Wednesday, December 10, 2014
Tuesday, December 9, 2014
ကင်ဆာ ရောဂါကို နေ့စဉ်ဝယ်နေကြသူများ
မိမိ အာဟာရ ဖြစ်စေမည့် အစာကို ငွေဖြင့် မဝယ်ယူကြဘဲ မိမိခန္ဓာကိုယ်ကို လူရာ မဝင်အောင် သေစေသော ကြောက်စရာ ကင်ဆာ ရောဂါဆိုးကို နေ့စဉ် ငွေပေး၍ စားသုံး မှီဝဲ နေကြသည်။ လူမြင်ကွင်းဝယ် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေသော အစာ အာဟာရ အဖြစ် အယောင် ဆောင်၍ နေ့စဉ် လွှမ်းမိုး နေသည်။ နေ့စဉ် ငွေရာ ထောင်ချီ၍ ကုန်နေသည်။
ထိုသို့ ငွေကြေး အကုန် အကျခံ၍ နေ့စဉ်မှီဝဲသော အာဟာရ အစာတစ်ခုက တစ်နေ့မိမိ၏ သေခြင်းကို ဖိတ်ခေါ်လာသူ ဖြစ်ကြောင်း စားသုံး မှီဝဲသူပင် မသိ။ ဘာသိ ဘာသာနေပြီး စားသုံး မှီဝဲနေကြသည်။ ရောင်းချသော ဈေးဆိုင် ကလေးများ ကလည်း လမ်းဘေးဝဲ၊ ယာတွင် အလွယ်တကူ ရနိုင်သည်။ ဝယ်နိုင်သည်။ ရထားပေါ်၊ ကားပေါ်၊ သင်္ဘောပေါ်တို့တွင် သူတို့နယ်
မြေ ကြီးစိုး နေကြသည်။ အလွယ်တကူ စားသုံးနိုင်အောင် ပလတ်စတစ်ထုပ် ကလေးများဖြင့် ထုပ်ထားသည်။ အလွယ်တကူ စားသုံး မှီဝဲ လိုက်ကြသည်။
ထိုအရာကား အခြားမဟုတ် ''ကွမ်းယာ''။
ကွမ်းယာကို နိုင်ငံတစ်ဝန်း နေရာတိုင်း၊ အချိန်တိုင်း တွေ့ကြရသည်။ မှီဝဲ စားသုံး ကြရသည်။ မြို့နေ၊ တောနေ လူဦးရေ၏ ထက်ဝက်ခန့်က ကွမ်းယာ စားသုံးမှု အဖြစ် နေရာယူ နေကြသည်။ လူမှုရေး လောကဝတ်တွင် ကွမ်းစား၊ ဆေးသောက် ကိုရိုးရာ ဧည့်ဝတ် လုပ်ငန်းအဖြစ် ရှေးမြန်မာမင်းများ လက်ထက်ကပင် ခံယူ ဝတ်ပြု နေကြသည် ကတော့ မှန်ပါသည်။
သို့သော်... အစဉ်အလာ မလုပ်သင့်ပါ။ ''စဉ်'' ထား၍ ''လာ''ကြခြင်း သာဖြစ်သည်။ အစဉ်အလာ မလုပ်ဘဲ၊ ဝတ္တရားဟူ၍ မသတ်မှတ်ဘဲ ရှောင်ကြဉ် ကြမည်ဆိုလျှင် တစ်နေ့တွင် ဒီဓလေ့ စရိုက်ဆိုး ကလည်း ကွယ်ပျောက် သွားကြရမည်သာ ဖြစ်သည်။ ရှေးလူကြီး မင်းများ၊ တို့မိတို့ဖများ၊ တို့ဘိုး တို့ဘွားများက လက်ခံ ကျင့်သုံးခဲ့ကြ သော်လည်း ပယ်သင့်လျှင် ပယ်ကြရမည်။ ရှောင်သင့်လျှင် ရှောင်ကြရပေမည်။
''ကွမ်းစား၊ ဆေးသောက်'' ဟူ၍ ပေါ့ပေါ့လေး ပြောပြီး ပေါ့ပေါ့လေး လုပ်ခဲ့ကြသော ကြောင့် ''ဓလေ့'' အသွင် ဟန်ဆောင်၍ လူက ခန္ဓာကိုယ်ကို နှိပ်စက်နေကြောင်း၊ သေမင်းကို လက်တွဲ ခေါ်ခဲ့ကြောင်း မသိကြတော့ပါ။ ကျန်းမာရေး အသိ၊ ကျန်းမာရေး ဗဟုသုတ ကိုလည်း သိအောင် မလုပ်၊ ရှာမှီးခြင်းလည်း မရှိ၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းကို နိုင်ငံကြီး သားများက ဖယ်ရှားကုန်ပြီ။ ယဉ်ကျေးသော နိုင်ငံသား တိုင်းက လူ့ဝန်းကျင်တွင် သန့်ရှင်းမှု ကိုလည်း အကျည်း တန်စေနိုင်ကြောင်း လက်ခံ ယုံကြည် ကြပါသည်။ ကွမ်းကိုဝါးခြင်း၊ မြုံခြင်း မဟုတ်တော့။ ထမင်းစား၊ ဟင်းစား သလို ကွမ်းစား နေကြသည်။ ပါးစပ်ကို အအားမထား၊ အနားမနေ။ ကွမ်းထုပ် တစ်ထုပ်ပြီး တစ်ထုပ် တစ်နေကုန် စားမည့် ကွမ်းထုပ်ကို နံနက်အိပ်ရာမှ ထသည်နှင့် ဝယ်ထား လိုက်ကြသည်။
