Sunday, November 9, 2014

(ဂေါက်အဆစ်ရောင်နာခံစားနေရသူများအတွက် )





ဂေါက်အဆစ်ရောင်နာခံစားနေရသူများအတွက် 
=========================
အဆစ်ရောင်နာ (Gout) ရောဂါ သက်သာစေဖို့ရာ အတွက် အစားအသောက်တွေရဲ့ အခန်းကဏ္ဍ ကလည်း အရေးပါနေပါတယ်။ဂေါက်ရောဂါ အတွက် အစားအသောက် ပုံစံဟာ လူအများစု ကျန်းမာဖို့ရာ စားသင့်တဲ့ အစားအသောက် ပုံစံနဲ့တော့ ခပ်ဆင်ဆင် ပါပဲ။ ဒါကြောင့် ဂေါက်ရောဂါ သက်သာဖို့ရာ အတွက် စားသင့်တဲ့ အစားအသောက် ပုံစံအတိုင်း လိုက်နာရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်နေဟန်ထားကို ရနိုင်တဲ့ အပြင် နာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။
 ဂေါက်ရောဂါဆိုသည်မှာ
 သွေးထဲမှာ မြင့်တက်လာတဲ့ ယူရစ် အက်စစ်တွေဟာ ပုံဆောင်ခဲအသွင် အနည်ကျလာပြီး အဆစ်တစ်ဝိုက်မှာ စုပုံရာက ဂေါက်ရောဂါ ဖြစ်လာပါတယ်။ တိရစ္ဆာန်ကလီစာတွေ၊ မှိုနဲ့ မြေအောင်းဥစတဲ့ အစားအစာတချို့ စားရာကနေလည်း ယူရစ်အက်စစ် ရရှိနိုင်ပါတယ်။ အစားအသောက် ပုံစံပြောင်းတာက ဂေါက်ရောဂါ ကုသမှုတော့ မဟုတ်ပါဘူး။ ဂေါက်ရောဂါ ထခြင်း မဖြစ်အောင် ကာကွယ်ရာတော့ ရောက်ပါတယ်။
တိရစ္ဆာန်အသားကိုအများကြီးမစားပါနဲ့
 ဂေါက်ရောဂါရှင်တွေဟာ အသည်းအမြစ်လို တိရစ္ဆာန်ကလီစာတွေကိုတော့ ရှောင်သင့် ပါတယ်။ အနီရောင်အသားနဲ့ ပင်လယ်စာတွေဟာလည်း ဂေါက်ရောဂါ အန္တရာယ်နဲ့ ဆက်စပ်နေတဲ့ အတွက် လျှော့စားသင့်ပါတယ်။
အပင်ထွက်ပရိုတင်းဓာတ်များများစားပါ 
ပဲအမျိုးမျိုးလို ဟင်းရွက်ထွက် ပရိုတင်းကို များများစားပါ။ အယ်လ်ကိုဟောကို တတ်နိုင်သမျှ ရှောင်ပါ အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်ထဲကနေ ယူရစ်အက်စစ်စွန့်ထုတ်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် ဘီယာသောက်ရင် ဂေါက်ရောဂါထခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို ရှောင်တာက အကောင်းဆုံးပါ။ အရက်မသောက်ဘဲ မနေနိုင်ရင် ဝိုင်တစ်နေ့ တစ်ခွက်သောက်နိုင်ပါတယ်။
 ရေနှင့် ဖျော်ရည်များများ သောက်ပါ
 ရေနဲ့ဖျော်ရည်တွေဟာ ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်ကို ဖယ်ရှားပေးပါတယ်။ တစ်နေ့မှာ အနည်းဆုံးရေနှစ်လီတာခွဲ သောက်ပါ။ အဆီမပါနို့နှင့် နို့်ထွက်ပစ္စည်းရွေးပါ အဆီနည်း ဒါမှမဟုတ် အဆီမပါနို့သောက်တာနဲ့ ဒိန်ချဉ်သောက်တာတွေဟာ ဂေါက်ရောဂါ အန္တရာယ်ကို လျော့ကျစေကြောင်း လေ့လာမှု တချို့ကဆိုပါတယ်။
 နေ့စဉ် နို့နဲ့ နို့ထွက် ပစ္စည်း တစ်ခွက်ခန့် သောက်သင့်ပါတယ်။
အခွံချွတ်မထားသော ကောက်ပဲသီးနှံစားပါ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညိုနဲ့အသီးအနှံများများစားပေးရင်
 ဂေါက်ရောဂါ အန္တရာယ် လျော့ကျစေပါတယ်။
 ဂေါက်ရောဂါရှင်တွေ အနေနဲ့ နေ့တိုင်း
ခပ်သွက်သွက် လမ်းလျှောက်ခြင်းလို
အသင့်အတင့် အားကစားလုပ်ရင်
 ဂေါက်ရောဂါကြောင့် နာကျင်မှုဝေဒနာ
သက်သာစေတဲ့ အပြင် ကိုယ်အလေးချိန်ကိုပါ
ထိန်းသိမ်းရာ ရောက်ပါတယ်.
(လူဖြူဆရာဝန်၏ ဂေါက်ရောဂါအကြံပေးချက်) 
Here are 3 simple tips on how to lower uric acid levels in the blood naturally...
(1) Drink between 2 and 3 liters of water everyday. Drink small amounts regularly throughout the day. Water helps the kidneys to process and flush uric acid out of the body. (2) Consume a baking soda solution to help dissolve uric acid crystals, and, increase uric acid solubility. Add 1/2 teaspoon of baking soda to 8 oz of water. Mix thoroughly, and drink maximum 8 glasses daily. One before bedtime, one when you get up in the morning, and one every 2 to 4 hours between meals. Repeat until the symptoms have gone. [Note: Since baking soda is high in sodium, change to a salt-free diet whilst taking this remedy. And, if you suffer from high blood pressure, although you can take it as long as you monitor your blood pressure closely, it's better not to use this remedyat all.]
(3) Change to a low purine diet. Since uric acid comes from the breakdown of purines, and, purines also exist in our foods, a gout sufferer needs to go onto a diet that is relatively low in purines. This also means avoiding high purine foods completely... The general types of food to avoid are fatty red meats, offal, poultry and some seafood. And, it's important to avoid alcohol. Beer, in particular, is a trigger for gout. The types of foods that make up a low purine diet are things like; essential fatty acids (e.g. tuna, salmon, etc.), low fat dairy products, complex carbohydrates (e.g. bread, cereal, pasta, rice,vegetables, fruit, etc.), fruits such as cherries,strawberries, blueberries, grapes, etc. These are three of the most effective natural ways to reduce uric acid levels. Try them if you've got gout just now and see how they work for you.

No comments:

Post a Comment