Monday, October 27, 2014

အချိုရည်သောက်တဲ့အကျင့်...

 အချိုရည်သောက်တဲ့အကျင့်ကို  ဖျောက်ပါ။


ရေငတ်လို့ပဲဖြစ်ဖြစ်ပင်ပန်းနွမ်းနွယ်လို့ပဲ ဖြစ်ဖြစ် အချိုရည် ပုလင်းတွေ၊ သံဘူးတွေ သောက်ပါကသင်၏ သွေးဖိအားကို မြင့်တက်စေနိုင်ပါသည်.  တစ်နေ့လျှင် သစ်သီးမှရသောသကြားဓာတ် (Fructose) ၇၄ ဂရမ် စားသုံးပါက (အချိုရည် သံဘူး ၂ ဘူးခွဲနှင့်ညီမျှသည် ) သွေးဖိအား ၃၆ ရာခိုင်နှုန်း တက်လာစေနိုင်ကြောင်း သိရသည်။ 
အ၀လွန်နေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း ၊ သွားပိုး စားခြင်း ပြဿ
နာလည်းဖြစ်စေနိုင်သည်။ အချိုဓာတ်လျော့ထားသည်ဟု 
ဆိုသော ဖျော်ရည်ဘူး (Diet SoftDrink) 
များသည်လည်း စိတ်မချရပါ.။ 
ဟားဗတ်ဆေးကျောင်းတွင် လေ့လာမှု အရ သကြားအတုဖြင့် ဖျော်ထားသော အချိုရည်ဘူး ၂ ဘူးနှင့် အထက်သောက်သည့်အမျိုးသမီးများတွင် ကျောက်ကပ် လုပ်ငန်းစွမ်း ရည် ကျဆင်းနိုင်သည့်အခွင့်အလမ်း ၂ဆပိုများ ကြောင်း ကြာ လျှင် ကျောက်ကပ်ပျက်စီးစေနိုင်ကြောင်း သိရပါသည်။
မည်သည့် အချိုရည်ပဲ ဖြစ်ဖြစ် ကြောက်စရာကောင်းသည်က အဓိကဖြစ်သည်။ ထို့ကြောင့် အချိုရည်ဘူးများနှင့်ပက်သက်လာလျှင် အထူးဧည့်ခံပွဲမျိုးတွင်သာ တစ်ခါတစ်ရံ သောက်ခြင်း သို့မဟုတ် တစ်ဘူးလုံး ကုန်အောင် မသောက်ဘဲ အနည်းငယ် မျှသာ  သောက် တယ် ဆိုရုံမျှသာ သောက်သင့် သည့် အကျင့် ကို ပြုလုပ်သင့်ပါသည်။

No comments:

Post a Comment