ကွမ်းကို တစ်နေ့ ကုန်ကျစရိတ် ၅ဝဝ-၁ဝဝဝ ကျပ်စားသော လူတန်းစား၊ တစ်နေ့ ၂ဝဝဝ-၃ဝဝဝ ကျပ်ကုန်သော လူတန်းစား။ နေရာအနှံ့ ပေါနေသော မြို့ပြ၏ ပြယုဂ် ကွမ်းယာ ဆိုင်များက ၂၄ နာရီ မြင်နိုင်သည်။ ကွမ်းကို စည်းကမ်းရှိရှိ စားလျှင်၊ ဝါးလျှင်၊ လူမှုရေး နယ်ပယ်၌ ပြဿနာ မရှိ။ တွေ့သည့် နေရာတွင် ထွေးချ လိုက်ကြသည်။ ''ကွမ်းတံတွေး မထွေးရ'' ဆိုင်းဘုတ် စာတန်းပေါ်၌ပင် ကွမ်းတံတွေးများ ရဲရဲနီ သွားကြပြီ။ ကွမ်းတံတွေး များက မြို့၏ အင်္ဂါရပ်ကို အကျည်းတန် အရုပ်ဆိုး စေသည်။ ပတ်ဝန်းကျင် အလှကို ဖျက်ဆီး လိုက်ကြသည်။
ကွမ်းယာ ရောင်းသော ဆိုင်များတွင် ကွမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အိန္ဒိယဆေး မျိုးစုံများ ပူးတွဲ ရောင်းချသည်ကို တွေ့ကြရသည်။ ကွမ်းနှင့် အလားတူ Shikhar ဆေးများက နေရာယူ လာကြသည်။ တစ်ထုပ်လျှင် ငွေကျပ် ၅ဝ ပေးလိုက်ပါက အိန္ဒိယ ဆေးတစ်ထုပ် ရနိုင်သည်။ ထိုဆေးငုံ ကြသူများကို ခံတွင်း၌ ရောဂါ တစ်မျိုးကို ဖန်တီး လိုက်သည်။ အမှုမဲ့၊ အမှတ်မဲ့ ဝယ်ယူ သုံးစွဲရာမှ လတွေ၊ နှစ်တွေကြာလာ သောအခါ ကုစား၍ မရနိုင်သော သေမင်း၏ တမန်တော် ရှေ့ပြေး တပ်သား ''ကင်ဆာ'' ရောဂါက ဖိစီး ဝင်ရောက် လာသည်။ ကြိုတင် မသိသော်လည်း ခန္ဓာကိုယ်တွင်း၌ လှိုင်ဖွဲ့၍ ကြီးစိုးနေရာမှ ရောဂါ ရှိမှန်းသိသောအခါ၌ အချိန်က လွန်သွားပြီ။ ''ကင်ဆာ''ဟူ၍ အမည် တပ်လိုက်ပြီ။
ကုစား မရနိုင်သော ရောဂါဆိုးကြီး အဖြစ် ငွေကုန်သော်လည်း အသက် မမီလိုက်သော အခြေအနေသို့ ရောက်လာသည်။ ကွမ်းစားပါက ထွေးပစ်ရသော ''ကွမ်းတံတွေး''၏ စွန့်ပစ် ပစ္စည်း ဒုက္ခက ပိုလာသည်။ ကွမ်းတံတွေးကို အရမ်း ထွေးပစ်၍ မရ။ ကွမ်းစားခြင်း၊ ကွမ်းထွေးခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းနှင့် ရုပ်မြင်သံကြားတို့က ပညာပေး လျက် ရှိပါသည်။
ယခုခေတ်တွင် ကွမ်းယာဆိုင်များမှ စပ်ပြီးထုံး၊ နှပ်ပြီးဆေး၊ ယာပြီးကွမ်းယာ များက ပလတ်စတစ် ထုပ်ကလေး တွေဖြင့် စားသုံးသူ၊ မှာကြားသူ အတွက် အသင့် အနေအထားမှာ ရှိနေကြသည်။ ကွမ်းစား၊ ကွမ်းဝါးခြင်းလုပ်ငန်းတွင် ကွမ်းသီး သီးသန့်ဝါးကြသူ၊ ဆေးရွက်ကြီး ငုံသူ၊ ဆေးရွက်မပါဘဲ ကွမ်းသီး၊ ကွမ်းရွက်၊ ရှားစေးနှင့် ထုံးတို့ဖြင့် စားတတ် ကြသည်။ ဝါးကြသည်။ ငုံကြသည်။
