Saturday, May 13, 2017

အသီးအရွက်သမားတွေ ဘာကြောင့်အသက်ရှည်



အသားချစ်သူတွေအတွက်တော့ ဒီသတင်းအပိုင်းအစလေးက သူတို့အတွက် စွန့်ပစ်ချင်စရာ ဖြစ်နေမှာပေါ့။ ဒါပေမယ့်လည်း တကယ်ကောင်းမွန်တဲ့ ကျန်းမာရေးဆိုတာ အသီးအရွက်တွေဆီက လာတာပါ။ လေ့လာတွေ့ရှိချက်တွေအရ အသီးအရွက် စားသုံး သူတွေက ယေဘုယျအားဖြင့် အသားစားသုံးသူတွေနဲ့ ယှဉ်ရင် သွေး ဖိအားနည်းပါတယ်။ ဒီအချက်ကြောင့် အသီးအရွက် စားသုံးသူတွေက အလိုအလျောက် ဆိုသလို နှလုံးရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်း နည်းပါးသွားပါပြီ။ ဒီတော့ သင့်အနေနဲ့ အသား၊ ငါးတွေကို မနှစ် သက်တော့တဲ့ အချိန် ၊ အသီးအရွက်တွေကိုပဲ ပြောင်းလဲ စားသောက် ဖို့အစီအစဉ်ရှိနေတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြပေးမယ့် 
အချက်တွေက သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ (၁) သေစေနိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်း နည်းခြင်း....။ 
အသီးအရွက်တွေက သင့်ကို အ၀လွန်စေတဲ့ အဆီနဲ့ ကိုလက်
စထရောဓါတ်တွေ အပြည့်အသိပ် ယူဆောင်မပေးနိုင်ပါဘူး။
ဒီတော့ သင့်ရဲ့ သွေးပြန်ကြောတွေကို ပိတ်ဆို့မိလို့ ဖြစ်ရတဲ့ 
အသေအပျောက် ကိစ္စတွေလည်း မရှိနိုင်တော့ဘူးပေါ့။ နောက်ပြီး ဒီရောဂါတွေနဲ့ ဆက်စပ်တဲ့ နာတာရှည်ရောဂါတွေလည်း မဖြစ်
ပွားနိုင် ပါဘူး။ဒါကြောင့် အဆုံးမှာတော့ သေခြင်းတရားဆိုတာ သက်သက်လွတ် သမားတွေအပေါ် စောစောစီးစီး မကျ
ရောက်နိုင်တော့ ပါဘူး။ 
 (၂) ကင်ဆာဖြစ်နိုင်ချေ နည်းခြင်း ....။ အသီးအရွက်တွေက သင့်ရဲ့ ပန်းကန်ထဲမှာ အရောင်စုံနေစေဖို့တင် မဟုတ်ဘဲ C နဲ့စတဲ့ ရောဂါ ကနေ ကင်းဝေးအောင်လဲ သင့်ကို စောင့်ရှောက်ပေးပါတယ်။ အသီးအရွက်စားသုံးမှု ပုံစံက ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကနေ 
သင့်ကို ထိန်းသိမ်းပေးတယ်လို့ ဆိုပါတယ်။ 
(၃) သွေးဖိအား နည်းခြင်း (သွေးမတိုးခြင်း) အသီးအရွက်စားခြင်းရဲ့ ကောင်းခြင်းတွေထဲက နောက်တစ်မျိုးကဆေး ခန်းပြေးပြီး ခဏခဏ သွေးပေါင်ချိန်နေစရာမလိုတာပါပဲ။ လေ့
လာတွေ့ရှိချက်တွေအရ အသီး အရွက်တွေက သွေးဖိအားကို မမြင့်တက်စေဘဲ ပျှမ်းမျှအခြေအနေမှာသာ ထိန်းထားပေးနိုင်ပါတယ်။ 
 (၄) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေနည်းခြင်း .....။ အသီးအရွက် သမားတွေအနေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေမရှိဘူးလို့ တိုက်ရိုက် 
တွေ့ရှိထားတာတော့ မရှိပါဘူး။ ဒါပေမယ့် အသီးအရွက် စားသောက် မှုပုံစံဟာ သင့်ရဲ့ဝိတ်ကို ကျစေနိုင်ရုံသာမက သင့်ရဲ့ သွေးတွင်း သကြား ဓါတ်နှုန်း ကိုပါ ထိန်းညှိပေးတဲ့အတွက် ဆီးချိုရောဂါ ဖြစ်နိုင်ချေနည်း တယ်လို့ သုံးသပ်နိုင်တာ ဖြစ်ပါတယ်။ ဒီတော့ သင်လည်းအသီး အရွက်သမားအဖြစ် ပြောင်းလဲတော့မယ် ဆိုရင်တော့ ဒီလို ကောင်းကျိုး 
လေးတွေလည်း ရရှိနိုင်တာကြောင့် “အသီးအရွက်သမားတွေ အသက်ရှည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ဗဟုသုတအလို့ငှာ ဖော်ပြ လိုက်ရပါတယ်။ Ref:mensxp.com

No comments:

Post a Comment