Friday, February 28, 2020

ယနေ. Coronavirus နှင့် USA

မြန်မာပြည်က ဂျင်း၊ နနွင်း၊ ရဲယို၊ကြက်သွန်ဖြူ၊ နီတွေစားလို့မဖြစ်တာလား ။ မဟုတ်။ မမှန်။ မှားတယ်။ ထိုင်းမှာလည်း အဲတာတွေစားတယ်။ စင်္ကာပူနဲ့ ဟောင်ကောင်မှာလည်းစားတယ်။ တောင်ကိုရီးယားမှာလည်းစားတယ်။ စဖြစ်တဲ့
တရုပ်ပြည်မှာလည်း အဲတာတွေ အကုန်စားတယ်။ 
မြန်မာက ပူလို. မဖြစ်တာလား....ဒါလဲ နမှားတယ်၊ 
အာဖရိကား နိုက်ဂျီးရီးယားမှာလဲ ဖြစ်နေတယ် 

ယနေ. Coronavirus  နှင့် အမေရိကန်
• အမေရိကန်သမတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ် 
အရေးကို ကိုင်တွယ်ဆောင်ရွက်ဖို့ ဒုသမတ မိုက်ပင့်စ်ကို တာဝန်ပေးလိုက်။ 

• ကာကွယ်ဆေးကို အမြန်ဆုံးလုပ်နေပြီလို့ 
သမတကပြောလိုက်။ 

• ဒါပေမဲ့ ကာကွယ်ဆေးထုတ်လုပ်နေတဲ့ 
National Institute of Allergy and Infectious Diseases အဖွဲ့ ဒါရိုက်တာ ကတော့ ကာကွယ်ဆေးက တနှစ်၊ တနှစ်ခွဲလောက်လောက်ကြာဦးမယ်တဲ့။ 

• သမတက ကာကွယ်ဆေးကို လူတိုင်းတော့ တတ်နိုင်မယ်မထင်တဲ့။ စျေးကြီးမယ်။ 

• သမတ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာတွေနဲ့ ပညာရှင်တွေပြောဆိုတာ ကွဲလွဲမှုတွေရှိ။ 

• အမေရိကန်ကျန်းမာရေးဝန်ကြီးက ကိုရိုနာဗိုင်းရပ်စ်အရေးအတွက် ကွန်ဂရက်
ခွင့်ပြုပေးဘို့ $2.5bn ဒေါ်လာ တောင်းခံလိုက်။ 
အမတ်တွေကတော့ အဲတာနဲ့လောက်မှာ မဟုတ်တဲ့။ ကာကွယ်ဆေးအတွက်ကိုက $1bn 
ဒေါ်လာလောက်ကုန်မှာတဲ့။ 

• ကျန်းမာရေးဝန်ကြီးက ကာကွယ်ရေးနဲ့ သီးခြားခွဲထားရတာတွေအတွက် လိုအပ်ချက်တွေအတွက် 
သန်း ၃၀ သာရှိလို့ နောက်ထပ် သန်း ၃၀၀ 
တောင်းခံလိုက်ပါသတဲ့။ 

• လက်အိတ်နဲ့ နှာခေါင်းစည်းတွေ လိုအပ်သူက
များနေလို့ လိုသလောက်မရနိုင်ဘူး ဖြစ်နေတယ်။

No comments:

Post a Comment