အချို့က ကွမ်းရည်ကို မျိုချသည်။ အချို့က ကွမ်းကို ညက်အောင်ဝါးပြီး ထွေးပစ်ကြသည်။ အချိုအဆိမ့် ကြိုက်သူများက ကွမ်းယာလျှင် အာမွှေး၊ ပရုပ်၊ အုန်းသီးဆန်၊ လေးညှင်းနှင့် ဖာလာစေ့များထည့်၍ စားတတ်ကြသည်။ ကွမ်းစား ရာ၌ ကွမ်းသီးတွင်ပါသော အေရီကိုလင်း (Arecoline) က ခန္ဓာကိုယ်ကိုလန်းဆန်း စေသည်။ တက်ကြွစေသည်။ စိတ်ကိုငြိမ် သက်စေသည်။ အကြောအခြင် ပြေစေသည်။ ထုံးဓာတ်က တံတွေးကို ပိုထွက်စေသည်။
သို့သော် ကွမ်းယာတွင် ရှိသော အယ်လ်ကာလွိုက် (Alkaloia)၊ ပေါ်လီဖနယ် (Polyphenals) များက ဘေးထွက် ဆိုးကျိုး အနေဖြင့် လူကိုကင် ဆာဖြစ်စေနိုင်စွမ်း သည့် သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများ ဖြစ်စေသည်။ သွားဖုံးရောင် ရောဂါ၊ မျိုးစုံလှသော အပိုဒုက္ခ၊ အပိုရောဂါ၊ အပိုငွေ ကုန်ကြရမည့် ဝဋ်ဒုက္ခ ကြောက်စရာ ကင်ဆာ ရောဂါဆိုးကြီး ဖြစ်စေမည့် ကွမ်းစားခြင်းကို ယနေ့ပင် ရှောင်ရှား လိုက်ကြ ပါစို့...။
Khe Minda
Monday, December 8, 2014
Thursday, December 4, 2014
Wednesday, December 3, 2014
Monday, December 1, 2014
Sunday, November 30, 2014
ဆောင်းရာသီတွင် စားသင်.သော အစားစာများ
ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ တစ်ခါတစ်ရံ နွေးပြီး တစ်ခါတစ်ရံ စိတ်ကျေနပ်ဖွယ် အပူချိန်ပြောင်းလဲမှုများ နေ့တိုင်းကြုံတွေ့နေရသည်။ ရာသီဥတုအေးလာခြင်းနှင့်အတူ ဆောင်းရာသီတွင် ကာကွယ်သင့်သည့် ကျန်းမာရေးအခြေအနေ အနည်းငယ်ရှိသည်။ ထို့ကြောင့် ဆောင်းရာသီတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗီတာမင်များကို ဖော်ပြပေးလိုက်ပါသည်။
ဆောင်းဝင်လာလျှင် အအေးမိ၊ ချောင်းဆိုး၊ ငှက်ဖျားနှင့် တုပ်ကွေးရောဂါတို့ကဲ့သို့ ကူးစက်ရောဂါများဖြစ်တတ်ကြသည်။ ဗီတာမင်စီတွင် သဘာဝအတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သဖြင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သည်။ ဗီတာမင်စီတွင် ခန္ဓာကိုယ်၏ အရိုးအဆစ်များ၌ တွေ့ရသော ပရိုတိန်းဓာတ်ကို အားကောင်းစေနိုင်သည့်ပစ္စည်းပါဝင်ပြီး အရေပြားတည်ဆောက်မှုကို အကူအညီပေးနိုင်သည်။ လိမ္မော်သီး၊ ရှောက်ချိုသီး၊ သံပရာသီးတို့ကဲ့သို့ အချဉ်ဓာတ်ပါဝင်သော သစ်သီးများအပြင် စွန်ပလွံသီးနှင့် ပင်စိမ်းစေ့တို့ကဲ့သို့ ဟင်းသီးဟင်းရွက်များတွင် ဗီတာမင်စီပါဝင်သည်။ ယနေ့ခေတ်တွင် အသင့်ဝါးစားနိုင်သော ဗီတာမင်စီဆေးလုံးများကို ဆေးဆိုင်များ၌ ၀ယ်ယူရရှိနိုင်သည်။
