hemodynamic effects ခေါ်တယ်။ ရုတ်တရက် အပူဒဏ်ကြောင့် သွေးကြော ကျယ်စေခြင်း ဖြစ်လာလို့ သွေးဖိအားကို ကျစေတယ်။ ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက်စေမှာ ခက်ခဲတာလဲဆိုတာက စမ်းသပ်မှုပြုနေချိန်မယ် လူနာတွေရဲ့ လည်ပင်းမှာ သွေးဖိအားကို သိနေနိုင်တဲ့ Sensor (ဆင်န်ဆာ) ကရိယာလေးက သွေးဖိအားကို ထိန်းညှိမှု လုပ်ပေးတယ်။ ဒါပေမဲ့ Arteriosclerosis သွေးကြောကျဉ်းနေသူတွေအတွက် (ဆင်န်ဆာ) ကနေ ကောင်းကောင်း မသိစေနိုင်ဘူး။ ကရိယာ တပ်ထားတဲ့ သွေးကြောနံရံက ထူနေတယ်။ ဒါကြောင့် သွေးဖိအား အရင်အနေပြန်ရောက်စေဘို့ ခက်ခဲတာ ဖြစ်တယ်။ ရေပူစမ်းကို ကမ္ဘာလှည့်ခရီးသွားတွေ လာအောင် ကြော်ညာစာမှာတော့ “ရေနွေးနဲ့ ရေချိုးတာဟာ နှလုံးခုန်တာ ပိုမြန်လာစေပြီး သွေဖိအားလည်း ကျစေတယ်” လို့ Mayo Clinic သုတေသနတခုကို ကိုးကားထားပါတယ်။ ရေရဲ့ အပူကြောင့် သွေးတွေက ကိုယ်မျက်နှာပြင်မှာ ပူနွေးလာအောင် နှလုံးကနေ အလုပ်ပို လုပ်ပေးမယ်။ ဒိနောက် သွေးကြောတွေကို ကျယ်စေရာကနေ သွေးတိုးကျစေမယ်လို့ ရှင်းလင်းချက်လဲပါတယ်။ 

သဘာဝဆေးနည်းထဲမှာ သွးတိုးကျအောင် 
Hot espom bath ရေနွေးမှာ 
ဆားခါးထည့်ပြီး ရေချိုးခိုင်းတယ်။ အမေရိကန် အိပ်မွေ့ချအသင်းက အပြောအရ ရေအေးနဲ့ ရေချိုးရင် သွေးတိုး ကျစေမယ်၊ သွေးကြောထုံးတာ သက်သာစေမယ်၊ သွေးကြောနံရံထူနေတာ သက်သာစေမယ်လို့ ဆိုပါတယ်။ Epsom salt ဆားခါး 
• ဓါတုဗေဒလို Magnesium sulfate (MgSO4) ဖြစ်တယ်။
 ရေချိုးရာမှာသုံးတတ်လို့ Bath salts ခေါ်တယ်။ 
• ဆေးကုရာမှာ ဆားခါးသုံးတာကို Flotation therapy လို့ခေါ်တယ်။ Epsom salts 1% w/v solution ကိုသုံးပြီး ထိရောက်မှုကို လေ့လာဘူးတယ်။ 
• ပါးစပ်ကနေ Laxative or Osmotic purgative ဝမ်းနှုတ်ဆေးအဖြစ်သုံးနိုင်တယ်။ 
• သွေးပြန်ကြောထဲထိုးဆေးအနေနဲ့လဲ သုံးတယ်။ Eclampsia ခေါ်တဲ့ ကိုယ်ဝန်ဆောင်မှာ သွေးဆိပ်တက်ရောဂါမှာ သုံးတယ်။ 
• ကလေး လမစေ့ခင်မွေးမှာကို တားဘို့ရာလဲ သုံးတတ်တယ်။ 
• ဦးနှောက် ထိခိုက်မိသူတွေလဲ ဦးနှောက်ရောင်တာကျစေဘို့ သုံးနိုင်တယ်။ 
• လိပ်ခေါင်းထွက်ကျနေပြီး ပြန်မဝင်နိုင်တာ၊ ကလေးငယ်လေးတွေ စအိုကျွံကျနေတာတွေအတွက် ဆားခါးကို (ပါရာဖင်) အဆီနဲ့ရောပြီး ဖြစ်တဲ့နေရာမှာ ဆေးထည့်ပေးနိုင်တယ်။ 
• Barium chloride poisoning အဆိပ်သင့်တာကို ဖြေဆေးအနေနဲ့လဲ သုံးတယ်။ Dr. Tint Swe

