Thursday, July 2, 2020

အဆုတ်ကို ဘယ်လိုအစားအစာ တွေနဲ့ အားဖြည့်ပေးနိုင်မလဲ

အဆုတ် မကောင်းရင် မောပန်းလွယ်တယ်၊ သက်လုံ
မကောင်းနိုင်ဘူး။ အရေးကြုံရင်တောင် မပြေးနိုင်လောက်ဘူး။ အသက်ရှင်ဖို့ အရေးကြီးတဲ့ အသက်ရှူတာအတွက် 
အဆုတ်ရဲ့ လုပ်ဆောင်ချက်က အဓိက အရေးပါနေတာပါ။
ဒီလို အရေးပါတဲ့ အဆုတ် ကို ဘယ်လို အစားအစာ တွေနဲ့ အားဖြည့်ပေးနိုင်မလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်ပါဦး ။

(၁) ချင်း 
ချင်း (ဂျင်း) ကလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ် ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ
အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။

(၂) နနွင်း 
 ချင်းနဲ့ ကြက်သွန်ဖြူ လိုပဲ ဟင်းချက်ရာမှာ ထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။

(၃) ကြက်သွန်ဖြူ
 ကြက်သွန်ဖြူက allicin ပါဝင်မှု မြင့်မားလို့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိမျိုးစုံ ပါဝင်ပါတယ်။
ဒီဒြပ်ပေါင်းက ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးပြီး
ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကို သက်သာစေပြီး အဆုတ်ကင်ဆာ
 ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တယ် လို့ လက်ခံယူဆထားကြပါတယ်။

(၄) ဂေါ်ဖီထုပ် 
 ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း
တို့လို မျိုးနွယ်တူအုပ်စုက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ အပြည့်အဝ ပါဝင်တာကြောင့် အဆုတ်အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေ ကင်းအောင် သန့်စင်ပေးနိုင်ပါတယ်။

(၅) ပန်းသီး 
ပန်းသီးမှာ ဗီတာမင်ဓာတ်တွေအစုံအလင်
ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့ flavonoidsတွေ ပါဝင်ပါတယ်။ သူတို့ကြောင့် အမျိုးမျိုးသော အဆုတ်ရောဂါတွေကို ဖြစ်မလာအောင်
ကာကွယ်နိုင်ပါတယ်။

(၆) ဘယ်ရီသီး 
ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ရက်စဘယ်ရီအသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့်
အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနဲ့
ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

(၇) ကမ္ဗလာသီး
ကမ္ဗလာသီးဟာ အဆုတ်ကို ပံ့ပိုးတဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်ပါတယ်။
အဆုတ်ကို ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေ ထိတွေ့လာတဲ့အခါ ကမ္ဗလာသီးက အဆုတ်ကို သန့်စင်ပေးပါလိမ့်မယ်။

(၈) သလဲသီး
သလဲသီး မှာ သဘာဝအစွမ်းအာနိသင်တွေ
အများကြီးပါဝင်ပါတယ်။ သလဲသီးက အဆုတ်နဲ့ပတ်သက်တဲ့ပြဿနာတွေ
ဖြစ်ပွားမှုကိုနှေးစေပြီးမြန်မြန်သက်သာစေနိုင်ပါတယ်။

(၉) အခွံမာသီး၊ 
အစေ့အဆန်တွေ နဲ့ ပဲအမျိုးမျိုး သူတို့တွေမှာ ပန်းနာရင်ကျပ်ရှိသူတွေအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်တွေ အများကြီးပါဝင်ပါတယ်။ သူတို့က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းစေပြီး အသက်ရှူရပိုကောင်းစေပါတယ်။ ဥပမာ Pistachios ဆိုရင် အဆုတ်ကင်ဆာ ကာကွယ်နိုင်တယ်၊ ကိုလက်စထရောကျစေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။

 (၁၀) carotenoids ကြွယ်ဝတဲ့ အစားအစာ
 carotenoids ဆိုတာ အဆုတ်ကင်ဆာ ကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတတ်တယ်။ သူက ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ပန်းနာရင်ကျပ် အတွက် အကျိုးထိရောက်တဲ့
ဗီတာမင် အေ အဖြစ် ပြောင်းလဲသွားပါတယ်။

carotenoids ပါဝင်တဲ့ အစားအစာ တွေက မုန်လာဥနီ၊
ခရမ်းချဉ်သီး၊ ဖရုံသီးတို့ ပါဝင်ပါတယ်။ လေကောင်းလေသန့်ရှူမယ်၊ ဆေးလိပ်ရှောင်မယ်၊ အာဟာရဓာတ်တွေ စုံလင်အောင် စားမယ်၊ ကိုယ်ခံအားကောင်းအောင် နေမယ် ဆို အဆုတ် တင်မကဘဲ
ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးအတွက် ကောင်းကျိုး
ဖြစ်စေမှာ သေချာပါတယ်။

No comments:

Post a Comment