ဗီတာမင်ဒီကို ခန္ဓာကိုယ်က အမြဲလိုအပ်သော်လည်း ဆောင်းရာသီတွင် အပူချိန်ကျဆင်းမှုကြောင့် ခန္ဓာကိုယ်က ဗီတာမင်ဒီကိုပို၍လိုအပ်သည်။ နေရောင်အောက် ခဏကြာထွက်ပေးရန်မှာ အလွန်အရေးကြီးသည်။ ဆောင်းရာသီအတွင်း အရိုးများ ထိခိုက်တတ်ပြီး လူများစွာမှာ ဆောင်းရာသီအတွင်း အဆစ်နာကျင်မှု ဝေဒနာများခံစားရလေ့ရှိသည်။ ထို့ကြောင့် လုံလောက်သော ဗီတာမင်ဒီသောက်သုံးရန် လိုအပ်သည်။ အသက် (၇၀) အောက် လူတစ်ယောက်အနေဖြင့် တစ်နေ့လျှင် အနည်းဆုံးမိနစ် ၃၀ ခန့် အထူးသဖြင့် နံနက်စောစော နေရောင်နှင့်ထိတွေ့ပေးရန်လိုကြောင်းဆရာဝန်များက ပြောသည်။
နေရောင်ခြည် ထိတွေ့ပေးခြင်းဖြင့် ဗီတာမင်ဒီရရှိနိုင်သော်လည်း ဗီတာမင်ဒီပါဝင်သော နို့နှင့် နှံစားသီးနှံဖြင့် ပြုလုပ်ထားသော စားစရာများ စားပေးရန် လိုအပ်သည်။
ဗီတာမင်အီးတွင် စိုစွတ်စေသော ဓာတ်ပစ္စည်းများပါဝင်သဖြင့် အသားအရေအတွက် အထောက်အကူပြုသည်။ ဆောင်းရာသီတွင် အရေပြားများ ခြောက်သွေ့လေ့ရှိသောကြောင့် ခန္ဓာကိုယ်အတွက် ဗီတာမင်အီးလိုအပ်သည်။
အသားနှင့် ငါးတို့အပြင် ဒေါက်ခွရွက်၊ ပန်းဂေါ်ဖီစိမ်းတို့ကဲ့သို့ ဟင်း သီးဟင်းရွက်များတွင် ဗီတာမင်အီးပါဝင်သည်။ ထို့ပြင် မန်ကျည်းသီးကဲ့ သို့ အခွံမာသီးများတွင်လည်း ဗီတာမင်အီး ပါဝင်သည်။
ဆောင်းရာသီအတွင်း ဗီတာမင်ဘီ-၁ မှ ဘီ-၁၂ အထိ ဗီတာမင်ဘီ အုပ်စုများ ခန္ဓာကိုယ်အတွက် မဖြစ်မနေ လိုအပ်သည်။ ဥပမာ ဗီတာမင် ဘီ-၆ ကို အသားအရည် နူးညံ့ချောမွေ့စေရန်နှင့် နှုတ်ခမ်းကွဲခြင်း ကာကွယ်ရန် သောက်သုံးနိုင်သည်။ အရေပြားခြောက်သွေ့အက်ကွဲခြင်းများ အတွက်လည်း ဗီတာမင်ဘီအုပ်စုများ သောက်ပေးသင့်သည်။ ဗီတာမင်ဘီအုပ်စုမှာ ဥများ၊ ဟင်းရွက်များ၊ ကြက်အသည်း၊ ငါး စသည်တို့တွင် ပါဝင်သည်။
အိုမီဂါ ၃ မှာ ဗီတာမင်မဟုတ်သော်လည်း ဆောင်းရာသီအတွင်း အထူးလိုအပ်သော ဓာတ်တစ်မျိုး ဖြစ်သည်။ အိုမီဂါ ၃ ဖက်တီး အက်စစ်များက သွေးအတွင်း ကိုလက်စထရောပါဝင်မှုကို ထိန်းညှိ ပေးသဖြင့် ခန္ဓာကိုယ်ကျန်းမာနေစေရန် အထောက်အကူပြုသည်။အိုမီဂါ ၃ က အကြောအခြင် တောင့်တင်းခြင်းနှင့် အဆစ်နာခြင်းတို့ကိုလည်း သိသိသာသာ လျှော့ချပေးသည်။ ခန္ဓာကိုယ်ထဲရှိ ကယ်လ်ဆီယမ်ပါဝင်မှုကို အားကောင်းစေပြီး အရိုးများအားကောင်းစေရန်လည်း အထောက်အကူပြု သည်။ နှမ်းကြတ်စေ့များတွင် အိုမီဂါ ၃ ဖက်တီးအက်စစ်များ ကြွယ်ဝ စွာပါဝင်ပြီး ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးသေတ္တာငါးတို့တွင်လည်း အိုမီဂါ ၃ ဖက်တီးအက်စစ်များ ပါဝင်သည်။ (မူရင်း-7 day journel)