လည်ချောင်းကင်ဆာ ဒုတိယအဖြစ်အများဆုံးဖြစ်နေ

မြန်မာနိုင်ငံတွင် အဖြစ်များသည့်ရောဂါ များတွင် လည်ချောင်းကင်ဆာသည် နံပါတ်(၂)နေရာတွင် ရောက်ရှိနေပြီး လည်ချောင်း ကင်ဆာ အဖြစ်များလာရသည့် အဓိကအကြောင်းရင်းမှာ ဆေးလိပ်နှင့် အရက်များကို သုံးစွဲကြခြင်း ကြောင့်ဖြစ်သည်ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။

အဆိုပါလည်ချောင်းကင်ဆာတွင် အသံအိုးကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ နှင့် အစာမျိုပြွန်အ၀ကင်ဆာဆိုပြီး
သုံးမျိုး ပါဝင်သည်။ "ဆေးလိပ်၊ အရက်တွေကြောင့် ရောဂါတွေဖြစ်တယ်လို့ သတိပေးနေ တာ ကြာနေပြီ။ ဒါပေမယ့် ဆေးလိပ်၊ အရက်တွေရဲ့ ဆွဲဆောင်မှုအားကလည်း များတယ်ဆိုတော့ သိတာ သိတယ်လိုက်မလုပ်ကြဘူး" ဟု ၎င်းက ပြောသည်။ အသံအိုးကင်ဆာသည် အမျိုးသား များတွင် အဖြစ်များပြီး အစာမျိုပြွန်အ၀ ကင်ဆာမှာ အမျိုးသမီးများတွင် အဖြစ် များကြောင်း သိရသည်။

သို့သော်လည်း လည်ချောင်းဆရာ ၀န်များထံသို့ ရောက်လာသော လူနာ များမှာ ရောဂါဖြစ်ပြီး နောက်ကျမှသာ ရောက်လာလေ့ရှိပြီး စောလာသည့် လူနာမှာ အလွန်နည်းသည်ဟုဆိုသည်။ မည်သူမဆို အသံဝင်တာ သုံးပတ် ထက်ကြာလျှင်၊ အသက် ၄၀ အထက် အမျိုးသားများ လည်ပင်းတွင် တစ် စင်တီမီတာထက်ကြီး သည့် အကျိတ် ဖြစ်ပြီဆိုပါက နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် ကင်ဆာရှိမရှိ သေချာအောင် စစ်ဆေးရမည်ဟု ဒေါက်တာ ၀င်းထိုက်ကြည်က အကြံပြု ပြောကြားသည်။

 "လည်ပင်းအကျိတ်ထွက်တဲ့အခါ တစ်စင်တီမီတာထက်ကြီးရင် စုတ်ထိုး တာ၊ အနာပေါက်ဆေးတွေ လိမ်းတာ တွေ မလုပ်ပါနဲ့။ အဲဒီလိုလုပ်တဲ့အတွက် ရိုးရိုးအနာဆိုရင်တော့ ပျောက်ရင် ပျောက်မယ်။ ကင်ဆာဆိုရင်တော့ မပျောက်ပါဘူး။ "လည်ပင်းမှာ အကျိတ်ဖြစ်ပြီဆိုရင် ရိုးရိုးအကျိတ်လား၊ ကင်ဆာလားဆို တာ ကွဲကွဲပြားပြားသိအောင် လုပ်ရ မယ်။

