Friday, July 12, 2019

ကင်ဆာ ဆေးသွင်းတာနောက်ကျရင်/ ပျက်ကွက်ရင်ဘာဖြစ်မလဲ ??

 အားလုံးကောင်းမွန်နေတဲ့အခြေအနေတစ်ခုဆိုရင်တော့ ဆေးကိုပုံမှန်သွင်းတာအကောင်းဆုံးပါပဲ။ 

ဘာလို့လဲဆိုတော့ ဆေးကုသတာရဲ့ရည်ရွယ်ချက်က 
ကင်ဆာဆဲလ်တွေကို အပြုတ်တိုက်ချင်တာလေ၊ လုံးဝကိုနလန်မထူစေချင်တာ၊ အကြိမ်ရေနဲ့ခြားပြီးပေးနေရတာက လူရဲ့ခန္ဓာကိုယ်ထဲက ပုံမှန်ဆဲလ်တွေပြန်ကောင်းလာဖို့အချိန်ပေးတာ၊ ကင်ဆာဆဲလ်တွေ ပြန်ပွားလာဖို့အချိန်မပေးချင်ဘူး။ 

အဲ့တော့ ဖြစ်နိုင်ရင်ပုံမှန်ဆေးသွင်းတာအကောင်းဆုံးပါပဲ၊ 
ဥပမာ တချို့ဆေး တွေဆိုရင် ပထမအကြိမ်မှာ မူလကင်ဆာအကျိတ်ကိုတိုက်ခိုက်တယ်၊ 

ဒုတိယအကြိမ်ပေးတဲ့ဆေးတွေက ရိုးတွင်းချဉ်ဆီထဲ က ကင်ဆာဆဲလ်တွေကိုတိုက်မယ်စသဖြင့်ပေးရတာပါ။ 

ကင်ဆာဆေးနဲ့ ကင်ဆာဆဲလ်တွေကို အတိုင်းအတာ
တစ်ခုအထိ ထိန်းချုပ်ပြီးပြီဆိုတော့မှ တခြားနည်းလမ်း
 (ခွဲစိတ်တာလိုမျိုး) တွေနဲ့ဆက်ကုလို့ရမှာပါ။

 ဆေးသွင်းတာ ၃-၄ ရက်ကနေ တစ်ပတ်လောက်နောက်ကျတာကို ကင်ဆာအထူးကုအတော်များများက ခွင့်ပြုထားပါတယ်။ 
လူနာက ဆေးသွင်းဖို့ (ကျန်းမာရေးအရ) အဆင်သင့်မဖြစ်သေးတဲ့ အနေအထားဆိုရင် ခေတ္တစောင့်ပေးတတ်ပါတယ်။ 

ဒါပေမယ့် ၃ ပတ်ခြားသွင်းရမယ့်ဆေးကို ၅ ပတ်အထိမှ
မသွင်းနိုင်ဘူးဆိုရင် ဆေးရဲ့ထိရောက်မှုကိုထိခိုက်စေနိုင်လို့ ဆေးကို ပြင်းအားလျှော့တာ၊ ဒါမှမဟုတ် ၃ မျိုးအစား၂ မျိုးပဲအရင်ပေးတာ စသဖြင့်အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်ရာ အထူးကုကဆုံးဖြတ်ပေးပါလိမ့်မယ်။ 

ဒီလိုမှမဟုတ်ဘဲ လုံးဝပျက်ကွက်သွားမယ်ဆိုရင် 
အရင်အကြိမ်တွေက ပင်ပန်းထားသမျှ သဲထဲရေသွန်ဖြစ်
တတ်တဲ့အတွက် ဆေးကိုအစကနေပြန်သွင်းရမယ်ဆိုပြီး ပြောကြတာဖြစ်ပါတယ်။ ကင်ဆာအမျိုးအစားတူတိုင်းလည်း လူတစ်ယောက်နဲ့တစ်ယောက်ကုထုံး (လုံးဝ) လုံးဝမတူတတ်ပါဘူး။ 

ဆေးအပေါ်တုံ့ပြန်ပုံချင်းလည်းမတူတတ်ပါဘူး။ 
ဒါကတော့ ကင်ဆာဝေဒနာရှင်တိုင်းအထူးသတိပြုရမယ့် 
အချက်ဖြစ်တာမို့လို့ မိမိသက်ဆိုင်ရာကင်ဆာအထူးကုဆရာဝန်နဲ့ သေသေချာချာဆွေးနွေးတိုင်ပင်ပါ၊ မေးမြန်းပါ။ 
(Credit..ကင်ဆာ page မှ)

No comments:

Post a Comment