Friday, February 28, 2020

ပထမအရွယ်တွင် နာသောဒူး (1)

ကလေးတွေမှာ ဒူးနာပြီဆိုရင်
အဖြစ်အများဆုံးက ထိခိုက်ဒဏ်ရာ
 (Injury) ဘဲဗျ။ 

 ဒုတိယက (Growing pain)။
ကလေးအရွယ်မှာ အရပ်ရှည်လာနေတဲ့အတွက် Growing plate/ Epiphysis လို့ခေါ်တဲ့ အရိုးရှည်
(long bone) တွေရဲ့ အဆုံးနှစ်ဖက်နေရာ တွေဟာစဥ်ဆက်မပြတ်ကြီးထွားဖွံဖြိုး
နေတဲ့အတွက် အဆစ်တွေမှာ
နဲနဲပါးပါး နာတတ်သပေါ့။

တစ်ခါတစ်ရံမှာ ဆက်စပ်နေတဲ့ ကြွက်သားတွေ၊ အရွတ်တွေမှာပါ Traction effect
( ဆွဲတင်းလိုက်သလိုဖြစ်မှု) ကြောင့် လည်းနာတတ်သေးတယ်လို့ ဆိုရပေမပေါ့
(ဥပမာ ညို့သကျည်း လိုနေရာမျိုးတွေပေါ့ဗျာ)။

တတိယနဲ့ မပေါ့ဆသင့်တဲ့အချက်ကတော့
ပိုးဝင်ခြင်း (Infection) ပါ။
Septic arthritis လို့ခေါ်ပါတယ်။

အဆစ်တို့၊ အရိုးတို့အထိရောက်တဲ့ပိုးရဲ့
soure (အရင်းအမြစ်)ကတော့
သိပ်ပြောလို့မရဘူးဗျ။

တစ်ခါတစ်လေလည်း ထိခိုက်ဒဏ်ရာရတာကနေဝင်လာတတ်သလို၊ တစ်ခါတစ်လေလည်း အရေပြားမှာဖြစ်တဲ့ အနာကလေးတွေ၊ ယားနာကလေးတွေကလည်း
ဝင်လာတတ်ပါတယ်။

ဘယ်နေရာကနေဘယ်လိုဝင်လာမှန်းမသိရတဲ့
Blood brone infection
(သွေးထဲကနေသယ်လာတဲ့ပိုး)
တွေလည်းရှိတတ်တယ်။

နာတာရှည်ပိုးတွေဖြစ်တဲ့ အရိုး/အဆစ် တီဘီလိုရောဂါပိုးတွေလည်း ရှိတတ်ပြန်ပါတယ်။

အခြားအဆစ်တွေနာတာတွေပါရှိရင်တော့ ပိုးလေးဘက်နာ ( Rheumatic arthritis) ၊ ဂေါက်အဆစ်အမြစ်နာ ကဲ့သို့သော အဆစ်များအတွင်း ခရစ်စတယ်လေးများဖြစ်ပေါ်လာသောကြောင့် ယောင်ရမ်း/နာကျင်ခြင်း (Juvenile Crystal arthropathies)၊ သွေးလေးဘက်နာ
( Rheumatoid arthritis)၊ အရေပြားလေးဘက်နာ (LE/SLE) တို့အပါအဝင် အခြား ယောင်ရမ်းနာ
( Inflammatory arthritis) တွေ လည်း
ဖြစ်နိုင်တဲ့အထဲ ပါပါတယ်။

မွေးရာပါဒူးခွင်ခြင်း (Genu Verus/ Valgus/Recurvatum/ Excavatum)
တို့ကြောင့်လည်း ဒူးနာတတ်ပါတယ်။

No comments:

Post a Comment