ရိုးရိုးအကျိတ်ဆိုရင် ကိစ္စမရှိပေ မယ့် ကင်ဆာဆိုရင်ရောဂါကို သွားဆွ သလိုဖြစ်ပြီး ပိုဆိုးသွားတတ်တယ်။ "ရောဂါဖြစ်နေတဲ့သူတွေလည်း ဆရာဝန်က လိုအပ်လို့ ခွဲမကုဘဲနဲ့ ဓာတ် ရောင်ခြည်နဲ့ကုတဲ့အခါ တခြားသူ တွေပြောတဲ့ စကားတွေကို နားမယောင် ပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာပါ"ဟု ၎င်းက ဆိုသည်။

အသံအိုးကင်ဆာဖြစ်ပြီဆိုပါက အစားအသောက်ပျက်ခြင်း၊ ဖျားနာခြင်း စသည့် သံသယဖြစ်စရာ လက္ခဏာများ ဖြစ်ပေါ်ခြင်းမရှိဘဲ အသံဝင်သည့် လက္ခဏာသာဖြစ်ပေါ်ကာ နှစ်ပတ်၊ သုံးပတ် ဆက်တိုက် အသံဝင်တတ်ပြီး ပြန်မကောင်းတော့ဟု သိရသည်။ "အသံအိုးကင်ဆာ အဆင့်နိမ့်တယ် ဆိုရင် အသံဝင်တာပဲရှိတယ်။ ရောဂါနု တုန်းမှာ ဘာလက္ခဏာမှမရှိဘူး။ အဲဒီ အချိန်မှာလာပြရင် ၁၀၀ ရာခိုင်နှုန်း နီးနီး ကုလို့ပျောက်တယ်။ ပုံမှန် အအေး မိ၊ နှာစေး၊ ချောင်းဆိုးဆိုရင် တစ်ပတ် အတွင်း ပြန်ကောင်းတယ်။ "အသံဝင်တာက လူတိုင်းဖြစ်နေကျ ဆိုတော့ ဒီလက္ခဏာတွေက ကင်ဆာ ဖြစ်ဖို့ ရောဂါလက္ခဏာဆိုတာကို လူတိုင်းသိပ်မသိကြဘူး။

 အရေးကြီးဆုံး အချက်က ဘာကြောင့်ပဲအသံဝင်ဝင် နှစ်ပတ်သုံးပတ်ထက် ပိုကြာရင် ကင်ဆာဟုတ်မဟုတ်
စစ်ဆေးသင့် တယ်" ဟု ဒေါက်တာဝင်း ထိုက်ကြည်က ပြောသည်။ အသံအိုးကင်ဆာ ဖြစ်ပြီဆိုပါက အသံဝင်သည့် ရက်ကြာသည်နှင့်အမျှ ကင်ဆာလုံးကကြီးကြီးလာပြီး အသက်ရှူသည့်အခါ အသက်ရှူကျပ်လာကြောင်း၊ နောက်ပိုင်းတွင် အသက်ရှူသည့်အခါ ရှူး..ရှူး ဆိုသည့်အသံများ မြည်လာသည်။

ယင်းသို့ဖြစ်ပေါ်လာပါက အသက်ရှူရန်အတွက် လည်ပင်းတွင် အပေါက်ဖောက်ရကြောင်း သိရသည်။ အဖြစ်အများဆုံးရောဂါများတွင် အဆုတ်ကင်ဆာသည် နံပါတ်(၁)နေရာတွင်ရှိပြီး နံပါတ်(၃)နေရာတွင်ရှိသည့် အစာအိမ်ကင်ဆာသည် ဆေးလိပ်ကြောင့်ဖြစ်သည့်ရောဂါဖြစ်သည်။ Ref:Myanmartimenews