Sunday, September 25, 2022

GOUT ဂေါက်ရောဂါကို အစားစာနဲ. ကုမယ်

 ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ 

( စားသင့် / မစားသင့်သော အစားအစာများ)


‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင် ကိုက်ခဲ ခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။အရွယ်ရောက်ပြီး အမျိုးသား များ နှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲ လာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံ ကစားသုံးတဲ့ အစားအစာ တွေကြောင့်လို့ သိရပါတယ်။

May be an image of one or more people

Tuesday, July 19, 2022

နာမည်ကြီးနေတဲ့ ၃၆နာရီ အစာဖြတ်ခြင်း

 
  အကျိုးကျေးဇူးများ လွန်ခဲ့သော နှစ်ပေါင်း ( ၆၀၀၀ ) လောက် က ကမ္ဘာပေါ်မှာ အသိပညာရှင်တွေ အများကြီး ရှိခဲ့တဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ်။
အဲ့ဒိတုန်းက နာရီရှည် အစာဖြတ်တဲ့ လေ့ကျင့်ခန်း လုပ်ပြီး လူတွေ ကျန်းမာ အသက်ရှည် ခဲ့ကြတယ်လို့ သိရပါတယ်။ အခုလည်းအဲဒီနည်းကို ကျနော်တို့ လုပ်လို့ ရပါတယ်။ လုပ်သင့်တဲ့ ( ၃၆ ) နာရီ fasting နည်းလမ်းကို ပြောပြသွားပါမယ်။ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ကြပါတယ်။ ၃၆နာရီ fasting လုပ်ဖို့ အလုပ်ပိတ်ရက်တွေကို ရွေးချယ်တာ ကောင်းတယ်။
   

 

 Safe Drinking Water Bottles Clearance, 59% OFF | audiotvcentrum.nl

ဒါကြောင့် သောကြာနေ့ ညက စလိုက်မယ်။သောကြာ နေ့ ည၇နာရီမှာ ညစာစားပြီးတာ နဲ့ ( ၃၆ ) နာရီတိတိ ဘာအစာမှ မစားရဘဲ ရေ တစ်မျိုးထဲသာ သောက်ဖို့ ဖြစ်ပါတယ်။ မည်သည့် ကယ်လိုရီမှ မထည့်ရတော့ပါဘူး။ အချိုရည်တောင် မသောက်ရပါဘူး❗။ zero calorie အတိုင်း ထားရမှာ ဖြစ်ပါတယ်။
 

သောကြာနေ့ ည ( ၇ ) နာရီမှ စတင်ပြီး တနင်္ဂနွေ မနက်၇နာရီအထိ ဖြစ်ပါတယ်။ရေကို ကြိုက်သလောက် သောက်နိုင်တယ်။ ကြိုက်သလောက် အိပ်နိုင်တယ်။ အဲဒီ အစာဖြတ် လေ့ကျင့်ခန်းကနေ ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီး ဖြစ်ပါတယ်။ အစာဖြတ်လိုက်တော့ Body က energyရဖို့ အတွက် ကိုယ်တွင်းမှာ အာဟာရတွေကို လိုက်ရှာပါတယ်။ 

အာဟာရကို မတွေ့တော့ ကိုယ်တွင်းက အဆီတွေကို လိုက်စားပါတယ်။ အဆီတွေထဲမှာ အောင်းနေတဲ့ အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်း ကျပြီး အဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။အဲဒီအဆိပ်တွေကို ရေက body အပြင်ဘက်ကို စွန့်ထုတ် ပေးလိုက်ပါတယ်။Body မှာ အလိုအလျောက် ပြုပြင်တဲ့စနစ် ဆိုတာ ရှိပါတယ်။
အဲဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့ ပိုပြီး အလုပ်လုပ်လာနိုင်တယ်။ ရောဂါတွေကို ဆေးသောက်စရာမလိုဘဲနဲ့  အလိုအလျောက် ပြုပြင်တဲ့ စနစ်က Auto ကုပေးသွားတာ ဖြစ်ပါတယ်။ ရောဂါတွေ သူ့ဟာသူ ပျောက်သွားပါတယ်။
 

မကျန်းမာသူတွေတောင် မှ တဖြည်းဖြည်း ကျန်းမာလာကြပါတယ်။ Body က Engery အင်နာဂျီ လိုအပ်လို့ လိုက်ရှာရာမှာ တစ်ကိုယ်လုံးက ကလပ်စီးတွေဆီ ကိုလည်း ရောက်ပါတယ်။ မကောင်းတဲ့cellအဟောင်းတွေနဲ့ ရောဂါဖြစ်နေတဲ့cellတွေကို ပါ စားသွားပါတယ်။
 

junk cellတွေကို ဖယ်ရှားပေးပါတယ်။ကင်ဆာ cellတွေကိုပါ ရှင်းလင်းပေးသွားပါတယ်။ အစာဖြတ်လိုက်တဲ့ အခါမှာ စိတ်ပါ ပြောင်းသွားပါတယ်။ အူတွေမှာ အစာမရှိတော့ စိတ်ကြည်လာတယ်။ နေရထိုင်ရတာ ပေါ့ပါးလာတယ်။ ဦးနှောက် က စိတ်ကူး စိတ်သန်းကောင်းတွေ ထွက်ပေါ်လာတယ်။ ဆုံးဖြတ်ချက် ချတာတွေ သိပ်ကောင်းတယ်။ တရားအားထုတ်လို့ ကောင်းတယ်။ ဒါကြောင့် ဗုဒ္ဓက ညစာ ရှောင်ခိုင်းတာ ဖြစ်တယ်။Fasting လုပ်ပေးလေ့ ရှိသူတွေ ဟာ သွေးတိုးရောဂါ ပါ ပျောက်ကင်း သက်သာ လာကြပါတယ်။
 

အရင်က ••• 200/125အထိတက်တဲ့ သူဟာ fasting ပုံမှန် လုပ်ပေးလာရင်း နဲ့ 130/90 လောက် ပြန်ဖြစ်လာပါတယ်။ အစာဖြတ် လေ့ကျင့်ပေးရင် လူတွေက အားယုတ်တယ်လို့  ထင်နေကြလေ့ ရှိပါတယ်။
 

တကယ်က အားမယုတ်တဲ့ အပြင်အား ပိုရှိသလိုတောင် ခံစားရပါတယ်။ဘာကြောင့်လဲ ဆိုတော့ ပေါ့ပါးလို့ ပါ။ပေါ့ပါးတော့ သွက်လက်တယ်။ အခြားသော အကျိုးကျေးဇူးတွေလည်း တစ်ပုံကြီး ရသေးတယ်ဗျ။ 


အဲဒါတွေကတော့ -ကိုယ်တွင်း ရောင်ကိုင်းမှုများကို လျှော့ချပေးခြင်း အူလမ်းကြောင်း ကျန်းမာခြင်း ၊ တစ်ကိုယ်လုံး ငြိမ်းအေးခြင်း ၊ ဖြစ်ဆဲ ရောဂါများ တန့်သွားခြင်း ၊သွေးတွင်း အင်ဆူလင် ပုံမှန်ဖြစ်လာခြင်း၊ ဆီးချို ၊ သွေးချို ၊ ထိန်းလာနိုင်ခြင်း အစာခြေ စနစ် ကောင်းလာခြင်း ကြွက်သားများ သန်မာလာခြင်း လည်ချောင်း ချွဲသလိပ် ရှင်းခြင်း အရိုး ကျစ်လျစ်ခြင်း ၊စိတ်ထား နူးညံ့လာခြင်း ၊အသားရေ လှပလာခြင်း ၊ ကိုယ်လုံးကိုယ်ထည် အချိုးကျလာခြင်း၊ခံတွင်း အနံ့အသက် ကင်းခြင်း အစရှိတဲ့ အကျိူးကျေးဇူးတွေ များစွာရရှိလာမှာ ဖြစ်ပါတယ်။ 

