Friday, October 18, 2019

ဆံပင်ကျွတ်ခြင်း,လက်သည်းကျိုးလွယ်ခြင်းအကြောင်းအရင်း

ဆံပင်ကျွတ်ခြင်းနဲ့ လက်သည်းခြေသည်းကျိုးပဲ့လွယ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း (၅)ခု ပျိုမေတို့ရဲ့ အခြေခံအလှအပလိုအပ်ချက်တွေထဲမှာ အသားအရေ၊ 
ဆံပင်နဲ့ လက်သည်း၊ခြေသည်းလေးတွေ ကျန်းမာ
လှပခြင်းတို့က အရေးကြီးဆုံးအချက်တွေလို့တောင်
ပြောလို့ရပါတယ်။
 အသားအရေ မကြည်လင်ဘူး၊ ဆံပင်တွေ ကျွတ်နေမယ်၊ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်နေမယ်ဆိုရင် လှလှပပလေးနေဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် အဲ့လိုမျိုး အသားအရေ မကြည်လင်တာ၊ ဆံပင်ကျွတ်တာနဲ့ လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်နေတာတွေရဲ့ အကြောင်းရင်း
လေးတွေနဲ့ ပြန်လည်ကောင်းမွန်အောင် ကုသနိုင်မယ့် နည်းလမ်းလေးတွေ၊ စားပေးသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ် နော် ။ 
 
 (၁) ဗီတာမင်ချို့တဲ့မှုကြောင့် ” 
ခန္ဓာကိုယ်ထဲမှာ ပရိုတင်း၊ သံဓာတ်နဲ့ အိုမီဂါ အက်ဆစ်တွေ ချို့တဲ့ တဲ့အခါ အသားအရေညစ်နွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်ခြင်းတို့ဖြစ်တတ်ပါတယ် …။

 (၂) အသည်းကအဆိပ်အတောက်ချေဖျက်မှု နှေးကွေးနေခြင်းကြောင့် ” 
 ပြင်ပကအဆိပ်အတောက်တွေ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခမပေးနိုင်အောင် အသည်းကချေဖျက်ပေးပါတယ်။ 
ဒါကြောင့် အသည်းက အဆိပ်အတောက်ချေဖျက်မှု အားနည်းလာတဲ့အခါ အစာချေဖျက်မှုနှေးကွေးလာပြီး 
ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေ စုပုံလာပြီး အသားအရေညစ်နွမ်းလာတာ၊ ဆံပင်ကျွတ်တာနဲ့ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်
လာတာတွေပဲ ဖြစ်ပါ တယ် …။ 

(၃) စိတ်ဖိစီးမှုများခြင်းကြောင့် ” 
နေ့စဉ်စိတ်ဖိစီးမှုတွေ တဖြည်းဖြည်းစုပုံလာတဲ့အခါ အိပ်ရေးပျက်တာ၊ အစားအများကြီးစားတာ၊ အစားလုံးဝ
မစားတာ စတဲ့အခြေအနေတွေဖြစ်လာပြီး ကျန်းမာရေးကို ထိခိုက်လာပါတယ်။ ရောဂါကြီးကြီးမားမား မဖြစ်ခင်မှာ အသားအရေ၊ ဆံပင်နဲ့ လက်သည်း၊ခြေသည်း
တွေမှာ ထိခိုက်လာနိုင်ပါတယ် …။ 
 
 (၄) ဟော်မုန်းမညီမျှမှုကြောင့် ” 
အီစထရိုဂျင်နဲ့ သိုင်းရွိုက်ဟော်မုန်းပမာဏ မညီမျှတဲ့
အခါမှာလည်း ဆံပင်ကျွတ်တာ၊ လက်သည်း၊ခြေသည်းတွေ ကျိုးပဲ့လွယ်တာတွေ စဖြစ်လာပြီး နောက်ပိုင်းမှာ ဒီထက်ဆိုးတဲ့ ကျန်းမာရေးအခြေအနေတွေဖြစ်လာနိုင်ပါတယ်နော် …။ 

 (၅) အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးကြောင့် ” 
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာတစ်ခုခုရှိနေရင် အစားစားချင်စိတ်လျော့နည်းနေပြီး ခန္ဓာကိုယ်အတွက် 
လိုအပ်တဲ့ အာဟာရတွေ စုပ်ယူမှုလျော့နည်းလာပါတယ်။ 
အဲ့ဒီအခါ အသားအရေညစ်နွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်း၊ လက်သည်း၊ခြေသည်းတွေကြွပ်ဆတ်ခြင်း 
တို့အပြင် သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်တော့ခြင်း၊ သွေးလှည့်ပတ်မှု ပုံမမှန်ခြင်းတွေအထိဖြစ်လာနိုင်ပါတယ်။ 
 
…စားပေးသင့်တဲ့အစားအစာများ… 
အသားအရေညစ်နွမ်းမှုနဲ့ ဆံပင်ကျွတ်တာတွေ 
ဖြစ်လာတဲ့အခါ skin care လုပ်ဖို့၊ Hair care လုပ်ဖို့ပဲ 
စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် အခုလိုမျိုး 
ခန္ဓာကိုယ်တွင်းကအကြောင်းရင်းတွေကြောင့်ဖြစ်နေတယ်
ဆိုရင်တော့ Skin care ၊ Hair care လုပ်ရုံနဲ့မရပါဘူး။
 
အသားအရေနဲ့ ဆံပင်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြက်ဥ၊ ကန်စွန်းဥနဲ့ ငါးတို့ကို 
စားပေးသင့်ပြီး၊ အသည်းနဲ့အစာအိမ်၊ အူလမ်းကြောင်းကျန်းမာရေးအတွက် အစိမ်းရောင်
အရွက်များ၊ ခရမ်းချဉ်သီးနဲ့ ဘယ်ရီသီးအမျိုးမျိုး၊ 
ထောပတ်သီး၊ ချောကလက်တို့ကို 
များများစားပေးပါနော်  ။ 
MAY THAZINHTOO

No comments:

Post a Comment