Saturday, November 29, 2014
ခန္ဒာကိုယ်အတွင်း နှလုံး အလုပ်လုပ်ပုံ & သွေးလှည်.ပတ်မှု
ခန္ဒာကိုယ်အတွင်း နှလုံး အလုပ်လုပ်ပုံ
နှလုံးခုန် ရုတ်တရက်ရပ်ကြောင်း ဖြစ်ရပ်များ
ရုတ်တရက် နှလုံးရပ်ခြင်း၏ လုပ်ဆောင်ချက်
Friday, November 28, 2014
(နှလုံးရောဂါ မဖြစ်စေရန်)
နှလုံးရောဂါ မဖြစ်စေရန် ကာကွယ်နည်းများ
အက်စပရင်နှင့် အက်တီအောက်ဆီးဒင့်
ဗီတာမင်အီးတွဲဖက်မှီဝဲပါ။
အင်တီ အောက်ဆီးဒင့်၈ဝဝအိုင်ယူနဲ့ သွေးကျဲစေတဲ့ဆေး အက်စ်ပရင်ကို ပေါင်းပြီး သောက်တာကြောင့် သွေးလွှတ်
ကြောတွေမှာ သွေးခဲဖတ်ပိတ်ဆို့နိုင်ခြေကို၈ဝရာခိုင်နှုန်းကျော်
လျော့ကျစေ တယ်လို့ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်ရဲ့
လေ့လာသူတွေက ဆိုပါတယ်။
စိတ်ညစ်စရာများကို မောင်းထုတ်ပါ။
စိတ်ကျရောဂါခံစားနေရတဲ့အမျိုးသားတွေဟာစိတ်ဓာတ်မကျတဲ့
အမျိုး သားတွေထက် နှလုံးရောဂါခံစားရနိုင်ခြေ နှစ်ဆ
ပိုများကြောင်း သိရပါတယ်။ ဒါ ကြောင့် ပျော်ပျော်ရွှင်ရွှင်နေပါ။
အမျိုး သားနဲ့ အမျိုးသမီး ၁၅ဝဦးကို လေ့လာမှု တစ်ရပ်အရ
လေ့ကျင့်ခန်းလုပ်တာက စိတ်ကျရောဂါကုသဆေးမှီဝဲသလိုပဲ
စိတ် ကျရောဂါကို သက်သာစေတာကို တွေ့ရှိ ရတယ်လို့
ဒတ်ခ်လေ့လာသူတွေက ဆိုပါ တယ်။
အမည်းရောင်ချောကလက်စားပါ။
ချောကလက်ထဲက ကိုကိုးမှာပါတဲ့ ဖလေဗိုးနွိုက်တွေဟာ
သွေးကြောတွေကို ကျဉ်းစေပြီး သွေးခဲမှုမဖြစ်အောင်
ကာ ကွယ်ပေးနိုင်ပါတယ်။ ချောကလက်မှာပါ တဲ့အဆီ
သုံးပုံတစ်ပုံလောက်ကOleic acid ဖြစ်ပြီးမပြည့်ဝဆီဖြစ်တာကြောင့်
ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ခရမ်းချဉ်သီး စားမြိန်ရည်ကိုနှစ်ဆတိုးစားပါ။
ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်း ဓာတ်ဟာ သွေးပြန်ကြော
နံရံတွေမှာ ကို လက်စထရောစုပုံမှုမဖြစ်အောင်
ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခေါက်ဆွဲ၊ပီဇာတို့စားတဲ့အခါ
ခရမ်းချဉ်သီးစားမြိန်ရည်ကို နှစ်ဆတိုးပြီး စားပေးသင့်ပါတယ်။
ဂရိတ်ဖရုသီးစားပါ။
တစ်နေ့ ဂရိတ်ဖရုသီးတစ်လုံးစား ပေးရင်
သွေးကြောကျဉ်းတာကို ၄၆ ရာ ခိုင်နှုန်း လျော့ကျစေပြီး
သွေးတွင်းမကောင်း တဲ့ ကိုလက်စထရောအဆင့်ကို
၁ဝ ရာ ခိုင်နှုန်းကျော်နဲ့ သွေးဖိအားကို ငါးမှတ် နဲ့အထက်
လျော့ကျစေပါတယ်။ အခွံမာသီးစားပါ ကလို ကစ် ထရော
