Friday, October 18, 2019

အသည်းကို ပြန်လည်နုပျိုစေမယ့် အစားအစာ (၇)မျိုး

အသည်းအဆီဖုံးတာနဲ့ပတ်သတ်လို့ အမျိုးအစား ၂ မျိုးတွေ့ရပါတယ်။ အရက်သောက်တာများလို့ အသည်းအဆီဖုံးတာနဲ့ အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးတာပါ။

အများအားဖြင့် အနောက်တိုင်းတွေမှာ အဖြစ်များပါတယ်။ အဝလွန်တဲ့သူတွေမှာအဖြစ်များကြပါတယ်။
အသည်းမှာအဆီတွေ စုလာတာကြောင့်ဖြစ်လာရတာပါ။ အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါရပ်
တစ်ခုမှာပါဝင်လို့ အသည်းကို ပြန်လည်သန့်စင်ပေးနိုင်တဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

( ငှက်ပျောသီး  )  ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို
သဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္တာကိုယ်အတွင်းကအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

 (ဂျင်း) ဂျင်းမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့
အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္တာကိုယ်အတွင်းက
အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။
Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုသန့်စင်ပေးနိုင်ပါတယ်။
ဂျင်းကို ရေနွေးနဲ့စိမ်ပြီးပုံမှန်သောက်ပေးခြင်းဖြင့်
အသည်းကို ကျန်းမာစေပါတယ်။

 (ကန်ဇွန်းဥ) ကန်ဇွန်းဥဟာဆိုရင်လည်း ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သံဓါတ် ဗီတာမင် B6၊C နဲ့ ဗီတာမင် D ဓါတ်တွေလည်းပါဝင်ပါတယ်။ နနွင်း နနွင်းဟာဆိုရင်လည်း ဆေးစွမ်းထက်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပါတယ်။
Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီးတော့
အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ အသည်းရဲ့လုပ်ဆောင်မှုကို တိုးတက်စေပါတယ်။

အသီးအရွက် အစိမ်းတွေ ချက်ပြီးသားမဟုတ်တဲ့ အသီးအရွက်အစိမ်းတွေဟာ အသည်းကို သန့်စင်
ပေးနိုင်ပါတယ်။ မုန်လာထုပ်၊ နိုကိုဥ၊ နံနံပင်၊ ပန်းမုန်လာစိမ်း စတာတွေဟာ အသည်းကိုသန့်စင်ပေးနိုင်ပါတယ်။

( ဗီတာမင် E ) ဗီတာမင် E ပါဝင်တဲ့အစားအစာတွေဟာ အသည်းထိခိုက်ထားတဲ့သူတွေအတွက် အထူး
ကောင်းမွန်ပါတယ်။ အသည်းကိုသန့်စင်ပေးပြီး
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
အသည်းတွွေ အသည်းမှာ ဗီတာမင် A,V, Folic Acid,
သံဓါတ် စတာတွေပါဝင်ပြီး အသည်းကိုကျန်းမာစေတဲ့အစားအစာဖြစ်ပါတယ်။
 Myfood Myanmar

No comments:

Post a Comment