Tuesday, May 23, 2017

(သွေးတိုးရောဂါရှိသူများအတွက်)



သွေးတိုးရောဂါရှိသူများ အောက်ပါ အစား အသောက်များကို စားသုံးပေး ပါက သွေးတိုးရောဂါ သက်သာပျောက်ကင်းစေပါတယ်။ 

(၁) အားလူးမီးဖုတ် 
အားလူးကို မီးဖုတ်ပြီး စားပေးလျှင် အားလူးထဲမှ မဂ္ဂနီစီယမ်ဓါတ်နဲ့ ပိုတက်စီယမ်ဓါတ်တို့ဟာ ခန္ဓာကိုယ်ကို သွေးတိုးခြင်းဖြစ်စေတဲ့ အပိုဆိုဒီယမ် ဓါတ်များကို လှောင်ကျွမ်းသွားစေတယ်လို့ လေ့လာမှုများ အရ ဖော်ပြထားပါတယ်။ 

(၂) အဆီမပါတဲ့ နွားနို့ 
အဆီထုတ်ထားတဲ့ နွားနို့မှာ ကာလ်စီယမ်ဓါတ်နဲ့ ဗီတာမင်ဒီ အာဟာရ ဓါတ်နှစ်မျိုး ပါရှိနေတာကြောင့် သွေးတိုးခြင်းကို ၅ ရာခိုင်းမှ ၁၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။                    

(၃) ငှက်ပျောသီး-။ ငှက်ပျောသီးမှာ ပါဝင်ထားတဲ့ ပိုတက်စီယမ် အာဟာရ ဓါတ်ကြောင့် တစ်နေ့တစ်လုံး စားပေးပါက သွေးတိုးကို လျှော့ချပေးနိုင်ပါတယ်။                                                                                     

(၄) မုန်လာဥနီ ဖျော်ရည်     ။မုန်လာဥနီဖျော်ရည်မှာ ပါဝင်တဲ့ နိုက် ထရိတ် ဓါတ်ဟာ သွေးတိုးနှုန်းကို ၁၀ ရာခိုင်နှုံးအထိ လျှော့ပေးနိုင် တာကြောင့် သွေးတိုးရှိသူများ တစ်နေ့တစ်ခွက် သောက်သုံး သင့်ပါတယ်။                                                                              

(၅) နှမ်းဆီ။       ။နှမ်းဆီမှာ ပါဝင်တဲ့ အင်ဒီအောက်ဆီးဒဲန့်ဓါတ်ဟာ သွေးကြောများ၏ လှုပ်ရှားမှုကို ပိုမိုသန်မာစေသည့် အတွက် သွေး တိုးရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် နှမ်းဆီကိုလည်း မကြာခဏ စားသုံးသင့်ပါတယ်။                                                                   

(၆) ဥအမျိုးမျိုး    ။ကြက်ဥ၊ ဘဲဥ၊ ငုံးဥစတဲ့ ဥအမျိုးမျိုးတို့၏ အကာကို စားသုံးပေး ပါက ပရိုတင်းဓါတ်နှင့် ပီတာမင်ဒီပြည့်ဝစေပြီး သွေး တိုးခြင်း ကို ကာကွယ်ပေးစေပါတယ်။                                        

(၇) ပန်းဂေါ်ဖီအမျိုးမျိုး      ။ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီထုပ်စသည်တို့မှာ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်ဓါတ်များ ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် သွေးဖိအားနှုန်းကို ထိန်းချုပ်ပေးနိုင်သည့်အပြင် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်း တို့မှလည်း ကာကွယ်ပေး နိုင်ပါတယ်။                                                                      

(၈) အမည်းရောင် ချောကလက်     ။အမည်းရောင်ချောကလက်မှာ ပါဝင်ထားတဲ့ ဖလေဗိုနွိုက် အင်ဒီအောက်ဆီးဒဲန့် ဓါတ်တစ်မျိုးဟာ သွေးကြောစီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးကိုလည်း ကျန်းမာစေသည့် အတွက် မကြာခဏ စားသုံးသင့်ကြောင်း နှလုံးနှင့်သွေးတိုး အထူးကု ဆရာဝန်တစ်ဦးမှ အကြံပြုထားပါတယ်။

အထူးရှောင်ကြဉ်ရမည့် အစားအစာကတော့ ဆားဖြစ်ပါတယ်။ ဆားနှင့် အငံကို အလွန်အကျွံ မစားမိစေပဲ ပုံမှန်စားသုံးနေတာထက်ကို ပိုပြီးလျှော့စားသင့်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို အစာစားရင်း ဆေးအဖြစ် အသုံးပြုနိုင်ကြပါစေ။                       စောနွဲ့နေဆိုင် (ပူတာအို)

No comments:

Post a Comment