အဆငြ့်မင်.မြင်.နေတဲ့ ဩစတြေးလျအမျိုးသား ၁၇ဦးဟာ
မကယ်ဒေးမီးယားအခွံမာသီးစားတာ ကြောင်.ကယ်လိုရီ
၁၅ ရာခိုင်နှုန်း၊ ကလိုက် စထရော ၃-၅ ရာခိုင်နှုန်းလျော့ကျမှု
ရှိတာကို တွေ့ရပါတယ်။ကောင်းတဲ့ ကိုလက်စထရောအဆင့်ကတော့
ရှစ်ရာခိုင် နှုန်းနီးပါး မြင့်တက်မှုရှိတာကိုတွေ့ရပါတယ်။
မကယ်ဒေးမီးယားအခွံမာသီးဟာ မပြည့်ဝဆီ
အကောင်းဆုံးပါဝင်တဲ့ သ ဘာဝ အစာပါ။
ဖောလစ်အက်စစ် မှီဝဲပါ ဗြိတိန်ဆေးဂျာနယ်ရဲ့
လေ့လာမှု တစ်ရပ်အရ ဖောလစ်အက်စစ် အလုံအ လောက်
မှီဝဲတဲ့သူတွေဟာ ဖောလစ် အက်စစ် လျော့နည်းသူတွေထက်
နှလုံး ရောဂါဖြစ်နိုင်ခြေ ၁၆ရာခိုင်နှုန်း လျော့ ကျမှု
ရှိတာကို လေ့လာတွေ့ရှိရပါတယ်။ ဖောလစ်အက်စစ်ကို
ပန်းဂေါ်ဖီစိမ်း၊ ကွေ ကာ၊ ကညွတ်တွေမှ ရယူနိုင်ပါတယ်။
နေ့စဉ် ဗီတာမင်ဘီ မှီဝဲပါ ကလစ်ဗလန်းဆေးခန်းရဲ့
လေ့လာ မှုအရ ဗီတာမင်ဘီပါဝင်မှုလျော့နည်းတဲ့ အစာကို
စားတဲ့ အမျိုးသားတွေဟာ ဗီတာ မင်ဘီအလုံအလောက်ရှိတဲ့ အမျိုးသား တွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆ
ပိုများကြောင်း သိရပါတယ်။
လတ်ဆတ်သော ဘယ်ရီးသီးစားပါ။
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီ သီး စတဲ့ ဘယ်ရီသီးတွေမှာ
အက်စ်ပရင် ထဲမှာ ပါတဲ့ ပမာဏအတိုင်း ဆလီးဆလစ်အက်စစ်တွေ
များစွာပါဝင်တာ ကြောင့် နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်
စွမ်းရှိပါတယ်။ Credit: Good health
အက်စပရင်နှင့် အက်တီအောက်ဆီးဒင့်
ဗီတာမင်အီးတွဲဖက်မှီဝဲပါ။
အင်တီ အောက်ဆီးဒင့်၈ဝဝအိုင်ယူနဲ့ သွေးကျဲစေတဲ့ဆေး အက်စ်ပရင်ကို ပေါင်းပြီး သောက်တာကြောင့် သွေးလွှတ်
ကြောတွေမှာ သွေးခဲဖတ်ပိတ်ဆို့နိုင်ခြေကို၈ဝရာခိုင်နှုန်းကျော်
လျော့ကျစေ တယ်လို့ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်ရဲ့
လေ့လာသူတွေက ဆိုပါတယ်။
စိတ်ညစ်စရာများကို မောင်းထုတ်ပါ။
စိတ်ကျရောဂါခံစားနေရတဲ့အမျိုးသားတွေဟာစိတ်ဓာတ်မကျတဲ့
အမျိုး သားတွေထက် နှလုံးရောဂါခံစားရနိုင်ခြေ နှစ်ဆ
ပိုများကြောင်း သိရပါတယ်။ ဒါ ကြောင့် ပျော်ပျော်ရွှင်ရွှင်နေပါ။
အမျိုး သားနဲ့ အမျိုးသမီး ၁၅ဝဦးကို လေ့လာမှု တစ်ရပ်အရ
လေ့ကျင့်ခန်းလုပ်တာက စိတ်ကျရောဂါကုသဆေးမှီဝဲသလိုပဲ
စိတ် ကျရောဂါကို သက်သာစေတာကို တွေ့ရှိ ရတယ်လို့
ဒတ်ခ်လေ့လာသူတွေက ဆိုပါ တယ်။
အမည်းရောင်ချောကလက်စားပါ။
ချောကလက်ထဲက ကိုကိုးမှာပါတဲ့ ဖလေဗိုးနွိုက်တွေဟာ
သွေးကြောတွေကို ကျဉ်းစေပြီး သွေးခဲမှုမဖြစ်အောင်