 

( ၃၆ ) နာရီလောက် Fastingလုပ်ရတာ ဟာ အခက်အခဲ မရှိဘဲ၊ လူတိုင်းလိုလို လုပ်နိုင်ကြတဲ့ အတွက် ကျန်းမာပြီး အသက်ရှည်ရှည် နေရဖို့ မကြာခဏ လုပ်ပေးကြပါ လို့  တိုက်တွန်းလိုက်ပါတယ်။
 💌 ချစ်ခင်လေးစားလျှက်..
PS : ( ဆီးချိုကျရောဂါ ရှိသူများ မလုပ်ရပါ )
#Credit 🤓Via - Si Thu Lwin Pyin


Tuesday, January 4, 2022

ဂေါက် (Gout) အကြောင်း - Dr. Khin Maung Lwin


 

မရှက်နဲ့ မေးခွန်းတွေကို...ဘယ်လိုဖြေမလဲ ???


 

ရာသီလာနေတုန်း လိင်ဆက်ဆံရင် ဘာဖြစ်မှာလဲ


 

လက်တွေ့ အမျိုးသမီးကွန်ဒုံးစွပ်နည်း


 

သဲထိပ်ရင်ဖို ကုတင်ကေ့်ကကိစ္စ (၂)


 

အမျိုးသား လိင်အင်္ဂါကြီးထွားမူ့နှုန်းက...?


 

??? ဘယ်နှစက္ကန့်လဲ ? ? ?


 

ဘလူးကား vs လက်တွေ့ ?


 

ဇီးဖြူသီး နှုင်. လုံး၀မတည်.သော ရောဂါ


 

ဦးနှောက်ပျက်စီးစေနိုင်သည်. အလေ.ကျင်.


 

Friday, September 4, 2020

ကင်ဆာဖြစ်စေနိုင်သည်. အခြေနေ


အသက်(၄၀) မှ (၆၀) သမားများ အတွက်

၁။ ကိုယ်အလေးချိန်ကို အမြဲထိမ်းပါ
(weightချိန် ပါ )
၂။ အိပ်ရေးဝအောင် အိပ်ပါ.... 
 ၃။ အစာအိမ်ကို ဂရုစိုက်ပါ။ ဖြေးဖြေးနဲ့ နည်းနည်းပဲစားပါ။ ၇၀% ပြည့်အောင်ပဲစားပါ အလွန်အကျွံ မစားပါနဲ့။ ပျော့တဲ့အစားစာရွေးစားပါ။ အဆီ,အငန်,အချို, အပူစာတွေလျော့စားပါ။ 
၄။အရိုးအဆစ်ကိုဂရုစိုက်ပါ။ 

၅။ vitamin D ရအောင် နွားနို့,ငါး,ပဲ စားတဲ့အပြင် 
မနက်(သို့) ညနေခင်း နေရောင်ခြည်ကို 10min လောက်အနည်းဆုံး ခံယူပါ ,vitamin D 
အားဆေးလည်း တခါတလေ စားပေးပါ။ 

၆။ လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ပေးပါ, ကြွက်သားအားကောင်းအောင်လေ့ကျင့်ပေးပါ။ ခြေသလုံးကြွက်သားအားကောင်းရင်နှလုံးရောဂါ
မဖြစ်နိုင်ပါဘူး။ ကခုန်ခြင်းဖြင့်လည်း ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတမျိုးပါပဲ။

၇။ ရေချိုးချိန်၊ ကိုယ် အဆင်ပြေချိန်တွင် သီချင်းအော်ဆိုပေးခြင်း ဖြင့် အဆုတ်အား
ကောင်းအောင် လုပ်ပေးပါ။ လက်ခုပ်တီးပေးပါ။

၈။pressure ,stress လျော့ပေးပါ၊ 
စိတ်ပျော်ရွှင်အောင်နေပါ၊ ပြသနာအကြီးကို သေးအောင်လုပ်၊အသေးကိုပျောက်အောင်လုပ်၊တော်ရုံ အရေးမကြီးတာတွေနဲ့ ရန်မဖြစ်နဲ့၊စိတ်ထဲ မထားကြပါနဲ့

 ၉။စိတ်အေးချမ်းတည်ငြိမ်အောင် 
တရားထိုင်ပေးပါ၊ ဝင်လေထွက်လေမှတ်ပေးပါ။ 

၁၀။ သန့်ရှင်းမှုကို အလေးထားပါ၊တကိုယ်ရည် သန့်ရှင်းမှုနဲ့အိမ်တွင်းအိမ်ပြင် ပတ်ဝန်းကျင် သန့်ရှင်းရေးကိုဂရုစိုက်ပါ 

၁၁။ပိုးဟပ်၊ကြွက်၊ခြင်၊ယင်၊ပရွက်ဆိတ်စတဲ့
အင်းဆက်ပိုးတွေကို ကိုယ့်အိမ်တွင်း အိမ်ပြင်မရှိအောင်ဂရုစိုက်ပါ။ 

၁၂။ဦးနှောက်ကို တခုခုလုပ်နေရင်းအသုံးချပါ။ စီးပွါးရေးလုပ်ငန်း၊အလုပ်၊ပညာ တခုခု ကိုယ်ဝါသနာပါရာကို အမြဲ လေ့လာရင်း လုပ်နေရင်းနဲ့ ဦးနှောက်ကို အသုံးချပေးပါ။ ဦးခေါင်းကိုအသုံးချခြင်းဖြင့် အယ်ဇိုင်းမားရောဂါ မဖြစ်အောင်ကာကွယ် ပေးနိုင်ပါတယ်။ 

 ၁၃။ ဝမ်းမှန်အောင် လုပ်ပါ၊အညစ်အကြေး စွန့်ခြင်းဖြင့် ကိုယ်ထဲက အဆိပ် အတောက်ကို ဖယ်ပေးနိုင်ပါတယ်။ ရေများများသောက်ခြင်းဖြင့်သွေးကြောပိတ်ခြင်း၊
အပူကြီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းကို 
ကာကွယ်ပေးနိုင်တယ်။ 

၁၄။မနက်အစာမစားခင် ပုံမှန်ရေတခွက် 
ရေနွေး၂ခွက် သောက်ပေးခြင်းဖြင့် အူလမ်းကြောင်းက အညစ်အကြေးတွေထုတ်ပေးနိုင်ပါတယ်။ အိပ်ကာနီး ရေတခွက်သောက်ခြင်းဖြင့် မနက်ဆီးသွားပြီး 
ကိုယ်တွင်းက အပူကို ကျစေပါတယ်။ 

အသက် ၄၀ ကျော်ရင် သွေးကြောတွေက တဖြေးဖြေးအဆီပိတ်ပြီးကျဉ်းလာပါတယ်။ တချို့ကသွေးပျစ်ပီးကျဉ်းလာပါတယ်။ 

ဒါ့ကြောင့် အဆီအကြော်စာ တွေလျော့စားပါ ရေနွေးရေသောက်ပေးခြင်း လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် သွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ #ဘာသာပြန်ပေးသူEMT(YUFL) 
# Khin Maung Lwin

Tuesday, July 14, 2020

နဂါးမောက်သီးကို ဘယ်လိုစားမလဲ❓❓

နဂါးမောက်သီးကို ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုစားမလဲအကောင်းဆုံးကတော့ အသီးကို ဓားနဲ့ခွဲပြီး အထဲက
အသားကို ဇွန်းနဲ့ပဲ တိုက်ရိုက်ကော်စားစား၊ အတုံးလေးတွေတုံးပြီး ခက်ရင်းနဲ့ပဲစားစား ကောင်းပါတယ်.. အဲ့ဒီလိုစားတဲ့အခါမှာ စားခါနီးမှ လတ်လတ်ဆတ်ဆတ် ခွဲစားရပါမယ်.. ခွဲပြီးအချိန်ကြာမှစားရင် ပါဝင်တဲ့ဗီတာမင် စီ ကအစ Antioxidant တွေဟာ လေနဲ့ထိတွေ့ပြီး ပျက်စီးဆုံးရှုံးမှုရှိလို့ဖြစ်ပါတယ်.. 

