Saturday, March 14, 2020

COVID-19 ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်နည်း

/
  ကိုရိုနာဗိုင်းရပ်စ်  ဒီကူးစက်ရောဂါမှာ 
စမ်းသပ်စစ်ဆေးနည်းက အလွန်အရေးပါတယ်။ 
အဲတာမှ ကူးစက်မှုရှိ မရှိ သိမယ်။ 

အခုထိ တကမ္ဘာလုံးမှာ စစ်ဆေးနိုင်တဲ့အရေအတွက်ဟာ အလွန်ကိုနည်းပါးတယ်။ အကြောင်း ၂ ချက်ရှိတယ်။ 
ရောဂါ လက္ခဏာတွေက တခြားရောဂါတွေနဲ့ 
အတော်ကိုဆင်တယ်။ 

နောက်တချက်က စမ်းနိုင်တဲ့နေရာ 
နည်းလို့ဖြစ်တယ်။ ၁၂-၃-၂၀၂၀ ညနေသတင်းအရ 
USA ပြည်နယ်ပေါင်း ၅၀ ထဲက စမ်းပေးနိုင်တဲ့
ဓါတ်ခွဲခန်း ၈၁ ခုသာ ရှိတယ်။ 

(AK, AL, AR, AZ, CA, CO, CT, DE, FL, GA, HI, IA, ID, IL, IN, KS, KY, LA, MA, MD, ME, MI, MN, MO, MS, MT, NC, ND, NE, NH, NJ, NM, NV, NY, OH, OK, OR, 
PA, RI, SC, SD, TN, TX, VT, WA, WI, WV and
 WY), New York City, USAF, and 
8 California counties) တွေမှာသာ ရှိတယ်။ 

သူတို့ဆီမှာ ဓါတ်ခွဲခန်း အမျိုးအစား CDC Labs နဲ့ US Public Health Labs လို့ ၂ မျိုးရှိတယ်။ COVID-19 tests စမ်းနည်းကို PCR tests လို့ ခေါ်တယ်။ သံသယရှိသူရဲ့ နှာခေါင်းနဲ့ 
လည်ချောင်းက ထွက်တဲ့အရည်နဲ့ 
တံတွေးနမူနာ ယူရတယ်။ swabs လို့ခေါ်တယ်။ 

ဒီစမ်းနည်းကို ဝူဟန်မှာစဖြစ်ပြီး ၂ ပတ်နေမှသာ 
WHO protocol အတိုင်း လုပ်ယူထားတာ ဖြစ်တယ်။ 
WHO မှာ ကနေ့အထိ စမ်းသပ်ကိန်းဂဏန်းတွေ အစုံအလင် ရောက်မလာပါ။ မြန်မာပြည်မှာ အားကစားကွင်းကိုတောင် စမ်းနိုင်လောက်အောင် များပြားပါသတဲ့။ 

လူတတ်ကြီးလုပ်သူတွေ များလွန်းတယ်။ ကြောင်နဲ့ ယုန် မခွဲခြားတတ်သူတွေကလည်း များလွန်လွန်းတယ်။ 
ဆရာကြီး ဆရာမကြီးတွေ။ ယူအက်စ်အေမှာ လူတိုင်းကို စမ်းမပေးပါ။ အသက် ၆၀ ကျော်တွေ၊ နာတာရှည်ကျန်းမာရေးမကောင်းသူတွေနဲ့ 
ကိုယ်ဝန်ဆောင်တွေကို ဦးစားပေးစမ်းတယ်။ 

Swabs ယူပြီး ဓါတ်ခွဲခန်းပို့တယ်။ 
အဖြေထွက်အောင် ၂၄ ကနေ ၄၈ နာရီစောင့်ရတယ်။ 
နမူနာယူချိန်၊ ထုပ်ပိုးချိန်၊ ပို့ဆောင်ချိန်၊ 
ဓါတ်ခွဲခန်းကစစ်ဆေးချိန်၊ အဖြေပြန်လာချိန်တွေကို 
ထည့်တွက်ရင် တပတ်အထိကြာနိုင်တယ်။ 
အခု နိုင်ငံတိုင်းမှာ မြန်နိုင်အောင်ကြိုးစားနေကြတယ်။ ကောလာဟလသတင်းကတော့ မြန်လွန်တယ်။ 
မဖြစ်ခင် ကူးပြီး သေဆုံးပြီး။ 
 ဒေါက်တာတင့်ဆွေ ၁၃-၃-၂၀၂၀

No comments:

Post a Comment