ကာ ကွယ်ပေးနိုင်ပါတယ်။ ချောကလက်မှာပါ တဲ့အဆီ
သုံးပုံတစ်ပုံလောက်ကOleic acid ဖြစ်ပြီးမပြည့်ဝဆီဖြစ်တာကြောင့်
ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ခရမ်းချဉ်သီး စားမြိန်ရည်ကိုနှစ်ဆတိုးစားပါ။
ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်း ဓာတ်ဟာ သွေးပြန်ကြော
နံရံတွေမှာ ကို လက်စထရောစုပုံမှုမဖြစ်အောင်
ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခေါက်ဆွဲ၊ပီဇာတို့စားတဲ့အခါ
ခရမ်းချဉ်သီးစားမြိန်ရည်ကို နှစ်ဆတိုးပြီး စားပေးသင့်ပါတယ်။
ဂရိတ်ဖရုသီးစားပါ။
တစ်နေ့ ဂရိတ်ဖရုသီးတစ်လုံးစား ပေးရင်
သွေးကြောကျဉ်းတာကို ၄၆ ရာ ခိုင်နှုန်း လျော့ကျစေပြီး
သွေးတွင်းမကောင်း တဲ့ ကိုလက်စထရောအဆင့်ကို
၁ဝ ရာ ခိုင်နှုန်းကျော်နဲ့ သွေးဖိအားကို ငါးမှတ် နဲ့အထက်
လျော့ကျစေပါတယ်။ အခွံမာသီးစားပါ ကလို ကစ် ထရော
အဆငြ့်မင်.မြင်.နေတဲ့ ဩစတြေးလျအမျိုးသား ၁၇ဦးဟာ
မကယ်ဒေးမီးယားအခွံမာသီးစားတာ ကြောင်.ကယ်လိုရီ
၁၅ ရာခိုင်နှုန်း၊ ကလိုက် စထရော ၃-၅ ရာခိုင်နှုန်းလျော့ကျမှု
ရှိတာကို တွေ့ရပါတယ်။ကောင်းတဲ့ ကိုလက်စထရောအဆင့်ကတော့
ရှစ်ရာခိုင် နှုန်းနီးပါး မြင့်တက်မှုရှိတာကိုတွေ့ရပါတယ်။
မကယ်ဒေးမီးယားအခွံမာသီးဟာ မပြည့်ဝဆီ
အကောင်းဆုံးပါဝင်တဲ့ သ ဘာဝ အစာပါ။
ဖောလစ်အက်စစ် မှီဝဲပါ ဗြိတိန်ဆေးဂျာနယ်ရဲ့
လေ့လာမှု တစ်ရပ်အရ ဖောလစ်အက်စစ် အလုံအ လောက်
မှီဝဲတဲ့သူတွေဟာ ဖောလစ် အက်စစ် လျော့နည်းသူတွေထက်
နှလုံး ရောဂါဖြစ်နိုင်ခြေ ၁၆ရာခိုင်နှုန်း လျော့ ကျမှု
ရှိတာကို လေ့လာတွေ့ရှိရပါတယ်။ ဖောလစ်အက်စစ်ကို
ပန်းဂေါ်ဖီစိမ်း၊ ကွေ ကာ၊ ကညွတ်တွေမှ ရယူနိုင်ပါတယ်။
နေ့စဉ် ဗီတာမင်ဘီ မှီဝဲပါ ကလစ်ဗလန်းဆေးခန်းရဲ့
လေ့လာ မှုအရ ဗီတာမင်ဘီပါဝင်မှုလျော့နည်းတဲ့ အစာကို
စားတဲ့ အမျိုးသားတွေဟာ ဗီတာ မင်ဘီအလုံအလောက်ရှိတဲ့ အမျိုးသား တွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆ
ပိုများကြောင်း သိရပါတယ်။
လတ်ဆတ်သော ဘယ်ရီးသီးစားပါ။
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီ သီး စတဲ့ ဘယ်ရီသီးတွေမှာ
အက်စ်ပရင် ထဲမှာ ပါတဲ့ ပမာဏအတိုင်း ဆလီးဆလစ်အက်စစ်တွေ
များစွာပါဝင်တာ ကြောင့် နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်
စွမ်းရှိပါတယ်။ Credit: Good health
Thursday, November 27, 2014
(နှလုံးတုန်၊ရင်တုန်ခြင်း၊Heart Palpitation မည်သို.ကာကွယ်မည်နည်း)
What Are the Heart Palpitations Symptoms?