စားတဲ့အခါအထဲမှာ မြုပ်နေတဲ့အစေ့တွေကို ဖယ်စားဖို့
ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် အစေ့တွေကိုပါ စားရပါမယ်.. အဲ့ဒီအစေ့တွေဟာလည်း နှမ်းစေ့ကိုစားသလိုမျိုး ဆေးဖက်ဝင်တဲ့ မပြည့်ဝဆီ မိုနိုဆီ (Monounsaturated fatty acid) တွေဖြစ်ပါတယ် .. ဒါ့ကြောင့် အစေ့တွေစားခြင်းဟာ အန္တရာယ်မပေးတဲ့အပြင် ကျန်းမာရေးကို များစွာအ​ထောက်အကူပြုပါတယ်.. အသီးကိုဖျော်ရည်လုပ်သောက်ရင်လည်း ကောင်းပါတယ်.. 

 နဂါးမောက်သီးအနီစားပြီးတဲ့အခါ 
ဆီးသွားရင် ဘာလို့ အနီရောင်တွေဖြစ်တာလဲ❓❓ နဂါးမောက်သီးအနီမျိုးမှာ အနီရောင်တွေဟာ Glycoside တွေဖြစ်ပြီး ရေမှာပျော်ဝင်တဲ့ရောင်ခြယ် (Water-soluble pigment) တွေဖြစ်ပါတယ်.. ဒါ့ကြောင့် စားသုံးလိုက်ရင် ဆေးဖက်ဝင်အာနိသင်တွေ သွေးထဲကိုရောက်ရှိ
သွားပြီးနောက် ဆီးကနေတစ်ဆင့် စွန့်ထုတ်ပါတယ်..

 ဒါ့ကြောင့် အနီရောင်တွေဟာ ဆီးထဲမှာပါလာတာဖြစ်ပါတယ်.. အမှတ်တမဲ့ကြည့်ရင် ဆီးထဲမှာ သွေးတွေပါလာသလိုမျိုး ဖြစ်ပေမဲ့ သွေးတွေမဟုတ်တဲ့အတွက် (Pseudohematuria) လို့ခေါ်ပါတယ်.. အန္တရာယ်မရှိတဲ့အတွက် ဆက်စားလို့ရပါတယ်.. အဲ့ဒီအနီရောင်တွေကမှ ဆေးဖက်ဝင်အာနိသင် များများရနိုင်တာဖြစ်ပါတယ်.. 

သဘာဝဆိုးဆေးအနေနဲ့ အသုံးပြုနိုင် ======================= 
ဒီနေ့အခါမှာ အစားအစာတွေကို လှပဖို့ ဆွဲဆောင်မှုရှိဖို့ ဆိုးဆေးတွေသုံးတဲ့အခါမှာ ဓာတုဆိုးဆေးတွေနေရာမှာ သဘာဝဆိုးဆေးတွေနဲ့ ပြောင်းလဲအသုံးပြုမှု တစ်နေ့တစ်ခြား ပိုမိုတွင်ကျယ်လာနေပြီဖြစ်ပါတယ်.. သဘာဝအပင်တွေကရတဲ့ ဆိုးဆေးတွေ အထူးသဖြင့် လူတွေစားသုံးလို့ရတဲ့ သစ်သီးသစ်ဖုတွေကနေရတဲ့ သဘာဝဆိုးဆေးတွေသာ ရေရှည်အတွက် အသုံးပြုဖို့ စိတ်ချရပါတယ်.. 

အဲ့ဒီအထဲမှာ နဂါးမောက်သီးရဲ့အနီရောင် ရောင်ခြယ်တွေကို သိပ္ပံနည်းကျထုတ်ယူပြီး သဘာဝဆိုးဆေးအဖြစ် နိုင်ငံတကာမှာ အသုံးပြုနေကြပြီဖြစ်ပါတယ်.. ဥရောပကော်မရှင်က E162 ဆိုပြီးCode No ပေးထားပြီး Approved လုပ်ပြီးဖြစ်ပါတယ်.. အဓိကအသုံးပြုတဲ့ အစားအစာတွေကတော့ ရေခဲမုန့် (Ice cream)၊ ဒိန်ချဉ်(Yogurt)၊ အချိုရည်များ (Soft drink) ၊ သကြားလုံး (Candies) ၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် (Bacon) စတဲ့အစားအစာတွေမှာ အနီရောင်ရရှိပြီး ဆွဲဆောင်နိုင်ဖို့ 
အသုံးပြုလျက်ရှိပါတယ်.. 

အကြံပြုချက် 
======== 
နဂါးမောက်သီးဆိုတာ အင်မတန်မှ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ သဘာဝသစ်သီးတစ်ခုဖြစ်တာမို့ ကလေးသူငယ်ကအစ 
ကျား/မ မရွေး စားသုံးသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်.. စားသုံးမှုများလာတာနဲ့အမျှ နဂါးမောက်သီး စိုက်ပျိုးထုတ်လုပ်တဲ့သူတွေအနေနဲ့လည်း အကျိုးရှိတဲ့ စိုက်ပျိုးသီးနှံတစ်ခုဖြစ်တော့ အခုထက်ပိုပြီး စိုက်ပျိုးထုတ်လုပ်ပြီး ကြီးပွားတိုးတက်
ကြပါစေကြောင်း အကြံပြုအပ်ပါတယ်
  Crd: Dr.Khin Maung Lwin

Monday, July 13, 2020

နဂါးမောက်သီး

နဂါးမောက်သီးဟာ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင် တစ်ခါမှမမြင်ဖူး၊ မကြားဖူးတဲ့ သစ်သီးတစ်ခုဖြစ်ပါတယ်.. သူ့ရဲ့မူရင်းဇာတိ (Native)
ကတော့ အမေရိကတိုက်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံ (Mexico) ဖြစ်ပါတယ်.. အဲ့ဒီကနေတစ်ဆင့် အမေရိကတိုက် အလယ်ပိုင်းဒေသနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိပါတယ်.. ပြီးတော့မှ တရုတ်ပြည်ကနေတစ်ဆင့် မူဆယ်ဘက်ကနေ စတင်ဝင်ရောက်ပြီး ရှမ်းပြည်နယ်
မြောက်ပိုင်းမှာ စတင်စိုက်ပျိုးခဲ့တာ အနှစ် (၂၀) ကျော်လောက်ရှိပါပြီ..
 Common English Name အနေနဲ့ Dragon Fruit လို့ လူသိများပါတယ်.. မြန်မာလို နဂါးမောက်သီးဆိုတဲ့
အမည်ကတော့ အဲဒီစာလုံးကို တိုက်ရိုက်ဘာသာပြန်
ထားတာဖြစ်ပြီး အမည်နဲ့လိုက်ဖက်အောင်
နဂါးမောက်တွေနဲ့တူတဲ့ အသီးဖြစ်ပါတယ်..