နှလုံးတုန်၊ရင်တုန် ခြင်းလက္ခဏာများ
(၁)ရင်အောင်.ခြင်း
(၂)မူးဝေခြင်း
(၃)အားအင်နဲခြင်း
(၄)အသိတရား လျှော.နည်းခြင်း
(၅)အော.အန်ခြင်း
(၆)ခေါင်းကိုက်ခြင်း
(၇)ဇက်ကြော၊လည်ပင်း ကိုက်ခဲခြင်း
(၈)ချွေးထွက်များခြင်း
(၉)အသက်ရှူ ကြပ်ခြင်း
1.Pressure or pain in chest
2.Dizziness
3.Lethargy
4.Loss of consciousness
5 • Nausea with or without vomiting
6• Lightheadedness
7• Pain in the jaw,neck,back or stomach
7• Sweating
8• Shortness of breath, choking and difficulty in breathing, etc.
Causes of Heart Palpitations
နှလုံးတုန်ခြင်းအကြောင်းရင်း
(၁)နေရာ ဒေသပြောင်းလဲခြင်း
(၂)ရုတ်တရက် ကြောက်ရွံ.ခြင်း
(၃)သုံးစွဲသောဆေးဝါး
(၄)သိုင်းရွတ်၊အကြိတ်ရှိခြင်း
(၅)နှလုံးခုန်နှန်း ပုံမမှန်ခြင်း
(၆)သွေးအားနည်းခြင်း
(၇)သွေးပေါင်ချိန်ကျခြင်း
(၈)ရေဓါတ်လျှော.နည်းခြင်း
(၉)ကိုယ်အပူချိန် တက်ခြင်း
(၁၀)နှလုံးဆိုင်ရာ တခုခုဖြစ်ခြင်း
1. Lifestyle Changes
2. Panic Attacks
3. Medications
4. Periods, Menstrual Cycle
5. Medical Conditions Certain health conditions
can cause increase in heart rate or
irregular heartbeats. Some of them are:
• Overactive thyroid gland
• Low blood sugar levels
• Anemia
Low blood pressure
• Fever (100.4 degree or above)
• Dehydration • Heart problems
နှလုံးတုန်၊ရင်တုန် ခြင်းလက္ခဏာများ
(၁)ရင်အောင်.ခြင်း
(၂)မူးဝေခြင်း
(၃)အားအင်နဲခြင်း
(၄)အသိတရား လျှော.နည်းခြင်း
(၅)အော.အန်ခြင်း
(၆)ခေါင်းကိုက်ခြင်း
(၇)ဇက်ကြော၊လည်ပင်း ကိုက်ခဲခြင်း
(၈)ချွေးထွက်များခြင်း
(၉)အသက်ရှူ ကြပ်ခြင်း
1.Pressure or pain in chest
2.Dizziness
3.Lethargy
4.Loss of consciousness
5 • Nausea with or without vomiting
6• Lightheadedness
7• Pain in the jaw,neck,back or stomach
7• Sweating
8• Shortness of breath, choking and difficulty in breathing, etc.
Causes of Heart Palpitations
နှလုံးတုန်ခြင်းအကြောင်းရင်း
(၁)နေရာ ဒေသပြောင်းလဲခြင်း
(၂)ရုတ်တရက် ကြောက်ရွံ.ခြင်း
(၃)သုံးစွဲသောဆေးဝါး
(၄)သိုင်းရွတ်၊အကြိတ်ရှိခြင်း
(၅)နှလုံးခုန်နှန်း ပုံမမှန်ခြင်း
(၆)သွေးအားနည်းခြင်း
(၇)သွေးပေါင်ချိန်ကျခြင်း
(၈)ရေဓါတ်လျှော.နည်းခြင်း
(၉)ကိုယ်အပူချိန် တက်ခြင်း
(၁၀)နှလုံးဆိုင်ရာ တခုခုဖြစ်ခြင်း
1. Lifestyle Changes
2. Panic Attacks
3. Medications
4. Periods, Menstrual Cycle
5. Medical Conditions Certain health conditions
can cause increase in heart rate or
irregular heartbeats. Some of them are:
• Overactive thyroid gland
• Low blood sugar levels
• Anemia
Low blood pressure
• Fever (100.4 degree or above)
• Dehydration • Heart problems
Tuesday, November 25, 2014
Saturday, November 22, 2014
Thursday, November 20, 2014
Monday, November 17, 2014
Subscribe to:
Comments (Atom)















