အနောက်နိုင်ငံတွေမှာတော့ Pitaya (or) Pitahaya လို့လည်း လူသိများပါတယ်.. နဂါးမောက်သီးဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ သဘာဝသစ်သီးတစ်မျိုး ဖြစ်ပါတယ်..
ပါဝင်တဲ့အာဟာရဓာတ်တွေကြည့်ရင်

 (၁) ရေဓာတ်(Water) - အရည်ရွှမ်းတဲ့သစ်သီး
တစ်မျိုးဖြစ်လို့ ရေငတ်တုန်းစားရင် ရေငတ်ပြေပါတယ်..

 (၂) ကာဘိုဟိုက်ဒြိတ် (Carbohydrate) – အဓိကအများဆုံး
ပါဝင်ပြီး စုစုပေါင်းအလေးချိန်ရဲ့၁၁% ပါဝင်ပါတယ်.. မောပန်းမှုကိုပြေပျောက်စေခြင်း၊ စွမ်းအင်တွေရစေခြင်းနဲ့ အမောခံနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်..

 (၃) ပရိုတင်းဓာတ် (Protein) - ပါဝင်မှုကတော့ နည်းပါတယ်..
အဓိက အစေ့မှာသာပါဝင်ပြီး ၁.၁% လောက်သာ ပါရှိပါတယ်..

 (၄) အဆီဓာတ် (Fat) – Fruit pulp လို့ခေါ်တဲ့ အသားထဲမှာတော့ အဆီလုံးဝမပါပါဘူး.. အသားထဲမှာ မြုပ်နေတဲ့ အစေ့တွေထဲမှာတော့ အဆီဓာတ်တွေ ကြွယ်ဝစွ ာပါရှိပါတယ်.. အဲ့ဒီအဆီအားလုံးဟာလည်း လူတွေရဲ့ကျန်းမာရေးကို အထောက်အကူပြုတဲ့ မရှိမဖြစ်
လိုအပ်တဲ့ မပြည့်ဝဆီ (Essential unsaturated fatty acid) တွေဖြစ်ပါတယ်.. ဥပမာ - Linoleic acid တို့၊
Palmitic acid တို့ဖြစ်ပါတယ်..

(၅) အမျှင်ဓာတ် (Fiber) - အမျှင်ဓာတ်အလွန်ကြွယ်ဝတဲ့
သစ်သီးလို့ ပြောနိုင်ပါတယ်.. ၃% လောက် ပါဝင်ပါတယ်.. ဒါ့ကြောင့် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာဖြစ်ခြင်းကနေ
ကာကွယ်ပေးပါတယ်..

 (၆) ဗီတာမင်ဓာတ်များ (Vitamins) - အနေနဲ့ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး ၁၀၀ ဂရမ်ရှိတဲ့ အသီးတစ်လုံးမှာ ၂၀ မီလီဂရမ်ပါဝင်ပါတယ်.. ကျန်ဗီတာမင်တွေအနေနဲ့
ဗီတာမင်ဘီ အုပ်စုဝင်တွေလည်း
အနည်းငယ်စီ ပါဝင်ပါတယ်..

 (၇) သတ္တုဓာတ် (Minerals) - အနေနဲ့ ကယ်လ်စီယမ်ဓာတ်၊
သံဓာတ်၊ မီးစုန်းဓာတ်တို့ ပါဝင်ပါတယ်.. ဒါတွေအပြင်
Phytochemicals လို့ခေါ်တဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်.. အထူးသဖြင့် Glycoside နဲ့
Phenolic compounds တွေ ပါဝင်နေတာ တွေ့ရပါတယ်.. အဲ့ဒီပစ္စည်းတွေကြောင့် နဂါးမောက်သီးဟာ
ဆေးဖက်ဝင်နေရခြင်း ဖြစ်ပါတယ်..
Crd : Fb 

Thursday, July 9, 2020

G O U T အတွက် မဟာကာကြံဆစ်-


နွယ်မြက်သစ်ပင် ဆေးဖက်ဝင်သည် ဟူသောစကားအရ မြန်မာ့ဆေးပင်အစွမ်း အံမခန်း များစွာထဲမှ ဆေးပင်တမျိုးနှင့် မိတ်ဆက်ပေးရလျှင်မဟာကာ ကြံဆစ်ဟုခေါ်သော
နဂါးမြီးရွက် နှင့် မိတ်ဆက်ပေးပါရစေ။

မဟာကာကြံဆစ် ဟုခေါ်သော ထိုဆေးပင်ဧ။်
 အရွက်များသည် ခပ်ရှည်ရှည်ဖြစ်၍ အကြောအစင်းများရှိသည်။ ရိုးတံတွင် အဆစ်ကလေး များပါရှိပြီး ထိုအဆစ်များမှ အရွက်ထွက်ပေါ်ကာ အရွက်ဧ။် အလယ် သို့မဟုတ် အောက်ခြေစွန်းစွန်းတွင် အမည်းစက် ကလေးများ ရှိတတ်သည်။ အပွင့်မှာ သေးသေးနှင့် ဖြူဖြူ ရှိပြီး အသီးမှာ အနက်ရောင်ရှိ၍ ခပ်သေးသေးဖြစ်သည်။

ချုံနွယ်ပင် တမျိုးဖြစ်ပြီး စိုစွတ်သော နေရာတွင် ပေါက်ရောက်ခါ နေရာအနှံ့အပြားတွင် တွေ့ရှိရပါသည်။ မိတ်ဆွေတို့တွင် လေးဘက်နာ ရောဂါများ ၊ ခြေဆစ် ၊လက်ဆစ် များ နာကျင် ကိုက်ခဲသော ရောဂါများခံစားကြုံတွေ့ နေရပါက မဟာကြံဆစ် အရွက်ကို ထုထောင်းခါ အရည်ညစ်၍ လိမ်းကျံစေပြီး အဖတ်များကို အုံထားပေး၍ ပျောက်ကင်းစေပါသည်။

အကောင်းဆုံးက အိပ်ယာဝင်ခါနီးတွင် အဝတ်ဖြင့် စည်းပေးပါက ပို၍ကောင်းပါသည်။ အဖတ်များ ခြောက်သွားသည်နှင့် ကိုက်ခဲနေသော ဒဏ်ရာများယူပစ်သလို ပျောက်ကင်းချမ်းသာ စေပါသည်။ထို့အပြင် ဒူးနာ၍ လမ်းမလျှောက် နိုင်ဖြစ်နေ ပါကလည်း အရွက်အရိုးတို့ကို ထုထောင်း၍ အဝတ်ဖြင့် စည်းနှောင်၍ အုံထားပေးလျှင် သက်သာပျောက် ကင်းပါသည်။

ထို့နောက် ရင်ကျပ်ခြင်း ၊ ချောင်းဆိုးခြင်း ၊ စသော အဆုတ်ရောဂါများ ကိုလည်းကောင်း ၊ ကျောက်ကပ်ရောဂါ ၊ အသားဝါရောဂါ ၊ အသည်းရောဂါ ၊ဆီးချုပ်ခြင်း ၊ ဆီးကျင်ခြင်း ၊ ဆီးနည်းခြင်း ၊ ဆီးဝါခြင်း၊ စသော ဆီးနှင့်ပတ်သတ်သော ရောဂါများကို လည်းကောင်း ၊ ဝမ်းကိုက်ခြင်း ၊ ဝမ်းလျှောခြင်း စသော ဝမ်းရောဂါများကို လည်းကောင်း ၊ အသည်းကြောင့် ခန္ဓာကိုယ် ဖောရောင်ခြင်း ကိုလည်းကောင်း ခံစားနေရပါက မဟာကာ ကြံဆစ် ရွက်များကို ပြုတ်၍ သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ တချို့က သကြားထည့်၍ သောက်သုံးပါသည် ။

တချို့က ၎င်းအရွက်များကို အခြောက်လှန်းထားကာ ရေနွေးထဲတွင် လက်ဖက်ခြောက်အစား ၎င်းအရွက်ခြောက်များကို ထည့်၍သောက် ကြပါသည်။ တချို့က ထိုအရွက်အား သုတ်စားတတ် ကြပါသေးသည်။ အနာများ ဖြစ်ကြသော အနာစိမ်း ၊ ယားနာ ၊ ခူနာ နှင့် ထိခိုက်ဒဏ်ရာ အနာမှန်သမျှ ရှိပါက
ထို မဟာကာ ကြံဆစ်ဧ။်

 အရွက်ကို ထုထောင်း၍ ထိုအနာပေါ်တွင် အုံပေးထားပါက ပြည်ပေါက်၍ အသားနု တက်လာကာ အနာအမြန်ပျောက်ကင်း ကြောင်း တွေ့ရပါသည်။ ယောင်ယမ်းကာ ပြည်တည်၍ ခွဲထုတ်ပစ်ရမည့် အနာများကို ၎င်းအရွက် အုံပေးထားခြင်းဖြင့် ပျောက်ကင်းစေပါသည်။

 ထို့အပြင် ငါးအရိုးစူးခြင်း ၊ ကင်းကိုက်ခြင်း ၊ ခြင်ကိုက်ခြင်း ၊ ပျားတုတ်ခြင်း ၊ ပုရွက်ဆိတ် နီကိုက်ခြင်း၊ ခွေးကိုက်ခြင်း ၊ သံစူးခြင်း ၊ ဓားရှခြင်း ၊ကဲ့သို့သော ထိခိုက်ရှနာများနှင့် အဆိပ်ဖြစ် စေတတ်သော ဒဏ်ရာမှန် သမျှကိုလည်း ထိုမဟာကာ ကြံဆစ်အရွက်ကို အရည်ညစ်၍ လိမ်းပေးလျှင်အမြန်ပျောက်ကင်း သွားပါသည်။ ငါးအရိုးစူးခြင်းတွင် ငါးကျီးငါးဧ
။် အရိုးစူးမိပါက ပေါ့ဆလျှင်
အသက်အန္တရယ်ပင် ကြုံတွေ့ရ တတ်ပါသည်။

ထိုငါးကျီးရိုး စုူးမိပါက စူးမိသော နေရာသို့ မဟာကာ ကြံဆစ်ရွက်အရည်ကို သုတ်လိမ်းပေးပါက မိနစ်ပိုင်း အတွင်း လုံးဝ ပျောက်ကင်းပါသည်။ ဆီပူလောင်ခြင်း ၊ ရေနွေးပူလောင်ခြင်း ၊ စသော အပူလောင်ခြင်း အမျိုးမျိုးကိုလည်း အရွက်ကို ထုထောင်း၍ သုတ်လိမ်းပေးပါက အမာရွတ်ပင်မထင်တော့ဘဲ အမြန်ပျောက်ကင်း သွားတတ်ပါသည်။

သွားကိုက် ၊ နားကိုက် များဖြစ်လျှင်လည်း မဟာကြံဆစ် အရွက်အရည်ကို ညစ်ထည့်၍ အဖတ်ကို ကိုက်နေသော နေရာ၌ ငုံထား အုံထားပေးလျှင် ပျောက်ကင်း ပါသေးသည်။

 ထိုမဟာကာ ကြံဆစ်အရွက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် မောပန်းမှု နှင့် နာကျင်မှု ဝေဒနာများ ပျောက်ကင်းကာ ယခင်ကထက် ကိုယ်ခန္ဓာ ပေါ့ပါး သွက်လက်လာသော လက်တွေ့အကျိုးထူး ရရှိစေပါသည်။

ထိုသို့သော ရောဂါမှန်သမျှကို အမြန်ပျောက်ကင်းသော မဟာကာ ကြံဆစ် ဆေးပင်ကို ​ဒေသအလိုက်​ ဆိပ်​​ဖြေပင်​ ​မြွေမင်​းပင်​ ​မြွေ​ဟောက်​ပါးပျဉ်​းပင်​ နဂါးမြီး ဟု အမျိုးမျိုး​ခေါ်ဆိုကြပြီး တချို့ကလည်း နတ်ဆေးပင် ဟု ခေါ်ဆိုကြပါသည်။
မွတ္စု Credit တိုင်းရင်းဆေး ဆွေးနွေးခန်း

Tuesday, July 7, 2020

ဂျင်း & နနွင်း

ဒီရက်ပိုင်းအတွင်း ဂျင်းနက်နဲ့နနွင်းနက်က အတူတူပဲလားဆိုတဲ့မေးခွန်းတွေ ကျွန်တော့်ကို မကြာခဏမေးမြန်းလာကြပါတယ်။ ဂျင်းနက်နဲ့ နနွင်းနက်က မတူပါဘူး။ ဒီနှစ်ခုရဲ့ကွဲလွဲချက်တွေကို အများပြည်သူတွေ သိစေဖို့အတွက် တင်ပြလိုက်ပါတယ်။ 

အမည်အမျိုးမျိုး (Naming) 
==================
ဂျင်းနက် (ခ) ချင်းနက် 
အင်္ဂလိပ်အမည် - Black Ginger 
မျိုးရင်း (Family) – Zingiberaceae 
ရုက္ခဗေဒအမည် (Botanical Name) – 𝐾𝑎𝑒𝑚𝑝𝑓𝑒𝑟𝑖𝑎 𝑝𝑎𝑟𝑣𝑖𝑓𝑙𝑜𝑟𝑎 Wall.ex Baker 
နနွင်းနက် (ခ) 
ဆနွင်းနက် (ခ) ဆနွင်းတိမ်ပြာ (ခ) ဂမုန်းတိမ်ပြာ အင်္ဂလိပ်အမည် - Black Turmeric 
မျိုးရင်း (Family) – Zingiberaceae 
ရုက္ခဗေဒအမည် (Botanical Name) – 𝐶𝑢𝑟𝑐𝑢𝑚𝑎 𝑐𝑎𝑒𝑠𝑖𝑎 Roxb. ဂျင်းနက်နဲ့ နနွင်းနက်တို့ရဲ့ မျိုးရင်း (Family) ဟာ တူတာကြောင့် သူတို့နှစ်မျိုးစလုံးရဲ့ သွင်ပြင်လက္ခဏာတွေက အတော်လေးဆင်တူနေတာကို တွေ့ရတာဖြစ်ပါတယ်။

 ပြင်ပရုပ်သွင်လက္ခဏာများ 
(Morphological characters)
 ================== 
ဂျင်းနက်ရဲ့ ထင်ရှားတဲ့လက္ခဏာတွေကတော့ အမြစ်ဥကိုခွဲကြည့်ရင် အမဲရောင် (သို့) ခရမ်းရောင်ရင့်ရင့် (သို့) မဲနက်ရောင်ရင့်ကို တွေ့ရမှာဖြစ်ပါတယ်။ အရွက်ပြား ဘေးပတ်ပတ်လည်မှာ ခရမ်းဖျော့ရောင် ရှိပါတယ်။ ပွင့်ချပ်ပတ်ပတ်လည်ဟာ အဖြူရောင်ရှိပြီး အတွင်းပိုင်းဟာ ခရမ်းရင့်ရောင်ရှိတာကို တွေ့ရပါတယ်။

နနွင်းနက်နဲ့ ဂျင်းနက်နဲ့ အဓိကမတူတဲ့အချက်က ပုံမှာမြင်တွေ့ရသလိုပဲ နနွင်းနက်ရဲ့အမြစ်ဥဟာ အတွင်းသားပြာပြီး မီးခိုးရောင်အနည်းငယ်ရှိပါတယ်။ နနွင်းနက်ရဲ့အရွက်မှာ ခရမ်းရင့်ရောင် အလယ်ကြောမျဉ်းရှိပါတယ်။ 

ပွင့်ချပ်ပတ်ပတ်လည်ဟာ အဝါရောင်ရှိပြီး အတွင်းပိုင်းမှာ နီညိုရောင်သန်းတာကို တွေ့ရပါတယ်။ 
နနွင်းနက်ကို အင်္ဂလိပ်လို Black Turmeric လို့ခေါ်ပေမဲ့ အမှန်တော့ သူ့ရဲ့အတွင်းသားဟာ အမဲရောင် မဟုတ်ဘဲ အပြာရောင် ဖြစ်တာကို တွေ့ရပါတယ်။ 

ဒါ့ကြောင့် နနွင်းနက် လို့ခေါ်မဲ့အစား နနွင်းတိမ်ပြာ (သို့) ဆနွင်းတိမ်ပြာ (သို့) ဂမုန်းတိမ်ပြာ လို့ခေါ်တာ ပိုပြီးသင့်တော်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။

 ဆေးဖက်ဝင်အစိတ်ပိုင်း 
(Medicinal Part) 
================ 
ဂျင်းနက်နဲ့ နနွင်းနက်တို့ရဲ့ ဆေးဖက်ဝင်အစိတ်အပိုင်းက အမြစ်ဥ (Rhizome) ဖြစ်ပါတယ်။ ဆေးဖက်ဝင်ဓာတ်ပစ္စည်းများ 

(Medicinal Constituents) 
=================== 
ဆေးဖက်ဝင်အာနိသင်ပေးတဲ့ အဓိကပါဝင်တဲ့ဓာတ်ပစ္စည်းကတော့ ဂျင်းနက်မှာ 5,7-dimethoxyflavone ဖြစ်ပြီး နနွင်းနက်မှာတော့ Curcuminoids, Camphor, Turmerone, 
Curcumene တို့ဖြစ်ပါတယ်။ 

အကျိုးအာနိသင်များ (Effects) 
====================== ပါဝင်တဲ့ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေ မတူညီတာကြောင့် ရရှိနိုင်တဲ့အကျိုးအာနိသင်တွေလည်း ကွဲပြားပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဂျင်းနက်ရဲ့အကျိုးအာနိသင်တွေကတော့ 
(၁) ကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့အာနိသင် 
(Anti-cancer effect) 
(၂) ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အာနိသင်
 (Anti-inflammatory effect) 
(၃) ခန္ဓာကိုယ်မှအဆီများကျစေတဲ့အာနိသင် 
(Antiobesity effect) 
(၄) အလာဂျီတွေကိုသက်သာစေတဲ့အာနိသင် 
(Anti-allergic effect) 
(၅) ကျန်းမာနုပျိုကာခွန်အားတိုးစေခြင်း 
(Rejuvenate and promote vitality) 
(၆) ဦးနှောက်နဲ့အာရုံကြောများကျန်းမာစေခြင်း (Neuroprotective effect) တို့ဖြစ်ပါတယ်။ 

နနွင်းနက်ရဲ့အကျိုးအာနိသင်တွေကတော့ 
(၁) အကိုက်အခဲသက်သာစေခြင်း (Analgesic) 
(၂) လေပြွန်ကျယ်စေခြင်း (Bronchodilation) 
(၃) ပျို့အန်ခြင်းကိုသက်သာစေခြင်း (Antiemetic) 
(၄) သန်ကောင်အစရှိတဲ့ကပ်ပါးပိုးများကို 
နှိမ်နင်းနိုင်ခြင်း (Anthelmintic) 
(၅) ဘက်တီးရီးယားပိုးမွှားများကို 
နှိမ်နင်းနိုင်ခြင်း (Antibacterial)
 (၆) ရောင်ရမ်းခြင်းကိုသက်သာစေခြင်း 
(Anti-inflammatory) တို့ဖြစ်ပါတယ်။ 

နိုင်ငံတကာသုတေသနစာတမ်းတွေအရ တစ်နေ့ကို ဂျင်းနက်အမြစ်အမှုန့် ၁.၃၅ ဂရမ်အထိ နေ့တိုင်းအသုံးပြုနိုင်တယ်လို့ 
ဖော်ပြထားတာ တွေ့ရပါတယ်။ 

နနွင်းနက်နဲ့ပတ်သက်ပြီး သုတေသနစာတမ်းအချို့ 
တွေ့ရပေမဲ့ တစ်နေ့တာသောက်သုံးရမယ့်ပမာဏတော့ ရေးသားဖော်ပြထားတာ မတွေ့ရသေးပါဘူး။ 
ဂျင်းနက်ကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ရိုးရာတိုင်းရင်းဆေးပညာတွေမှာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ 

ဂျင်းနက်ရဲ့အာနိသင်ကို နိုင်ငံတကာမှာ လူတွေနဲ့ သုတေသနများစွာ Human trial ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ နနွင်းနက်ကိုတော့ အိန္ဒိယနိုင်ငံမှာ တိရစ္ဆာန်တွေနဲ့ သုတေသနပြုလုပ်ထားတာကို တွေ့ရှိရပါတယ်။ နိုင်ငံတကာဈေးကွက်မှာလည်း ဂျင်းနက်
ထုတ်ကုန်တွေကိုပဲ တွေ့ရပြီး နနွင်းနက်နဲ့
ပတ်သက်တဲ့ ထုတ်ကုန်တွေကို 
မတွေ့ရသေးပါဘူး။ 

ကျွန်တော်တို့ FAME အနေနဲ့ ကိုယ်ပိုင်အော်ဂဲနစ်စိုက်ခင်းကနေ ထွက်ရှိတဲ့ ဂျင်းနက်ကနေ ဆေးထုတ်လုပ်ထားတာဖြစ်ပါတယ်။ နနွင်းနက်ကိုတော့ မထုတ်ပါဘူး။ အခုလောက်ဆိုရင် ဂျင်းနက်နဲ့ နနွင်းနက် လုံးဝမတူတဲ့အကြောင်းကို သိလောက်ပြီလို့ထင်ပါတယ်။ ဂျင်းနက်၊ နနွင်းနက်တို့နဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာဖတ်ရှုလိုသူများအတွက် ကျမ်းကိုး
စာရင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 
Dr. Khin Maung Lwin -
 FAME References of Black Ginger

Thursday, July 2, 2020

Cholestrol ကို ဘယ်လို လျှော့ချမလဲ

ကိုလက်စထရောဆိုတာကတော့
 သွေးထဲမှာရှိတဲ့ အဆီဓာတ်ပဲ ဖြစ်ပါတယ်။ 
ကိုလက်စထရောတချို့ကို အစားအစာတွေက 
ရရှိပြီး ကျန်တချို့ကိုတော့ ကိုယ်ခန္ဓာထဲမှာပဲ ထုတ်လုပ်ပါတယ်။ ကိုလက်စထရောဟာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။

ကိုယ်ခန္ဓာကနေ ဟော်မုန်းနဲ့ ဆဲလ်တွေ ပြုလုပ်ဖွဲ့စည်းရာမှာ ကိုလက်စထရောကို အသုံးပြုပါတယ်။ ဒါပေမယ့် ကိုလက်စထရောတချို့ဟာ နှလုံးကို ထိခိုက်စေပါတယ်။ ကိုယ်ခန္ဓာထဲမှာ ကိုလက်စထရောနှစ်မျိုး ရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

• Low-density lipoprotein (LDL)။ 
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ 
100 mg/dL အောက်ပဲ ရှိသင့်ပါတယ်။ 
 • High-density lipoprotein (HDL)။ 
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး မကောင်းတဲ့ 
LDL ကိုလက်စထရောကို သွေးကြောထဲက ဖယ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ သွေးထဲမှာ 60 mg/dL နဲ့
အထက် ရှိသင့်ပါတယ်။ ကိုလက်စထရောမြင့်မားခြင်းနှင့် ပြဿနာများ သွေးထဲမှာ ကိုလက်စထရောများပြားလွန်းရင် သွေးကြောတွေမှာ စုပုံလာပါတယ်။

 သွေးကြောနံရံတွေမှာ အနည်အဖတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးကြောနံရံတွေ မာခဲလာပြီး သွေးလည်ပတ်မှုကို လျော့ နည်းလာစေပါတယ်။ တခါတရံမှာ အဆိုပါ နံရံများဟာ ပျက်စီးတတ်ပြီး ထိခိုက်စေတဲ့နေရာမှာ သွေးခဲခြင်း ဖြစ်ပေါ်စေပါတယ်။ 

အဆိုပါသွေးထဲဟာ သွေးကြောထဲလှည့်လည်သွားပြီး နှလုံးသွေးကြောထဲကို ရောက်သွားချိန်မှာ 
ပိတ်ဆို့မှုဖြစ်ပေါ်စေ ပါတယ်။ 

အဲဒီအချိန်မှာ နှလုံးကိုထိခိုက် (heart attack) စေပါတယ်။ 
ဒါ့အပြင် သွေးခဲဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောထဲရောက်သွားတတ်ပြီး ဦးနှောက်သွေး 
စီးဆင်းမှုကို ထိခိုက်စေပါတယ်။ 
 အဲဒီအခါ လေဖြတ်ခြင်း ဖြစ်စေပါတယ်။ 

ကိုလက်စထရောကို ဘယ်လိုလျှော့ချမလဲ 
အဓိကအားဖြင့် စားသောက်မှုပုံစံလေ့ကျင့်ခန်း၊ 
နေထိုင်မှုပုံစံ စတာတွေပြောင်းလဲပေးရပါမယ်။

၁။ စားသောက်မှုပုံစံကိုပြောင်းပါ။ 
အရေးကြီးတာက မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချနိုင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ 
HDL ကိုလက်စထရောကို မြင့်တက်စေဖို့ ဖြစ်ပါတယ်။ 
LDL ကိုလက်စထရောကို မြင့်တက်စေတဲ့ ပြည့်ဝဆီ၊ ပုံပြောင်းဆီတွေကို ရှောင်ကြဉ်ရပါမယ်။ 

ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကတော့ 
အောက်ပါအတိုင်း ဖြစ်ပါတယ်။ 
 – Red meat များ (အမဲသား၊ သိုးသား၊ ဆိတ်သားများ) 
 – ဟော့ဒေါ့၊ အမဲအူကြပ်တိုက်၊ ဆလာမီ (ဝက်/အမဲ
စသည့် အဆင့်ဆင့်ပြုပြင်ထားသည့် အစားအစာများ 
 – ရေခဲမုန့်၊ ခရင်မ်ဒိန်ခဲ၊ မပြုမပြင်ရသေးသည့်နွားနို့ ပုံပြောင်းဆီများဟာ ဟိုက်ဒရိုဂျင်ကိုသုံးပြီး အဆီများကို အရည်ပုံစံကနေ အခဲအနေအထားကို ပြောင်းလဲ
ထားခြင်း ဖြစ်ပါတယ်။ 

အစားအစာထုတ်လုပ်သူများဟာ အစာကို 
တာရှည်ခံအောင် ထုတ်ပိုးနိုင်တဲ့အတွက် ပုံပြောင်း ဆီကို ကြိုက်ကြပါတယ်။ ဒါပေမယ့် ပုံပြောင်းဆီဟာ သွေးလွှတ်ကြောတွေကို ဒုက္ခပေးတတ်ပါတယ်။ 

ပုံပြောင်းဆီ၊ ပြည့်ဝဆီများဟာ LDL ကိုလက်စထရောကို တက်စေရုံသာမက HDL ကိုလက်စထရောကို ကျဆင်းစေတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လုံးဝရှောင်ကြဉ်သင့်ပါတယ်။ 

ပုံပြောင်းဆီပါဝင်တဲ့ အစား အစာတွေကတော့ – ဆီဖြင့်ကြော်ထားသော စားစရာများ 
 – အသင့်စား စားစရာများ – ကွတ်ကီး၊ ခရက်ကာ၊ 

ကိတ်မုန့် စသည့် ဖုတ်ပြီး ထုပ်ပိုးထားသော စားစရာများ 
အဲဒီအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေရရှိနိုင်တဲ့ အောက်ပါအစားအစာများကို စားသုံးသင့်ပါတယ်။ 
ဆယ်လ်မွန်၊ တူနာ၊ ထရောက်ငါး၊ ငါးကွန်းရှပ်၊ ငါးသေတ္တာသံလွင်ဆီ၊ ကနိုလာဆီ၊ ဆူးပန်းဆီ၊ နေကြာဆီ – ထောပတ်သီး 
 – သစ်ကြားသီး၊ ပီကန်စေ့ စသည့်အစေ့အဆန်များ 
ပဲပိစပ် ကြည့်ကောင်းအောင် လွန်ကဲစွာပြုပြင်ထားတဲ့ 
သကြားများနဲ့ ဂျုံများကိုလည်း သတိပြုရပါမယ်။ 

မပြုပြင်ရသေးတဲ့ ဂျုံ၊ ဆန်လုံးညို စတာတွေကို ဦးစားပေး စားသုံးသင့်ပါတယ်။ အမျှင်ဓာတ်ပြည့်ဝပြီး ကိုယ်ခန္ဓာထဲမှာ 
ပိုနေတဲ့ ကိုလက်စထရောတွေကို ဖယ်ထုတ်ပေးပါတယ်။ 

၂။ လေ့ကျင့်ခန်းပိုလုပ်ပါ။ 
ကြံ့ခိုင်တောင့်တင်းမှုဟာ တကိုယ်ရေကျန်းမာရေးအတွက် 
မရှိမဖြစ် အရေးကြီးပါတယ်။ HDL ကိုလက်စထရောကိုလည်း မြင့်မားစေပါတယ်။ နေ့စဉ် နာရီဝက်ခန့် အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ 

အချိန်ကောင်းကောင်းမပေးနိုင်ရင် 
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ချိန်ကို အပိုင်းခွဲနိုင်ပါသေးတယ်။ 
ဥပမာ မနက်စောစော ဆယ်မိနစ်ခန့် လမ်းလျှောက်ပါ။ နေ့လယ်စာစားချိန်မှာ ဆယ်မိနစ်ခန့်နှင့် 
အိမ်ပြန်ချိန်မှာ ဆယ်မိနစ်ခန့် စသဖြင့် 
လမ်းလျှောက်နိုင်ပါတယ်။ 

ဆွဲအားတင်းအားသုံးလေ့ကျင့်ခန်းတွေဖြစ်တဲ့ 
အလေးမခြင်း၊ သားရေပြားဆွဲခြင်း စတာတွေကို တစ်ပတ်မှာနှစ်ကြိမ်လောက် ပြုလုပ်သင့်ပါတယ်။ 

၃။ ကိုယ်အလေးချိန်လျှော့ချပါ 
အစားအသောက်ကို ဆင်ခြင်စားသောက်ပြီး 
ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုလုပ်ဆောင်ခြင်းဟာ သင့်ကို ကိုယ်အလေးချိန်လျော့စေမှာပါ။ ကိုယ်အလေးချိန် များနေရင်၊ အဝလွန်နေရင် ၅ပေါင်ကနေ၁၀ပေါင်ထိ လျှော့ချခြင်းက တောင် ကိုလက်စထရောလျော့ကျစေဖို့ အထောက်အကူပြုပါတယ်။ 

၄။ ဆေးလိပ်ဖြတ်ပါ 
ဆေးလိပ်သောက်ခြင်းဟာ 
ကျန်းမာရေးအတွက် မသင့်တော်တဲ့ 
အလေ့အထပဲ ဖြစ်ပါတယ်။ ကင်ဆာနဲ့ အဆုတ်ရောဂါများအပြင် စီးကရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းများဟာ သွေးကြောများကို ထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ခက်ခဲပေမယ့် ဆေးလိပ်ဖြတ်ပေးတဲ့ အထူးအစီအစဉ်တွေ၊ အထောက်အကူပြုအဖွဲ့တွေရှိပါတယ်။ 

၅။ ကိုလက်စထရောကျဆေးအတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ နေထိုင်မှုပုံစံပြောင်းရုံနဲ့ ကိုလက်စထရော သိသိသာသာ
မကျဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ 
လိုအပ်ရင် ဆေးဝါးအကူအညီနဲ့ 
ကိုလက်စထရောကျဆင်းအောင် 
ကြိုးစားနိုင်ပါတယ်။ 

ဆေးဝါးအချို့ဟာ LDL ကိုလက် စထရောကို 
ကျဆင်းစေပြီး HDL ကိုလက်စထရောကို 
မြင့်တက်စေပါတယ်။ 

နိဂုံး ခြုံငုံပြောရရင် ကျန်းမာရေးအတွက် အကျိုးမပြုတဲ့ ကိုလက်စထရောအမျိုးအစားကို လျှော့ချပြီး ကောင်းမွန်တဲ့ ကိုလက်စထရောအမျိုးအစားကို မြင့်တက်စေရမှာ ဖြစ်ပါတယ်။ ဒီအတွက် နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရပါမယ်။ 
ဒီအချက်တွေနဲ့ မလုံလောက်ရင် 
ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

သရက်သီးဖျော်ရည် ကောင်းကျိုး



ရာသီဥတု ပူနေချိန်မှာ သရက်သီးဖျော်ရည် ချိုချိုအေးအေးလေး သောက်လိုက်ရတက တော်တော်လေး အရသာရှိမှာနော်။ သရက်သီးမှည့်မှည့်လေးကို ကြိတ်စက်ထဲထည့်ဖျော်ပြီး သောက်တာက သဘာဝအရသာကိုရသလို အခုလို 
ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကိုပေးတယ်။ 

သရက်သီးဖျော်ရည်မှာ ဘယ်လို 
အာဟာရဓာတ်တွေပါဝင်နေလဲ?  
သရက်သီးဖျော်ရည် ချိုချိုလေးမှာ ခန္ဓာကိုယ်အတွက် 
လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ 
ကယ်လ်လိုရီ ပရိုတင်း အကျိုးပြု ကိုလက်စထရော 
ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် 
 ဗီတာမင် A ဗီတာမင် B ဗီတာမင် C ဗီတာမင် E ဗီတာမင် K ပိုတက်ဆီယမ် ကယ်လ်ဆီယမ် မဂ္ဂနီဆီယမ် 
 phosphorus သံဓာတ် selenium 
ဆိုဒီယမ် တို့ ပါဝင်ပါတယ်။ 

သရက်သီးဖျော်ရည် ကပေးတဲ့ ကျန်းမာရေး 
ချိုချိုအေးအေး သရက်သီးဖျော်ရည်လေးကို သောက်သုံးပေးမယ်ဆိုရင် ကင်ဆာ ကာကွယ်ပေးတယ် 
သရက်သီးမှာ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ astragalin၊ methylgallat၊ isoquercitrin၊ fisetin၊ quercetin နဲ့ gallic acid တို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။ 

ဒီဒြပ်ပေါင်းတွေက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ 
သွေးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ သရက်သီးမှာပါတဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ဖြစ်တဲ့ pectin က ကင်ဆာဖြစ်နိုင်ခြေကို 
လျှော့ချပေးပြီး lupeol က ဆီးကျိတ် 
ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ 

 သွေးတွင်း ကိုလက်စထရောကျစေတယ် 
သရက်သီးဖျော်ရည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ 
ဗီတာမင် C ပမာဏကို လုံလောက် ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ပါတယ်။ 

သရက်သီးမှာပါတဲ့ အာဟာရတွေဖြစ်တဲ့ ဗီတာမင် C နဲ့
 pectin ပေါင်းစပ်လိုက်တဲ့အခါ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ် သရက်သီးဖျော်ရည်မှာ 
ကြွက်သား၊ နှလုံး နဲ့အာရုံကြောရဲ့လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် အထောက်အပံ့ပေးတဲ့ အာဟာရဓာတ်ဖြစ်တဲ့ ပိုတက်ဆီယမ် 
ကြွယ်ဝစွာ ပါဝင်နေပါတယ်။ 

ပိုတက်ဆီယမ်က ခန္ဓာကိုယ်က ရေဓာတ်ကို 
ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို အကောင်းဆုံး 
ထိန်းညှိပေးပါတယ်။ 

သွေးအားနည်းရောဂါ ကာကွယ်ပေးတယ် 
သံဓာတ်ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါ 
မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ 

နေ့စဉ် သရက်သီးဖျော်ရည်တစ်ခွက် ပုံမှန် သောက်သုံးတာက လိုအပ်တဲ့ သံဓာတ်ကို ပြည့်ဝစေပြီး 
သွေးအားနည်းရောဂါ ကင်းစေမှာပါ။ 

မျက်လုံး ကျန်းမာစေတယ် သရက်သီးမှာ 
အမြင်အာရုံကျန်းမာစေတဲ့ အာဟာရဓာတ်ဖြစ်တဲ့ 
ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေပါတယ်။ 

သရက်သီး ပုံမှန်စားပေးတာက မျက်လုံးခြောက်တာ၊ ကြက်မျက်သင့်တာ နဲ့ အမြင်အာရုံ ပြဿနာ
အမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာပါ။ 

အသားအရေ ကြည်လင်စေတယ် သရက်သီးဖျော်ရည် သောက်သုံးပေးတာက အသားအရေကို
 ကြည်လင်စေနိုင်ပါတယ်။ 

ဝက်ခြံ သက်သာစေနိုင်သလို အရေပြား ပြဿနာတော်တော်များများကို 
သက်သာစေနိုင်ပါတယ်။ 

ဆီးချို သက်သာစေနိုင်တယ် သကြားထပ်မထည့်ထားတဲ့သရက်သီးဖျော်ရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းက အကျိုးမပြု 
ကိုလက်စထရောကို ကျဆင်းစေပါတယ်။ 

အစာကြေ စေတယ် သရက်သီးက အစာခြေစနစ်ကို 
ကျန်းမာစေပြီး အစာကြေစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး 
အူနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။ 

ကိုယ်ခံအား ကောင်းစေတယ် ဗီတာမင် C၊ ဗီတာမင် A နဲ့ carotenoids တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သရက်သီးဖျော်ရည်လေးက ကိုယ်ခံအား 
ကောင်းစေဖို့လည်း အကောင်းဆုံး 
အားဖြည့်ပေးနိုင် ပါသေးတယ်။